Author: Baby Yit Lone

  • Holy Cash

    Holy Cash

    Holy Cash (2025)

    မက္ကဆီကန်-အမေရိကန်လူရွှင်တော်ကြီး ပေါလ်ရိုဒရီဂတ်ဇ်ရဲ့ ဟာသရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။

    ထောင်ထဲကို ဝင်လိုက်ထွက်လိုက်လုပ်နေခဲ့တဲ့ လူလိမ် ပါဘလို။

    ထောင်ထဲကို ကိုယ်လုံးတီးဝင်ခဲ့တဲ့အတွက် ပြန်ထွက်ချိန်မှာ ထောင်ကအစောင့်တွေ စနောက်ပြီးပေးလိုက်တဲ့ သင်းအုပ်ဆရာဝတ်စုံနဲ့ ထွက်ချလာခဲ့ပါတယ်။

    ဒီမှာပဲ ဘာသာရေးနဲ့လုပ်စားတာက ငွေရလွယ်တာကို ပါဘလိုတစ်ယောက်သိသွားပြီး ဘာသာရေးကိုခုတုံးလုပ် လိမ်စားဖို့ ကြံပါတော့တယ်။

    နိုင်ငံအဆင့်ထိ တီဗီရှိုးကနေတဆင့်လိမ်စားဖို့ အချီကြီးကြံခဲ့တဲ့ ပါဘလိုတစ်ယောက် ဘယ်လိုအလွဲအချော်တွေနဲ့ ကြုံရမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။

  • Chainsaws Were Singing

    Chainsaws Were Singing

    Chainsaws Were Singing (2025)

    အသစ်အဆန်းများပြုလုပ်တတ်တဲ့ အင်ဒီဇာတ်ကားထဲမှာမှ သွေးသံတရဲရဲဖြစ်နေပမေယ့် ဟာသဆန်တဲ့ ဇာတ်ကားမျိုးကိုကြိုက်တဲ့သူအတွက်တော့ ဒီဇာတ်ကားက ကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုလို့ပြောရမှာပါ။

    ဇတ်လမ်းအကျဉ်း

    တွမ်နဲ့ မာရီယာတို့နှစ်ယောက်ဟာ အမှတ်မထင်ဘဲ အဝေးပြေးလမ်းမတစ်ခုမှာ တွေ့သွားပြီး ချစ်ကြိုက်သွားတဲ့ သမီးရည်းစားနှစ်ဦးဖြစ်ပါတယ်။

    နှစ်ယောက်အတူရှိနေလိုက်ရတဲ့အချိန်ဟာ အကြာကြီးမဟုတ်ပေမယ့်လည်း အချစ်ကြီးတဲ့အတွက် လက်တွဲမဖြုတ်ဖို့စဉ်းစားထားကြသူနှစ်ဦးဖြစ်ပါတယ်။

    ဒါပေမဲ့ ရုတ်ချည်းဆိုသလို လွှစက်ကြီးကိုင်ထားတဲ့လူတစ်ယောက်က သူလာတဲ့လမ်းမှာ တွေ့ကရာလူမှန်သမျှကို လွှနဲ့ဖြတ်ပြီး လိုက်သ-တ်နေတာပါ။

    ဒီလိုနဲ့ လွှစက်လူသ-တ်သမားကြီးဟာ မာရီယာကိုတွေ့သွားတဲ့နောက်ပိုင်းမှာ မာရီယာ့ကို မသ-တ်ဘဲ ကားနဲ့ ပြန်ပေးဆွဲသွားခဲ့ပါတယ်။

    ဒါကိုသိသွားတဲ့ တွမ်ဟာ မာရီယာ့ကို ကယ်ဖို့အတွက် သူ့သူငယ်ချင်း ဂျန်နဲ့ တောအုပ်အနီး ခရီးတော်ပုံစထွက်လာပါတော့တယ်။

  • Friend: The Great Legacy

    Friend: The Great Legacy

    Friend: The Great Legacy (2013)

    ဒီတစ်ခေါက် ပြန်လည်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားကတော့ ၂၀၀၁ခုနှစ်က နာမည်ကြီးခဲ့တဲ့ “Friend” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဖြစ်ပြီး ၁၇နှစ်အကြာမှာ ဖြစ်ပျက်တဲ့ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

    Castတွေအဖြစ် Friend 1 တုန်းကပါဝင်ခဲ့တဲ့ ဝါရင့်မင်းသားကြီး Yu Oh Seong, Joo Jin Mo တို့အပြင် မင်းသားချော Kim Woo Bin ကလည်း အသစ်ပါဝင်လာပါတယ်။

