Author: Baby Yit Lone

  • Tears of the Black Tiger

    Tears of the Black Tiger

    Tears of the Black Tiger (2000) ဒီဇာတ်လမ်းလေးကတော့ ဒရမ်မာဆန်ဆန် ကြည့်ရမှာပဲဖြစ်ပါတယ်။ အချစ်တစ်ခုထည်းနဲ့ ဘဝနှစ်‌ခုပေါင်းစပ်လို့မရဘူးဆိုတာ ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဒမ်ပ်လိုခေါ်တဲ့ ကျေးလက်ကောင်လေးတစ်ယောက်က ငယ်ရွယ်ကတည်းက မိခင်ဆုံးသွားပြီး တက္ကသိုလ်အရွယ်မှာ ဖခင်ဖြစ်သူသတ်ခံလိုက်ရပါတယ်။ အခက်အခဲပေါင်းစုံကို ခါးစည်းခံလာရပြီးနောက်ပိုင်း ‌’ကျားနက်’ လို့ခေါ်တဲ့ သူခိုးဓားမြ လက်နက်ကိုင်တစ်ယောက်ဖြစ်လာပါတော့တယ်။ ရက်စက်ကြမ်းကြုတ်တဲ့သူတွေမှာလဲ နူးညံ့တဲ့နှလုံးသားရှိကြောင်း ဒမ်ပ် တစ်ယောက်သေချာလေးပြသသွားပါတယ်။ ဒမ်ပ်ရဲ့ နူးညံ့တဲ့နှလုံးသားကို အပိုင်ရတဲ့သူကတော့ နတ်သမီးရှုံးလောက်အောင် လှတဲ့ ‘လမ်ခူလ်’ လိုခေါ်တဲ့ ပြည်နယ်မှူးသမီးလေးပဲဖြစ်ပါတယ်။ ငယ်ရွယ်ကတည်းက ရွှေဇွန်းကိုက်ပြီး မွေးလာတော့ အရာရာတိုင်း လိုလေးသေးမရှိအောင် ပြီးပြည့်စုံလွန်းပါတယ်။ ဒမ်ပ်နဲ့ လမ်ခူလ်က ငယ်စဉ်ကတည်းက သဘောကျချစ်မြတ်နိုးကြပြီး လူ့အဆင့်အတန်း ကွာခြားတာကြောင့် အနူလက်နဲ့ရွှေခွက်နှိုက်ဆိုတဲ့ စကားပုံအတိုင်း ဘယ်လိုရင်ဆိုင် ကျော်ဖြတ်ကြမလဲဆိုတာ ကြည့်ရှုပေးကြပါဦး….

  • အောင်မြင်စစ်ဆင်ရေးနောက်ဆက်တွဲ မြို့လေးခုက စစ်တပ်နေရာ ၈ခုကို PDF ထပ်မံထိုးစစ်ဆင်တိုက်ခိုက်

    အောင်မြင်စစ်ဆင်ရေးနောက်ဆက်တွဲ မြို့လေးခုက စစ်တပ်နေရာ ၈ခုကို PDF ထပ်မံထိုးစစ်ဆင်တိုက်ခိုက်

    စစ်ဆင်ရေးကာလ ၅ရက်အတွင်း စစ်တပ်စခန်းနေရာ ၂၆ ခုကို ထိုးစစ်ဆင်တိုက်ခိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ထန်းတပင်မြို့နယ်နဲ့ မင်းလှ၊ ပေါင်းတည်မြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒီကနေ့ ဇန်နဝါရီ ၁၁ရက်မှာ ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၇ရက်နဲ့ ၉ရက်က မင်းလှ၊ ဇီးကုန်း၊ နတ်တလင်း၊ တောကျွဲအင်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၈ခုကို ပဲခူးတိုင်းစစ်ဌာန PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ စစ်ဆင်ရေးဆက်လုပ်ဆောင်တာဖြစ်ပါတယ်။ ဇန်နဝါရီ ၇ရက်က နတ်တလင်း၊ဇီးကုန်းနဲ့ မင်းလှက စစ်ကောင်စီတပ်စခန်း ၄ခုကို တပြိုင်တည်းထိုးစစ်ဆင်ခဲ့သလို ဇန်နဝါရီ ၉ရက်မှာ တောကျွဲအင်းအပါအဝင် ဒေသတွေင်းက စစ်ကောင်စီ…

