Author: Baby Yit Lone

  • Lost in America

    Lost in America

    Lost in America (1985) လုံခြုံမှုနဲ့ လွတ်လပ်မှု ဘာကို ရွေးမလဲ ကျွန်တော်တို့ ဘဝတွေမှာ လုံခြုံမှု အခြေခိုင်မှုတွေအတွက် လွတ်လပ်မှုကို ပေးဆပ်ခဲ့ရတဲ့ အခြေအနေတွေကို ကြုံဖူးကြမှာပါ။ လုပ်ချင်တာထက် လုပ်သင့်တာတွေကို လုပ်ပြီး ပျော်ရွှင်မှု လွတ်လပ်မှုတွေကို ပိုက်ဆံအတွက် စတေးလိုက်ကြရတာမျိုးတွေပေါ့။ ဒီဇာတ်ကားကလည်း ဒီလိုပါပဲ ဒေးဗစ်ဟောင်းဝါ့ဒ်တို့ လင်မယားဟာ ပိုက်ဆံတွေ အများကြီးဝင်နေပေမဲ့ လွတ်လပ်မှုကို တမ်းတနေကြပါတယ်။ ဒီလိုနဲ့ ဒေးဗစ် ရာထူးတိုးခါနီးမှာ မတိုးခဲ့တဲ့အခါ စိတ်ပျက်မှုတွေကို စိတ်ကုန်ပြီး လင်မယားနှစ်ယောက်လုံး အလုပ်ကထွက် ရှိသမျှရောင်းချပြီးတော့ မော်တော်အိမ်တစ်လုံးဝယ် နိုင်ငံပတ်မယ်ဆိုပြီး ထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ ထွက်လာတဲ့အခါမှာ သူတို့ ထင်ထားသလို လွတ်လပ်သွားမှာလား လွတ်လပ်မှုအတွက် သူတို့ ဘာတွေ အခက်ခဲကြုံရမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။

  • လှည်းတန်းမှာ Bluetooth Speakerနဲ့ ဆန္ဒပြ

    လှည်းတန်းမှာ Bluetooth Speakerနဲ့ ဆန္ဒပြ

    ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့ လှည်းတန်းဈေးအနီးမှာ Bluetooth Speaker နဲ့ တော်လှန်ရေးသီချင်းဖွင့်ပြီး ဆန္ဒပြတာကို ဗုံးတွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ “တော်လှန်ရေးသီချင်းကို Bluetooth ဆောင်းဘောက်နဲ့ ဖွင့်ထားလို့ဆိုလားပဲ။လှည်းတန်းစျေးရှေ့ လမ်းကို ပိတ်ထားတယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ဒီနေ့(ဒီဇင်ဘာ ၇ရက်) ည ၇နာရီလောက်မှာ လှည်းတန်းမှာ ဗုံးတွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းတွေကိုပိတ်ဆို့ခဲ့ပေမယ့် ရိုးရိုးစပီတာတစ်ခုဖြစ်တာကြောင့် သိမ်းဆည်းသွားတယ်လို့ Rangoon Scout Network -RSN က ထုတ်ပြန်ထားပါတယ်။ “သပိတ်လှုပ်ရှားသူများက Bluetooth Speaker ဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး စပီကာပေါ်တွင် ‘မထိရ မကိုင်ရ’ စသဖြင့် စာချိတ်ဆွဲထားသောကြောင့် အကြမ်းဖက်စစ်သားများ လမ်းပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်”လို့ RSN ကအသိပေးထားပါတယ်။ စစ်ကောင်စီတပ်က လမ်းပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာကြောင့် ကားလမ်းတွေပိတ်တာကိုကြုံခဲ့ရတယ်လို့ YBS စီးနင်းသူ‌တွေကလည်း ပြောပါတယ်။ ဒီဇင်ဘာ…

  • အဆိုတော် အိမ့်ချစ်နဲ့ ဝေလတို့ရဲ့ ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုသူနည်းပါး

    အဆိုတော် အိမ့်ချစ်နဲ့ ဝေလတို့ရဲ့ ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုသူနည်းပါး

