ခရီးသွားဖို့ ပြင်ဆင်နေသူများအနေနဲ့ အောက်ပါအချက်တွေကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်။
အခုတလော လမ်းခရီးမှာ စစ်ဆေးမှုတွေ တော်တော်လေး တင်းကျပ်နေပါတယ်…။

✅ ခရီးစဉ် ရွေးချယ်မှု
ခရီးထွက်ရင် ညအိပ်ရက်ကျော်တာမျိုးထက် တစ်ရက်အတွင်း အရောက်သွားနိုင်မယ့် ခရီးစဉ်မျိုး ကိုသာ ရွေးချယ်ကြဖို့ အကြံပြုပါရစေ။
✅ ယာဉ်အမှတ်နှင့် ရက်သတ်မှတ်ချက်

စုံကား (နံပါတ်အဆုံးစာလုံး စုံဂဏန်း) များသည် စုံရက် တွင် ထွက်ရန်။
မကား (နံပါတ်အဆုံးစာလုံး မဂဏန်း) များသည် မရက် တွင် ထွက်ရန်။
📍 လက်ရှိအခြေအနေ

အခု ချောင်းသာဘက်ကို သွားမယ့်လမ်းကြောင်းဖြစ်တဲ့ ကျောင်းကုန်း နှင့် ပုသိမ် ဘက်မှာ အဖွဲ့စုံနဲ့ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေပါတယ်။
မိမိတို့ရဲ့ ခရီးစဉ် အဆင်ပြေချောမွေ့စေဖို့နဲ့ မလိုလားအပ်တဲ့ အခက်အခဲတွေမဖြစ်အောင် စနစ်တကျ ပြင်ဆင်သွားကြပါခင်ဗျာ။


Leave a Reply