Author: Baby Yit Lone

  • ကျွန်တော့်မာနကြောင့် ကျွန်တော့်ဇနီး ဆုံးပါးခဲ့ရပါတယ်

    ကျွန်တော့်မာနကြောင့် ကျွန်တော့်ဇနီး ဆုံးပါးခဲ့ရပါတယ်

    ကျွန်တော့်မာနကြောင့် ကျွန်တော့်ဇနီး ဆုံးပါးခဲ့ရပါတယ်

    ဒီအကြောင်းအရာဟာ တကယ့်ဘဝဇာတ်ကြောင်း ဝန်ခံချက် ဖြစ်ပါတယ်။

    ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ တနင်္လာနေ့မနက်ခင်း အလုပ်သွားဖို့ ပြင်ဆင်နေရင်း အသေးအဖွဲကိစ္စလေးတစ်ခုနဲ့ စကားများခဲ့ကြတယ်။

    ပေါင်မုန့်ပေါ် ထောပတ်သုတ်ပုံ မသပ်မရပ်ဖြစ်နေတာကို ကျွန်တော် စိတ်ဆိုးပြီး ခက်ထန်တဲ့စကားလုံးတွေနဲ့ ပြောလိုက်မိတယ်။

    ကျွန်တော့်စကားသံတွေဟာ မိုးခြိမ်းသလို အခန်းထဲမှာ ပဲ့တင်ထပ်သွားခဲ့တယ်။

    အကယ်၍ ဘာဖြစ်လာမယ်ဆိုတာကိုသာ ကျွန်တော် ကြိုသိခဲ့ရင်၊ မျက်လုံးမှိတ်ပြီး ဒီပေါင်မုန့်ကို အသံတိတ်စားပစ်လိုက်မယ်၊ ပြီးတော့ သူ့ကို ပြုံးပြလိုက်မိမှာပါ။ ဒါပေမဲ့ ကျွန်တော် မလုပ်ခဲ့မိဘူး။

    ကျွန်တော့်ရဲ့ လေသံကြောင့် သူ နာကျင်ခဲ့ရတယ်။ သူ့ပန်းကန်ကို တွန်းဖယ်လိုက်ပြီး ထမင်းစားပွဲကနေ ဘာမှမစားဘဲ နှုတ်ဆက်စကားတောင် မဆိုဘဲ အလုပ်ကို သွားခဲ့တယ်။

    ကျွန်တော်လည်း ဒေါသထွက်နေခဲ့တာကြောင့် နှစ်ယောက်စလုံး အရင်စပြီး ပြန်အဆင်ပြေအောင် မကြိုးစားခဲ့ကြဘူး။

    အဲဒီညနေမှာလည်း စကားမပြောဘဲ အိမ်ပြန်လာခဲ့ကြတယ်။ သီးသန့်စီစားပြီး တိတ်ဆိတ်စွာပဲ အိပ်ရာဝင်ခဲ့ကြတယ်။

    အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွေဟာလည်း ဒီအတိုင်းပဲ ကုန်လွန်ခဲ့တယ်။

    ကျွန်တော်တို့ရဲ့ မာနတွေက ကျွန်တော်တို့နှစ်ယောက်ကြားမှာ နံရံကြီးတစ်ခုကို တည်ဆောက်ခဲ့တယ်။

    ကြာသပတေးနေ့ ညစာစားချိန်မှာတော့ သူ နောက်ဆုံးမှာ စကားစပြောလာခဲ့တယ်။ “ဟိုင်း” ဆိုတဲ့ စကားလေးကို တိုးတိုးလေး ပြောခဲ့တယ်။

    ကျွန်တော် ပြန်ဖြေချင်ခဲ့ပေမယ့် ကျွန်တော့်မာနက တားဆီးထားခဲ့တယ်။ ဘာမှမကြားသလို ဟန်ဆောင်ပြီး ဆက်စားနေခဲ့တယ်။ ပြီးတော့ ထရပ်ပြီး ထွက်သွားခဲ့တယ်။

