Author: Baby Yit Lone

  • NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ ရာထူးမှ တရားဝင် နုတ်ထွက်

    NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ ရာထူးမှ တရားဝင် နုတ်ထွက်

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတွင် အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါ်ကြည်ပြာမှာ ၎င်း၏ရာထူးမှ နုတ်ထွက်သွားကြောင်း ၎င်း၏ နုတ်ထွက်ခွင့်တင်ပြစာအရ သိရှိရသည်။

    ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက နုတ်ထွက်သွားခြင်းဖြစ်ပြီး ဒေါ်ကြည်ပြာသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ၎င်းနှင့် ခင်ပွန်းဖြစ်သူအပေါ် တိုင်ကြားချက်များ ပေါ်ပေါက်ခဲ့သဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်နားကာ စုံစမ်းစစ်ဆေးမှုများကို ခံယူခဲ့ရသည်။

    ယင်းနောက် ယမန်နေ့ စုံစမ်းစစ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးရေးတင်ပြချက်ကို ထုတ်ပြန်ပြီးနောက် ဒေါ်ကြည်ပြာက မိမိသဘောဆန္ဒအလျောက် နုတ်ထွက်သွားခြင်းဖြစ်သည်။

    ၃ လကြာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် စုံစမ်းစစ်ဆေးရေးရလဒ်များ ထွက်ပေါ်လာပြီဖြစ်ပြီး မမှန်မကန် စွပ်စွဲထားသည့် ကိစ္စရပ်များမှာလည်း အဖြေပေါ်ပေါက်ခဲ့ပြီဖြစ်ကြောင်း ၊ ၎င်းအနေဖြင့် စုံစမ်းစစ်ဆေးမှုဖြစ်စဉ်တစ်လျှောက်လုံးတွင် အပြည့်အဝ ပူးပေါင်းပါဝင်ခဲ့ကြောင်း ဒေါ်ကြည်ပြာက ဆိုသည်။

    လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများပြီးဆုံး၍ အမှန်တရားပေါ်ပေါက်ခဲ့သော်လည်း လက်ရှိတွင် မိမိ၏ ကျန်းမာရေးအခြေအနေအရ စောင့်ရှောက်မှု ခံယူရမည့် အခြေအနေဖြစ်သောကြောင့် အမြဲတမ်းအတွင်းဝန် တာဝန်မှ နုတ်ထွက်ခြင်းဖြစ်ကြောင်း၊ ရာထူးမှ နုတ်ထွက်သော်လည်း တော်လှန်ရေးအောင်မြင်သည်အထိ တတ်နိုင်သည့်ဘက်မှ ဆက်လက်ကြိုးစား ပါဝင်သွားမည်ဖြစ်ကြောင်းလည်း ဒေါ်ကြည်ပြာက ပြောဆိုထားသည်။

    ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် NUG ဝန်ကြီးချုပ်ရုံးမှ တွဲဖက်အတွင်းဝန် ၂၊ ညွှန်ကြားရေးမှူးနှင့် ရုံးအဖွဲ့ဝင် ဝန်ထမ်းဟောင်း ၁၉ ဦးက ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အဂတိလိုက်စားခြင်းနှင့် မလျော်ဩဇာသုံး၍ ဝန်ထမ်းများအပေါ် လွှမ်းမိုးခြယ်လှယ်ခြင်းများ ပြုလုပ်သည်ဟုဆိုကာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

    စွပ်စွဲချက်များမှာ မမှန်ကန်သော်လည်း ကျန်းမာရေးမကောင်းဟုဆိုကာ အမြဲတမ်းအတွင်းဝန် ရာထူးမှ နုတ်ထွက်ရန် ဒေါ်ကြည်ပြာ စာတင်

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာသည် ၎င်းအပေါ် စွပ်စွဲထားသည့် အချက်အလက်များမှာ မမှန်ကန်ကြောင်း အဖြေပေါ်ပေါက်ခဲ့သော်လည်း၊ လက်ရှိကျန်းမာရေး အခြေအနေကြောင့် ရာထူးမှ နုတ်ထွက်ခွင့်ပြုရန် ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်စွဲဖြင့် နုတ်ထွက်စာတင်ထားကြောင်းသိရသည်။

