Author: Baby Yit Lone

  • ဝေါမြို့နယ် လက်ပန်ရွာ ပျူစောထီးခေါင်းဆောင် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

    ဝေါမြို့နယ် လက်ပန်ရွာ ပျူစောထီးခေါင်းဆောင် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ရွာ ပျူစောထီး‌ခေါင်းဆောင်ကို ဒီဇင်ဘာ ၁၃ ရက် မနက် ၉ နာရီမှာ တော်လှန်ရေးတပ်တွေက စနိုက်ပါသေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်တောင်းမြစ်ကမ်းဘေးမှာရှိတဲ့ လက်ပန်ရွာအထွက်က ဒေသခံတွေကို ဖြတ်သန်းခွင့် လက်မှတ်အတွက် တစောင်ကို ကျပ် ၂,၀၀၀ တောင်းပြီးထုတ်ပေးနေတဲ့ဂိတ်မှာ ပျူစောထီး ခေါင်းဆောင် ဘကျွန်း ရှိနေတုန်း စနိုက်ပါနဲ့ ပစ်ခတ်လိုက်တာလို့ ဆိုပါတယ်။ ဒေသခံတယောက်က “ကုလားဘကျွန်းက ရွာမှာ စစ်မှုထမ်းကြေးတွေ မတရားကောက်ခံတာတို့၊ ရွာသားတွေကို ဖမ်းဖို့ စုံစမ်းပေးတာ။ စစ်တပ်ကိုလမ်းပြတာတွေ၊ သူဦးဆောင်ပြီး ပျူစောထီးတွေ စုဆောင်းတာတွေလုပ်တယ်။ သူပစ်ခံရလို့ ရွာထဲရော ရွာပြင်မှာပါစစ်ဆေးတာတွေလုပ်နေတယ်” ပြောပါတယ်။ လက်ပန်ရွာဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်အား ၁၀ ယောက်ဝန်းကျင် အထိုင်ချထားတာဖြစ်ပြီး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က…

  • ယှဉ်ပြိုင်သူ ၂ဦးတည်းရှိသည့် တိုက်ကွမ်ဒို အမျိုးသမီး(၆၂-၆၇)ကီလိုတန်းတွင် မြန်မာ ငွေတံဆိပ်ဆွတ်ခူး

    ယှဉ်ပြိုင်သူ ၂ဦးတည်းရှိသည့် တိုက်ကွမ်ဒို အမျိုးသမီး(၆၂-၆၇)ကီလိုတန်းတွင် မြန်မာ ငွေတံဆိပ်ဆွတ်ခူး

    ယှဉ်ပြိုင်သူ ၂ ဦးတည်းရှိသည့် တိုက်ကွမ်ဒို အမျိုးသမီး(၆၂-၆၇)ကီလိုတန်းတွင် မြန်မာ ငွေတံဆိပ်ဆွတ်ခူး ထိုင်းနိုင်ငံတွင် ကျင်းပနေသော (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဒီဇင်ဘာလ (၁၁)ရက်က ကျင်းပခဲ့သော တိုက်ကွမ်ဒိုအားကစားနည်း၏ အမျိုးသမီး(၆၂-၆၇)ကီလိုတန်းပွဲစဉ် ဗိုလ်လုပွဲတွင် မြန်မာကိုယ်စားပြု ကေသွယ်မွန်လင်းက အိမ်ရှင်ထိုင်းကစားသမား Chareewan Piyachutrutai ကို (၂-၀)ဖြင့် ရှုံးနိမ့်ပြီး ငွေတံဆိပ်ဆွတ်ခူးခဲ့သည်။ အဆိုပါပွဲစဉ်မှာ မူလက ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူ (၃)ဦးရှိပြီး ကမ္ဘောဒီးယားမှာ BYE ဖြင့် ဗိုလ်လုပွဲမှ အသင့်စောင့်ကာ မြန်မာနှင့်ထိုင်း ဆီမီးဖိုင်နယ်ပွဲစဉ်မှ အနိုင်ရသူနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း နုတ်ထွက်သွား‌သောကြောင့် မြန်မာနှင့်ထိုင်းကစားသမားနှစ်ဦးတည်းသာ ဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။

