Author: Baby Yit Lone

  • ထိုင်းနိုင်ငံတွင် ပထမဇနီးဖြစ်သူက ဦးဆောင်ပြီး ခင်ပွန်းအတွက် ဒုတိယဇနီး တောင်းရမ်းပေး

    ထိုင်းနိုင်ငံတွင် ပထမဇနီးဖြစ်သူက ဦးဆောင်ပြီး ခင်ပွန်းအတွက် ဒုတိယဇနီး တောင်းရမ်းပေး

    ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတွင် ထူးခြားဆန်းပြားသော မင်္ဂလာအခမ်းအနားတစ်ခု ကျင်းပခဲ့ရာ ပထမဇနီးဖြစ်သူကိုယ်တိုင် ဦးဆောင်၍ ၎င်း၏ ခင်ပွန်းအတွက် နောက်ထပ်ဇနီးတစ်ဦးနှင့် လက်ထပ်ပေးရန် စီစဉ်ကျင်းပပေးခဲ့သဖြင့် လူမှုကွန်ရက်ပေါ်တွင် လူပြောအများဆုံး သတင်းတစ်ခု ဖြစ်ခဲ့သည်။ အဆိုပါ မင်္ဂလာပွဲကို မေလ ၁၅ ရက်နေ့က ချိုင်းယားဖူးမ်ခရိုင်၊ ဘန်နောင်ဖိုင်ကျေးရွာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပွင့်ပွင့်လင်းလင်းနှင့် အေးအေးချမ်းချမ်း စီစဉ်ပေးခဲ့သော ဒုတိယအိမ်ထောင်ပြုပွဲအပေါ် ရွာခံများနှင့် လူမှုကွန်ရက်အသုံးပြုသူများက အံ့အားသင့်လျက် ရှိကြသည်။ မင်္ဂလာအခမ်းအနားတွင် လှည့်လည်အလှပြမည့် မော်တော်ယာဉ် ၁၀ စီးကျော်အပြင် ဘစ်ဘိုက်ဆိုင်ကယ်အုပ်စုကြီး ပါဝင်သော ရိုးရာယာဉ်တန်းကြီးဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ဒေသခံပြည်သူအမြောက်အမြား တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ယူပင် တဒ်ထိုင်း ဟု အမည်ရပြီး ထိုင်းလို “မီးယားဖီ” (လင်ကြီးမယားကြီး) ဟု ချစ်စနိုးခေါ်ကြသော ပထမဇနီးဖြစ်သူက…

  • ၂၀၂၆ ခုနှစ်အတွက် ရလဒ်အကောင်းဆုံး မြန်မာဖိုက်တာအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ထွန်းမင်းနိုင်

    ၂၀၂၆ ခုနှစ်အတွက် ရလဒ်အကောင်းဆုံး မြန်မာဖိုက်တာအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ထွန်းမင်းနိုင်

    ပြိုင်ဘက်ကို အမှတ်ဖြင့် အနိုင်ယူပြီး ၂၀၂၆ ခုနှစ်အတွက် ရလဒ်အကောင်းဆုံး မြန်မာဖိုက်တာအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ထွန်းမင်းနိုင် ယနေ့ မေ (၁၅)ရက် ညပိုင်းမှာ ONE FF- 154 ပွဲစဉ်အတွင်း ပြိုင်ဘက်ဖြစ်သူ စပိန်ဖိုက်တာ မာတီနက်ကို ရိုးရာဖိုက်တာ ထွန်းမင်းနိုင်က အမှတ်ဖြင့်အနိုင်ယူခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်အတွက် ရလဒ် အကောင်းဆုံး ရိုးရာဖိုက်တာအဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ ပွဲစဥ်အစပိုင်း၌ ထွန်းမင်းနိုင် ခြေထောက် ဒဏ်ရာအနည်းငယ်ရခဲ့သော်လည်း အသာစီးထိုးသတ်ခဲ့ပြီး နောက်ဆုံးအချီတွင်ပြိုင်ဘက်ဖြစ်သူကို အမှတ်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ရိုးရာဖိုက်တာ ထွန်းမင်းနိုင်၏ ONE တကျော့ပြန်ခရီး၌ (၂)ပွဲဆက်တိုက် အနိုင်ရယူခဲ့ကာ ယခု၂၀၂၆ ခုနှစ်အတွက် ရလဒ် အကောင်းဆုံး မြန်မာဖိုက်တာအဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

  • မနေ့ကပဲ ဆွဲခံရတဲ့ကောင်လေး T-တ်ခံလိုက်ရပါပြီ (ရုပ်သံ)

    မနေ့ကပဲ ဆွဲခံရတဲ့ကောင်လေး T-တ်ခံလိုက်ရပါပြီ (ရုပ်သံ)

