Author: Baby Yit Lone
-

ဖလမ်းမြို့အကြောင်း ဝါဒဖြန့်ဖို့ စစ်တပ်လော်ဘီ ကျော်စိုးဦး လိုက်ပါလာတဲ့ စစ်ယာဉ်တန်း တိုက်ခိုက်ခံရ
ဖလမ်းမြို့အကြောင်း ဝါဒဖြန့်ဖို့ စစ်တပ်လော်ဘီ ကျော်စိုးဦး လိုက်ပါလာတဲ့ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၇ ဦး သေဆုံး ချင်းပြည်နယ်၊ ဖလမ်းမြို့အကြောင်း ဝါဒဖြန့်ဖို့အတွက် စစ်တပ်လော်ဘီ ကျော်စိုးဦး လိုက်ပါလာတဲ့ စစ်ယာဉ်တန်းဟာ ကလေး – သိုင်းငင်း လမ်းပိုင်းမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ မေလ ၆ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ဖလမ်းမြို့ကို ထွက်ခွာလာတဲ့ ကားအစီး ၂၀၊ မော်တော်ဆိုင်ကယ် ၁၅၀ ကျော်နဲ့ ထွက်ခွာလာတဲ့ စစ်ယာဉ်တန်းဟာ ကလေး – သိုင်းငင်း လမ်းပိုင်းတနေရာမှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဖလမ်းမြို့နယ်က စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ “ဖလမ်းမြို့မှာ စစ်အုပ်ချုပ်ရေးယန္တရား တည်ဆောက်ဖို့အတွက် Non…
-

ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီလို့ သတင်းထွက်ပေါ်
ကရင်ပြည်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီလို့ သတင်းထွက်ပေါ် အကျဉ်းထောင်အတွင်း ကျန်းမာရေးချို့ယွင်းခဲ့ရတဲ့ ကရင်ပြည် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ဘားအံမြို့ရှိ တပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားပြီဖြစ်တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။ စစ်အုပ်စုနဲ့ နီးစပ်တဲ့ Telegram ချန်နယ်တွေရဲ့ ဖော်ပြချက်အရ “ယခင် NLD လက်ထက် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် အချုပ်ခန်းထဲမှတစ်ဆင့် ရောဂါကုသရင်း ဘားအံ တပ်မတော်ဆေးရုံကြီးတွင် (RIP) သွားကြောင်း သတင်းရရှိသည်” လို့ ရေးသားမျှဝေထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ စစ်အုပ်စုဘက်က တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်ခြင်း မရှိသေးသလို ကွယ်လွန်သတင်းနဲ့ပတ်သက်ပြီး အတည်ပြုချက်ရယူဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ အာရုံကြောရောဂါ၊ အစာအိမ်နဲ့…
-

ရန်ကုန်တွင် နေ့လည်ပိုင်း သေနတ်ကိုင်၍ လုံခြုံရေးဝန်ထမ်းအယောင်ဆောင် ဓါးပြတိုက်သူများ
ရန်ကုန်တွင် နေ့လည်ပိုင်း သေနတ်ကိုင်၍ လုံခြုံရေးဝန်ထမ်းအယောင်ဆောင် ဓါးပြတိုက်သူများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်သူများ ပူးပေါင်းဖမ်းဆီး ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ သုဇိတာ (၇)လမ်းတွင် ယနေ့ (မေလ ၇) ရက် မွန်းလွဲ ၁ နာရီခွဲက ဓါးပြတိုက်သူများကို ဖမ်းဆီးရမိကြောင်း သိရပါတယ်။ “ဗေဒင်ဆရာ ဦးထိုက်အောင်လင်းနေအိမ်ကို သေနတ်(၂)လက်နှင့် ဓါးပြ(၃)ဦး ဓါးပြလာတိုက်တာပါ။ အခင်းဖြစ်မိသားစုက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှိုင်ဝင်းထွန်းကို ဖုန်းဆက်တော့ အုပ်ချုပ်ရေးအဖွဲ့နှင့် အဆိုပါနေအိမ်သိုရောက်လာတယ်။ ဓါးပြတိုက်သူများက ရပ်ကွက်အုပ်ကြီးအား သူတို့က(စရဖ)ကဖြစ်ကြောင်း အိမ်ရှိလူများနှင့် အုပ်ကြီးပါသူတို့ ရုံးသို့လိုက်ခဲ့ရန် အုပ်ကြီးအား သေနတ်ဖြင့်ချိန်၍ ပြောဆိုတယ်။ အုပ်ကြီးမှ (စရဖ)ဆိုလျှင် အကူ(၁)လား/(၂)လား မေးမြန်းတော့ ဓါးပြတိုက်သူများက ကောင်းစွာဖြေဆိုနိုင်ခြင်း မရှိတော့ဘဲ အခြေအနေမဟန်မှန်းသိပြီး ဓါးပြတိုက်သူများမှ အခင်းဖြစ်နေအိမ်ပေါ်မှ ဆင်းပြေးသွားကြတယ်”ဟု ရပ်ကွက်နေ…
-

