Author: Baby Yit Lone

  • သေဒဏ်ကျခံနေရတဲ့သားက အမေတရားထိုင်ဖို့ ပေးလိုက်တဲ့ ဖျာလေးတစ်ချပ်

    သေဒဏ်ကျခံနေရတဲ့သားက အမေတရားထိုင်ဖို့ ပေးလိုက်တဲ့ ဖျာလေးတစ်ချပ်

    မေတ္တာနဲ့ရက်လုပ်ထားတဲ့ ဖျာလေးတစ်ချပ်နဲ့ အမေ့ရဲ့မျှော်လင့်ချက် ​”အမေ တရားထိုင်ရင် သုံးဖို့… အမေ မေတ္တာပို့ အမျှဝေရင် ထိုင်ဖို့…” ​အသက် (၃၀) ကျော် သေဒဏ်ကျခံထားရတဲ့ သားဖြစ်သူက ထောင်ထဲကနေ သူကိုယ်တိုင် လက်နဲ့ယှက်လုပ်ပြီး ပေးလိုက်တဲ့ Handmade ကော်ဖီမစ်ဖျာလေး။ ဒီဖျာလေးပေါ်မှာ အမေထိုင်ပြီး ဆုတောင်းပေးတိုင်း သားဖြစ်သူရဲ့ မေတ္တာတွေကို အမေ ခံစားနေရမှာပါ။ ​နိုင်ကျဉ်းမိသားစုဝင်တစ်ဦးဖြစ်တဲ့ ဒီအမေကြီးဟာ အပြင်လောကမှာ ဈေးရောင်းရင်း ပင်ပင်ပန်းပန်း ရုန်းကန်နေရသူပါ။ အမေကြီး အားမရှိလို့ ဆေးထိုးပေးဖို့ တောင်းဆိုလာတဲ့အခါတိုင်းလည်း အနီးကပ်စောင့်ရှောက်ပြီး ဆရာဝန်နဲ့တိုင်ပင်ကာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို အကောင်းဆုံး ကူညီပေးလျက်ရှိပါတယ်။ ​ကျွန်တော်တို့ဟာ ဘေးကင်းလုံခြုံတဲ့ ပရဟိတမျိုးကိုပဲ ရွေးချယ်လုပ်ကိုင်နေတာမဟုတ်ဘဲ အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်းနေရတဲ့ နိုင်ကျဉ်းမိသားစုဝင်တွေနဲ့အတူ ထပ်တူနီးပါး ရုန်းကန်ရှင်သန်နေကြတာပါ။ အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ…

  • မေလ ၁၁ ရက် မှ ၁၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်မည့် လေပွေလှိုင်း၏ အားပိုင်းကောင်းနိုင်သည့်အခြေအနေ

    မေလ ၁၁ ရက် မှ ၁၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်မည့် လေပွေလှိုင်း၏ အားပိုင်းကောင်းနိုင်သည့်အခြေအနေ

    “မေလ ၁၁ ရက် မှ ၁၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်မည့် လေပွေလှိုင်း၏ အားပိုင်းကောင်းနိုင်သည့်အခြေအနေနှင့် ရွေ့လျားနိုင်သည့်အခြေအနေတို့ကို ကြိုတင်ခန့်မှန်းရေး model များဖြစ်သည့် (ECMWF, GFS နှင့် ICON) တို့၏ ခန့်မှန်းချက်အရ သုံးသပ်ခြင်း” (မေလ ၈ ရက် နံနက် ၀၀၂၀ နာရီ) WINDY မှ ရရှိသော မေလ ၁၁ ရက်နှင့် ၁၄ ရက်နေ့များအတွက် Model သုံးခု (ECMWF, GFS, ICON) ၏ 850 hPa (အမြင့်ပေ ၅၀၀၀ ခန့်) လေတိုက်နှုန်းနှင့် လမ်းကြောင်းဆိုင်ရာ ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ လေထုဖြစ်စဉ်များကို အောက်ပါအတိုင်း ခွဲခြမ်းစိတ်ဖြာသုံးသပ်၍ တင်ပြပေးလိုက်ပါတယ် – ၁။…

  • မင်းအောင်လှိုင် ရုရှားနိုင်ငံ၏ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လိုသော်လည်း ရုရှားက မဖိတ်

    မင်းအောင်လှိုင် ရုရှားနိုင်ငံ၏ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လိုသော်လည်း ရုရှားက မဖိတ်