  • ဗင်နီဇွဲလားမြေပေါ် စစ်ဆင်ရေး စပြီဟု သမ္မတထရမ့် ကြေညာ

    ဗင်နီဇွဲလားမြေပေါ် စစ်ဆင်ရေး စပြီဟု သမ္မတထရမ့် ကြေညာ

    “မူးယစ်စခန်းများကို မြေလှန်ချေမှုန်းမည်” ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးနေသူများကို ပစ်မှတ်ထားပြီး အမေရိကန်စစ်တပ်က “ကုန်းမြေစစ်ဆင်ရေး” (Land Strikes) စတင်တော့မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အတိအလင်း ထုတ်ဖော်ပြောကြားလိုက်ရာ နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ “သူတို့ ဘယ်မှာနေလဲ ကျွန်တော်တို့ သိတယ်” ပင်လယ်ပြင်တွင် မူးယစ်မှောင်ခိုလှေများကို နှိမ်နင်းနေရသည်မှာ ခက်ခဲသော်လည်း ကုန်းမြေပေါ်တွင် ရှင်းလင်းရသည်မှာ ပိုမိုလွယ်ကူကြောင်း သမ္မတထရမ့်က ဆိုပါတယ်။ “ကုန်းမြေပေါ်က စစ်ဆင်ရေးတွေ မကြာခင် စတော့မယ်။ ကုန်းမြေက ပိုလွယ်တယ်။ သူတို့ ဘယ်လမ်းကြောင်းတွေ သုံးလဲ၊ ဘယ်မှာနေလဲ၊ လူဆိုးတွေ ဘယ်နေရာမှာ ပုန်းနေလဲဆိုတာ ကျွန်တော်တို့ အကုန်သိထားပြီးပြီ” ဟု ထရမ့်က သတိပေး ပြောကြားခဲ့ပါတယ်။ ဤကြေညာချက်သည် ကာရစ်ဘီယံပင်လယ်ပြင်၌ “Operation…

  • လက်ပံတောင်းတောင် တရုတ်ကြေးနီစက်ရုံတွေ လုပ်ငန်းရပ်နားထားပြီး နှစ်လကြာ နားမယ်လို့ဆို

    လက်ပံတောင်းတောင် တရုတ်ကြေးနီစက်ရုံတွေ လုပ်ငန်းရပ်နားထားပြီး နှစ်လကြာ နားမယ်လို့ဆို

    တရုတ်စီမံကိန်းအနီး စစ်အုပ်စုက စစ်ကြောင်းထိုး၊ လူသတ်၊ မီးရှို့တာတွေ ဆက်လက် ကျူးလွန် စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ထဲရှိ မြေယာတွေ အဓမ္မသိမ်းယူကာ တောင်တွေဖြိုပြီး ကြေးနီတူးနေတဲ့ တရုတ်ပိုင် ကြေးနီစက်ရုံတွေ ဒီဇင်ဘာ ၆ ရက်က စတင်ကာ လုပ်ငန်းရပ်နားထားပြီး နောက်ထပ် နှစ်လကျော်ကြာ ဆက်လက် ရပ်နားထားမယ်လို့ သတင်းထွက်နေကြောင်း ဒေသခံ သတင်းအရင်းမြစ်တွေက ပြောပါတယ်။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကို ဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီရဲ့ ကြေးနီတူးဖော်တဲ့ လုပ်ငန်းတွေ အားလုံး ဒီဇင်ဘာ ၆ ရက်က စတင်ကာ ရပ်ဆိုင်းခဲ့တာ ဖြစ်ပြီး ဝန်ထမ်းတွေကိုတော့ အိမ်မပြန်ခိုင်းဘဲ စက်ရုံထဲမှာပဲ ဆက်လက် နေထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။ လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းအတွင်းမှာ ရှိတဲ့…

  • The Mastermind

    The Mastermind

    The Mastermind (2025) The Mastermind ဆိုတာ 1970 မျိုးကာလ ကို အခြေခံထားတဲ့ ပြတိုက်ထဲက ပန်းချီကားတွေကို ခိုးယူဖို့ကြိုးစားခဲ့တဲ့လူတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာပါ။ ဒါပေမဲ့ အက်ရှင်ကားမဟုတ်ဘဲ ဇာတ်ကောင်အတွင်းခံ စိတ်အခြေအနေနဲ့ 1970 မျိုးကာလ စစ်အေးကာလ ဗီယက်နမ်စစ်ပွဲတွေ၊ အမေရိကန်တွေရဲ့ တခေတ်ထလာတဲ့ ဟစ်ပီတွေအကြောင်းနဲ့ ခေတ်ပျက်ကြီးက လူတစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ အနုပညာမြောက် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။