🚨 အိပ်ရာထဲလဲနေသည့် ဇနီးသည်အား လောက်ကောင်များ ဝိုင်းလာသည်အထိ ပစ်ထားပြီး သေဆုံးစေခဲ့သည့် ကိုရီးယား တပ်ကြပ်ကြီးတစ်ဦးကို ထောင်ဒဏ် ၃၀ ချမှတ်
😱🇰🇷 တကယ့်ကို လူမဆန်ဘဲ စိတ်နှလုံး တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှတဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခု တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
စိတ်ကျရောဂါခံစားနေရလို့ အိပ်ရာထဲလဲနေတဲ့ ဇနီးသည်ကို လပေါင်းများစွာ ပစ်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံး လောက်ကောင်တွေ တဖွားဖွားကျတဲ့အထိ ရက်စက်စွာ ပစ်ထားခဲ့တဲ့ စစ်တပ်က တပ်ကြပ်ကြီးတစ်ဦးကို ကိုရီးယားစစ်ဘက်တရားရုံးက ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်ပါတယ်။
တောင်ကိုရီးယား စစ်ဘက်တရားရုံးတစ်ခုဟာ မိမိရဲ့ ဇနီးသည်ကို ဆေးကုသမှု လုံးဝမပေးဘဲ လပေါင်းများစွာ စည်းကမ်းမဲ့ ပစ်ထားပြီး ခန္ဓာကိုယ်မှာ လောက်ကောင်တွေ ပြည့်နှက်ကာ သေဆုံးစေခဲ့မှု (လူသတ်မှု) ဖြင့် ပြစ်မှုထင်ရှားတာကြောင့် ကြည်းတပ် တပ်ကြပ်ကြီးတစ်ဦးကို ထောင်ဒဏ် ၃၀ နှစ် တိတိ ချမှတ်လိုက်ပါတယ်။
တရားခွင်အတွင်းမှာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ထွက်ဆိုချက်တွေဟာ နားထောင်ရုံနဲ့တင် အလွန်ရင်နာစရာ ကောင်းလှပါတယ်။
ကိုရီးယားဂျွန်းအန်းဒိုင်လီ (Korea JoongAng Daily) သတင်းစာ၏ ဖော်ပြချက်အရ အသက် ၃၀ ကျော်အရွယ်ရှိ အဆိုပါ ဇနီးသည်အမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လပိုင်းကတည်းက ထိတ်လန့်ခြောက်ခြားမှုဝေဒနာ (Panic Disorder) နဲ့ စိတ်ကျရောဂါ ပြင်းထန်စွာ ခံစားခဲ့ရလို့ အိပ်ရာထဲကနေ မထနိုင်ဘဲ လဲနေခဲ့တာ ဖြစ်ပါတယ်။
ထိုသို့ ၃ လထက်မနည်း လဲနေစဉ်အတွင်း တပ်ကြပ်ကြီးအဆင့်ရှိ ခင်ပွန်းဖြစ်သူဟာ ဇနီးသည်ကို ဆေးရုံပြခြင်း သို့မဟုတ် ပြုစုစောင့်ရှောက်ခြင်း လုံးဝမပြုလုပ်ခဲ့ဘဲ မုန့်ခြောက်များ၊ ပေါင်မုန့်နှင့် ဖျော်ရည် အနည်းငယ်လောက်သာ ကျွေးပြီး ပစ်ထားခဲ့ပါတယ်။
အမျိုးသမီးဟာ အိပ်ရာထဲမှာပဲ အကြာကြီး လဲနေခဲ့ရတာကြောင့် အရေပြား ပုပ်ဆီပြန်နာ (Bedsores) များ စတင်ဖြစ်ပွားခဲ့ပြီး၊ ၎င်းကိုလည်း ဆေးမကုဘဲ ထားခဲ့တဲ့အတွက် အသားမျှင်များ ပုပ်ပျက်ခြင်း (Necrosis) အဆင့်အထိ ကူးစက်ကာ နောက်ဆုံးမှာ သေဆုံးရတဲ့အထိ ဖြစ်စေခဲ့တာပါ။
တရားခံ တပ်ကြပ်ကြီးဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၇ ရက်နေ့ ရောက်မှသာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံ ဖုန်းဆက်ပြီး “ဇနီးဖြစ်သူ သတိလစ်လိုက် ပြန်ရလိုက် ဖြစ်နေတယ်” ဟု အကြောင်းကြားခဲ့ပါတယ်။
