Author: Baby Yit Lone

  • Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ခဲ့သည့် အလှမယ်အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူများကို စိစစ်ဖော်ထုတ်အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သာသနာ​ရေးဝန်ကြီး​ဌာန ညှိနှိုင်းထားထား​ဟုဆို

    Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ခဲ့သည့် အလှမယ်အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူများကို စိစစ်ဖော်ထုတ်အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သာသနာ​ရေးဝန်ကြီး​ဌာန ညှိနှိုင်းထားထား​ဟုဆို

    Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ခဲ့သည့် အလှမယ်အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူများကို စိစစ်ဖော်ထုတ်အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းထားထား​​ကြောင်း သာသနာ​ရေးဝန်ကြီး​ဌာနက ​ဖြေကြားသည်။ အဆိုပါ Miss Grand Myanmar ပြိုင်ပွဲတွင် အလှမယ်တစ်ဦးက သီလရှင်ဝတ်စုံကို ဝတ်ဆင်ခဲ့မှုနှင့်ပတ်သက်၍ ​ဝေဖန်မှုများထွက်​ပေါ်​နေမှုအ​ပေါ် သတင်းမီဒီယာများ၏ ​မေးမြန်းမှုအပေါ် သာသနာ​ရေးဝန်ကြီး​ဌာနက ထိုသို့ဖြေကြားသည်။ သာသနာ​ရေးဝန်ကြီး​ဌာနက ပြန်လည်​ဖြေကြားရာတွင် Miss Grand Myanmar ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် တာချီလိတ်အလှမယ် အိမွန်လွင်က ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများပေါ်တွင် Video File ပျံ့နှံ့ခဲ့မှုအပေါ် အလှမယ် အိမွန်လွင်အပါအဝင် ယင်းပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူပေးနိုင်ပါရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၅-၅-၂ဝ၂၆…

  • ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

    ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

    နွေဦးတော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပြီး ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသော အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပြီး ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုလိုက်သည်။ မေလ ၄ ရက်နေ့ ထုတ်ပြန်သော The Diplomat သတင်းစာနှင့်တွေ့ဆုံမေးမြန်းခန်းတွင် AA စစ်ဦးစီးချုပ်က အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ကျနော်တို့ သူတို့ကို လေး စားပါတယ်။…

  • တောင်ကြီး Peter ဘားပိုင်ရှင်ရဲ့ နောက်ကြောင်းတွေ ပေါ်လာပြီ

    တောင်ကြီး Peter ဘားပိုင်ရှင်ရဲ့ နောက်ကြောင်းတွေ ပေါ်လာပြီ

    မနေ့ညက တောင်ကြီးမှာ ဆယ်ကျော်သက် ဘားဝန်ထမ်းမိန်းကလေးငယ်တစ်ဉ်ီးကို ညောင်ရွှေကနေ လာဖွင့်တဲ့ peter ဘားဆိုင်ရှင်က ကိုယ်ထိလက်ရောက် ရိုက်နှက်ညှင်းပန်းမှုကြောင့် အသက်သေဆုံးတဲ့အထိ ဖြစ်သွားခဲ့ပါတယ် ကျူးလွန်သူဟာ ညောင်ရွှေက ဘောမတစ်ကောင်ဖြစ်ပီး ဒီနှစ်အစကတည်းက သူ့ကိုယ်သူ travel blogger ယောင်ယောင် food blogger ယောင်ယောင်လုပ်ပီး တောင်ကြီးမှာ peter ဘားဆိုပီး လာဖွင့်ထားတယ် အရင်က ညောင်ရွှေမှာနေတာဖြစ်ပီး ဟိုတယ်ဇုန်မှာလည်း အခုလို ဘားဖွင့်ခဲ့ဖူးတယ် covid ရယ် coup ရယ်ကြောင့် အလုပ်မဖြစ်လို့ ပိတ်သွားခဲ့ရတယ် ဒီနှစ်အစ တောင်ကြီးမှာ အဲ့ဘားလာဖွင့်တော့ ဝိုင်းပီး promotion ဆင်းပေးခဲ့ကြတဲ့ တောင်ကြီးက elite အသိုင်းဝိုင်းတွေ နောက် ဘာဘလော်ကာ ညာဘလော်ကာတွေ အခုချိန် သူ့ဆိုင်ကို ချီးမွန်းထောပနာပြုထားတာမှန်သမျှ ပြန်ဖျက်ချင်ဖျက်ထားလို့ရသေးတယ်နော် ဘာလို့…