    ဒေါ်ကြည်ပြာသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ၎င်းနှင့် ၎င်း၏ခင်ပွန်းဖြစ်သူအပေါ် စွပ်စွဲတိုင်ကြားချက်များကြောင့် နိုဝင်ဘာလ ၂၂ ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်နားကာ စစ်ဆေးမှုများ ခံယူခဲ့ရခြင်းဖြစ်သည်။

    ၎င်း၏ နုတ်ထွက်စာတွင် (၃) လတာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ စစ်ဆေးမှုရလဒ်များ ထွက်ပေါ်လာပြီး မမှန်မကန် စွပ်စွဲထားသည့် ကိစ္စရပ်များမှာလည်း အဖြေပေါ်ပေါက် ရှင်းလင်းသွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။

    သို့သော်လည်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လိုအပ်နေသောကြောင့် အမြဲတမ်းအတွင်းဝန် တာဝန်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့ခြင်းဖြစ်ကာ တော်လှန်ရေး အောင်မြင်သည်အထိ တတ်နိုင်သည့်ဘက်မှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

    ဒေါ်ကြည်ပြာနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးညီညီမင်း (ပညာရေးဝန်ကြီးဌာန၊ ရုံးဦးစီးအဖွဲ့မှူး – ညွှန်ကြားရေးမှူးချုပ်အဆင့်) တို့သည် တော်လှန်ရေးကာလအတွင်း အာဏာအလွဲသုံးစားလုပ်ခြင်း၊ အဂတိလိုက်စားခြင်းနှင့် ဝန်ထမ်းများအပေါ် ဖိနှိပ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရခြင်း ဖြစ်သည်။

    အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ ဒေါ်ကြည်ပြာဘက်ကမူ လက်ရှိစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် တိုင်ကြားသူများနှင့် ပုဂ္ဂိုလ်ရေးအရ ပတ်သက်နေသူများ ပါဝင်နေသဖြင့် အဖွဲ့၏ တရားမျှတမှုအပေါ် ကန့်ကွက်ထားမှုများလည်း ရှိခဲ့သည်။

    အခြားတစ်ဖက်တွင်လည်း CDM ကျန်းမာရေးကွန်ရက်က ဒေါ်ကြည်ပြာအား ရာထူးမှထုတ်ပယ်ရန်နှင့် အလွဲသုံးစားလုပ်ထားသည့် ငွေကြေးများ ပြန်လည်ပေးလျော်ရန် တောင်းဆိုထားပြီး၊ ဆောင်ရွက်ပေးခြင်းမရှိပါက NUG နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းမည်ဟု ကြေညာထားသည်။

    “ဒေါ်ကြည်ပြာဘက်က စုံစမ်းစစ်ဆေးမှုတွေမှာ အပြစ်မရှိဘူးလို့ ဆိုထားပေမဲ့ ကျန်းမာရေးကို အကြောင်းပြပြီး နုတ်ထွက်စာတင်လိုက်တာဟာ တော်လှန်ရေးကာလအတွင်းမှာ ဖြစ်နေတဲ့ ရာထူးတာဝန်ဆိုင်ရာ အငြင်းပွားမှုတွေကို အဆုံးသတ်ဖို့အတွက် ထွက်ပေါက်တစ်ခုအနေနဲ့ ကြိုးစားတာ ဖြစ်နိုင်တယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

    သို့သော်လည်း NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒေါ်ကြည်ပြာအား ရာထူးတာဝန်မှ ယာယီရပ်နားထားဆဲဖြစ်ပြီး ပြန်လည်ခန့်အပ်ခြင်း မရှိသေးကြောင်း ယမန်နေ့(ဖေဖော်ဝါရီ ၂၁ရက်)က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “ကျနော်တို့ စစ်ဆေးစဉ်ကနေ ယခုအချိန်ထိ ဒီအမှုအခင်းနဲ့ ပတ်သက်တဲ့သူတွေ အစိုးရအဖွဲ့ထဲမှာ ဆက်ပြီးအဲဒီနေရာမှာ စစ်ဆေးဖို့အတွက် ယာယီရပ်နားတယ်ဆိုတာ ထုတ်ထားတာတွေ့ရပါတယ်။ ယခုအထိလည်း ပြန်မခန့်ရသေးပါဘူး။ ယာယီရပ်နားထားဆဲဖြစ်ပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ဆိုသည်။

    ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကလည်း အမှုနှင့်ပတ်သက်၍ တာဝန်မှ ရပ်နားရန် စာထုတ်ရမည့်ကိစ္စများ ဆက်လက်ရှိနေကြောင်းနှင့် စုံစမ်းစစ်ဆေးရေးခုံရုံးအနေဖြင့် တွေ့ရှိချက်များကို ဝန်ကြီးချုပ်ထံ တင်ပြထားပြီးဖြစ်ကာ အရေးယူဆောင်ရွက်မှုများကို ဆက်တိုက်လုပ်ဆောင်သွားရန် ရှိနေကြောင်း ရှင်းလင်းသည်။

    NUG အစိုးရအနေဖြင့် ယခုဖြစ်စဉ်အပေါ် သင်ခန်းစာယူပြီး သမာသမတ်ကျစွာ ဆုံးဖြတ်ချက်ချကာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုးက အတည်ပြုပြောကြားခဲ့သည်။

  • တာမွေက ကားဂိတ်တခုမှာ ပေါ်တာဆွဲနည်း အသစ်နဲ့ ပါသွားတဲ့သူတဦး

    တာမွေက ကားဂိတ်တခုမှာ ပေါ်တာဆွဲနည်း အသစ်နဲ့ ပါသွားတဲ့သူတဦး

    ပုံထဲမှာ ဖော်ပြထားတဲ့ လူငယ်လေးကတော့ တာမွေက ကားဂိတ်တခုမှာ ပေါ်တာဆွဲနည်း အသစ်နဲ့ ပါသွားတဲ့သူတဦး ဖြစ်ပါတယ်။

    တာမွေ ကားဂိတ်မှာ ကောင်မလေး နှစ်ယောက်က အဆောင်ပြောင်းပေးဖို့ ကူညီပါဆိုပြီး လာခေါ်ကြောင်း၊

    ကနဦးမှာ ငြင်းပေမယ့် ဒီနေ့မှ မရွှေ့ရင် ဒုက္ခရောက်ပါလိမ့်မယ်ဆိုပြီး အသနားခံ အကူအညီတောင်းကြောင်း၊

    အဲဒါကြောင့် ​လိုက်သွားပြီး အခန်းထဲလည်း ရောက်ရော တခါတည်း ဆွဲသွားတာ ဖြစ်ကြောင်း သိရပါတယ်။

    လတ်တလောမှာ ရန်ကုန်မြို့ရဲ့ လမ်ဘေးမှာ ထိုင်ကြတဲ့ လူငယ် အများအပြားလည်း ပေါ်တာဆွဲခံနေရကြောင်း သိရပါတယ်။

    ဆိုက်ကားဂိတ်တွေမှာ အိမ်ပြောင်းချင်လို့ ကူညီပါဆိုပြီး လိ၊မ်လည်ခေါ်ဆောင်ကာ ပေါ်တာဆွဲတဲ့ အဖြစ်အပျက်တွေလည်း ရှိနေပါတယ်။

    အဲဒါကြောင့် လူငယ်များအနေနဲ့ လူစိမ်းတွေက အကူအညီလာတောင်းရင် အထူးဂရုပြုကြဖို့ လိုအပ်ကြောင်း အသိပေးလိုက်ပါတယ်။

    နောက်ထပ်သတင်းတစ်ပုဒ်ကတော့…

    အထူးဂရုပြုရမယ့် ပေါ်တာဆွဲနည်းအသစ် (မြောက်ဒဂုံမှာ ဖြစ်သွားတာပါ)