    ဒါပေမဲ့လည်း သူက ကျွန်တော့်ကို အပြုံးလေးတစ်ခုနဲ့ ပြုံးပြခဲ့တယ်။ အဲဒီအပြုံးလေးက ဘယ်နှလုံးသားကိုမဆို အရည်ပျော်စေနိုင်ပါတယ်။

    ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကို အတင်းအကျပ် ဆန့်ကျင်ခဲ့တယ်။ “ဒီရန်ပွဲကို အဆုံးသတ်ချင်ရင် သူကပဲ အရင်တောင်းပန်သင့်တယ်၊ ငါမဟုတ်ဘူး” လို့ ကိုယ့်ကိုယ်ကို ပြောခဲ့တယ်။

    အဲဒီညမှာပဲ ကျွန်တော်တို့အကြိုက်ဆုံးသီချင်းကို ညည်းရင်း သူ ရေချိုးခန်းထဲ ဝင်သွားခဲ့တယ်။

    အကယ်၍ ကျွန်တော် သိပ်ပြီးတော့ ခေါင်းမာနေခဲ့တာ မဟုတ်ဘူးဆိုရင် ကျွန်တော်လည်း သူ့နောက်လိုက်သွားမိမှာပဲ။

    ကျွန်တော်တို့ အမြဲတမ်းလုပ်ခဲ့သလိုပေါ့။ ဒါပေမဲ့ အဲဒီအချိန်လေးကိုလည်း ကျွန်တော့်မာနက လုယူသွားခဲ့ပြန်တယ်။

    သူ ရေချိုးခန်းထဲက ပြန်ထွက်လာတော့ ကျွန်တော် အိပ်ချင်ယောင်ဆောင်နေခဲ့ပြီ။ မနက် ၃ နာရီလောက်မှာ သူ ကျွန်တော့်ကို ညင်သာစွာပုတ်ပြီး နှိုးဖို့ကြိုးစားခဲ့တယ်။ ကျွန်တော် သူ့လက်ကို ပုတ်ဖယ်လိုက်မိတယ်။ သူ အနားယူချင်လို့ ထင်ခဲ့တယ်။ ဒါဟာ သူ့ရဲ့ နောက်ဆုံးထိတွေ့မှု ဖြစ်လိမ့်မယ်ဆိုတာကို ကျွန်တော် မသိခဲ့ဘူး။

    ကျွန်တော် ပြန်အိပ်ပျော်သွားခဲ့တယ်။ မနက် ၇ နာရီ ၁၅ မိနစ်မှာ အလုပ်နောက်ကျမှ နိုးလာတော့ သူက အိပ်ရာထဲမှာ ရှိနေသေးတယ်။ ကျွန်တော် သူ့ကို တစ်ခွန်းမှ မပြောခဲ့ဘူး။

    အဲဒီအချိန်မှာ ကျွန်တော့်မာနက ကျွန်တော့်အချစ်ထက် ပိုသန်မာနေခဲ့တယ်။ ကျွန်တော် အမြန်ပြင်ဆင်ပြီး မနက်စာစား၊ နောက်လှည့်တောင်မကြည့်ဘဲ အိမ်ကနေ ထွက်သွားခဲ့တယ်။

    အဲဒီညနေမှာ အိမ်ပြန်ရောက်တော့ အိမ်က တစ်မျိုးကြီး ဖြစ်နေတယ်။ တံခါးက ဟနေတုန်းပဲ။ စားပွဲကလည်း ကျွန်တော် မနက်ကထားခဲ့တဲ့အတိုင်း မထိရသေးဘူး။ ကျွန်တော့်ရင်ထဲ တင်းကျပ်လာတယ်။

    အပြေးအလွှား အပေါ်ထပ်တက်ကြည့်လိုက်တော့ သူက အိပ်ရာထဲမှာပဲ လဲလျောင်းနေတုန်း။ ကျွန်တော် သူ့ဆီအပြေးသွားတော့ ဖုန်းက လက်ထဲကနေ ချော်ကျသွားခဲ့တယ်။