    ဇာတ်လမ်းကတော့

    သူငယ်ချင်းဖြစ်သူကို သတ်မှုနဲ့ ထောင်ကျ‌နေခဲ့တဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင် အီဂျွန်ဆော့ (Yu Oh Seong) ဟာ ၁၇ နှစ်အကြာမှာ ထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။

    ဒါပေမဲ့ သူ ပြန်ထွက်လာတဲ့အချိန်မှာတော့ သူ ဦးဆောင်ခဲ့တဲ့ဂိုဏ်းကို သစ္စာဖောက်ခေါင်းဆောင်သစ်တစ်ဦးက အုပ်ချုပ်နေပြီး အရာအားလုံးကပြောင်းလဲနေတာကို တွေ့လိုက်ရပါတယ်။

    ဒါကြောင့် သူ ထောင်ထဲမှာရှိစဉ်က စောင့်ရှောက်ပေးခဲ့တဲ့ လူငယ်လေး ချွဲဆောင်းဟွန်း (Kim Woo Bin) နဲ့ အတူ သူ့ရဲ့အာဏာကို ပြန်လည်တည်ဆောက်ဖို့ကြိုးစားရင်း တဖက်မှာလည်း သူတို့နှစ်ဦးကြားက နက်နဲလှတဲ့ ပတ်သက်မှုတွေနဲ့အတူ အတိတ်က လျှို့ဝှက်ချက်တွေဟာ တဖြည်းဖြည်း ပေါ်ပေါက်လာပါတော့တယ်။

    ဒါကြောင့် ဂျွန်ဆော့တစ်ယောက် သူ့ရဲ့အာဏာဟောင်းကို ပြန်လည်သိမ်းပိုက်သွားနိုင်မလား….

    ဆောင်းဟွန်းနဲ့ သူ့ကြားက အတိတ်က လျှို့ဝှက်ချက်ကရော ဘာဖြစ်မလဲ…

    သစ္စာတရားနဲ့ အငြှိုးအတေးတွေကြားမှာ သူတို့နှစ်ဦးရဲ့ပတ်သက်မှုက ဘယ်လိုအဆုံးသတ်မလဲ…

    ဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားလိုက်ကြပါဦးနော်။

  • သဉ္ဇာဝင့်ကျော်နှင့် အဖွဲ့အား ညစ်ညမ်းစွာ ကပြမှုဖြင့် ကမာရွတ်ရဲစခန်း၌ အမှုဖွင့်

    သဉ္ဇာဝင့်ကျော်နှင့် အဖွဲ့အား ညစ်ညမ်းစွာ ကပြမှုဖြင့် ကမာရွတ်ရဲစခန်း၌ အမှုဖွင့်

    သရုပ်ဆောင် သဉ္ဇာဝင့်ကျော်နှင့် အဖွဲ့အား ညစ်ညမ်းစွာ ကပြမှုဖြင့် ကမာရွတ်ရဲစခန်း၌ အမှုဖွင့်

    ရန်ကုန်မြို့ရှိ Novotel ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ပွဲတစ်ခုမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဝတ်စားဆင်ယင်မှုများနဲ့ကပြဖျော်ဖြေခဲ့တယ်လို့ဆိုကာ သရုပ်ဆောင် သဉ္ဇာဝင့်ကျော်နဲ့ အကအဖွဲ့ကို ကမာရွတ်မြို့နယ်ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၉၄(က)/၁၁၄တို့နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

    ဖြစ်စဉ်ကတော့ ဇန်နဝါရီလ ၁၅ ရက်နေ့၊ ညနေ ၅ နာရီမှ ၁၀နာရီခွဲအထိ Novotel Hotel Yangon Ballroom ခန်းမမှာ ကျင်းပခဲ့တဲ့ “Cloud Seven Production & Entertainment” ရဲ့ Founder & CEO ကိုခန့်ဇော်အောင်ရဲ့ မွေးနေ့ပွဲနဲ့ ရုပ်ရှင်မိတ်ဆက်ပွဲမှာ သဉ္ဇာဝင့်ကျော် ဦးစီးတဲ့အဖွဲ့က ပါဝင်ဖျော်ဖြေခဲ့ကြဝာာဖြစ်ပါတယ်။

    အဆိုပါဖျော်ဖြေမှုမှာ ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားများမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆန့်ကျင်ပြီး အများပြည်သူအမြင်မှာ မတင့်တယ်တဲ့အပြင် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းတဲ့ အကများ (Sex Dancer) အဖြစ် ကပြခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကမာရွတ်ရဲစခန်းက စခန်းမှူး ဒုရဲမှူးဘတိုးက တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

