Author: Baby Yit Lone

  • နေပြည်တော်က ဗခ သားတွေပိုင်တဲ့ခြံကျယ်ကြီးတွေထဲ လျှို့ဝှက်ဆေးပါတီတွေနောက်က ယုန်လေး

    နေပြည်တော်က ဗခ သားတွေပိုင်တဲ့ခြံကျယ်ကြီးတွေထဲ လျှို့ဝှက်ဆေးပါတီတွေနောက်က ယုန်လေး

    နေပြည်တော်က ဗိုလ်ချုပ်သားတွေပိုင်တဲ့ခြံကျယ်ကြီးတွေထဲက လျှို့ဝှက်ဆေးပါတီတွေပေါ့။

    စစ်ဗိုလ်ချုပ်တွေကလည်း သူတို့သားသမီးတွေ ရန်ကုန်မန္တလေးမှာဆိုရင် UG နဲ့တိုးမှာစိုးလို့ နေပြည်တော်မှာပဲ ကဲချင်တိုင်းပေးကဲထားရတဲ့ အနေအထားမျိုးပဲ။

    ဒီနေရာမှာပဲ ယုန်လေးရဲ့အခန်းကဏ္ဍကရောက်လာတာပဲ။

    အောက်ကစာကတော့ ကူးလာတာပါ။

    သူက ကျွန်မလို့ရေးထားတာကို ကျုပ်လို့ပြင်ထားတာကလွဲရင် ကျန်တာသူ့အတိုင်းပါပဲ။

    ယုန်သခေါရဲ့နောက်ထပ်အလုပ်က တက်သစ်စတွေကို နိုင်ငံရေးအမှုမျိုးတွေနဲ့ အကျပ်ကိုင်ပြီး ၊ ဒါမှမဟုတ် လုပ်ပိုင်ခွင့်တွေမက်လုံးပေးပြီး ဗိုလ်ချုပ်သားတွေနဲ့ ပါတီဆင်နွှဲဖို့ ခေါ်ပေးရတာမျိုးပေါ့။

    Miss တွေကိုဆိုရင်လည်း မအလရဲ့နိုင်ငံခြားခရီးစဉ်တွေမှာ ပါသွားတဲ့စစ်ခွေးတွေနဲ့လုပ်ငန်းရှင်တွေကို အသုံးတော်ခံဖို့ထည့်ပေးရတာမျိုးတွေလည်း ရှိသေးတယ်။

    အင်မတန်ရှုပ်ထွေးတဲ့ လောကကြီးပါပဲ။

    မြန်မာပြည်မှာ ဂျက်ဖရီအပ်စတိန်းတွေ အများကြီး အဲ့အထဲကမှကျုပ်သိရသလောက်ပြောပြရရင်ယုန်လေးကအဆိုးဆုံးပဲ ။

    သူတို့အနုပညာလောကကသူတွေpharချတာတွေ မင်းသမီးမော်ဒယ်တွေခရိုနီတွေစစ်တပ်အကြီးအကဲတွေနဲ့ ဆက်သွယ်ပေးတာတွေ ရန်ကုန်ကခြံဝင်းကြီးတစ်ခုထဲမှာ ပါတီဆိုပြီး အကုန်စုပြီးဆေးဝါးတွေချ ဆိုးရွားတဲ့ Sex ကိစ္စတွေပြုကြ အကုန်လုံးကိုဒီကောင်ကပဲစီမံပေးတာ။

