Author: Baby Yit Lone

  • ပြည်ပသံရုံးနှင့် လျှို့ဝှက် တွေ့ဆုံ၍ ဒေါ်သက်သက်ခိုင်အား အရေးယူမည်

    ပြည်ပသံရုံးနှင့် လျှို့ဝှက် တွေ့ဆုံ၍ ဒေါ်သက်သက်ခိုင်အား အရေးယူမည်

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပသံရုံးတရုံးမှ ပုဂ္ဂိုလ်တချို့နှင့် ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၁၈ရက်က လျှို့ဝှက်တွေ့ဆုံခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်နိုင်ကို အရေးယူမည်ဟု စစ်ကော်မရှင်က ယနေ့ညပိုင်း သတင်းထုတ်ပြန်သည်။

    ၎င်းတို့နှစ်ဦးသည် ရန်ကုန်မြို့ နတ်မောက်လမ်း စားသောက်ဆိုင်တွင် ပြည်ပသံရုံးတရုံးက ပုဂ္ဂိုလ်တချို့နှင့် နှာခေါင်းစည်း တပ်ကာ တရားမဝင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်ကြားသူရှိသဖြင့် ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကလည်း ဝန်ခံကြောင်း ပါရှိသည်။

    နိုင်ငံရေးပါတီများ အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၀၇(ဂ)၊ ၄၀၈နှင့်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆(စ) ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံခြား တိုင်းပြည်တခုခု အစိုးရ(သို့) ဘာသာရေးအဖွဲ့အစည်း(သို့) အခြားအဖွဲ့အစည်း တခုခု (သို့) လူပုဂ္ဂိုလ် တဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ရယူသုံးစွဲခြင်း(သို့) ယင်းတို့ ဩဇာခံခြင်း မပြုရေးကို စောင့်ထိန်းလိုက်နာရန် တာဝန်ရှိပြီး ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်ရမည်ဖြစ်ကြောင်း ၁၁-၈-၂၀၂၂ ရက်စွဲဖြင့် နိုင်ငံရေးပါတီ အားလုံးသို့ အကြောင်းကြားပြီးဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည်။

    သို့ဖြစ်၍ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်နိုင်ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

    ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နှင့်လျှို့ဝှက်စွာတွေ့ဆုံခဲ့သည့် PPPပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် CECအဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို အရေးယူမည်ဟု ထုတ်ပြန်

    ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နဲ့ လျှို့ဝှက်စွာတွေ့ဆုံခဲ့မှု‌နဲ့ပတ်သက်ပြီး အရေးယူသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၁၄ ရက်မှာထုတ်ပြန်ပါတယ်။

    နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြိုတင်တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံဖို့နဲ့ သင့်လျော်တဲ့အစီအမံနဲ့ စိစစ်ခွင့်ပြုပေးမဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၃ရက် ရက်စွဲပါစာနဲ့ နိုင်ငံရေးပါတီအားလုံးကို အကြောင်းကြားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

    ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ သံရုံးတွေ/အဖွဲ့အစည်းတွေနဲ့ လျှို့ဝှက်စွာတွေ့ဆုံနေတယ်လို့ သိရတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြခွင့်ပြုချက်ယူပြီးမှသာ တွေ့ဆုံဖို့နဲ့ ခွင့်ပြုချက်မရဘဲတွေ့ဆုံရင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ၁၂နဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၂ရက် ရက်စွဲပါစာနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌကို လိပ်မူပြီး သတိပေးအကြောင်းကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ခွင့်ပြုချက်တင်ပြခြင်းမရှိဘဲ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ၁၈ရက် မွန်းလွဲ၂နာရီကနေ ၃နာရီခန့်အထိ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းက စားသောက်ဆိုင်တစ်ဆိုင်မှာ ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နဲ့ Maskတပ်ဆင်ပြီး တရားမဝင်လျှို့ဝှက်စွာ တွေ့ဆုံခဲ့ကြောင်း သတင်းပို့တိုင်ကြားမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ မှန်ကန်ကြောင်း တွေ့ရှိရပြီး ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ကလည်း မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    အဲဒါကြောင့် ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

    အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီ၁၃ရက် ညနေပိုင်းက သက်ဆိုင်ရာရဲ့ ခေါ်ယူမေးမြန်းမှုကိုခံရတဲ့ ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဇန်နဝါရီ၁၄ရက် ညပိုင်းမှာ နေအိမ်ကိုပြန်လည်ရောက်ရှိကြပြီဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးစောဟန်အေးက ပြောကြားထားပါတယ်။

  • Radheyaa

    Radheyaa

    Radheyaa (2025)

    အနှိုင်းမဲ့မေတ္တာ

    ဇာတ်လမ်းအစမှာတင် ဇာတ်ရှိန်တအားတက်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုခင်းရုပ်ရှင်ကားတခု တင်ဆက်ပေးချင်ပါတယ်။

    အစမှာတင် လူတွေက ရက်ရက်-စက်စက် သ-တ်ဖြ-တ်တဲ့ လူ-သ-တ်သ-မားတစ်ယောက်ဟာ ကိုယ်တိုင်လိုလိုလားလားလာအဖမ်းခံခဲ့ပါတယ်။

    မီဒီယာတွေ ဘယ်လောက်မေးမေး ဘာမှပြန်မပြောတဲ့လူက သေမိန့်ကျထားပြီးမှ သူ့အကြောင်း စာအုပ်ထုတ်ပေးပါဆိုပြီး သူ့ရှေ့နေကို ပူဆာတဲ့အပြင် ရေးခိုင်းတဲ့စာရေးဆရာကိုပါ ရွေးချယ်ခေါ်ယူတာကနေ စပြီး ဇာတ်ကွက်အပြောင်းအလဲတွေနဲ့ ရင်သပ်ရှုမောဖွယ် ဝမ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းကောင်းတပုဒ်ကို ခံစားရမှာပဲဖြစ်ပါတယ်။

  • Call Me Dad

    Call Me Dad

    Call Me Dad (2025)

    ဒီအင်ဒိုနီးရှားဇာတ်လမ်းက ကိုရီးယားဒရမ်မာဖြစ်တဲ့ Pawn (2020) ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။

    အကြွေးကောက်သမားတွေဖြစ်တဲ့ Dedi နဲ့ Tatang တို့ ညီအစ်ကိုနှစ်ယောက်က မိန်းမတစ်ယောက်ရဲ့အကြွေးကိုလိုက်တောင်းရင်း မပေးလို့သူမရဲ့ကလေးကို အပေါင်းပစ္စည်းအဖြစ် သိမ်းလိုက်ကြတယ်။

    ဒါပေမယ့် အဲ့ဒီအမျိုးသမီးက ထွက်ပြေးသွားတော့ Dedi နဲ့ Tatang တို့ Intan ဆိုတဲ့ကလေးမလေးကို ပြုစုပျိုးထောင်ဖို့ တာဝန်ကျလာပါတော့တယ်။

    သွေးမတော်သားမစပ်ပေမဲ့ တကယ့်မိသားစုလို စောင့်ရှောက်နေထိုင်ရင်း ခိုင်မြဲလာတဲ့ သံယောဇဉ်နဲ့ ကံကြမ္မာရဲ့ အပြောင်းအလဲတွေကြား ရင်ထဲထိစေမယ့် IMDB 7.5 ရရှိထားတဲ့ ဒရမ်မာ ကောင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။

  • The Internship

    The Internship

    The Internship (2026)

    ရနေးဟာ CIA ရဲ့ “The Internship” လို့ခေါ်တဲ့ ထိပ်တန်းလျှို့ဝှက်စီမံကိန်းတစ်ခုမှာ ငယ်စဉ်ကတည်းက ရက်စက်တဲ့ လူသတ်သမားတစ်ယောက်ဖြစ်အောင် အတင်းအကြပ် လေ့ကျင့်သင်ကြားခြင်း ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပါ။