    အခု သဥ္ဇာဝင့်ကျော်နဲ့ အဖွဲ့ကို ဆွဲဆိုထားတဲ့ ပုဒ်မ ၂ခုမှာတော့ ပုဒ်မ ၂၉၄(က)ဟာ အများပြည်သူဆိုင်ရာနေရာမှာ ညစ်ညမ်းသော ပြုလုပ်မှုတစ်ခုခုကို ပြုလုပ်ခြင်း (ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ လအထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်) ဖြစ်ပြီး ပုဒ်မ ၁၁၄ကတော့ ပြစ်မှုကျူးလွန်ရာမှာ အားပေးကူညီခြင်းပဲ ဖြစ်ပါတယ်။

    သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ဟာ အရင်ကလည်း အလားတူအမှုမျိုးနဲ့ ထောင်ဒဏ်ကျခံခဲ့ရဖူးသူဖြစ်ပါတယ်။

    ၂၀၂၂ခုနှစ် ဩဂုတ်လမှာ လိင်အသားပေး ဓာတ်ပုံနဲ့ ဗီဒီယိုများ လူမှုကွန်ရက်မှာ ဖြန့်ဝေတယ်လို့ဆိုကာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃(က)နဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    ၂၀၂၃ခုနှစ် မေလမှာတော့ အင်းစိန်ထောင် ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရပြီး ၂၀ဝ၅ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့မှာတော့ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

    လက်ရှိမှာ ရဲစခန်းမှတ်တမ်းများအရ တရားခံများမှာ “ဖမ်းဆီးရန်ကျန်” အဖြစ် ဖော်ပြထားပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

  • Sunflower

    Sunflower

    Sunflower (2006)

    ဒီတစ်​ခေါက် တင်ဆက်​ပေးမယ့် ဇာတ်ကား​လေးက​တော့ ၂၀၀၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Action, Drama အမျိုးအစားဖြစ်တဲ့ Sunflowerဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

    ပါဝင်တဲ့ သရုပ်​ဆောင်​တွေက​တော့ နာမည်ကြီးမင်းသားမင်းသမီး​တွေဖြစ်တဲ့ Kim Rae-won, Kim Hae-sook, Heo Yi-jae, Kim Byeong-ok, Kim Jung-tae, Han Jung-soo တို့ဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဥ်း

    လူသတ်မှုနဲ့ ​​ထောင်ဆယ်နှစ်ကျပြီး ပြန်လွတ်လာတဲ့ ထယ်ရှစ်(Kim Rae-won)က သူ့လုပ်ရပ်ကို​ နောင်တရပြီး လူ​ကောင်းတစ်​ယောက်အဖြစ် ​နေသွားဖို့ ​နေကြာပန်း စား​သောက်ဆိုင်ပိုင်ရှင်ဖြစ်သူ အို့ဂျာ (Kim Hae-sook)ကို ကတိ​ပေးခဲ့ပါတယ်။

    ​နေကြာပန်း ဆိုင်ပိုင်ရှင် အို့ဂျာက ​ထောင်ထွက် ထယ်ရှစ်ကို သားအဖြစ်​မွေးစားပြီး သမီးအရင်းဖြစ်သူ ဟီဂျူ(Kim Hae-sook)နဲ့အတူတူ တက္ကသိုလ်တက်နိုင်​အောင် ​ထောက်ပံ့​ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ဖြစ်ချင်​တော့ ထယ်ရှစ်ရဲ့​​နောက်လိုက်​တွေဖြစ်ခဲ့တဲ့ ယန်းဂီ(Kim Jung-tae)နဲ့ ချန်းမူ(Han Jung-soo)တို့က ဥက္ကဌဂျိုဖန်းဆူ​(Kim Byeong-ok)ဆီမှာ သစ္စာခံပြီး ​နေကြာပန်းဆိုင်ကို ဖယ်ရှားကာ စီမံကိန်းအသစ်တည်​ဆောက်ဖို့ လုပ်လာကြပါ​တော့တယ်။

    ထယ်ရှစ်က အို့ဂျာကို ရန်ထပ်မဖြစ်​တော့ပါဘူးလို့ ကတိ​ပေးခဲ့တဲ့အတွက် ယန်းဂီနဲ့ချန်းမူရဲ့ ရန်စမှုအမျိုးမျိုးကို သည်းခံခဲ့​ပေမဲ့ ဥက္ကဌဂျိုနဲ့ ​နောက်လိုက်​တွေ​က ဟီဂျူနဲ့ အို့ဂျာကို ထိခိုက်​အောင်လုပ်လာတဲ့အခါ ထယ်ရှစ်တစ်​ယောက် ဘယ်လိုတုံ့ပြန်သွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။