    ရန်ကုန် မြောက်ဒဂုံ၊ ဖိုးရာဇာလမ်း ၄၃ ရပ်ကွက် မှာ ကျူရှင်ကပြန်လာတဲ့ ကလေးတယောက် (၁၅နှစ်) ကို 13.12.2025 ရက် နေ့လည် ၁ နာရီခွဲခန့်မှာ “ယတြာချေချင်လို့ ဦးထုပ်အနီရောင် နဲ့ ကောင်လေးကို တွေ့လား” ဆိုပြီး ၄၅-၅၀ နှစ် အရွယ်ခန့် ဦးလေးကြီး တယောက်က လာမေးပါတယ်။

    ရပ်ကွက်ထဲက မြင်ဖူးနေကျ လူလဲ မဟုတ်တာမလို့ ကလေးက “မတွေ့မိဘူး” လို့ ပြောလိုက်ပါတယ်။

    အဲဒါနဲ့ အဲ့ဦးလေးကြီးက “သူ့ မတွေ့ရင်လည်း သားနဲ့ပဲ ယတြာချေလိုက်တော့မယ်၊ ဦးနဲ့ ဆယ်မိနစ်လောက် လိုက်ခဲ့ပါလား” တဲ့။

    အဲဒါနဲ့ ကလေးက “မလိုက်ဘူး အိမ်ပြန်ရမှာ”လို့ ပြောတော့။

    “သားရယ် ကူညီပါ ၂၅၀၀၀ ပေးပါမယ်၊ မုန့်ဖိုးရတာပဲ သဘောထားလိုက်၊ ဆယ်မိနစ်ထဲနဲ့ ပိုက်ဆံ ကောက်ရသလို လွယ်လွယ် ရတာပဲကို ဦးကို ကူပါ” “လမ်းထိပ်ကလေးတင်ပဲ ယတြာချေမှာပါ” လို့ ထပ်ပြောပါတယ်။

    အဲဒါနဲ့ ကလေးက ပိုလန့်လာတယ် လို့ ပြန်ပြောပါတယ်။ အဲဒီလူက ပုံစံကလည်း တကယ် အကူအညီလိုအပ်နေတဲ့ပုံ မဟုတ်ဘူးလို့လဲ ပြောပါတယ်။

    “ဦးဘာသာ ဦး ၂၀၀၀၀ ပေးပေး၊ ၃၀၀၀၀ ပေးပေး မလိုက်ဘူးဗျာ အိမ်ပြန်ရမှာ” လို့ ပြောပြီး ကလေးက ပြန်လာပါတယ်။

    အိမ်ရောက်တော့ ကလေးက ကြောက်လို့ လူကြီးတွေကို မပြောပဲ အိပ်နေပါတယ်။

    ညကျမှသာ သူ့ကို ဒီလို ဒီလို လူတယောက်က လုပ်တယ် ဆိုတာ ပြောလာတာပါ။

    တကယ်လို့ ကလေးသာ အဲဒီလူပြောတာကို ယုံပြီး ငွေမက်ခဲ့ရင် ဘာဖြစ်မယ်မှန်း သိတောင် သိရမှာ မဟုတ်ပါဘူး။

    အားလုံးကို သိစေချင်တာက သူစိမ်းတွေ လုံးဝအကပ်မခံပါနဲ့ ။

    ယုတ္တိမရှိတဲ့ အကူအညီတွေ လာတောင်းရင် ခပ်ခွာခွာနေပါ။

    ပိုက်ဆံပေးပါမယ်။ အိမ်လေး ရွှေ့ချင်လို့ ခဏ လိုက်ခဲ့ပါ ၃၅၀၀၀ ပေးပါမယ်။ ကြည့်မြင်တိုင် (ဆိုက်ကားသမားဖြစ်စဉ်) တို့ ၊ သွေးလှူဖို့ လိုအပ်နေလို့ ခဏ လိုက်ခဲ့ပေးပါတို့ဆို စဉ်းစားပါ။

