အမေစုမွေးနေ့ကို ဆုတောင်းပေးလိုက်တဲ့ ပိုင်ဇေရဲထွန်း

သရုပ်ဆောင် မင်းသား ပိုင်ဇေရဲထွန်းဟာ သာမန်လူတယောက် မလုပ်နိုင်တဲ့ ကိစ္စတခုကို ရဲဝံ့စွာ လုပ်ပြလိုက်ပြီ ဖြစ်ပါတယ်။

မတရားချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ ကျရောက်တဲ့ ၈၁ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ယနေ့ မျက်နှာဖုံး အဆိုရှင် အစီအစဥ်မှာ နှင်းဆီပန်း တပွင့်ကို ရင်ဘတ်မှာ ထိုးပြခဲ့တာ ဖြစ်ပါတယ်။

နှင်းဆီပွင့်ရဲ့ ရိုးတံကို ရှည်လျားစွာ ပြုလုပ်ထားပြီး သရုပ်ဆောင် ထွန်းထွန်းက ဘာလို့ ဒီလောက် ရှည်နေတာလဲလို့ မေးမြန်းတဲ့အခါ ပိုင်ဇေရဲထွန်းက ”မသေအောင်လို့” ဆိုပြီး ပြန်ပြောခဲ့ပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာတပြည်လုံး နှင်းဆီပန်းတွေ လိုက်လံဖျက်ဆီးခံနေရချိန် မင်းသား ပိုင်ဇေရဲထွန်းရဲ့ လုပ်ရပ်ကတော့ ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။

မတရားမှုကို တဖက်တလမ်းက ငုံ့မခံကြောင်း တုံ့ပြန်ခဲ့တဲ့ ပိုင်ဇေရဲထွန်းကို အလေးနီ ပြုပါတယ်။

”ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ကြပါစေ”


Comments

Leave a Reply

Your email address will not be published. Required fields are marked *