    “ဘေဘီ…” ကျွန်တော် တုန်ယင်စွာ တိုးတိုးလေး ခေါ်လိုက်တယ်။

    သူ့အရေပြားက အေးစက်နေတယ်။ ရင်ဘတ်က လှုပ်ရှားနေခြင်းမရှိဘူး။ ကျွန်တော် သူ့ဘေးမှာ လဲကျပြီး သူ့နာမည်ကို အော်ငိုခဲ့တယ်။

    ရင်ဘတ်ပေါ်မှာ နားထောင်ကြည့်တယ်။ ဘာမှမရှိဘူး။ နှလုံးခုန်သံမရှိဘူး။ အသက်ရှူသံမရှိဘူး။

    သူ့ကို ပြန်အသက်ဝင်လာဖို့ အော်ဟစ်တောင်းပန်ခဲ့ပေမယ့် အရမ်းနောက်ကျနေခဲ့ပြီ။

    သူ့ကို သင်္ဂြိုဟ်တဲ့နေ့အထိ ဒါဟာ အဖြစ်မှန်လို့ မခံစားခဲ့ရဘူး။ ကျွန်တော့်ဇနီး ဆုံးပါးသွားခဲ့ပြီ။ ဒီအတိုင်းပဲ။

    အဲဒီအချိန်မှ ကျွန်တော် အမှန်တရားကို သဘောပေါက်ခဲ့တယ်။

    ကျွန်တော့်ဇနီးမှာ ပန်းနာရင်ကျပ်ရောဂါ ရှိတယ်။ အဲဒီည မနက် ၃ နာရီမှာ သူ ကျွန်တော့်ကို နှိုးဖို့ လက်လှမ်းခဲ့တုန်းက ပန်းနာရင်ကျပ်ထနေတာ ဖြစ်လိမ့်မယ်။ သူက ကျွန်တော့်ကို အကူအညီတောင်းနေတာ။

    သူ့ရဲ့ ရှူဆေးဘူး၊ အသက်ရှူဖို့၊ အသက်ရှင်ဖို့ တောင်းနေခဲ့တာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်မာနက အတားအဆီးဖြစ်ခဲ့တယ်။ ကျွန်တော် သူ့လက်ကို ပုတ်ဖယ်လိုက်တယ်။ သူ့ကို ကျောခိုင်းခဲ့တယ်။ ပြီးတော့ ကျွန်တော် ချစ်ခဲ့ရတဲ့အမျိုးသမီးကို ကျွန်တော့်ဘေးမှာတင် သေဆုံးစေခဲ့တယ်။

    အဲဒီနေ့ကတည်းက သုံးပတ်ကြာခဲ့ပြီ။ ကျွန်တော့်ကမ္ဘာကြီးဟာ ကွဲကြေသွားခဲ့ပြီ။ ကျွန်တော့်နှလုံးသားဟာ ဟာလာဟင်းလင်းဖြစ်နေခဲ့ပြီ။

    အကယ်၍သာ အချိန်ကို ပြန်လှည့်လို့ရမယ်ဆိုရင် ကျွန်တော် ပြောခဲ့တဲ့ ခက်ထန်တဲ့စကားလုံးတိုင်း၊ တိတ်ဆိတ်မှုတိုင်း၊ ခေါင်းမာတဲ့ရွေးချယ်မှုတိုင်းကို ပြန်ပြီး ပြင်ဆင်ချင်ပါတယ်။

    ဒီနေ့မှာတော့ ကျွန်တော် လုပ်နိုင်တာတစ်ခုပဲရှိတယ်။ သူ့နာမည်ကို တိုးတိုးလေးခေါ်ပြီး သူကြားနိုင်ဖို့ မျှော်လင့်နေတာပဲ။