    လူပြတ်တဲ့နေရာမျိုးဆို အဖော်မပါဘဲ မသွားပါနဲ့။ လူစိမ်းကပ်လာတာနဲ့ သတိထားပါ။

    Tar Mhyuu Nge

  • သူတစ်ပါးအသက်ကို ကယ်တင်ရင်း ကြွေလွင့်သွားရတဲ့ ဂျပန်ရောက် မြန်မာသူရဲကောင်း

    သူတစ်ပါးအသက်ကို ကယ်တင်ရင်း ကြွေလွင့်သွားရတဲ့ ဂျပန်ရောက် မြန်မာသူရဲကောင်း

    သူတစ်ပါးအသက်ကို ကယ်တင်ရင်း ကြွေလွင့်သွားရတဲ့ ဂျပန်ရောက် မြန်မာသူရဲကောင်း…

    ဂျပန်နိုင်ငံ၊ Ibaraki ခရိုင်၊ Shimotsuma မြို့မှာရှိတဲ့ မြန်မာသင်တန်းသား (၂၁) ဦး နေထိုင်ရာ သစ်သားနှစ်ထပ်ဆောင် ဖေဖော်ဝါရီလ (၁၉) ရက်၊ ညသန်းခေါင်ယံမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

    ဒီဖြစ်ရပ်မှာ မိမိကိုယ်ကိုထက် အခြားသူတွေကို ငဲ့ညှာခဲ့တဲ့ အသက် (၂၇) နှစ်အရွယ် ကိုဝေဖြိုးနောင် တစ်ယောက် မီးထဲက မထွက်နိုင်ဘဲ အသက်ဆုံးရှုံးခဲ့ရရှာပါတယ်။

    💔 ဖြစ်စဉ်အကျဉ်းရဲ့ ကြေကွဲစရာမြင်ကွင်းများ

    သူတစ်ပါးကို အရင်စဉ်းစားခဲ့သူ: မီးလောင်ချိန်မှာ ကိုဝေဖြိုးနောင်ဟာ အပြင်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် အရေးကြီးစာရွက်စာတမ်းတွေ ပြန်ဝင်ယူရင်း အထဲမှာကျန်နေသူတွေကို “မြန်မြန်ပြေးကြ၊ မီးလောင်နေပြီ” လို့ လိုက်လံနှိုးဆော် သတိပေးခဲ့သူဖြစ်ပါတယ်။

    ကံဆိုးမိုးမှောင်ကျမှု: အခြားသူတွေကို သတိပေးနိုင်ခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ ဟုန်းဟုန်းတောက်နေတဲ့ မီးတောက်တွေကြားကနေ ပြန်မထွက်နိုင်ခဲ့ရှာပါဘူး။

    မီးငြှိမ်းသတ်ပြီး ရှာဖွေချိန်ကျမှသာ သူ့ရဲ့ရုပ်အလောင်:ကို တွေ့ရှိခဲ့ရတာပါ။

    တိုတောင်းလွန်းတဲ့ အိမ်မက်များ: ကိုဝေဖြိုးနောင် အပါအဝင် မြန်မာလူငယ် (၂၁) ဦးဟာ စိုက်ပျိုးရေးသင်တန်းသားတွေအဖြစ် ဂျပန်နိုင်ငံကို ရောက်ရှိနေတာ (၂၀) ရက်ခန့်သာ ရှိပါသေးတယ်။

    မီးစတင်ရခြင်း: အဆောင်အတွင်း အသုံးပြုထားတဲ့ အပူပေးစက် (Heater) ကနေတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရှိရပါတယ်။

    “ကိုဝေဖြိုးနောင်ဟာ အတူနေသူတွေကြားထဲမှာ စိတ်ထားကောင်းမွန်သူတစ်ဦးအဖြစ် အားလုံးက သတ်မှတ်ထားကြသူပါ။ အခုလို သူတစ်ပါးအတွက် အသက်ပေးသွားတဲ့ သူ့ရဲ့ စိတ်ထားကို အားလုံးက နှမြောတသဖြစ်နေကြပါတယ်။”

    မိသားစုအတွက် အိမ်မက်တွေအကောင်အထည်ဖော်ဖို့ မွေးရပ်မြေကို စွန့်ခွာသွားချိန်မှာ အခုလို ဝမ်းနည်းစရာ ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ကိုဝေဖြိုးနောင်… ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ 🙏🕊️

