Author: Baby Yit Lone

  • အဖြစ်ဆိုးပြန်ပြီ မြန်မာသင်္ဘောသားတွေ

    အဖြစ်ဆိုးပြန်ပြီ မြန်မာသင်္ဘောသားတွေ

    အဖြစ်ဆိုးပြန်ပြီ မြန်မာသင်္ဘောသားတွေ! မိသားစုတွေအတွက် တစ်ဖက်နိုင်ငံမှာ သွားရောက်ပြီး ပင်လယ်လှိုင်းတံပိုးတွေကြား ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ မြန်မာသင်္ဘောသားတွေဆီက နောက်ထပ် စိတ်မကောင်းစရာ သတင်းတစ်ခု ထွက်ပေါ်လာပြန်ပါတယ်။ အချင်းချင်း စာနာရမယ့်အစား မေလ ၁၆ ရက် မနက်ပိုင်းက ကိုရီးယားနိုင်ငံမှာ မမျှော်လင့်ဘဲ ပြင်းထန်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတစ်ခု ဖြစ်ခဲ့တာပါ။ ဖြစ်စဉ်ကတော့ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းဒေသကြီး အရှေ့ပင်လယ်ပြင်ထဲ ရပ်နားထားတဲ့ ရေနံတင်သင်္ဘောကြီးပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ မြန်မာသင်္ဘောသားနှစ်ဦး စကားများ အငြင်းပွားရာကနေ စိတ်မထိန်းနိုင်ဘဲ အခြေအနေ တင်းမာသွားခဲ့ပြီး အသက် ၄၀ အရွယ်ရှိသူက အသက် ၃၀ အရွယ်ရှိသူကို ထိခိုက်စေနိုင်တဲ့ လက်နက်တစ်ခုနဲ့ အဝတ်အထည်များ ပေါက်ပြဲသွားသည်အထိ ဘယ်ဘက်ဝမ်းဗိုက်ပိုင်းကို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရအောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသွားတဲ့…

  • ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံကြီး(၆)ရုံ ပူးပေါင်းကုသပေးမယ်

    ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံကြီး(၆)ရုံ ပူးပေါင်းကုသပေးမယ်

    ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံကြီး(၆)ရုံ ပူးပေါင်း၍ မေ ၁၉ ရက်တွင် အထူးကုကွင်းဆင်းဆေးကုသပေးမည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံကြီး(၆)ရုံနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးတို့ပူးပေါင်း၍ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းနှင့် ဦးထွန်းမြတ်လမ်းထောင့်ရှိ အ.ထ.က(၄)၌ မနက်ဖြန် မေ ၁၉ ရက်တွင် အထူးကုကွင်းဆင်းဆေးကုသပေးမည်ဖြစ် ကြောင်း သိရသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးရောဂါကုဆေးရုံကြီး၊ ရန်ကင်းကလေးဆေးရုံကြီး၊ မျက်စိဆေးရုံကြီး၊ နား၊ နှာခေါင်း၊လည်ပင်းနှင့် ဦးခေါင်းဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီးနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးတို့ပူးပေါင်းဆောင်ရွက််သွားမည်ဖြစ်ကြောင်း သိရသည်။ အထွေထွေအထူးကုသမားတော်၊ ဆီးချိုနှင့် ဟော်မုန်းအထူးကုသမားတော်၊ ခွဲစိတ်အထူးကု၊ အရိုးအထူးကု၊ စိတ်ကျန်းမာရေးအထူးကု၊ အရေပြားအထူးကု၊ က လေးအထူးကု၊ မျက်စိအထူးကု၊ နား၊ နှာခေါင်း၊ လည် ချောင်းအထူးကုများပါဝင်ကြောင်း သိရသည်။ ၎င်းတို့က ကိုယ်ဝန်ဆောင်များနှင့် မီးယပ်ရောဂါလူနာများကိုစစ်ဆေးစမ်းသပ်ခြင်း၊ သားအိမ်ခေါင်းကင်ဆာကြိုတင်စစ်ဆေးခြင်း၊ သွားနှင့် ခံတွင်းစစ်ဆေးကုသပေးခြင်း၊ အဆုတ်နှင့် ရင်ခေါင်းဓာတ်မှန်(X-Ray)ရိုက်ပေးခြင်း(တီဘီရောဂါရှာဖွေပေးခြင်း)၊ ECG…