    အဲ့အထဲမှာအသက်မပြည့်သေးတဲ့ကလေးမတွေလည်းပါတယ်လို့သိရတယ် ။

    သူ့လက်အောက်မှာ လှိုင်သာယာ အင်းစိန်ဘက်က လူမိုက်တွေရှိတယ်။

    အဲ့ကောင်တွေကတဆင့်လူရှာပေးတာမျိုးတွေလုပ်ပေးရတာပေါ့။

    မြင့်မြတ်ဆိုရင်သူ့လက်စွဲတော်ပေါ့။

    မြင့်မြတ်လိုချင်တဲ့စော်မှန်သမျှ သူပဲရအောင်ဖန်ပေးတာ ။

    ဒါကြောင့်မြင့်မြတ်ကလည်းသူ့ကိုမလှန်နိုင်ဘူးလေ။

    သူသွားရာလိုက်တာ။

    တပ်သင်္ကြန်ဆိုလည်းသွားရတာပဲလေ ။

    သူကမြန်မာပြည်က Top တွေကို သူ့ခါးပိုက်ထဲထည့်မွေးချင်တာ။

    သိရသလောက်တော့ နေတိုးနဲ့ ပြေတီဦးကို သူအသုံးချလို့မရလို့လွှတ်ပေးလိုက်ရတာ။

    ကျန်တဲ့ သူ့အနားမှာသီနေတဲ့သူမှန်သမျှက သူဖန်ပေးတဲ့ မိန်းမယောင်္ကျား ဆေးဝါးအကုန်လုံးကြောင့် သူ့စီမံမှုအတိုင်းနေရတာ ။

    တစ်နေ့တော်လှန်ရေးပြီးလို့အစိုးရသစ်တွေပေါ်လာတဲ့အခါ ဒီကောင်တွေကိုဖမ်းစစ်ရင် အပ်စတိန်းထက်ပိုဆိုးတဲ့အမှုတွေပေါ်လာနိုင်တယ်။

    😎😎😎

    မြင့်သိန်းလွင်

  • ပုဂံညောင်ဦး ဒေသကာကွယ်ရေး တပ်ပေါင်းစုဖွဲ့စည်းကြောင်း အသိပေး

    ပုဂံညောင်ဦး ဒေသကာကွယ်ရေး တပ်ပေါင်းစုဖွဲ့စည်းကြောင်း အသိပေး

    မန္တလေးဒေသ၊ ညောင်ဦးခရိုင်အတွင်းမှာ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေကြတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ ၄ ဖွဲ့က ပုဂံညောင်ဦး LOCAL တပ်ပေါင်းစုကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

    မတ်လ ၁၉ ရက်မှ စတင်ကာ 21 BAGAN PEOLPLE DEFENSE FORCE ဒေါင်းရင်သွေးပျောက်ကျားတပ်ဖွဲ့ (DYT) ၊ GARUDA SECRET FORCE (ပုဂံ/ဂဠုန်တပ်) နှင့် TIGER WARRIOR FORCE တို့က ဒေသကာကွယ်ရေး တပ်ပေါင်းစုတွေအဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်တာပါ။

    လက်ရှိအချိန်မှာ ပုဂံညောင်ဦး ဒေသမှာ အကြမ်းဖက်စစ်တပ်က ယင်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေအတွင်းကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ ပြည်သူပိုင် ပစ္စည်းတွေ လုယက်၊ မီးရှို့ ၊ သတ်ဖြတ်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

    အခုလို ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ပိုမိုတန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ပြီး၊ ယင်းတို့ရဲ့ ထိန်းချုပ်နယ်မြေတွေကိုပါ အခြေချ စိုးမိုးနိုင်ရန်အတွက် မြို့နယ် အတွင်းမှ ဒေသကာကွယ်ရေးတပ်တွေက တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်တာလို့ အသိပေးထားပါတယ်။

  • ဖခင်ဖြစ်သူမှ သားသမီး ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်

    ဖခင်ဖြစ်သူမှ သားသမီး ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်

    ငွေကြေးအခက်အခဲကြောင့် ဖခင် မိမိကိုယ်ကိုသတ်သေမှု၊ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုတွင် မိသားစုဝင်တစ်ဦး ပါဝင်ပတ်သက်နေ

