Author: Baby Yit Lone

  • ဟိုတယ် သက်သေတွေ အတိအကျရထားတာမို့ တလင်တမယားဥပဒေနဲ့ အမှု ပြန်ဖွင့်လိုက်တဲ့ မင်းညီ

    ဟိုတယ် သက်သေတွေ အတိအကျရထားတာမို့ တလင်တမယားဥပဒေနဲ့ အမှု ပြန်ဖွင့်လိုက်တဲ့ မင်းညီ

    ဇနီးဖြစ်သူ ဖောက်ပြန်ထားတဲ့ ဟိုတယ် သက်သေတွေ အတိအကျရထားတာမို့ တလင်တမယားဥပဒေနဲ့ အမှု ပြန်ဖွင့်လိုက်တဲ့ မင်းညီ ဇနီးဖြစ်သူနဲ့ အတူ လက်ရှိပေါင်းသင်းနေထိုင်နေသူတို့ နှစ်ဦး ဇန်နဝါရီလအတွင်းမှာ ပြင်ဦးလွင်ရှိ ဟိုတယ်တစ်ခုတွင် ၂ ရက်ကြာသွားအိပ်ခဲ့တဲ့ သက်သေအထောက်အထားကို မင်းညီက ရရှိထားတာပါ။ အခြားသော ဟိုတယ်တွေမှာ သွားအိပ်ခဲ့တဲ့ သက်သေတွေလည်း အပြည့်ရှိတယ်လို့ မင်းညီကပြောပါတယ်။ ထို့အပြင် ဇနီးဟောင်းဟာ အဆိုပါအမျိုးသားနှင့်အတူ မန္တလေး ပုသိမ်ကြီးမြို့နယ်ထဲမှာ ဆု နာမည်နဲ့ လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ခဲ့သေးတယ်လို့ဆိုပါတယ်။ ထိုအချိန်က မီဒီယာတစ်ခုမှာ သူမအားပြန်လည်ပတ်သက်မှာစိုးရိမ်လို့ နောက်မိန်းမယူရင်လဲ ကိုယ့်ခေါင်းက ငရဲပန်း သူများကိုပေးလိုက်ရလို့ ဝမ်းသာတယ်လို့ ဖြေကြားခဲ့ပြီး နောက် ၂ လအကြာမှာမှ မင်းညီက မိသားစုနဲ့အဆင်ပြေမယ့်သူကို ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း ဇနီးသည်ဟာ သူကိုယ်တိုင်…

  • လေးမျက်နှာကို စစ်ကော်မရှင်က အင်အားအပြည့် စစ်ယာဉ်တန်းအစီး ၂၀ ဖြင့် အင်အားဖြည့်နေ

    တိုက်ပွဲပြင်းထန်‎နေသည့် လေးမျက်နှာကို စစ်ကော်မရှင်က အင်အားအပြည့် စစ်ယာဉ်တန်းအစီး ၂၀ ဖြင့် အင်အားဖြည့်နေ အာရက္ခတပ်တော် (‎AA) နှင့် တိုက်ပွဲပြင်းထန်နေသည့် ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်ကို စစ်ကော်မရှင်က စစ်အင်အား အလုံးအရင်း ပို့ဆောင်နေကြောင်း သိရသည်။ စစ်ကော်မရှင်၏ စစ်သုံးကားကြီး အစီး၂၀ ပါ ယာဉ်တန်းသည် ‎ယမန်နေ့ အောက်တိုဘာ ၁၁ရက် နံနက်အစောပိုင်းတွင် ဟင်္သာတဘက်မှနေ၍ လေးမျက်နှာမြို့ကို ထွက်ခွာသွားကြောင်း သိရသည်။ ‎”အခုစစ်တပ်က အင်အားပို့တာမှာထောက်ပို့ လမ်းကြောင်းပြောင်းတဲ့အနေနဲ့ ဟင်္သာတဘက်နေ ကွင်းကောက်အထိတက်ပြီးမှ လေးမျက်နှာ၊ ရေကြည်ဘက်ကို စစ်ယာဉ်တန်းသွားတယ်။ လေးမျက်နှာဘက်ကို အမိုးအုပ်စစ်သုံးကားကြီးတွေပို့နေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ ‎စစ်အင်အားအပြည့်ဖြင့် ထွက်ခွာသွားသည့် အဆိုပါ ယာဉ်တန်းသည် လေးမျက်နှာအစပ် စက်စက်ယို ကျေးရွာဘက်ကို ဦးတည်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ…

  • ဒဏ်ရာရလာသည့်  စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ မဆရ-၄ စစ်ဆေးရုံ တွင်မဆံ့တော့

    ဒဏ်ရာရလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ မဆရ-၄ စစ်ဆေးရုံ တွင်မဆံ့တော့