  • စစ်တပ်က တပ်မ ၄ ခုအထိသုံးပြီး ဆိပ်ဖြူနယ်က ကပစ စက်ရုံတွေ အင်အားဖြည့်နေ

    စစ်တပ်က တပ်မ ၄ ခုအထိသုံးပြီး ဆိပ်ဖြူနယ်က ကပစ စက်ရုံတွေ အင်အားဖြည့်နေ

    စစ်တပ်က တပ်မ ၄ ခုအထိသုံးပြီး မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေကို အင်အားထပ်ဖြည့်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁)နဲ့ မိတ္ထီလာမြို့ အခြေစိုက် တပ်မ(၉၉)ကနေလာတဲ့ယာဥ်တန်းတွေ ဟာ မေလ ၁၆ ရက်က ဆိပ်ဖြူမြို့နယ်ကို ဦးတည်ဝင်ရောက်နေတာလို့ ဆိုပါတယ်။ “အရင်ဝင်ထားပြီးသားနဲ့ အခုဝင်လာတာဆိုရင် တပ်မ ၅၅ ၊ ၈၈ ၊ ၉၉ ၊ ၁၀၁ စုစုပေါင်းအင်အား ၁၅၀၀ လောက်ပါတယ်”လို့ ဆိပ်ဖြူအခြေစိုက် ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ တပ်မ(၁၀၁)ကလာတဲ့ အင်အား ၅၀၀ ဝန်းကျင်ပါတဲ့ယာဥ်တန်းဟာ ဆိပ်ဖြူ ကပစ(၂၂)ကို ဝင်ရောက်နေပြီး မိတ္ထီလာမြို့ဘက်ကလာတဲ့ တပ်မ(၉၉)ယာဥ်တန်းက ဆိပ်ဖြူမြို့တဖက်ကမ်း ချောက်မြို့နယ်ကို ရောက်နေတယ်လို့ အသိပေးပါတယ်။ “ပေါက်နဲ့ ဆော…

  • အလုပ်ရခဲ့သည့်အတွက် အကသမားများငှားပြီး နတ်ကွန်းရှေ့၌ ကပြ

    အလုပ်ရခဲ့သည့်အတွက် အကသမားများငှားပြီး နတ်ကွန်းရှေ့၌ ကပြ

    ထိုင်းအမျိုးသမီးတစ်ဦး အလုပ်ရခဲ့သည့်အတွက် အကသမားများငှားပြီး နတ်ကွန်းရှေ့၌ ကပြ ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ အမျိုးသမီးတစ်ဦးသည် ဆေးရုံတွင် အလုပ်အသစ် ရရှိသွားခြင်းအား အောင်ပွဲခံသည့်အနေဖြင့် ဒေသခံနတ်ကွန်းတစ်ခု၏ ရှေ့တွင် အကသမားများနှင့် အသံချဲ့စက်ကားကြီးကို ငှားရမ်းကာ ကပြဖျော်ဖြေပူဇော်ခဲ့ပြီးနောက် လူမှုကွန်ရက်စာမျက်နှာ၌ ရေပန်းစားလျက်ရှိသည်။ ချာချိုးဆောင်းခရိုင် (Chachoengsao)၊ သာတာကီယပ်မြို့နယ် (Tha Takiap) ရှိ “ပူးဘွန်မာနှင့် ယာဘူမီ (Pu Bunma and Ya Bumi)” နတ်ကွန်းတွင် မြိုင်မြိုင်ဆိုင်ဆိုင် ကပြဖျော်ဖြေနေသည့် အဆိုပါ ဗီဒီယိုဖိုင်များသည် မေလ ၁၆ ရက်နေ့တွင် အွန်လိုင်းပေါ်၌ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပြီး ဒေသခံလူမှုကွန်ရက် အသုံးပြုသူများအကြား အထူးစိတ်ဝင်စားခြင်း ခံခဲ့ရသည်။ သီတာရတ် (Thidarat) နှင့် ၎င်း၏ ညီမဖြစ်သူ မနွန်း (Noon) တို့၏…

  • စစ်မှုထမ်းဥပဒေနောက်ကွယ်မှ ကလေးသူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးလာတဲ့ ဖြစ်စဥ်များ

    စစ်မှုထမ်းဥပဒေနောက်ကွယ်မှ ကလေးသူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးလာတဲ့ ဖြစ်စဥ်များ

    စစ်မှုထမ်းဥပဒေနောက်ကွယ်မှ ကလေးသူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးလာတဲ့ ဖြစ်စဥ်များ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်များကို အဓမ္မဖမ်းဆီးပြီး၊ မှတ်ပုံတင်အတုများ ပြုလုပ်ကာ အာဏာသိမ်း စစ်တပ်ရဲ့ စစ်မှုထမ်းထဲသွင်းရန် ရောင်းစားနေတဲ့ ဖြစ်စဉ်များ မြေပြင်မှာ ခပ်စိပ်စိပ် ဖြစ်ပွားနေကြောင်း ဒေသခံတွေထံက စုံစမ်းသိရှိရပါတယ်။ မကြာသေးမီက မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု၌ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး လမ်းမှာ အဓမ္မဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ ထိုကလေးကို အသက်ပြည့်ပြီးသားဖြစ်ကြောင်း သက်သေပြရန်အတွက် မှတ်ပုံတင်အတု ပြုလုပ်၍ စစ်မှုထမ်းထဲသွင်းရန် ရောင်းစားခဲ့ခြင်း ဖြစ်တယ်လို့ ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။ ယခုဖြစ်စဉ်မှာ မိဘများက အချိန်မီ လိုက်လံစုံစမ်းနိုင်ခဲ့ခြင်းကြောင့် ကလေးငယ်မှာ မိဘလက်ထဲ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း၊ အများစုမှာ မိသားစုနဲ့ အဆက်အသွယ် လုံးဝမရတော့ဘဲ…