    “စတီလာ… ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ… တောင်းပန်ပါတယ်… တောင်းပန်ပါတယ်… ကျွန်တော့်အချစ်ရယ်…”

    မာနဟာ အချစ်မှာ ဘာအကျိုးမှ မရှိဘူးဆိုတာကို ဘဝက ပြန်ပြီး သတိပေးတတ်ပါတယ်။

    စကားများတာ၊ နာကျင်စေတဲ့ စကားတွေပြောတာ၊ စကားမပြောဘဲ နေတာတွေဟာ အဲဒီအချိန်မှာ မှန်တယ်လို့ ထင်ရပေမယ့်၊ အဖိုးတန်တဲ့အချိန်တွေကို လုယူသွားတဲ့ နံရံတွေကိုပဲ တည်ဆောက်ပေးတယ်။

    ဘယ်ပေါင်မုန့်၊ ဘယ်အမှား၊ ဘယ်ချို့ယွင်းချက်မှ ကိုယ်ချစ်ရတဲ့သူကို ဆုံးရှုံးရလောက်အောင် တန်ဖိုးရှိတာ မဟုတ်ပါဘူး။

    အရေးအကြီးဆုံးကတော့ သည်းခံနားလည်မှု၊ စိတ်ရှည်မှုနဲ့ မာနထက် ငြိမ်းချမ်းမှုကို ရွေးချယ်တတ်ဖို့ပါပဲ။

    ဒါကြောင့် အမြန်ခွင့်လွှတ်လိုက်ပါ။ အကျယ်ကြီး ချစ်လိုက်ပါ။ ကိုယ့်ရဲ့ မာနက ကိုယ့်နှလုံးသားကို အသံတိတ်သွားအောင် မလုပ်ပါစေနဲ့။ တစ်နေ့နေ့မှာ အချိန်ကုန်ဆုံးသွားလိမ့်မယ်။

    ဘယ်တောင်းပန်မှုကိုမှလည်း ကြားရတော့မှာ မဟုတ်ဘူး။ ဘယ်ပွေ့ဖက်မှုကိုမှလည်း ပြန်ရတော့မှာ မဟုတ်ပါဘူး။ တောင်းပန်လို့ရတုန်းလေး တောင်းပန်လိုက်ပါ။

    သူတို့ ကြားနိုင်တုန်းလေး “ချစ်တယ်” လို့ ပြောလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ဆိုတာ အငြင်းပွားမှုကို အနိုင်ရဖို့မဟုတ်ဘဲ၊ အရေးအကြီးဆုံးလူကို ဘယ်တော့မှ မဆုံးရှုံးဖို့ပဲ ဖြစ်ပါတယ်။

    ဟမ်စိုင်း(ဆေး-မန်း)

    ဘာသာပြန်(Real Talk USA page မှ)

  • ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို ရေးဘီလူး အဖွဲ့က တိုက်ခိုက်

    ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို ရေးဘီလူး အဖွဲ့က တိုက်ခိုက်

    ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို ရေးဘီလူး အဖွဲ့က တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

    မွန်ပြည်နယ်၊ ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခမရ ၅၉၁ တပ်ရင်း ထွက်လာသော စစ်သားများသည် ကျောင်းရွာ လမ်းပိုင်းကို ကင်းလှည့်ရန် ထွက်လာစဉ် ရေးဘီလူး အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေက ၅၉၁ တပ်ရင်းနဲ့ မနီးမဝေး နေရာလောက်မှာ စစ်ဆေးရေး ပြုလုပ်တဲ့အချိန် တပ်ရင်းအနောက်ပေါက်ကနေ ထွက်လာခဲ့တဲ့ စစ်ကြောင်းနဲ့ ဆုတ်လမ်းမှာ တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့တယ်။ ရန်သူဘက်ကတော့ သေဆုံးမှုရှိတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒေသခံတွေကတော့ ၇ ယောက်သေတယ်လို့ ပြောတယ်။ သူတို့က စစ်ကြောင်း ပုံစံမျိုးမဟုတ်ဘူး တပ်ရင်းကာကင်း၊ သူတို့က ရွာလုံခြုံရေး ပုံစံမျိုး နေတဲ့ကောင်တွေ သီးသန့်ရှိတယ်။ တပ်ရင်း အပြင်မှာပေါ့။ သူတို့ အင်အားမများဘူး။ အလွန်ဆုံး ၁၅ ယောက်လောက်ပဲ ရှိတယ်။ သူတို့ဘက်ခြမ်းက ကာဗာမရှိနေဘူး ကျနော်တို့က ဖြတ်ပိတ်တဲ့အချိန်မှာ ကိုယ့်ဘက်ခြမ်း အရင်ဦးပြီး စစ်ခွေး ၅ ကောင်လောက် သေတယ်။ လက်နက်ကြီးတွေကတော့ တောက်လျှောက်ကို ရမ်းပစ်တယ်” ဟု ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

