Author: Baby Yit Lone
-

တစ်တော့ပေါ်မှာ နာမည်ကြီးနေတဲ့ လူရည်ချွန် ဆရာဝန် ဒေါက်တာနန်း
တစ်တော့ပေါ်မှာ နာမည်ကြီးနေတဲ့ လူရည်ချွန် ဆရာဝန် ဒေါက်တာနန်းဆိုသူရဲ့ ဂျင်းအကြောင်းကတော့ အကုန်ပေါ်သွားပြီ ဖြစ်ပါတယ်။ လူရည်ချွန် သုံးထပ်ကွမ်းဆိုပြီး အကောင့်မှာ ဆုတွေ အများကြီးပုံနဲ့ တက္ကသိုလ်ဝင်တန်း ရမှတ်တွေကို တင်ထားပေမယ့် ဆုတံဆိပ်ပုံတွေဟာ အေအိုင်ပုံတွေ ဖြစ်နေပြီး အမှတ်စာရင်းကလည်း ၂၀၁၉ ခုနှစ် မြန်မာပြည် ဒုတိယ အမှတ်အများဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ်က မြန်မာပြည် အမှတ်အများဆုံး စာရင်းမှာ ဒေါက်တုနန်းရဲ့ နာမည် မပါဝင်ခဲ့ပါဘူး။ ပိုသိသာသွားတဲ့ အချက်ကတော့ ဆေးတက္ကသိုလ် ၂ ကနေ ဘွဲ့ရပြီး ရန်ကုန် ဆေးရုံကြီးမှာ ဟောက်စ်ဆင်းနေတယ်ဆိုတဲ့ အချက်ပါပဲ။ ဆေးတက္ကသိုလ်တွေရဲ့ သတ်မှတ်ချက်အရ ဆေး ၂ ကနေ ဘွဲ့ရခဲ့တဲ့သူဟာ မြောက်ဥက္ကလာ၊ အင်းစိန်စတဲ့ ဆေးရုံတွေမှာ ဟောက်စ်ဆင်းရတာပဲ…
-

ကြိတ်ကြိတ်တိုး ဝန်းရံကြိုဆိုခံရတဲ့ အိမ့်ချစ်သူလေးရဲ့ အိမ်ပြန်ခရီး
လမ်းမကြီးတစ်ခုလုံး ပိတ်ဆို့သွားတဲ့အထိ… ကလော၊ အောင်ပန်းကနေ တောင်ကြီးအထိ ကြိတ်ကြိတ်တိုး ဝန်းရံကြိုဆိုခံရတဲ့ အိမ့်ချစ်သူလေးရဲ့ အိမ်ပြန်ခရီး 😱 (မြင်ရသူတိုင်း ကြက်သီးထရတဲ့ ဂုဏ်ယူစရာ မြင်ကွင်းကြီး)” ရှမ်းပြည်နယ်ရဲ့ ဂုဏ်ဆောင်၊ ပရိသတ်တွေရဲ့ အချစ်တော်လေး “အိမ့်ချစ်သူ” ရဲ့ အိမ်ပြန်ခရီးစဉ်မှာ မြို့ခံပြည်သူတွေက တစ်ခဲနက် ကြိတ်ကြိတ်တိုး ကြိုဆိုခဲ့ကြတဲ့ ရင်ခုန်ကြည်နူးစရာ ပုံရိပ်လေးတွေဟာ အခုဆိုရင် လူမှုကွန်ရက်စာမျက်နှာထက်မှာ အရမ်းကို ရေပန်းစား (Viral) ဖြစ်နေခဲ့ပါပြီ။ ✨ တောင်ကြီးအထိ လမ်းတစ်လျှောက် အကြိတ်အနယ် ကြိုဆိုမှုကြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်ကို ဖမ်းစားထားနိုင်တဲ့ အိမ့်ချစ်သူလေးဟာ သူမရဲ့ ဇာတိမြေဖြစ်တဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကို ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ အိမ်ပြန်ခရီးစဉ် လမ်းတစ်လျှောက်မှာရှိတဲ့ ကလောမြို့၊ အောင်ပန်းမြို့ ကနေစပြီး တောင်ကြီးမြို့…
-