    အသက် ၃၀ ကျော်အရွယ် ဖခင်တစ်ဦးနှင့် ၎င်း၏ ကလေးငယ်လေးဦးကို Ulsan၊ Ulju ကောင်တီရှိ ဗီလာတစ်ခုတွင် သေဆုံးလျက်တွေ့ရှိခဲ့ရပြီး မိသားစုသည် မကြာသေးမီက ငွေကြေးအခက်အခဲများနှင့် ရုန်းကန်နေရကြောင်း သတင်းများက အတည်ပြုထားသည်။

    Ulju ကောင်တီနှင့် Ulju ရဲစခန်း၏ အဆိုအရ ၁၉ ရက်နေ့ ညနေ ၄:၄၈ နာရီခန့်တွင် မစ္စတာ A (အသက် ၃၄ နှစ်) နှင့် ၎င်း၏ အရွယ်မရောက်သေးသော ကလေးလေးဦး၏ အလောင်းများကို Ulju ကောင်တီ၊ Onsan-eup ရှိ ဗီလာတစ်ခုတွင် ၁၈ ရက်နေ့ ညနေ ၄:၄၈ နာရီခန့်တွင် တွေ့ရှိခဲ့သည်။

    အကြီးဆုံးသမီး Ms. B သည် ပထမတန်း မူလတန်းကျောင်းသူဖြစ်ပြီး ယခုနှစ်တွင် ကျောင်းစတက်ခါစဖြစ်သည်။ အလောင်းများကို ပထမဆုံးတွေ့ရှိသူမှာ Ms. B ၏ အတန်းပိုင်ဆရာမဖြစ်သည်။ ရဲများသည် ထိုနေ့ ညနေ ၂:၂၀ နာရီခန့်တွင် “Ms. B ကျောင်းမတက်တာ သုံးရက်ရှိပြီ” ဟု ဖော်ပြထားသော အစီရင်ခံစာတစ်စောင်ကို လက်ခံရရှိခဲ့ပြီး အိမ်သို့ သွားရောက်လည်ပတ်စဉ် သေဆုံးသွားသော မိသားစုဝင်များကို အိပ်ခန်းထဲတွင် တွေ့ရှိခဲ့သည်။ သေဆုံးမှုများသည် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းကြောင့် ဖြစ်သည်ဟု ယူဆရသည်။

    ငွေကြေးအခက်အခဲများကြောင့် ကလေးလေးဦးကို မွေးမြူရာတွင် အခက်အခဲများရှိကြောင်း Mr. A ရေးသားထားသော မိမိကိုယ်ကိုသတ်သေမှုမှတ်တမ်းတစ်ခုကို အခင်းဖြစ်ပွားရာနေရာတွင် တွေ့ရှိခဲ့သည်။ ၎င်းတွင် ဇနီးဖြစ်သူအား တောင်းပန်စာတစ်စောင်လည်း ပါဝင်ပြီး “တောင်းပန်ပါတယ်၊ မင်းကို ငါချစ်တယ်” ဟု ရေးသားခဲ့သည်။

    မစ္စတာ အေ သည် မကြာသေးမီကအထိ အလုပ်လက်မဲ့ဖြစ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်အထိ အာမခံကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့သော ဇနီးဖြစ်သူသည် ရာဇဝတ်မှုတစ်ခုတွင် ပါဝင်ပတ်သက်မှုကြောင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းကျခံခဲ့ရသည်။

    ထိုအချိန်မှစ၍ မစ္စတာ အေ သည် တည်ငြိမ်သောဝင်ငွေမရှိဘဲ ကလေးလေးယောက်ကို တစ်ယောက်တည်း မွေးမြူခဲ့ရပြီး ငွေကြေးအခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။