အမေရိကန်တွင် ဗုဒ္ဓနေ့နှင့် ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်
အမေရိကန်တွင် ဗုဒ္ဓနေ့နှင့် ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်နေပြီး မြန်မာသံဃာတော်များက အညိုရောင်သင်္ကန်းများဖြင့် တညီတညွတ်တည်း တက်ရောက် အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ရှိ ဟွန်ဒေါင်ကျောင်းတိုက် (Huong Dao Vipassana Bhavana Center) တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်နှင့် ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲတော်ကို မေလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်လျက်ရှိသည်။ အဆိုပါ ပူဇော်ပွဲတော်အတွင်း မြန်မာသံဃာတော်များက အဘိဓမ္မာပိဋကတ်တော်များကို ရွတ်ဖတ်ပူဇော်ကြရာတွင် သံဃာ့ညီညွတ်မှုကို ရှေ့ရှု၍ အညိုရောင်သင်္ကန်းများကို တညီတညွတ်တည်း ဝတ်ရုံကာ မြန်မာသံဃာအပါး ၅၀ ကျော်က စုပေါင်းရွတ်ဆို ပူဇော်ခဲ့ကြသည်။ ယင်းသို့ ဝတ်ရုံခြင်းမှာ မည်သည့်ဖိအားမှ မပါဝင်ဘဲ သံဃာတော်များ၏ ဆန္ဒအလျောက် တစ်သွေးတစ်သားတည်း ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း…
-

စတီးကွင်းများစွပ်ရာက ပြန်ချွတ်မရတဲ့ထိုင်းအမျိုးသား
လိင်အင်္ဂါမှာ စတီးကွင်းများစွပ်ရာက ပြန်ချွတ်မရတဲ့ထိုင်းအမျိုးသားတဦးကိုအရေးပေါ်ကယ်ဆယ်ခဲ့ရ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လတ်ပုရောဆေးရုံ (Lat Phrao Hospital) အရေးပေါ်ဌာနတွင် အမျိုးသားတစ်ဦး၏ လိင်အင်္ဂါနှင့် ဝှေးစေ့တို့၌ စတီးလက်စွပ် သုံးကွင်း စွပ်မိနေသည့် ဖြစ်စဉ်တစ်ခု မေလ ၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ဖြေရှင်းပေးခဲ့ရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်တွင် စွပ်မိနေသည့် လက်စွပ်များကို ပုံမှန်နည်းလမ်းဖြင့် ချွတ်၍မရတော့သဖြင့် ဆေးရုံဘက်က “လက်စွပ်ဖြတ်တောက်ရေး အထူးအဖွဲ့” ထံ အကူအညီတောင်းခံခဲ့ရာ Ruamkatanyu ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများက အထူးကိရိယာများအသုံးပြုကာ အခမဲ့ သွားရောက်ဖြတ်တောက် ပေးခဲ့ခြင်းဖြစ်သည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကူညီရေးအဖွဲ့များက အများပြည်သူများအနေဖြင့် ဆင်ခြင်စရာ သင်ခန်းစာတစ်ခုအဖြစ် သိရှိနိုင်ရန်နှင့် ယခုကဲ့သို့ အင်္ဂါအစိတ်အပိုင်းများတွင် ပစ္စည်းများ စွပ်မိခြင်းသည် အလွန်အန္တရာယ်များကြောင်း အသိပေးထုတ်ပြန်ထားသည်။