  • တောင်ကြီး Peter ဘားဆိုင်ပိုင်ရှင် ထိုးကြိတ် ရိုက်နှက်မှုကြောင့် ဝန်ထမ်းအမျိုးသမီး သေဆုံး

    တောင်ကြီး Peter ဘားဆိုင်ပိုင်ရှင် ထိုးကြိတ် ရိုက်နှက်မှုကြောင့် ဝန်ထမ်းအမျိုးသမီး သေဆုံး

    ရှမ်းပြည်၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ဆိုင်ပိုင်ရှင်၏ ထိုးကြိတ်ရိုက်နှက်မှုကြောင့် သေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဖြစ်စဉ်မှာ ယမန်နေ့ မေ ၄ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်အတွင်း လာရောက် စားသောက်သည့် ဧည့်သည်တစ်ဦးမှ ပေးအပ်သည့် မုန့်ဖိုးနှင့် ပတ်သက်၍ ဝန်ထမ်းအမျိုးသမီးက ကြိုတင်အသိပေးခြင်း မရှိဟုဆိုကာ ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) Peter ကထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယင်းရိုက်နှက်မှုကြောင့် အမျိုးသမီးငယ်မှာ မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်ပိုင်းတို့တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ “ရုပ်အလောင်းမှာ ထိခိုက်ဒဏ်ရာ အများအပြား တွေ့ရတယ်။ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်…

  • ည (၁)နာရီ (၂)နာရီ လမ်းသလားနေကြတဲ့ ပလုံကောက်သူများ

    ည (၁)နာရီ (၂)နာရီ လမ်းသလားနေကြတဲ့ ပလုံကောက်သူများ

    ည (၁)နာရီ (၂)နာရီမှ ပလုံကောက်တဲ့လူတွေ လာတယ်နော် CCTVနဲ့စောင့်ကြည့်ထားလို့အကုန်မြင်နေရ​ပြီ သတိထားကျပါ ညဘက် မီးပျက်နေချိန်မှာ အိမ်ထဲမှာပဲ စိတ်အေးလက်အေး မနေကြပါနဲ့ဦး။ အခုတလော ညဉ့်နက်သန်းခေါင်ယံ (၂) နာရီ၊ (၃) နာရီတွေမှာ မသင်္ကာစရာ လူစိမ်းတွေ လှုပ်ရှားနေတာကို မနွယ်နီရဲ့ CCTV ဗီဒီယိုမှာ တွေ့ရှိထားပါတယ်။ ⚠️ သတိထားမိတဲ့ အချက်များ: ညဉ့်နက်သန်းခေါင်မှာ ဦးထုပ်ဆောင်းထားပြီး ဖုန်းပြောသလိုလိုနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်နေသူများ ရှိနေပါတယ်။ ထူးဆန်းတာက အောက်ပိုင်းမှာ ဖိနပ်မပါဘဲ သွားလာလှုပ်ရှားနေတာပါ။ ပိုပြီး စိုးရိမ်ဖို့ကောင်းတာက ဆိုင်ကယ်ကို စက်မနှိုးဘဲ အသံမထွက်အောင် လှိမ့်ဆင်းပြီး လမ်းထဲမှာ အခေါက်ခေါက်အခါခါ ဖြတ်မောင်းနေတဲ့အဖွဲ့တွေ ရှိနေပါတယ်။ မသင်္ကာလွန်းလို့ ဓာတ်မီးနဲ့ ထထိုးပြလိုက်မှ လစ်ထွက်သွားကြတာပါ။ ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်းထဲမှာလည်း မီးပျက်ချိန်ကို…