  • မြို့မငြိမ်းရဲ့ “လူချွန်လူကောင်း” သီချင်းကို ရွေးကောက်ပွဲ မဲဆွယ်သီချင်းလုပ်မည်

    မြို့မငြိမ်းရဲ့ “လူချွန်လူကောင်း” သီချင်းကို ရွေးကောက်ပွဲ မဲဆွယ်သီချင်းလုပ်မည်

    ဂန္ထဝင်အနုပညာရှင် မြို့မငြိမ်း၏ လူချွန်လူကောင်း အပါအဝင် မြို့မမူပိုင်သီချင်းသီချင်းအချို့ ကို NDF (ခမောက်)ပါတီ အောင်နိုင်ရေးကမ်ပိန်းမှာ အသုံးပြုဖို့ လာခွင့်တောင်းရာမှာ မြို့မအသင်းဥက္ကဋ္ဌ ဒေါက်တာ လှခိုင်က ခွင့်ပြုပေးခဲ့တယ် လို့ ပြည်တွင်းသတင်းတခုမှာ ဖော်ပြပါတယ်။

    စစ်အုပ်စုရွေးကောက်ပွဲဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ခမောက်ပါတီ ယာယီဥက္ကဋ္ဌ ထက်အောင်ကျော် နဲ့ မကြာသေးခင်ရက်ပိုင်းက မှ ပါတီဝင်ပြီး ဒုက္ကဋ္ဌဖြစ်လာတဲ့ NLD အမတ်ဟောင်း ဒေါ်စန္ဒါမင်းတို့ဟာ ဒီနေ့မနက် မန္တလေးမြို့ ၈၆ လမ်း မြို့မအပျော်တမ်းတူရိယာအသင်းရုံးမှာ အသင်းတာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံပြီး” လူချွန်လူကောင်း” သီချင်းကို မဲဆွယ်စည်းရုံးရေးမှာ သုံးဖို့ လာရောက်ခွင့်တောင်းခဲ့တာ ဖြစ်တယ်လို့ ပြည်တွင်းသတင်းတရပ်မှာ ဖော်ပြပါတယ်။

    အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း ရေးသားခဲ့တဲ့ လူချွန်လူကောင်း အပါအဝင် သီချင်းဟာ ထင်ရှားကျော်ကြားပြီး လူငယ်လူရွယ်များ၏ စွမ်းပကားနဲ့ ခေတ်မီ တိုင်းပြည် ထူထောင်ရန်အတွေးအခေါ် ပါဝင်တဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