    လက်ရှိအချိန်မှာကတော့ အမျိုးမျိုးသော လွဲချော်မှုတွေကြောင့် The Internship program ကဖျက်သိမ်းခံလိုက်ရပါပြီ။

    ရနေးဟာ သူ့ရဲ့ ငယ်ဘဝကို ဖျက်ဆီးခဲ့တဲ့ ဒီအဖွဲ့အစည်းကြီးကို ပြန်လည်ခြေမှုန်းဖို့ ဆုံးဖြတ်ခဲ့ပါ။

    သူဟာ သူ့လိုပဲ The Internship program မှာလေ့ကျင့်ခံခဲ့ရတဲ့ အခြား “အလုပ်သင်” တွေကို စုစည်းပြီး CIAကိုလက်စား‌‌ချေဖို့ကြိုးစားကြပါ‌တော့တယ်။

    ဒါပေမဲ့ CIA ဘက်ကလည်း Internship program ကိုပြန်လည်စတင်ဖို့ ရနေးတို့ “အလုပ်သင်”တွေကို ပြန်လည်ဖမ်းဆီးခေါ်ယူဖို့ ကြံစည်နေပါတယ်။

    ဒါ့အပြင် ရုရှားဘက်ကလည်း ဒီ ပရိုဂရမ်အကြောင်းသိရှိသွားပြီး အလုပ်သင်တွေကို သတ်ဖို့ ကြိုးစားကြတဲ့အခါဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားပါ။

    ရနေးတို့ရဲ့ လက်စားချေမဲ့ အစီအစဉ်ကြီးအောင်မြင်သွားမှာလား….

    ဘယ်လို အံ့အားသင့်စရာ အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

  • The Box

    The Box

    The Box (2007)

    ခုတင်ပြပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၀၇မှာထွက်ရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။

    ဒီဇာတ်ကားထဲမှာတော့ မင်းသမီးဖြစ်သူ”ကျဲန်”ကငယ်ငယ်လေးကတည်းကအမေထားခဲ့တာကိုခံခဲ့ရပြီး အဖွားဖြစ်သူကပဲ”ကျဲန်”ကိုပြုစုစောင့်ရှောက်ခဲ့ရပါတယ်။

    မင်းသမီး ကြီးပြင်းလာတော့ အဖွားက”ကျဲန်”ရဲ့အမေပေးခဲ့တဲ့သေတ္တာကိုပေးလိုက်ပါတော့တယ်။

    တစ်နေ့မှာ”ကျဲန်”ကပစ္စည်းရွေ့ပေးတဲ့ကုမ္ပဏီကို သေတ္တာရွှေ့ဖို့ခေါ်လိုက်ပြီး ရွှေ့သွားရွှေ့လာနဲ့ သေတ္တာသယ်ရတာကို စိတ်မရှည်တော့တာနဲ့ ရောင်းလိုက်ပါတော့တယ်။

    ရောင်းပြီးပြီချင်းညမှာပဲ အမျိုးသမီးတစ်ယောက်ကိုအိပ်မက်မက်ခဲ့ပြီး သူ့အဖွားပေးထားတဲ့စာကိုဖွင့်ဖတ်ကြည့်ရာ သူရောင်းလိုက်တဲ့သေတ္တာကသူ့အမေပေးထားကြောင်း သေချာသိမ်းထားဖို့ရေးထားခဲ့တာပါ။

    မနက်ရောက်တော့သူသေတ္တာရောင်းလိုက်တဲ့ ပစ္စည်းအဟောင်းဆိုင်ကိုသွားခဲ့တယ် အဲဆိုင်ကိုရောက်တဲ့ချိန်မှာပဲ သူ့သေတ္တာကိုဝယ်သွားတဲ့ကားကထွက်သွားတော့တာပဲ။

    အဲဒီနောက် သူကကားငှားပြီး သူ့သေတ္တာကိုဝယ်သွားတဲ့လူနောက်လိုက်သွားခဲ့ပြီး ဘယ်လိုတော့ ဆက်ဖြစ်မှာလဲဆိုတာကတော့……..