    ဧရာဝတီတိုင်း တိုက်ပွဲများကြောင့် ဒဏ်ရာရလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ မဆရ-၄ စစ်ဆေးရုံ တွင်မဆံ့တော့၍ ကစားကွင်းတွင် ခုတင်များချ၍ ကုသနေရ ‎ ဧရာဝတီတိုင်း၊ လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူ၊ သာပေါင်းမြို့နယ်များတွင် အာရက္ခတပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ပုသိမ်မြို့ကို ဆက်တိုက်ရောက်ရှိလာကြောင်း သိရသည်။ ‎ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ရှိ ပုသိမ် စစ်မြေပြင်ဆေးတပ်ရင်း မဆရ-၄ အတွင်းသို့ ပို့ဆောင်ထားသော ဒဏ်ရာရရှိသူများ များပြားလွန်းသဖြင့် ဆေးရုံနေရာ မလုံလောက်မှု အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ‎ ဒဏ်ရာရ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လူနာများကို ဆေးရုံအတွင်း ခုတင်မဆံ့တော့သည့်အတွက် ဆေးတပ်ရင်းအရှေ့ရှိ ကစားကွင်းနှင့် နားနေဆောင်များတွင်ပါ ပို့ထားရပြီး ကုသမှုပေးနေရကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ…

  • ဒေါ်ကြူကြူလှ ပုံရိပ်ကျဆင်းစေသည်ဆိုကာ တိုင်ကြားခံရသည့် “သမီးဆိုး” ဖမ်းဆီးခံရ

    ဒေါ်ကြူကြူလှ ပုံရိပ်ကျဆင်းစေသည်ဆိုကာ တိုင်ကြားခံရသည့် “သမီးဆိုး” ဖမ်းဆီးခံရ

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှနှင့် စစ်အရာရှိများ၏ ပုံရိပ် ကျဆင်းစေသည်ဟုဆိုကာ တိုင်ကြားခံရသည့် “သမီးဆိုး” ခေါ် Shwe Thet အကောင့်ပိုင်ရှင်ကို ယနေ့ နံနက်ပိုင်းတွင် စင်ကာပူသို့ မထွက်ခွာမီ ရန်ကုန်လေဆိပ်၌ ဖမ်းဆီးလိုက်ကြောင်း စစ်ကော်မရှင်သတင်းများ ရေးသားဖော်ပြနေသည့် တယ်လီဂရမ်ချန်နယ်များက သိရသည်။ အဆိုပါ အမျိုးသမီးသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့ ပြန်ရောက်လာခြင်းဖြစ်ကာ အွန်လိုင်း၌ လူသိများသည့်အမျိုးသမီးတဦးနှင့် လူမှုရေးပြဿနာတက်ခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ် ၎င်းတို့၂ ဦး၏ အပြန်အလှန် ပြောဆိုမှုများအား စိတ်ဝင်စားသူလည်း များပြားခဲ့သည်။ ထို့နောက် သမီးဆိုး ကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရဲစခန်းတွင် ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုထားကြောင်း သိရသည်။ သမီးဆိုးအား အောက်တိုဘာ ၇…

  • ပြည်သူအချို့နဲ့ အချင်းများခဲ့တဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်တွေကို သတိပေးအရေးယူသွားမယ်

    ပြည်သူအချို့နဲ့ အချင်းများခဲ့တဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်တွေကို သတိပေးအရေးယူသွားမယ်

    စဉ့်ကူးမှာ ပြည်သူအချို့နဲ့ အချင်းများခဲ့တဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်တွေကို သတိပေးအရေးယူသွားမယ် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ ပြည်သူအချို့နဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်အချို့ အချေအတင် အချင်းများနေတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီး အဆိုပါတပ်ဖွဲ့ဝင်တွေကို သတိပေးအရေးယူမှုတွေ ဆောင်ရွက်သွားမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်က ယမန်နေ့ အောက်တိုဘာလ ၁၁ ရက် မွန်းလွဲ ၃ နာရီခန့်မှာ ဖြစ်ပွားခဲ့ပြီး စတားလင့်အင်တာနက်ကို အခကြေးငွေယူဆိုင်ဖွင့်လှစ်တာကြောင့် စတားလင့်စက်ပိုင်ရှင်တွေကို အရေးယူဖို့ လာရောက်တဲ့အချိန် အခုလို အချင်းများခဲ့ကြတာဖြစ်ပါတယ်။ ရုပ်သံဖိုင် ပျံ့နှံ့လာပြီးနောက် လူမှုကွန်ရက်မှာ ဝေဖန်သံတွေ များစွာထွက်ရှိလာခဲ့ပြီး အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူကတော့ ဒီဝေဖန်သံတွေကို လက်ခံပြီး တပ်ဖွဲ့ဝင်တွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ “ဝေဖန်သံတွေနဲ့ ပတ်သက်လို့…