  • Udaala

    Udaala

    Udaala (2025) အမှတ်တမဲ့မှ အမှတ်တရ ပါကရာက မိဘမဲ့တစ်ယောက် အော်တိုမောင်းပြီး ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေတဲ့ လူငယ်လေးတစ်ယောက်‌ပေါ့။ သူက မထင်မှတ်ဘဲ ညတိုင်းနီးပါးမက်တဲ့အိပ်မက်ထဲက မိန်းကလေးတစ်ယောက်နဲ့ အပြင်မှာတွေ့ဆုံခဲ့ပါတယ်။ ဒီဆုံတွေမှုနဲ့အတူ သူ့ဘဝကလည်း အချိုးအကွေ့သစ်တစ်ခုကို ရောက်ရှိသွားပါတယ်။ သူချစ်ရတဲ့ မိန်းကလေးနောက်ကို လိုက်ရင်း ကျောင်းသားမဟုတ်ဘဲ ကောလိပ်ကျောင်းဝန်းထဲအထိ ခြေလှမ်းကျွန်လာခဲ့ပေမယ့် အရာအားလုံးက သူထင်သလို ပန်းခင်းသောလမ်းတော့ မဟုတ်ခဲ့ပါဘူး။ အပျော်သဘောနဲ့ စနောက်ရာကနေ စတင်ခဲ့တဲ့ “လက်စားချေမှု” တစ်ခုကြောင့် အေးချမ်းနေတဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ပရမ်းပတာဖြစ်ပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာပါတော့တယ်။ တကယ့်လူမိုက်အကြီးစားကိုမှ သွားဇယားရှုပ်မိမယ့် ဒီ ၂ယောက် ဘယ်လိုတွေဆက်ဖြစ်သွားမယ်ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး။

  • Ghost College of Fine Arts

    Ghost College of Fine Arts

    Ghost College of Fine Arts (2008) တလောကလုံးမှာ သရဲဆိုတဲ့အရာကိုပဲ အကြောက်ဆုံးပါဆိုတဲ့ တိုင်ရွန်တစ်ယောက် သူစာသင်ကြားနေတဲ့ အနုပညာကောလိပ်မှာ သရဲတွေကို စတင်မြင်ရလာခဲ့အခါ…. တိုင်ရွန်ဟာ သရဲမလေးလ ဒါ ရဲ့အကူအညီတောင်းခံမှုကြောင့် ပန်းချီကားတစ်ချပ်ကို ရှာဖို့လိုနေပါတယ်။ ဒါပေမယ့် ပန်းချီကားချပ်ရဲ့ပုံသဏ္ဌာန်တောင် သူသိလို့မနေပါဘူး။ ဒါကြောင့်လည်း ကောလိပ်က သရဲဝါရင့်နှစ်ကောင်နဲ့အတူ ဒီအဖြေကိုရှာဖို့ကြိုးစားရင်းကနေ လဒါ ကို ကူညီနိုင်သွားမလား… လဒါ တစ်ယောက်ဘာကို စွဲလန်းနေလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာ ကြည့်ရှုကြရအောင်ပါ။

  • Silent Screams : The Lost Girls Of Telangana

    Silent Screams : The Lost Girls Of Telangana

    Silent Screams (2026) “တိတ်ဆိတ်သော အော်သံများ” ဒီတစ်ခါဇာတ်ကားကတော့အိန္ဒိယနိုင်ငံရဲ့ အမှောင်မိုက်ဆုံးနှင့် စိတ်မကောင်းစရာ အကောင်းဆုံး ဖြစ်ရပ်မှန်မှုခင်းများကို အခြေခံရိုက်ကူးထားတဲ့ Documပentary Series တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားက သာမန်ဖျော်ဖြေရေးသက်သက်မဟုတ်ဘဲ လူ့အဖွဲ့အစည်းအတွင်းမှာ ပုန်းကွယ်နေတဲ့ ဘေးအန္တရာယ်များကို သတိပေးနှိုးဆော်ထားတဲ့ လက်ရာတစ်ခု ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ တီလန်ဂါနာ (Telangana) ပြည်နယ်မှာ ဖြစ်ပွားခဲ့သည့် တုန်လှုပ်ချောက်ချားဖွယ်ရာ လူသတ်မှုများနှင့် အမျိုးသမီးငယ်များအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုများကို အဓိကထား တင်ပြထားပါတယ်။ အထူးသဖြင့် Hajipur, Warangal နှင့် Yellapatar စတဲ့ ဒေသများမှာ ဆက်တိုက်ဆိုသလို ပျောက်ဆုံးသွားခဲ့တဲ့ မိန်းကလေးငယ်များ၏ နောက်ကွယ်က လျှို့ဝှက်ချက်များကို စုံစမ်းဖော်ထုတ်ပြသထားပြီး အပြစ်မဲ့ကလေးငယ်များအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် တရားခံများရဲ့ စိတ်နေစိတ်ထားနှင့် ၎င်းတို့ကို ဖမ်းဆီးနိုင်ရန် ကြိုးစားခဲ့ရသည့်…