    မစ္စတာ အေ သည် ပြီးခဲ့သည့်နှစ်ကတည်းက Ulju ကောင်တီမှ လူမှုဖူလုံရေးထောက်ပံ့မှု ရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ Ulju ကောင်တီရှိ Onsan-eup Community Service Center က ၎င်းတို့သည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလမှစတင်၍ သုံးလအတွင်း အရေးပေါ်အသက်မွေးဝမ်းကျောင်းနှင့် အိမ်ရာထောက်ပံ့မှု စုစုပေါင်း ကိုရီးယားဝမ် ၈,၀၅၀,၀၀၀ ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    ဆန်၊ အိမ်သာသုံးစက္ကူနှင့် ခေါက်ဆွဲခြောက်ကဲ့သို့သော နေ့စဉ်လိုအပ်သောပစ္စည်းများကို ပြီးခဲ့သည့်လ ၂၆ ရက်နေ့အထိ ရှစ်ကြိမ် ထောက်ပံ့ပေးခဲ့ပြီး ထမင်းအိုးကဲ့သို့သော အိမ်သုံးပစ္စည်းများလည်း ပေးအပ်ခဲ့သည်။ ထို့အပြင် မိဘနှင့် ကလေးထောက်ပံ့ကြေးအပါအဝင် လစဉ်ကလေးပြုစုပျိုးထောင်ရေးထောက်ပံ့ငွေ ၁,၄၀၀,၀၀၀ ကိုရီးယားဝမ်ကို ပုံမှန်ထုတ်ပေးခဲ့သည်။

    Ulju ကောင်တီမှ သတင်းရင်းမြစ်တစ်ခုက “Mr. A ကို အခြေခံအသက်မွေးဝမ်းကျောင်းလုံခြုံရေးရရှိသူ သို့မဟုတ် မိဘတစ်ဦးတည်းရှိသော မိသားစုဖြစ်လာခြင်းကဲ့သို့သော အပိုထောက်ပံ့ကြေးများအတွက် လျှောက်ထားနိုင်ကြောင်း ကျွန်ုပ်တို့ အကြောင်းကြားခဲ့သော်လည်း လျှောက်လွှာမတင်ခဲ့ပါ” ဟု ဖွင့်ဟခဲ့သည်။

    ကလေးများသည် ယခုလတွင် ကျောင်းနှင့် နေ့ကလေးထိန်းဌာနများသို့ ကောင်းစွာတက်ရောက်နိုင်ခြင်းမရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

    မစ္စစ် B သည် ပညာသင်နှစ်၏ ပထမနေ့ဖြစ်သော ၃ ရက်မှ ၆ ရက်နေ့အထိ ကျောင်းပျက်ကွက်ခဲ့ပြီး သူမ၏ အတန်းပိုင်ဆရာမက ကလေးသူငယ် လျစ်လျူရှုမှုဖြင့် သံသယရှိကြောင်း တိုင်ကြားခဲ့သည်။

    ထို့နောက် ရဲနှင့် Ulju ကောင်တီ ကလေးသူငယ် အလွဲသုံးစားပြုမှု တုံ့ပြန်ရေးအဖွဲ့သည် မစ္စတာ A ၏ နေအိမ်သို့ သွားရောက်ခဲ့သည်။

    ထိုအချိန်တွင် ကလေးသူငယ် အလွဲသုံးစားပြုမှု လက္ခဏာများ မတွေ့ရှိခဲ့ဘဲ ကလေးများ၏ မျက်နှာအမူအရာနှင့် ယေဘုယျ နေထိုင်မှု အခြေအနေများသည် ကျေနပ်ဖွယ်ကောင်းသည်ဟု ယူဆရသည်။ မစ္စစ် B သည် ၉ ရက်မှ ၁၃ ရက်အထိ ကျောင်းတက်ခဲ့သော်လည်း ၁၆ ရက်မှစတင်၍ ကျောင်းတက်ခြင်းကို ရပ်တန့်ခဲ့သည်။