🐛 “လောက်ကောင်ပေါင်း သောင်းချီ ခန္ဓာကိုယ်ပေါ်တွင် ပြန့်ကျဲနေခြင်း”
အရေးပေါ် ကယ်ဆယ်ရေးသမားတွေ အိမ်ကို ရောက်ရှိသွားတဲ့အခါမှာတော့ အမျိုးသမီးဟာ ကုလားထိုင်တစ်လုံးပေါ်မှာ ညစ်ပတ်စွာ ထိုင်လျက်သား ရှိနေတာကို တွေ့ရပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိခဲ့တဲ့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက ကိုရီးယား SBS ရုပ်သံအစီအစဉ်တစ်ခုမှာ ယခုလို တုန်လှုပ်စွာ ရင်ဖွင့်ခဲ့ပါတယ်။
“သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ကျင်ကြီးကျင်ငယ် (မစင်) တွေနဲ့ ပေကျံညစ်ပတ်နေပြီး၊ တစ်ကိုယ်လုံးမှာ **လောက်ကောင်ပေါင်း သောင်းနဲ့ချီပြီး** တဖွားဖွား ပြန့်ကျဲအုံခဲနေတာကို မြင်ခဲ့ရပါတယ်”
အမျိုးသမီးဟာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်မှာတင် နှလုံးရပ်တန့်သွားခဲ့ပြီး ဆေးရုံရောက်ပြီး နောက်တစ်ရက်မှာတော့ သွေးဆိပ်တက်ခြင်း (Sepsis) ဖြင့် ရင်ကွဲဖွယ် ကွယ်လွန်သွားခဲ့ရှာပါတယ်။
🩺 ဆရာဝန်များနှင့် မှုခင်းဆရာဝန်ကြီး၏ တုန်လှုပ်ဖွယ် ထွက်ဆိုချက်
သူမကို ကုသပေးခဲ့တဲ့ တာဝန်ခံဆရာဝန်က ၎င်းရဲ့ ဆေးဘက်ဆိုင်ရာ သက်တမ်းတစ်လျှောက်မှာ ယခုကဲ့သို့ ဆိုးရွားတဲ့ မြင်ကွင်းမျိုး တစ်ခါမျှ မကြုံဖူးကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
“လောက်ကောင်တွေက အရမ်းများလွန်းလို့ လူနာဆောင်ထဲမရွှေ့ခင် ဆားရည် (Saline) တွေနဲ့ အသည်းအသန် ဆေးကြောပစ်ခဲ့ရပါတယ်။
ဒါပေမယ့် ဘယ်လောက်ပဲ ဆေးဆေး၊ လောက်ကောင်တွေက ခန္ဓာကိုယ်ထဲကနေ ထပ်ခါထပ်ခါ ထွက်လာနေတုန်းပါပဲ။
အကုန်လုံးကို ဖယ်ရှားလို့ မနိုင်တော့တာကြောင့် နောက်ဆုံးမှာ အခင်းဖြစ်ပွားရာနေရာတင် ပတ်တီးတွေနဲ့ပဲ အုပ်ပြီး စည်းထားခဲ့ရပါတယ်”
ထို့အပြင် တရားခံ တပ်ကြပ်ကြီးက “အိမ်ထဲမှာ လေအေးပေးစပရေး (Air Fresheners) တွေ ဖြန်းထားလို့ ဇနီးဖြစ်သူရဲ့ အလောင်းကောင်လို ပုပ်စော်နံနေတဲ့ အခြေအနေကို မသိခဲ့ရပါဘူး” ဟု ငြင်းဆိုချက်ကိုလည်း ဆရာဝန်က ပြတ်ပြတ်သားသား တုံ့ပြန်ပယ်ချခဲ့ပါတယ်။
ဆရာဝန်က “ဆေးကုသခန်းတစ်ခုလုံးဟာ လူသေကောင် ပုပ်သိုးနေတဲ့ အနံ့အသက်တွေနဲ့ ပြည့်နှက်သွားခဲ့ပြီး ထိုအနံ့ဆိုးဟာ သူမရဲ့ အဝတ်အစားတွေနဲ့ တစ်ကိုယ်လုံးမှာ စွဲကပ်နေတာပါ” ဟု ဆိုပါတယ်။
အမျိုးသားမှုခင်းရှာဖွေရေးအဖွဲ့ (NFS) မှ မှုခင်းဆရာဝန်ကြီးကလည်း ၎င်းရဲ့ သက်တမ်း ၁၅ နှစ်အတွင်းမှာ **”အသက်ရှင်နေတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ လောက်ကောင်တွေ ဝိုင်းနေတာကို မြင်တွေ့ရတာ ဒါဟာ ဒုတိယအကြိမ်မြောက်ပဲ ရှိပါသေးတယ်”** ဟု အံ့သြတုန်လှုပ်စွာ ထွက်ဆိုသွားခဲ့ပါတယ်။
