Author: Baby Yit Lone
-

Nikita Roy
Nikita Roy (2025) အမှောင်ထုထဲကအမှန်တရား ဒီတစ်ခါဇာတ်လမ်းကတော့ သိပ္ပံနည်းကျ ယုတ္တိဗေဒကိုပဲ ယုံကြည်ပြီး အယူသီးမှုတွေ အလိမ်အညာ ဝိညာဉ်ရေးရာ လုပ်ငန်းတွေကို ဖော်ထုတ်လေ့ရှိတဲ့ စာရေးဆရာမ နီခီတာ ရွိုင်း အကြောင်းပဲ ဖြစ်ပါတယ်။ သူမရဲ့ အစ်ကိုဖြစ်သူ ဆာနာရွိုင်း ဟာ လန်ဒန်မြို့မှာ ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။ ရဲတွေက ဒါဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုလို့ သတ်မှတ်ခဲ့ပေမဲ့ နီခီတာ ကတော့ ဒါဟာ လူသတ်မှုလို့ အခိုင်အမာ ယုံကြည်နေသူပါ။ သူမရဲ့ အစ်ကိုဟာ မသေဆုံးခင်မှာ အာမာဒေ့ဗ် ဆိုသူ ဦးဆောင်တဲ့ ဝိညာဉ်ရေးရာ ဂိုဏ်းတစ်ခုရဲ့ အမှောင်ဖုံးနေတဲ့ အမှန်တရားတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေခဲ့တာကို သူမသိလိုက်ရပါတယ်။ အစ်ကိုဖြစ်သူအတွက် တရားမျှတမှု ရှာဖွေဖို့ ကြိုးစားရင်းနဲ့ သိပ္ပံနည်းကျ ရှင်းပြလို့မရတဲ့…
-

The Last One for the Road
The Last One for the Road (2025) ဒီဇာတ်ကားကတော့ ၂၀၂၅ ခုနှစ် Cannes Film Festival နဲ့ Toronto International Film Festival တို့မှာ ပြသခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ရရှိထားတဲ့ အီတလီ Comedy Drama ဇာတ်ကားသစ် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အီတလီနိုင်ငံ၊ Veneto ဒေသမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Carlobianchi နဲ့ Doriano တို့ဟာ ဘဝမှာ ရည်မှန်းချက်ကြီးကြီးမားမား မရှိဘဲ “ဒါနောက်ဆုံးခွက်” ဆိုပြီး အရက်သောက်လိုက်၊ လမ်းသရဲပုံစံ ပေါ့ပေါ့နေလိုက်နဲ့ အချိန်ကုန်နေသူတွေပါ။ တစ်ညမှာတော့ သူတို့နှစ်ယောက်ဟာ Giulio လို့ခေါ်တဲ့ ရှက်တတ်ကြောက်တတ်ပြီး…
-

Dust Bunny
Dust Bunny (2025) Hannibal စီးရီးနဲ့ နာမည်ကြီးတဲ့ ဖန်တီးရှင် Bryan Fuller ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားကြီး Mads Mikkelsen ပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို Fantasy Horror ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ၈ နှစ်သမီးလေး Aurora ရဲ့ မိသားစုဟာ သူမရဲ့ ကုတင်အောက်မှာရှိတဲ့ ဖုန်မှုန့်တွေကနေ ဖြစ်ပေါ်လာတဲ့ “Dust Bunny” လို့ခေါ်တဲ့ မိစ္ဆာကောင်ကြီးရဲ့ စားသောက်ခြင်းကို ခံလိုက်ရပါတယ်။ ဒီအဖြစ်ဆိုးကြီးကို ဘယ်သူကမှ မယုံကြပေမယ့် Aurora ကတော့ လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် သူမဟာ အိမ်နီးချင်းဖြစ်သူ အေးစက်စက် လူtက်သမား တစ်ဦး (Mads Mikkelsen) ကို ငွေပေးပြီး သူမရဲ့ မိသားစုကို သတ်သွားတဲ့…
-

Bad Guys Always Die
Bad Guys Always Die (2015) ဒီတစ်ခါမှာတော့ တရုတ်-ကိုရီးယား ပူးပေါင်းရိုက်ကူးထားတဲ့ Bad Guys Always Die ဆိုတဲ့ Action + Comedy အမျိုးအစား ရုပ်ရှင်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ တစ်ချိန်က K drama ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ Crash Landing On You ထဲက ကိုရီးယားနာမည်ကြီးမင်းသမီး Son Ye-jin ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကြီးရဲ့ အမိုက်စား သရုပ်ဆောင်မှုနဲ့ ဒီဇာတ်ကားထဲမှာ ပိုပြီး ထိတ်လန့်စရာ စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမှာပါ။ ဘူဆန်မြို့က မူလတန်းကျောင်းတစ်ကျောင်းမှာ တရုတ်ဘာသာစကား သင်ကြားနေတဲ့ ဆရာတစ်ဦးဖြစ်တဲ့ Qingzi ဟာ သူ့ညီဖြစ်သူနဲ့ သူငယ်ချင်းနှစ်ဦးကို ခေါ်ပြီး ဂျယ်ဂျူးကျွန်းကို ခရီးထွက်လာခဲ့ပါတယ်။ ခရီးစဉ်အတွင်း မထင်မှတ်ထားတဲ့…
-

Thunderbolt Rescue
Thunderbolt Rescue (2025) အငြိမ်းစား တရုတ်အထူးတပ်ဖွဲ့ဝင်ဟောင်း ချန်ခိုင် (Cheng Kai) ပါ။ သူ့ဇနီးဟာ ဆေးဝန်ထမ်းတစ်ယောက်အဖြစ် အရှေ့တောင်အာရှ စစ်ဖြစ်နေတဲ့ ဒေသတစ်ခုကို သွားရင်း အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။ အကြမ်းဖက်အဖွဲ့က သူ့ဇနီးကို “တာလင် (Talin)” လို့ခေါ်တဲ့ သူတို့ခံတပ်စခန်းမှာ ဓားစာခံလုပ်ထားတယ်။ အစိုးရရဲ့ ကယ်ဆယ်ရေးအစီအစဉ်က ရှုပ်ထွေးပြီး ကြာနေတော့ ချန်ခိုင်ဟာ သူ့ဇနီးကို ကိုယ်တိုင်သွားကယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အန္တရာယ်များတဲ့ တာလင်ခံတပ်စခန်းထဲကို တစ်ယောက်တည်း ခိုးဝင်သွားခဲ့တယ်။ အဲဒီစခန်းထဲမှာ အကြမ်းဖက်အဖွဲ့ ဖမ်းထားတဲ့ မီရာ (Mirra) ဆိုတဲ့ ဒေသခံကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်။ မီရာက စခန်းရဲ့တည်နေရာနဲ့ အားနည်းချက်ကို ကောင်းကောင်းသိတဲ့သူ ဖြစ်နေတယ်။ ချန်ခိုင်က မီရာကို ကယ်ထုတ်ပြီးနောက် မီရာရဲ့ အရေးပါတဲ့ လမ်းပြကူညီမှုနဲ့…