    ဒုတိယ (၄ နှစ်) နှင့် တတိယ (၂ နှစ်) ကလေးများသည်လည်း ယခုလဆန်းတွင် ၎င်းတို့၏ နေ့ကလေးထိန်းဌာနမှ ထွက်ခွာသွားခဲ့ကြသည်။ မစ္စတာ A သည် ငါးလသားအရွယ် အငယ်ဆုံး အပါအဝင် ကလေးသုံးဦးလုံးကို အိမ်တွင် ပြုစုစောင့်ရှောက်နေကြောင်း အတည်ပြုခဲ့သည်။

    ရဲအရာရှိတစ်ဦးက “ပြင်ပကျူးကျော်ဝင်ရောက်မှုလက္ခဏာများ မတွေ့ရှိရခြင်းနှင့် မိမိကိုယ်ကိုသတ်သေကြောင်း မှတ်တမ်းတွေ့ရှိခြင်းတို့ကြောင့် မစ္စတာ အေ သည် ၎င်း၏ အခြေအနေဆိုးရွားမှုကြောင့် အစွန်းရောက်ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ သေဆုံးရခြင်း၏ အကြောင်းရင်းအတိအကျကို ဆုံးဖြတ်ရန် ရင်ခွဲစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး မိသားစုနှင့် နီးစပ်သူများကို ဆက်လက်စုံစမ်းစစ်ဆေးသွားပါမည်” ဟု ပြောကြားခဲ့သည်။

    ဖခင်ဖြစ်သူမှ သားသမီး ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သည့် ဖြစ်ရပ်ဆိုးတစ်ခုဖြစ်ပွား

    ​တောင်ကိုရီးယားနိုင်ငံ၊ အူးလ်ဆန် (Ulsan) မြို့မှာ အလုပ်လက်မဲ့ဖခင်တစ်ဦးက အရွယ်မရောက်သေးတဲ့ သားသမီး ၄ ဦးကို သတ်ဖြတ်ပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် လူမှုကွန်ရက်မှာ တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်ပေါ်နေပါတယ်။

    ​🔍 ဖြစ်စဉ်အကျဉ်း

    ​ရှာဖွေတွေ့ရှိမှု: ကလေးငယ်များ ကျောင်းမတက်သည်မှာ ၃ ရက်ရှိပြီဖြစ်ကြောင်း ကျောင်းမှ အကြောင်းကြားလာသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှ နေအိမ်အတွင်း ရုပ်အလောင်း ၅ ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

    ​သေဆုံးသူများ: အသက် ၃၀ ကျော်အရွယ် ဖခင်နှင့် အသက် (၈ နှစ်၊ ၆ နှစ်၊ ၄ နှစ် နှင့် ၅ လ) အရွယ်ရှိ ကလေးငယ် ၄ ဦး။

    ​တွေ့ရှိရသည့် အနေအထား: ကလေးငယ်များသည် အခန်းအတွင်း ဘေးချင်းယှဉ်လျက် အိပ်ပျော်နေသည့် အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ပြီး၊ ဖခင်ဖြစ်သူက ကလေးများကို အိပ်ပျော်နေစဉ် အသက်ရှူကြပ်အောင် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ကနဦး ယူဆထားကြသည်။

    ​ကျန်ရစ်သည့် သေတမ်းစာ

    အခင်းဖြစ်နေရာတွင် ဇနီးဖြစ်သူအား တောင်းပန်ထားသည့် သေတမ်းစာ ၂ စောင် တွေ့ရှိခဲ့ပြီး၊ ထိုစာထဲတွင် ကလေး ၄ ဦးအား ပြုစုပျိုးထောင်ရာ၌ ကြုံတွေ့ရသည့် အခက်အခဲများကို ရေးသားထားခဲ့သည်။

    ​⚖️ “မိသားစုလိုက် အဆုံးစီရင်ခြင်း” လား “လူသတ်မှု” လား?

