Author: Baby Yit Lone

  • ရွှေထုပ်တစ်ထုပ် ကောက်ရထားလို့ အမြန်ဆက်သွယ်ပါရန်

    ရွှေထုပ်တစ်ထုပ် ကောက်ရထားလို့ အမြန်ဆက်သွယ်ပါရန်

    အမြန်လမ်း (၁၁၅) မိုင်မှာ ရွှေတွေပါတဲ့ အထုပ်ကြီးကို မေ့ကျန်ခဲ့သူရှိရင် အမြန်ဆုံး လာဆက်သွယ်ကြပါ ခရီးသွားရင်းနဲ့ တန်ဖိုးကြီးပစ္စည်းတွေ မေ့ကျန်ခဲ့တာမျိုး၊ ပြုတ်ကျပျောက်ဆုံးတာမျိုးတွေ ခဏခဏ ကြုံရတတ်ပါတယ်။ အခုလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ခရီးသွားရင်း ရွှေထုပ်ကြီး မေ့ကျန်ခဲ့တဲ့ သူတစ်ဦးအတွက် တကယ့်ကို ဝမ်းသာစရာ သတင်းကောင်းလေးတစ်ခု ထွက်ပေါ်လာပါတယ်။ အမြန်လမ်း ၁၁၅ မိုင်မှာ ရွှေထုပ် ကောက်ရထား ဒီကနေ့ ဩဂုတ်လ (၁၄) ရက် နံနက်ပိုင်းမှာပဲ နာမည်ကြီး ဆီဆိုင်တစ်ခုဖြစ်တဲ့ DENKO ဆီဆိုင် ကနေ သူတို့ရဲ့ တရားဝင် Facebook စာမျက်နှာထက်မှာ အရေးပေါ် ကြေညာချက်တစ်ခုကို ရုတ်တရက် ထုတ်ပြန်လာပါတယ်။ အဲဒါကတော့ DENKO ဖြူး (အမြန်လမ်း ၁၁၅ မိုင်) ဆီဆိုင်မှာ…

  • ဟန်ဆောင်ပြုပြင်မှုတွေလုပ်ပြနေပေမယ့် အခြေအနေ ပိုဆိုးလာတဲ့ လေးမျက်နှာမြို့နယ်

    ဟန်ဆောင်ပြုပြင်မှုတွေလုပ်ပြနေပေမယ့် အခြေအနေ ပိုဆိုးလာတဲ့ လေးမျက်နှာမြို့နယ်

    လေးမျက်နှာမြို့နယ်၊ ငဝန်မြစ်ရေကာတာကျိုးပေါက်မှု စစ်တပ်က ပြုပြင်နေသည်ဟုဆိုသော်လည်း မြစ်ရေများ ထပ်မံဝင်ရောက်လာသဖြင့် ရေဘေးအခြေအနေပြန်လည်ဆိုးလာ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာကျိုးပေါက်ပြီး ရေဝင်ရောက်မှုကို စစ်ကောင်စီတပ်နှင့် သက်ဆိုင်ရာအဖွဲ့များက ပြုပြင်ထိန်းချုပ်နေသော်လည်း ငဝန်မြစ်ရေ ပြန်လည်မြင့်တက်လာခြင်းကြောင့် တာကျိုးနေရာမှ ရေဝင်အား ပြန်လည်မြင့်တက်လာပြီး ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း ပရဟိတအဖွဲ့များနှင့် ရေဘေးအခြေအနေ စောင့်ကြည့်လေ့လာနေသူများထံမှ သိရသည်။ ဇူလိုင်လ ၃၁ ရက်နေ့ နံနက်အစောပိုင်း ငဝန်မြစ်ရေကာတာကျိုးပေါက်ပြီးနောက် ရေအနည်းငယ် ကျဆင်းခဲ့သော်လည်း ဩဂုတ်လ ၁၁ ရက်နေ့မှစတင်၍ ရေပြန်လည်မြင့်တက်လာပြီး ရေတိုးဝင်မှုများ ပြန်လည်ဖြစ်ပေါ်နေကြောင်း၊ ရေဘေးအခြေအနေမှာလည်း ဆိုးရွာနေဆဲဖြစ်ကြောင်း သိရသည်။ “ရေက ပြန်တက်လာတယ်။ လွန်ခဲ့တဲ့ ၁ ရက်၊ ၂ ရက်လောက်က ကျနေတဲ့ရေက ပြန်တက်လာတယ်။ ရေပြန်တိုးလာတယ်။ တာကျိုးတာကို ပြင်နေတာက မအောင်မြင်သလို ဖြစ်နေတယ်”…