  • တရုတ်မုန့်စားမိလို့ ဘဝကူးသွားခဲ့ရတဲ့ မိန်းကလေး

    တရုတ်မုန့်စားမိလို့ ဘဝကူးသွားခဲ့ရတဲ့ မိန်းကလေး

    အများပြည်သူများ သတိပြုရန် ⚠️

    💔 စိတ်မကောင်းစရာ သတင်းတစ်ခုကို မျှဝေချင်ပါတယ်။

    သူမဟာ တရုတ်ထုတ်မုန့်အချို့နှင့် ထိုင်းခေါ် “ခဝ်မှန်ကိုင်” (ကြက်ဆီထမင်း)၊ ကြက်ဥတို့ကို အတူတကွ စားမိပြီးနောက်

    အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်တစ်ခုလုံး ဖောရောင်ခြင်း စသည့် လက္ခဏာများ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်

    ထိုအချိန်ကစပီး ကျန်းမာရေး

    အခြေအနေ ပြင်းထန်လာပြီးနောက် ယခုလို အသက်ဆုံးရှုံးသွားခဲ့ရခြင်း ဖြစ်ကြောင်းမိသားစုထံကနေသိခဲ့ရပါတယ်

    ဒါအပြင် သူမကတော့ ကျန်းမရေးမကောင်းလို့မိသားစုတွေစီ 20.2.2026 ရက်နေ့မှာ ပြန်ဖို့စီစဉ်ထားခဲ့တာပါ။။

    ဒါပေမယ့်လည်း အစားတစ်ခုကြောင့် သေခြင်းတရားက 19 ရက်နေ့မှာသူ့ဘဝတစ်ခုလုံးကိုဝါးမျိုသွားခဲ့ပါပြီ🥹

    ဒါကြောင့်မလို့

    အစားအသောက်များကို စားသုံးရာတွင် —

    ✔️ သက်တမ်းကုန်ဆုံးရက် စစ်ဆေးပါ

    ✔️ သိုလှောင်ထားပုံ မှန်ကန်မှု စစ်ဆေးပါ

    ✔️ အစားအသောက်များကို ရောစပ်စားသုံးရာတွင် သတိထားပါ

    ✔️ လက္ခဏာများ ပေါ်ပေါက်ပါက ချက်ချင်း ဆေးရုံသို့ သွားရောက်ပါ

    ကျန်းမာရေးကလူတစ်ယောက်အတွက်အ‌ အရေးကြီးဆုံးဖြစ်လို့ အားလုံး ဂရုစိုက်ကြပါရန် လေးနက်စွာ သတိပေးအပ်ပါတယ်။