မလေးရှားရောက် မြန်မာများကို အလုပ်ရှာပေးမည်ဟုဆိုကာ ဂိုဏ်းဖွဲ့ပြီး မြန်မာအချင်းချင်း ငွေညှစ်ကာ နှိပ်စက်မှုများရှိနေ
မလေးရှားနိုင်ငံတွင် လက်ရှိအလုပ်အကိုင် အခွင့်အလမ်းများ အလွန်ရှားပါးနေချိန်၌ TikTok အပါအဝင် လူမှုကွန်ရက်စာမျက်နှာပေါ်က အလုပ်ကြော်ငြာများကို အယုံလွယ်ပြီး လာရောက်ကြသူ မြန်မာလုပ်သားများအနေဖြင့် မြန်မာပွဲစားအဖွဲ့အစည်းများ၏ ငွေညှစ်မှုများနှင့် ဆက်တိုက်ကြုံတွေ့နေရကြောင်း မြေပြင်ရှိ မြန်မာလုပ်သားတစ်ဦးက သတင်းပေးပို့လာပါသည်။ အဆိုပါ မြန်မာလုပ်သား၏ ပြောပြချက်အရ လိမ်လည်သူ မြန်မာပွဲစားများသည် TikTok ပေါ်တွင် အလုပ်အကိုင်ကောင်းများရမည်ဟု အယောင်ပြကာ အလုပ်သမားများကို ဆွဲဆောင်လေ့ရှိကြောင်း ၊ ၎င်းတို့ညွှန်ပြသည့်နေရာသို့ အလုပ်သမားများ ရောက်ရှိသွားသည့်အခါတွင်မူ မလေးရှားရန်းဂစ်ငွေ ၈၀၀ မှစ၍ မရရအောင် နည်းမျိုးစုံဖြင့် ငွေညှစ်ပြီး နောက်ဆုံးတွင် ရန်းဂစ် ၄,၀၀၀ ခန့်အထိ မတရားတောင်းခံမှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။ ပွဲစားများသည် အလုပ်သမားများကို ၎င်းတို့၏ ယာယီအိမ်ရာများသို့ ခေါ်ဆောင်သွားလေ့ရှိသော်လည်း ထိုနေရာများမှာ ၎င်းတို့၏ နေရာအမှန်မဟုတ်ဘဲ အလုပ်သမားများက မေးမြန်းသည့်အခါတွင်လည်း…
-

ခေါင်းဆောင်မှအပ ပျူစောထီး ၇၀ ကျော်ကို လက်နက်တွေနဲ့ ဖမ်းမိ
ခေါင်းဆောင်မှအပ ပျူစောထီး ၇၀ ကျော်ကို လက်နက်တွေနဲ့ ဖမ်းမိဟု အညာမြေတပ်ပေါင်းစု ထုတ်ပြန် မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီးများနေထိုင်သည်ဆိုသော ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် ပျူစောထီးအဖွဲ့ဝင် များကို လိုက်လံဖမ်းဆီးရာ ခေါင်း ဆောင်မှအပ လူ ၇၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်သည်။ ပျူစောထီးအဖွဲ့ကို ဦးဆောင်သည့် ခေါင်းဆောင်နှင့် စစ်သား ၅ ဦး သည် ၎င်းတို့ ခေါ်ဆောင်လာသည့် ပျူစောထီးများနှင့် မိသားစုဝင်များကို စွန့်ပစ်ကာ နယ်မြေကျွမ်းကျင်မှုကို အသုံးပြု၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟုဆိုသည်။ လက်ရှိအချိန်အထိ ၎င်းတို့ ၆ ဦးကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။ စစ်တပ်ထောက်ခံသူ ပေါက်ဘုန်းကြီး (အာရိယာဝံသ) ၏ အားအထားရဆုံးဟုဆိုသည့်…
-

ပဲခူးတိုင်း ကဝမြို့နယ် တွင် ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပွား
ပဲခူးတိုင်း၊ ကဝမြို့နယ် ရွှေဘုံသာကျေးရွာတွင် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် မိသားစုဝင် ၅ ဦး သေဆုံးသည့်ဖြစ်စဉ်တစ်ခု ဇွန်လ ၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူများမှာ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး၊ အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၄ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ သေဆုံးသူ ၅ ဦးအနက် အသက် ၃၈ နှစ်အရွယ် အမျိုးသမီးနှင့် ကလေး ၃ ဦးမှာ မိခင်နှင့် သားသမီးများဖြစ်ပြီး၊ အသက် ၅၇ နှစ်အရွယ်…