    ​ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကိုရီးယားလူ့အဖွဲ့အစည်းနဲ့ လူ့အခွင့်အရေး ပညာရှင်တွေကြားမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

    ​အများစုက ဒါကို “မိသားစုလိုက် အဆုံးစီရင်ခြင်း (Family Suicide)” လို့ မခေါ်ဆိုသင့်ဘဲ၊ ကလေးတွေရဲ့ အသက်ရှင်သန်ခွင့်ကို ပိတ်ပင်တားဆီးလိုက်တဲ့ “ကလေးသူငယ် လူသတ်မှု (Child Homicide)” အဖြစ်သာ သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချသင့်ကြောင်း ထောက်ပြနေကြပါတယ်။

    ​ဘယ်လိုအခက်အခဲမျိုးပဲ ရှိရှိ၊ ကလေးတွေရဲ့ အသက်ရှင်ခွင့်ကို မိဘက ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဆိုတာကို ဒီဖြစ်ရပ်က မီးမောင်းထိုးပြနေပါတယ်။

    ​သေဆုံးသွားတဲ့ ကလေးငယ်လေးများ ကောင်းရာသုဂတိ ရောက်ပါစေ။ 🙏

  • ကသာမြို့ လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ကသာမြို့ လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ကသာမြို့ လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာနှင့် စစ်ဘေးရှောင် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ

    စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းရပ်ကွက်တို့ကို ယနေ့ မတ်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သံဃာတော်များအပါအဝင် ပြည်သူအများအပြား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

    ယနေ့နံနက်ပိုင်းတွင် ကသာမြို့၊ ခြေလျင်တပ်ရင်း ခလရ – ၃၀၉ နှင့် တော်လှန်ရေးအင်အားစု (PDF) များ တိုက်ပွဲများဖြစ်ပွားကြောင်း၊ တိုက်ပွဲများမှာ ပန်းပဲကုန်းဘက်အထိပါ ကူးစက်သွားခဲ့ကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၁၀ နာရီကျော်အချိန် စစ်တပ်က လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းဘက်သို့ လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ကြောငး သိရှိရသည်။

    “ရပ်ကွက် ၃ မှာ ရှိတဲ့ လေးထပ်ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကျဲတာ။ သံဃာတွေရော ပြည်သူတွေရော သေဆုံးမှုရှိတယ်။ အတိအကျတော့မ သိရသေးဘူး။ မီးတွေလည်းလောင်တယ်။ ပန်းပဲကုန်းဘက်မှာလည်း အထိအခိုက်တွေရှိတယ်။ တိုက်ပွဲဖြစ်ပြီး လေယာဉ်နဲ့ စစ်တပ်က ဗုံးလာကျဲတာ။ မြို့ထဲမှာလည်း ပြည်သူတွေ ရှိနေတယ်” ဟု ကသာမြို့မှ ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

    စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကသာမြို့ပေါ်မှ လူနေအိမ်များနှင့် ကျောင်းဆောင်များ မီးလောင်ကျွမ်းခဲ့ကြောင်း၊ အကျဉ်းထောင်ရှေ့ရှိ လေးထပ်ဘုန်း ကြီးကျောင်းအနီးဝန်းကျင်နှင့် သဖန်းကိုင်းဒေသတဝိုက်မှ ပြည်သူများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

    လက်ရှိတွင် ကသာမြို့အတွင်း၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ အဆက် အသွယ်ပြတ်တောက်နေသဖြင့် ဒေသခံပြည်သူများနှင့် မိသားစုဝင်များအကြား ဆက်သွယ်၍မရဘဲ စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

    စစ်တပ်က စစ်ဘေးရှောင် ပြည်သူများရှိနေသည်ကို သိလျက်နှင့် အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

    ကသာမြို့ရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းပေါ်ကို ဗုဒ္ဓဘာသာများမောင်းနှင်သော လေယာဉ်မှူးများက ဗုဒ္ဓဘာသာစစ်ခေါင်းဆောင်များ၏ အမိန့်ဖြင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဆွမ်းစားနေစဉ် ဗုံးကြဲချရာ