    သေဆုံးသူမိန်းကလေးလည်း ကောင်းရာမွန်ရာရောက်ပါစေ…။

  • တစ်ခါတစ်လေ လူတွေကိုသနားရကျိုးမနပ်ဘူး

    တစ်ခါတစ်လေ လူတွေကိုသနားရကျိုးမနပ်ဘူး

    တစ်ခါတစ်လေ လူတွေကိုသနားရကျိုးမနပ်ဘူး

    ဖော်ပြပါခလေးလေး

    လွန်ခဲ့သော ၅ ရက်က

    အမှတ်၁ဗလီအနီး

    ဒုက္ခရောက်နေလို့

    ညတွင်းချင်း ကျွန်တော်ဘီဝမ်း

    နေအိမ်သို့ခေါ်ဆောင်လာပီး

    fbပေါ်ရေးတင်ခဲ့တယ်

    အချိုရေတွေဝယ်တိုက်တယ်

    ခဏအကြာ မြေနီကုန်းအိမ်ကနေ

    ၄မိုင်ခန့်ကွာဝေးသောဗလီအနီးသို့

    ပြေးပြန်သွားလေတယ်

    နောက်၃ရက်အကြာ

    မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်နေထိုင်သော အမျိုးသမီးမှ

    ဖော်ပြပါခလေးကို ချစ်လို့ သနားလို့

    မွေးစားချင်ကြောင်းတောင်းဆို

    လာခဲ့တယ်

    ထိုအမျိုးသမီးဗလီအရှေ့

    ထိုခလေးကိုမွေးစားချင်လွန်းလို့

    မွန်းလွဲ၁နာရီလောက်ထဲကစောင့်

    ဆိုင်းနေခဲ့တယ်

    ထိုနေ့ကကျွန်တော်ဘီဝမ်း

    တစ်ခြားကိစ္စအရေးကြီးရှိလို့

    ညနေ၃နာရီမှအားတော့

    ထိုအမျိုးသမီးကို သူမွေးစားမည့်

    ကောင်လေးနဲ့ပေးတွေ့ခဲ့တယ်

    သူကောင်လေးနဲ့တွေ့တော့

    အသက်၁၃နှစ်ဖြစ်နေလို့

    ကောင်လေးကို ခေါ်သင့်မခေါ်သင့်

    စဥ်စားတယ်

    ထိုအမျိုးသမီးလိုင်းပေါ်မှာ

    တွေ့တာအသက်၇နှစ်ထင်တာပါ

    အသက်၇နှစ်ဆိုတာက

    ကျွန်တော်ရေးတင်ထားသောပိုစ့်ကို

    ကော်ဖီကူးသူများမှ လိုရာဆွဲရေး

    ထားတာဖြစ်ကြောင်းရှင်းပြလိုက်တယ်

    ထိုအမျိူးသမီးမှ

    ကောင်လေးကိုသူဘုန်းကြီးဝတ်

    မယ်ဆိုရင်ဝတ်ပေးမယ်

    ကျောင်းနေရင်လည်း စာသင်

    ကျောင်းထားပေးမယ်ဟု

    ပြောဆိုခေါ်သွားခဲ့တယ်

    ကျွန်တော်ကတော့

    ထုံးစံအတိုင်း ထိုအမျိုးသမီးနေရပ်လိပ်စာ ဖုန်း ကားနာပတ် အစအဆုံး

    မေးမြန်းပီးအပ်လိုက်တယ်

    ရွှေကုက္ကိုလ်သို့ရောက်သောအခါ

    ဖော်ပြပါခလေးကို စာသင်ပေးနေစဥ်

    ခိုးထွက်သွားလေတယ်

    ဖော်ပြပါခလေးက

    ရွှေကုက္ကိုလ်မြို့သစ်မှာ

    အဖွဲ့အစည်းတွေနောက်လည်းသူ

    လိုက်နေပီးပီ အိမ်သုံးလေးအိမ်

    လည်းလိုက်နေပီးပီ

    ဘုန်းကြီးကျောင်းမှာလည်း

    ကိုယ်ရင်ဝတ်ပီးပီ

    သူနေချင်တာက

    သူ့ကိုထမင်းကျွေး သူ့အတွက်

    ကစားဖော် သူငယ်ချင်း

    များရှာပေး အဲလိုသူကနေချင်တာ

    ဒါကြောင့် သူ့အတွက်အဖော်ဆိုလို့

    ဗလီအနီးအနားရှိခလေးများနဲ့

    ဆော့ကစားမယ်

    သူများနားထမင်းကပ်စားမယ်

    ဒါကြောင့် ဖော်ပြပါခလေးလေးကို

    မြဝတီဘယ်နေရာမှာ

    ပဲတွေ့တွေ့ ကျွန်တော်ဘီဝမ်းထံ

    ဖုန်းမဆက်လာကြပါနဲ့တော့

    စိတ်ပင်ပန်းလို့ပါ

    ဟိုတစ်နေ့ကခေါ်သွားတဲ့

    အမျိုးသမီးပုံနှင့် ကားနံပါတ်

    ဖျက်ထားတာဆိုတာ သည်လိုဖြစ်မယ်ဆိုတာသိလို့ပါ

    သူကလမ်းဘေးနေ လမ်းဘေးအိပ်

    ဆော့ကစားချင်တာကလွဲပီး

    ဘာမှဆုံးမလို့ရမဲ့ပုံမပေါ်တော့ဘူး

    အမေတွေအဒေါ်တွေအလိုမရှိလို့

    ပထမကျွန်တော်သနားမိတာပါ

    နောက်ဆုံးကိုပါကုသိုလ်မရ

    အပူတွေကူးတာပဲအဖတ်တင်တယ်။

    ဘီဝမ်း