    မြို့မအသင်းဥက္ကဋ္ဌ ဒေါက်တာလှခိုင်က လာရောက်ခွင့်တောင်းတာကို ကျေးဇူးတင်ကြောင်း နဲ့ မြို့မအသင်းကြီး၏ ခွင့်ပြုချက်မယူပဲအသုံးပြုလျှင်လည်း ပြည်သူလူထု၏ စိတ်ခွန်အားမြင့်တက်‌ ‌စေသည့် အမျိူးသားရေး တေးဖြစ်သည့်အတွက် သုံးစွဲခွင့်ရှိပါကြောင်း အခြားအခမ်းအနားများတွင်လည်း အသုံးပြုနေပါကြောင်း သီးသန့်ခွင့်ပြုချက်‌ပေးခြင်း ပုံစံဖြစ်လျှင် ကန့်သတ်မှုမဖြစ်‌ စေလို၍ တေးသီချင်းအား အများနည်းတူအသုံးပြု၍ရပါတယ်ဟု ပြန်လည်‌‌ ပြောကြားခဲ့တယ် လို့ အဆိုပါတွေ့ဆုံပွဲကို သတင်းယူခဲ့တဲ့ ပြည်တွင်းသတင်းက ဆိုပါတယ်။

    မြို့မတူရိယာအသင်းကို ၁၉၂၅ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အခု ၂၀၂၅ ခုနှစ်မှာတော့ နှစ် (၁၀၀) သက်တမ်းပြည့်ခဲ့ပြီဖြစ်ပါတယ်။

    စစ်အုပ်စုအာဏာသိမ်းပြီး လပိုင်းအကြာ မေလ ၂၈ ရက်နေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ပထမဆုံးအဖြစ် မြို့မအဖွဲ့က သွားရောက်ဖျော်ဖြေခဲ့တာကြောင့် အသင်းကို ဝေဖန်မှု များစွာရှိခဲ့ပါတယ်။

    မန္တလေးမြို့လူထုက ‌ဂုဏ်ယူလေးစားရတဲ့အသင်းကြီးဖြစ်ခဲ့တဲ့ မြို့မ တူရိယာအသင်းဟာ အသင်းရဲ့ရပ်တည်ချက်၊ အသင်းကို စတင်တည်ထောင်ခဲ့တဲ့ ရည်မှန်းချက်တွေကို သွေဖည်ကာ မြိုလူထုမျက်နှာကို မကြည့်ဘဲငွေနောက်လိုက်ပြီး တီးခတ်နေတယ်လို့ မန္တလေးမြို့ခံတွေကြား မှာဝေဖန်မှုတွေရှိခဲ့ပါတယ်။

    မြို့မအဖွဲ့ဝင်တချို့က ဒီလိုဖျော်ဖြေရတာဟာ ငွေကြောင့်မဟုတ်ဘဲ စစ်အုပ်စုရဲ့ ဖိအားကြောင့် ဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

    အခုလည်း စစ်အုပ်စုက စီစဉ်တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီအတွက် တေးသီချင်း အသုံးပြုခွင့် ပေးလိုက်တာလည်းဖြစ်ပါတယ်။

    မြို့မအသင်းဥက္ကဌ ဒေါက်တာလှခိုင်အပါအဝင် အသင်းတာဝန်ရှိသူတွေကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

    ဓာတ်ပုံ_ရပ်ဝန်းသစ်

    မန္တလေးမြို့ရှိ မြို့မအသင်းရုံးကို သွားရောက်ခဲ့ကြသည့် NDF ပါတီဝင်များ

  • “NLD ပါတီ မရှိ‌တော့ဘူး”ဟု ပြောခဲ့သည့် ပါတီမှ ထုတ်ပယ်ခံ ဒေါ်စန္ဒာမင်းက ခမောက်ပါတီ (NDF) တွင် ဒုဥက္ကဋ္ဌ လုပ်နေ

    “NLD ပါတီ မရှိ‌တော့ဘူး”ဟု ပြောခဲ့သည့် ပါတီမှ ထုတ်ပယ်ခံ ဒေါ်စန္ဒာမင်းက ခမောက်ပါတီ (NDF) တွင် ဒုဥက္ကဋ္ဌ လုပ်နေ

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ၂၀၂၃ ခုနှစ်က ထုတ်ပယ်ခံထားရသူ ဒေါ်စန္ဒာမင်းသည် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအင်အားစု (ခမောက်ပါတီ) ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