    ဆွမ်းစားနေသော ဗုဒ္ဓဘာသာရဟန်းတော်များ ပျံလွန်တော်မူကြပြီး ဆွမ်းကပ်နေသော ဆွမ်းဒကာ ဒကာမများ သေဆုံးကြရသည်။

    ဤဖြစ်စဉ်မျိုး အမြောက်အများဖြစ်နေသော်လည်း မည်သည့် သံဃနာယကအဖွဲ့ကမျှ မတားဆီးကြပဲ စစ်ခွေးတို့၏ဘောမ ဂွေးကိုင်ပြီး စစ်ခွေးကပ်သမျှလေးတွေနဲ့ အဆီရစ်နေကြကုန်သော သံဃအဖွဲ့အစည်းမှာ အလွန်ရွံရှာ စက်ဆုတ်ဖွယ်ရာဖြစ်လေတော့သည်။

    ဗိုလ်သံမဏိ

  • ဖခင်ဖြစ်သူ နောက်မိန်းမနဲ့အဆင်ပြေဖို့ မိဘမဲ့ဖြစ်ခဲ့ရတဲ့ မောငိနှမလ၂ ယောက်

    ဖခင်ဖြစ်သူ နောက်မိန်းမနဲ့အဆင်ပြေဖို့ မိဘမဲ့ဖြစ်ခဲ့ရတဲ့ မောငိနှမလ၂ ယောက်

    မြင်တွေ့လိုက်ရတာ ရင်ထဲကိုမြားတစ်စင်းနဲ့

    ပစ်ခွင်းလိုက်သလို နာကျင်ခံစားရပါတယ်

    ကလေးတို့ရယ်😪

    အဖေနဲ့အတူ နေချင်တယ် တဲ့ လေ …

    ကလေးတို့ရယ် မင်းတို့လေး‌တွေထက်

    ပိုပြီးချစ်ရတဲ့ မိန်းမတယောက် အနားမှာရှိ‌နေပြီမို့

    သူ့ဘဝထဲမှာ မင်းတို့လေးတွေမလိုအပ်တော့လို့

    မိဘမဲ့ကျောင်းကို သူကိုယ်လိုက်ပို့ခဲ့တာပေါ့ ..

    ဟုတ်ပါတယ် ဒီမောင်နှမလေး၂ယောက်က တမူးဘက်ကပါ။

    အမေဖြစ်သူက ဆုံးပါးသွားခဲ့ပါပြီ။

    အဖေဖြစ်သူကလည်း နောက်အိမ်ထောင်ပြုလိုက်ပြီဖြစ်လို့

    အဖေဖြစ်သူကိုယ်တိုင်နဲ့

    ကလေးတွေရဲ့ အဒေါ်ဖြစ်သူတို့က

    မိဘမဲ့ကျောင်းကို

    လာပို့သွားတာ ဖြစ်ပါတယ် …..

    ကံဆိုးလိုက်ကြတာ ဖခင်တယောက်လုံး

    ရှိပါသေးလျက်နဲ့ ကလေးတွေ မိဘမဲ့ခဲ့ရပြီ

    အဖေလို့ ခေါ်ခွင့်လေးတွေ ဆုံးရှုံးခဲ့ရပြီ ….😪

    နောက်ထပ် သူစိမ်းမိန်းမတယောက်အပေါ်မှာတောင်

    ချစ်ခြင်းမေတ္တာတွေ ထားနိုင်ခဲ့သေးတာ

    ကိုယ့်သွေးကမွေးတဲ့ ရင်သွေးလေးတွေအတွက်

    ရှိပြီးသား ချစ်ခြင်းမေတ္တာတွေကို

    ဘာ့ကြောင့်များ ဆက်ပြီး မရှင်သန်စေခဲ့ရတာလဲ … 😪