⚖️ ပြစ်မှုမကျူးလွန်ကြောင်း ငြင်းဆိုသော်လည်း စစ်ဘက်တရားရုံးက ညှာတာခြင်းမရှိဘဲ အမိန့်ချမှတ်ခြင်း
တရားခံ တပ်ကြပ်ကြီးဟာ တရားခွင်အတွင်းမှာ ၎င်းအနေဖြင့် အိမ်၌ ရေဝပ်နေတဲ့ အနံ့လောက်သာ ရရှိခဲ့ပြီး ဇနီးသည်ရဲ့ စိုးရိမ်ရတဲ့ အခြေအနေကို လုံးဝမသိရှိခဲ့ကြောင်း၊ ဇနီးကိုယ်တိုင်ကလည်း ဆေးကုသမှု မခံယူချင်ခဲ့ကြောင်း အစအဆုံး ငြင်းဆိုခဲ့ပါတယ်။
သို့သော်လည်း စစ်ဘက်တရားရုံးက ၎င်းရဲ့ လိမ်လည်ထွက်ဆိုချက်ကို ပယ်ချခဲ့ပါတယ်။
တရားရုံးရဲ့ အမိန့်ဒီဂရီအရ တရားခံဟာ ဇနီးဖြစ်သူ သေဆုံးနိုင်ချေရှိတာကို အတိုင်းသား သိမြင်နိုင်လျက်နှင့် တမင်သက်သက် ပစ်ထားခဲ့ခြင်းဖြစ်လို့ **”လူသတ်လိုစိတ် (Intent to kill)”** ထင်ရှားကြောင်း ကောက်ချက်ချခဲ့ပါတယ်။
ထို့အပြင် တရားခံဟာ တရားမဝင် ဆင်ခြေမျိုးစုံပေးနေပြီး နောင်တရရိပ် လုံးဝမပြသခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။
ဆေးရုံမှာ အမျိုးသမီးကြီး တက်ရောက်စဉ်က တရားခံဟာ ကြမ်းပြင်ပေါ်မှာ ငိုကြွေးပြခဲ့ပေမယ့် တာဝန်ခံဆရာဝန်က ထိုငိုကြွေးမှုဟာ ဟန်ဆောင်မှုသက်သက်သာ ဖြစ်နိုင်ကြောင်း တရားရုံးမှာ ပြောကြားခဲ့ပါတယ်
ကြားနာမှုအတွင်း သေဆုံးသူ အမျိုးသမီးရဲ့ မိသားစုဝင်တွေဟာ တရားခံရဲ့ တာဝန်မဲ့ပြီး နောင်တမရတဲ့ အပြုအမူတွေကြောင့် စိတ်နာကျည်းလွန်းလို့ တရားခွင်အတွင်း တရားခံထံသို့ အတင်းအကျပ် ပြေးဝင်ထိုးနှက်ရန် ကြိုးစားခဲ့ကြလို့ တရားရုံးလုံခြုံရေး ဝန်ထမ်းတွေက အသည်းအသန် တားဆီးခဲ့ရပါသေးတယ်။
မိသားစုဝင်တွေက “သူက တစ်ကြိမ်တစ်ခါမျှ နောင်တရကြောင်း သို့မဟုတ် ဝမ်းနည်းကြောင်း မပြသခဲ့တဲ့အတွက် ကျွန်တော်တို့ ရင်ကျိုးရလွန်းလို့ ကိုယ်တိုင် သွားရောက်ရင်ဆိုင်ခဲ့ရတာပါ” ဟု ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ဘက်ဆိုင်ရာ အစိုးရရှေ့နေရုံးက ယခုထက်ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ် (သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်း) ချမှတ်ပေးဖို့အတွက် အထက်တရားရုံးသို့ ထပ်မံအယူခံဝင် (Appeal) သွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
မိသားစုဝင်အချင်းချင်းကြားမှာ သံယောဇဉ်ကင်းမဲ့ပြီး အာဏာပိုင်တွေရဲ့ မျက်ကွယ်မှာ ယခုကဲ့သို့ ရက်စက်စွာ ပြုမူခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးကတော့ တကယ့်ကို ရင်နာစရာ ကောင်းလှပါတယ်ဗျာ။
Crd : Mothership


Leave a Reply