    ယနေ့ ဩဂုတ် ၂၉ ရက်တွင် မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းကြီး၏ မူပိုင်တေးသီချင်းအချို့ကို ခမောက်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တောင်းဆိုရာတွင် ဒေါ်စန္ဒာမင်းက ဒုဥက္ကဋ္ဌအနေဖြင့် သွားရောက်ခဲ့ကြောင်း သတင်းမီဒီယာတစ်ခုထံမှ သိရှိရသည်။

    အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်စန္ဒာမင်း က မြို့မတူရိယာအသင်းကြီး၏ နာယကများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အား ပါတီကိုယ်စားကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဖော်ပြထားသည်။

    ဒေါ်စန္ဒာမင်းသည် ယခင်က NLD ဗဟိုကော်မတီဝင်တဦးဖြစ်ခဲ့ကာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပါတီမှ ထုတ်ပယ်ခံခဲ့ရပြီး လက်ရှိတွင် ခမောက်ပါတီကိုယ်စားလှယ်အဖြစ် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လျက်ရှိသည်။

    NLD မှ ထုတ်ပယ်ခံရခြင်းအကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရမှုနှင့် စပ်လျဉ်းပြီး တရားရုံးတွင် မမှန်မကန်ထွက်ဆိုကာ ပါတီ၏ မူဝါဒများကို ဆန့်ကျင်သည်ဟူ၍ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်ဟောင်း ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင် တို့နှင့်အတူ NLD ပါတီမှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။

    ၂၀၂၃ ခုနှစ်၊ မတ်လ (၂၅) ရက်တွင် ဒေါ်စန္ဒာမင်းအပါအဝင် NLD ဗဟိုကော်မတီဝင်အချို့ စစ်ကောင်စီ၏ စီစဉ်ပေးမှုဖြင့် ‌ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့သော်လည်း အတွေ့မခံဘဲ လက်ဖက်ရည်တိုက်ကာ ပြန်လွှတ်လိုက်ကြောင်း ဒေါ်စန္ဒာမင်းက BBC သတင်းဌာနကို ပြောကြားခဲ့ဖူးသည်။

    ဒေါ်စန္ဒာမင်းသည် ၂၀၂၃ခုနှစ်တွင် ကိုယ့်စရိတ်ကိုယ်စိုက်၍ စစ်ကောင်စီကို ထောက်ခံအားပေးရန်နှင့် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံသို့ သွားရောက်ဝါဒဖြန့်ခဲ့ဖူးပြီးလက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် PDF တို့တွင်သာတာဝန်ရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။

    နောက်ပိုင်းတွင် NLD ပါတီဖျက်သိမ်းရေးနှင့် စစ်ကောင်စီက ကျင်းပသည့် peace forum 2025ကို တက်ရောက်ခဲ့ပြီး စရွေးကောက်ပွဲကို ထောက်ခံပါဝင်ကြရန် အစဉ်မပြတ် ပြောကြားနေသူလည်း ဖြစ်သည်။

  • ဗန်းမော်မှ စစ်တပ်စခန်း နောက်တခုကို KIA သိမ်းပိုက်

    ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ကချင်ပြည်နယ် ဗန်းမော်မှ စစ်အုပ်စု၏ အမှတ် ၂၃၆ ခြေလျင်တပ်ရင်းကို သြဂုတ်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်လိုက်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူ ပြောသည်။

    “အမှတ် ၂၃၆ ခြေလျင်တပ်ရင်းကို သိမ်းပိုက်လိုက်တယ်။ ဆက်ရှင်းဖို့တော့ ကျန်နေသေးတယ်” ဟု သူပြောသည်။

    ယခင်တရက်က ပြင်းထန်သော တိုက်ပွဲအပြီး ထိုသို့သိမ်းပိုက်ခြင်းဖြစ်ပြီး ထိုတိုက်ပွဲအတွင်း စစ်အုပ်စု စစ်ကြောင်းတခုက စစ်သားအများအပြားသေဆုံးကြောင်း သူဆက်လက်ပြောသည်။