    အကြမ်းဖက် မင်းအောင်လှိုင်က မတရားလုယူထားတဲ့ နိုင်ငံတော်သမ္မတရာထူး နဲ့ ရုရှားနိုင်ငံ၏ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လိုသော်လည်း ရုရှားက မဖိတ် မင်းအောင်လှိုင်က သူ့ကို ဖိတ်ကြားမှု ရှိ၊ မရှိ ရုရှားအစိုးရထံသို့ တရားဝင် မေးမြန်းစုံစမ်းခဲ့ အကြမ်းဖက် မင်းအောင်လှိုင်က သူ့ကိုယ်သူ ခန့်အပ်ပြီး မတရားလုယူထားတဲ့ နိုင်ငံတော်သမ္မတ ရာထူးနဲ့ ရုရှားနိုင်ငံမှာ ပြုလုပ်တဲ့ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနား တက်ရောက်လိုပေမယ့်လည်း ဒီနှစ်မှာတော့ ရုရှားက မြန်မာစစ်ခေါင်း ဆောင်ကို ဖိတ်ကြားမှု မရှိဘူးလို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။ မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရုရှားနိုင်ငံရဲ့ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားပြုလုပ်မှာဖြစ်ပြီး…

  • ၁၁၀၀၀ ကာရက်ရှိ ပတ္တမြားကြီးကို စစ်ကော်မရှင် ရှာဖွေတွေ့ရှိ

    ၁၁၀၀၀ ကာရက်ရှိ ပတ္တမြားကြီးကို စစ်ကော်မရှင် ရှာဖွေတွေ့ရှိ

    မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ရတနာမြေမှ အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်) ရှိသည့် အလွန်ရှားပါးပြီး တန်ဖိုးဖြတ်ရန် ခက်ခဲသော ပတ္တမြားကြီးတစ်ပွင့်ကို စစ်ကော်မရှင်က ရရှိခဲ့ကြောင်း မေ ၇ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ရတနာကြီးအား အတုအယောင်သမ္မတ မင်းအောင်လှိုင်ကိုယ်တိုင် နေပြည်တော်၌ ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်အတွက် နိမိတ်ကောင်းတစ်ခုအဖြစ် ပုံဖော်ရန် ကြိုးပမ်းလျက်ရှိသည်။ မိုးကုတ်မြို့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းက TNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသော်လည်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကော်မရှင်က တရုတ်အကူအညီဖြင့် ပြန်လည်ရယူပြီးနောက် ယခုကဲ့သို့ ပတ္တမြားကြီးကို ထုတ်ပြခဲ့ခြင်းလည်းဖြစ်သည်။ “တကယ်တော့ အခုလို အရည်အသွေးမြင့် ပတ္တမြားကြီး ထွက်လာတာကို ကြည့်ရင်…

  • ဦးဝိမလာဘိဝံသနှင့် ခရိုနီ ဦးမိုးကျော်တို့ ကျွန်စိတ်မွှန်နေမှု (ရုပ်သံ)

    ဦးဝိမလာဘိဝံသနှင့် ခရိုနီ ဦးမိုးကျော်တို့ ကျွန်စိတ်မွှန်နေမှု (ရုပ်သံ)

    “လျှာပေါ်မြက်ပေါက်နေပါစေ အာဏာရှင်နှင့်ပူးပေါင်းပြီး လူထုကို သစ္စာမဖောက်”ဟု ဆရာ သရဝဏ်(ပြည်)ဆို ရဟန်းတစ်ပါး ဖြစ်သည့် ဦးဝိမလာဘိဝံသနှင့် ခရိုနီ ဦးမိုးကျော်တို့၏ စာရေးဆရာများ တိုင်းပြည်ဖျက်နေသည်ဟု အပုတ်ချခြင်းအပေါ် သရဝဏ်(ပြည်) က စာရေးဆရာများသည် လျှာပေါ်မြက်ပေါက် နေစေကာမူ အာဏာရှင်နှင့် ပူးပေါင်းပြီး တိုင်းပြည်အပေါ် သစ္စာမဖောက်ဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။ နာမည်ကျော် စာရေးဆရာ သရဝဏ်(ပြည်) ၎င်း၏ လူမှုကွန်ရက်မှ တစ်ဆင့် ယင်းသို့ တုံ့ပြန်ထားခြင်း ဖြစ်သည်။ “ဘောမစာရေးဆရာ စုန်းပြူးတစ်ယောက်တစ်လေကလွဲလို့ သမိုင်းအဆက်ဆက် စာရေးဆရာများဟာ လျှာပေါ်မြက်ပေါက်ပါစေ အာဏာရှင်နဲ့ပေါင်းပြီး ပြည်သူ လူထုကိုသစ္စာမဖောက်ခဲ့ဖူးပါ။ အာဏာရှင်နဲ့ပေါင်းပြီး ပြည်သူလူထုဂုတ်ကိုခွစီးသူတွေဟာ ဦးမိုးကျော်တို့လိုခရိုနီတွေနဲ့ ဟိတဓရဆရာတော်တို့လို ဘောမ ဘုန်းကြီး အချို့သာဖြစ်ပါတယ်။” ဟု သရဝဏ်(ပြည်) က တုံ့ပြန်ရေးသားထားသည်ကို တွေ့ရသည်။ ထို့ပြင်…