    ဆောမြို့ဝင်ရောက်လာတဲ့ စစ်တပ်က ဒေသခံ ၂၀ ကျော် ဖမ်းဆီး ဖမ်းဆီးခံရတဲ့လူငယ်တဦးကိုစစ်သား​တွေကဝိုင်းနှိပ်စက်ခြိမ်း​ခြောက်ပြီးဗီဒီယိုဖိုင်ကိုလူမှုကွန်ယက်မှာတင် မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ လောင်းရှည်မြို့နယ်အခြေစိုက် ကပစ(၂၅)ကထွက်လာတဲ့ အင်အား ၃၅၀ ခန့်ပါ စစ်ကြောင်းဟာ မနေ့က မေလ ၁၄ရက်မှာ ဆောမြို့ကို ဝင်ရောက်ခဲ့ပြိးနောက် ဒေသခံတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ “မနေ့ကတော့ ရွာသားတယောက် ဆောဘက်သွားတာ ဆိုင်ကယ်နဲ့သွားတာ။ စစ်ကြောင်းဝင်နေတာကို ပေပြီးသွားတဲ့ အတွက် လူငယ်လေးတယောက်အဖမ်းခံရတယ်။ ညတုန်းကတော့ လူ ၂၀လောက်ဖမ်းတယ်လို့ သတင်းရပါတယ်”လို့ ဒေသခံက ပြောပါတယ်။ ​မေ ၁၄ ရက်​နေ့မှာ ​ဆောမြို့မှာ လူငယ်တဦးကိုဖမ်းဆီးပြီး စစ်သား​တွေက ခြိမ်း​ခြောက်…

  • စစ်ကော်မရှင်တပ်သား ၃၀ ကျော် အရက်ပြန်နှင့် ပိုးသတ်ဆေး မှားသောက်

    စစ်ကော်မရှင်တပ်သား ၃၀ ကျော် အရက်ပြန်နှင့် ပိုးသတ်ဆေး မှားသောက်

    ကောလင်းမြို့ရှိ စစ်ကော်မရှင်တပ်သား ၃၀ ကျော် အရက်ပြန်နှင့် ပိုးသတ်ဆေး မှားသောက်မိ၍ ၇ ဦးသေဆုံး ကျန်ရှိသူများကို ဝန်းသိုဆေးရုံတွင် အရေးပေါ်ကုသနေရ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်သား ၃၀ ကျော်သည် ဆေးရုံသုံး အရက်ပြန်ထဲသို့ ဆားထည့်၍ အရက်အဖြစ် ပြုလုပ်သောက်သုံးရာမှ ပိုးသတ်ဆေးများနှင့်ပါ မှားယွင်းသောက်မိသဖြင့် ၇ ဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ဖြစ်စဉ်မှာ မေလ ၁၃ ရက် ညနေ ၃ နာရီဝန်းကျင်ခန့်တွင် ကောလင်းမြို့ပေါ်၌ တပ်စွဲထားသည့် အဆိုပါ စစ်ကော်မရှင်တပ်သားများသည် ဆေးရုံသုံး အရက်ပြန်ကို ဆားနှင့်စပ်၍ သောက်သုံးခဲ့ကြရာမှ အနီးအနားတွင်ရှိသော ပိုးသတ်ဆေးပြင်းများကိုပါ အရက်ပြန်အမှတ်ဖြင့် မှားယွင်းသောက်မိခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ မှားယွင်းသောက်မိခဲ့ကြသောကြောင့် စစ်ကော်မရှင်တပ်သား ၇…

  • နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်က တရားမျှတမှုနှင့် တန်းတူညီမျှမှုရရှိရေး အစာငတ်ခံ ဆန္ဒထုတ်ဖော်

    နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်က တရားမျှတမှုနှင့် တန်းတူညီမျှမှုရရှိရေး အစာငတ်ခံ ဆန္ဒထုတ်ဖော်

    မော်လိုက် ကလေးအကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်က တရားမျှတမှုနှင့် တန်းတူညီမျှမှုရရှိရေး အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်ကလေးအကျဉ်းထောင်တွင် နိုင်ငံ ရေးအကျဉ်းသား ၂၀၀ ခန့်က တရားမျှတမှုနှင့် တန်းတူညီမျှမှုရရှိရေး အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များ ကွန်ယက် – PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောကြားသည်။ မေလ ၂ ရက်နေ့တွင် ကလေးမြို့နယ်၊ ကလေးအကျဉ်းထောင် (မော်လိုက်ကလေးအကျဉ်းထောင်)ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်သည် အကြမ်းဖက် စစ်အုပ်စု၏ လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ချက် မှာ အကျဉ်းသားများအကြား တရားမျှတမှုနှင့် တန်းတူညီမျှမှု လုံးဝမရှိခြင်း၊ နိုင်ငံရေးအကျဉ်းသား များကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်၍ ခွဲခြားဆက်ဆံခြင်းတို့ကြောင့် တန်းတူညီမျှခွင့် ရရှိရေးအတွက်…