    KIA နှင့် ၎င်း၏ မဟာမိတ်များသည် ဗန်းမော်ကို သိမ်းပိုက်ရန်လွန်ခဲ့သော ဒီဇင်ဘာလက ထိုးစစ် စတင်သည်။ မကြာသေးမီ သြဂုတ်လ ၁ ရက်နေ့တွင် စစ်တပ် စစ်ကူသင်္ဘောအုပ်စု ထိုမြို့သို့ရောက်လာသည်။

    KIA အနေဖြင့် ၂ ဘက်ထိခိုက်သေဆုံးမှုများကို အတည်မပြုနိုင်သေးသော်လည်း ကချင်အခြေစိုက်မီဒီယာများက စစ်အုပ်စုစစ်သား အနည်းဆုံး ၅၀ ထိုတိုက်ပွဲအတွင်းသေဆုံးသည်ဟု ဖေါ်ပြသည်။

    ဗန်းမော်တိုက်ပွဲပြမြေပုံ

    ထိုတပ်ရင်းအနီး စစ်အုပ်စု စစ်သားအလောင်း ၈ လောင်း ပြန့်ကြဲနေသည့် ဗီဒီယိုတခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ KIA က ထိုစခန်းကို သိမ်းပိုက်ပြီးနောက် စစ်အုပ်စုက ထိုနေရာကို ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်သည်ဟု စစ်တပ်ထောက်ခံသူ လူမှုကွန်ရက်အကောင့်များ ဖေါ်ပြကြသည်။

    ဗန်းမော်အခြေအနေသည် ပြင်းထန်သောကြောင့် ၂ ဘက်လုံးသည် စခန်းများကို သိမ်းပိုက်လိုက် ပြန်ဆုတ်လိုက် လုပ်နေရပြီး ရေရှည် မထိန်းချုပ်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူပြောသည်။

    အမှတ် ၃၆၆ အမြောက်တပ်ရင်း၊ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၅၀၁၄ တင့်ကားတပ်နှင့် ဗန်းမော်မှ အခြားစစ်စခန်းများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
    လတ်တလောတွင် KIA သည် ဗန်းမော်လေဆိပ်၊ အမြောက်တပ်ရင်း ၃၆၆၊ အမှတ် ၅၀၁၄ တင့်ကားတပ်၊ အမှတ် ၂၃၆ ခြေလျင်တပ်ရင်းနှင့် စခန်းအများအပြားကို သိမ်းပိုက်ထားသည်။

    ဇူလိုင်လ ၁၇ ရက်နေ့တွင် စစ်ကူများ သယ်ဆောင်လာသည့် စစ်အုပ်စု၏ စစ်သင်္ဘော ၁၇ စီးပါဝင်သော အုပ်စုသည် မန္တလေးမှ စတင်ထွက်ခွာပြီး ဧရာဝတီမြစ်ကြောင်းမှ တော်လှန်ရေး အင်အားစုများထိန်းချုပ်ဒေသများကို ဖြတ်သန်းသည်။ သင်္ဘော ၆ စီးကို တော်လှန်ရေးအင်အားစု ဖျက်ဆီးခဲ့သော်လည်း ကျန်သင်္ဘောများ သြဂုတ်လ ၁ ရက်နေ့တွင် ဗန်းမော်သို့ရောက်လာသည်။ ထိုတပ်ကူများရောက်လာပြီးနောက် စစ်အုပ်စုက အမှတ် ၃၆၆ အမြောက်တပ်ကို သြဂုတ်လ ၅ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်သည်။

    လွန်ခဲ့သော ဒီဇင်ဘာလတွင် ထိုးစစ်စတင်ပြီးနောက် KIA သည် ကချင်ပြည်နယ်မှ မြို့ ၁၄ မြို့ကို သိမ်းပိုက်ထားသည်။