    မဲဆောက်မှာပြုလုပ်တဲ့ အဆိုတော် အိမ့်ချစ်နဲ့ ဝေလတို့ရဲ့ ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုသူနည်းပါး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ပြုလုပ်တဲ့ ကျောက်ဖော့ဖဝေါရိုးရာပွဲတော် ဖျော်ဖြေပွဲမှာ မြန်မာအဆိုတော် အိမ့်ချစ်နဲ့ ဝေလတို့ လာရောက်သီဆိုဖျော်ဖြေပေမဲ့ မြန်မာအသိုင်းအဝိုင်းက သွားရောက်ကြည့်ရှုသူ မရှိသလောက် နည်းပါးခဲ့တယ်လို့ မဲဆောက် မြန်မာအသိုင်းအဝန်းဆီက သိရပါတယ်။ ဒီဖျော်ဖြေပွဲကို မဲဆောက်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး (အမ်ဖိုရုံး) ဝင်းအတွင်းမှာ ဒီနေ့ ဒီဇင်ဘာ ၆ ရက်နဲ့ မနက်ဖြန် ဒီဇင်ဘာ ၇ ရက် နှစ်ရက်ဆက်ကျင်းပမှာဖြစ်ပြီး မြန်မာအဆိုတော်တွေဖြစ်တဲ့ အိမ့်ချစ်၊ မေလသံစဉ်၊ ဝေလနဲ့ နောနော်တို့လည်း ပါဝင်သီဆိုကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောက်ဖော့ဖဝေါရိုးရာပွဲတော် ဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံကနေ လာရောက်သီဆိုဖျော်ဖြေသူတွေဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် လာရောက်မဲပေးဖို့ စည်းရုံးလှုံ့ဆော်ရာမှာ ပါဝင်ထားကြသူတွေဖြစ်တာကြောင့် သွားရောက်ကြည့်ရှုတာမျိုးမလုပ်ဘဲ…

  • အငယ်တို့ရဲ့ကမ္ဘာ

    အငယ်တို့ရဲ့ကမ္ဘာ

    မန္တလေးမြို့ ကန်တော်ကြီး အရှေ့ဖက်ခြမ်း တစ်ခုသော တိုက်ခန်း၏ အစွန်ဆုံးရှိ တတိယအလွှာတွင် အမျိုးသမီး ၃ ဦး တိုးတိုးတိတ်တိတ်နှင့် ကြိတ်၍ တိုင်ပင်နေကြသည်။ မည်မျှအရေးကြီးသော စကားမို့ ယခုလို ကြိတ်၍ တိုင်ပင်နေကြသည် မသိ။ အဝင်တံခါးမကြီးကို အသေအချာ ဂျက်ထိုးပိတ်၍ တကယ့်ကို တိုးတိတ်စွာလေး။ အသားညိုညို ခပ်တောင့်တောင့် မျက်နှာခပ်ချောချော မိန်းမနာမည်က မညိုရှိန်။ အသားညိုသော်လည်း ကိုယ်လုံးကိုယ်ပေါက်က ယောက်ျားတွေမက်လောက်သည့် အဖုအထစ် အမို့အမောက် အစွင့်အကား အင်္ဂါရပ်တွေနှင့် အားလုံးပြည့်စုံသည်။ မျက်လုံးဝိုင်းဝိုင်းနှင့် ကြာမူကြာဟန်က အပြည့်ရှိသည်။ အသက်က ၃၅ နှစ်ဝန်းကျင်။ ဤတတိယအလွှာက တိုက်ခန်းက သူမပိုင်ဆိုင်သည်။ သူမက မန္တလေးမြို့တွင်းရှိ တရုတ်သူဌေးတစ်ဦး၏ တတိယမြောက်မယား။ နောက်တစ်ယောက်က မညိုရှိန်ထက် ၃ နှစ်ခန့်ငယ်သည်။ သူမ…

  • လားရှိုးတွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကော်မရှင်က မဲပေးနည်း ပညာပေး

    လားရှိုးတွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကော်မရှင်က မဲပေးနည်း ပညာပေး

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်က ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ရွာတချို့ကို ဒီဇင်ဘာ ၃ ရက်မှာ စစ်ကောင်စီတပ်နဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့က မဲပေးနည်း အသိပညာပေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ MNDAA ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရွာတွေကို မိုင်းရယ် အခြေစိုက် စစ်ကောင်စီတပ်နဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ရောက်ရှိလာပြီး EVM စနစ်နဲ့ မဲပေးနည်းတွေ လာရောက် အသိပေးသွားတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။ “လားရှိုးနဲ့ မိုင်းရယ်ကြားက ရွာတွေခင်ဗျ။ ရွာ ဘယ်နှရွာလောက်ဆိုတာ မကြားမိဘူး။ အနီးဆုံး မယ်ဟန်ဘက်ရော။ ဟိုယ၊ လွယ်ငင်း၊ နမ့်ပေါင်၊ သံလွင်၊ မန်ပျဉ်၊ ခါးသျှိ၊ မယ်ဟန်” လို့ သူက…