  • အထူးလေ့ကျင့်ထားပြီး လက်သံပြောင်တဲ့ KIA+KPDF စနိုက်ပါ ရဲ့ လက်ချက်

    အထူးလေ့ကျင့်ထားပြီး လက်သံပြောင်တဲ့ KIA+KPDF စနိုက်ပါ ရဲ့ လက်ချက်

    ကချင်ဒေသထဲက ဗန်းမော်၊ ရွှေကူအပါ မြို့နယ် ၅ ခု မှာ တိုက်ပွဲပုံမှန်ဖြစ်နေ ကချင်ပြည်နယ်ထဲက မြို့နယ် ၅ ခုမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်နေပြီး တိုက်ပွဲပုံမှန်ဖြစ်ပွားလျက်ရှိနေတယ်လို့ KIO ပြောပါတယ်။ လက်ရှိ ကချင်ဒေသထဲက ရွှေကူ၊ ဗန်းမော်၊ ဝိုင်းမော်၊ အင်းတော်ကြီး၊ ဖားကန့် နဲ့ ခေါင်လန်ဖူး ဒေသတွေမှာ ထိတွေ့တိုက်ပွဲ အများဆုံးဖြစ်ပွားနေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “အခုတိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေက ရွှေကူ၊ ဗန်းမော်၊ ဝိုင်းမော်ဘက်မှာက မြေပြင်စစ်ပွဲမရှိပေမယ့် အချိန်ပြည့် စစ်ရေးတင်းမာတာတော့ရှိတယ်။ နောက်ပြီး အင်းတော်ကြီးဘက်ဖြစ်တယ်။ စစ်ကိုင်းအစပ်တွေဘက်ကတော့ ပုံမှန်ဖြစ်နေတယ်။ ပြီးရင် ပူတာအိုဒေသ ခေါင်လန်ဖူးဘက်မှာလည်းဖြစ်တယ်“လို့ ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ် ၅…

  • ဘယ်လိုမှ မထိန်းနိုင်တဲ့ AA ရဲ့ ခုခံတန်ပြန်ထိုးစစ်

    ဘယ်လိုမှ မထိန်းနိုင်တဲ့ AA ရဲ့ ခုခံတန်ပြန်ထိုးစစ်

    ရေကြည်နှင့်သာပေါင်းမြို့နယ်တို့တွင် ထိုးစစ်ဆင်လာသော စစ်တပ်ကို AA က ခုခံတိုက် ခိုက်မှု စစ်ကြောင်းများ တပ်လန်ကာဆုတ်ခွာ ရခိုင်သို့ ဦးတည်၍ တိုင်း ၃ ခု၊ ပြည်နယ် ၁ ခုတို့နှင့်ထိစပ်နေရာများမှ စစ်တပ်က ၂ နှစ်နီးပါးထိုးစစ်ဆင်သော်လည်း AA ခုခံစစ်ကို မကျော်လွှားနိုင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအစပ်၊ ရေကြည်နှင့် သာပေါင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာရာ အာရက္ခတပ်တော် (AA) က ခုခံတန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီတပ်များ တပ်လန်ဆုတ်ခွာသွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။ ရခိုင်ဒေသအတွင်း ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်နေသည့် ဒေသများမှ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပုံစံအမျိုးမျိုးဖြင့် အကြိမ်ကြိမ်ပြုလုပ်နေခဲ့ပြီး ယခုအခါ ရခိုင်-ဧရာဝတီအစပ်ဒေသတွင် တိုက်ပွဲများ…

  • ပျောက်ဆုံးနေတဲ့ ဆရာမကြီးကို မြောင်းမြဘက်မှာ ပြန်တွေ့လိုက်ရတဲ့ ရင်ကွဲစရာ အခြေအနေ!

    ပျောက်ဆုံးနေတဲ့ ဆရာမကြီးကို မြောင်းမြဘက်မှာ ပြန်တွေ့လိုက်ရတဲ့ ရင်ကွဲစရာ အခြေအနေ!

    ပျောက်ဆုံးနေတဲ့ ဆရာမကြီးကို မြောင်းမြဘက်မှာ ပြန်တွေ့လိုက်ရတဲ့ ရင်ကွဲစရာ အခြေအနေ! ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ပုသိမ်မြို့မှာ ရုတ်တရက် အစအနဖျောက် ပျောက်ဆုံးသွားခဲ့တဲ့ အမှတ် (၃) ရပ်ကွက်က ဆရာမကြီး ဒေါ်အေးအေးမြင့်ရဲ့ ဖြစ်စဉ်ဟာ အခုတော့ ရင်ကွဲဖွယ်ရာ ဇာတ်သိမ်းသွားခဲ့ပါပြီ။ နေ့မနား ညမအား မျှော်လင့်ချက်တွေနဲ့ လိုက်လံရှာဖွေနေခဲ့ကြတဲ့ မိသားစုဝင်တွေနဲ့ တပည့်တွေအတွက်တော့ တကယ့်ကို ဖြေဆည်ရာမဲ့စရာ အဖြစ်ဆိုးကြီးပါပဲ။ မနေ့က (ဩဂုတ်လ ၁၃ ရက်နေ့) မှာတော့ မြောင်းမြမြို့နယ်အပိုင်၊ ငမြင်းချောင်းထဲမှာ ရေစီးနဲ့ မျောပါလာတဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ် (DB) တစ်ခုကို ရုတ်တရက် သွားရောက် တွေ့ရှိခဲ့ပါတယ်။ အဆိုပါ သတင်းကြောင့် လူမှုကူညီရေးအသင်းတွေက မြောင်းမြပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့ရာမှာ၊ မိသားစုဝင်တွေ ကိုယ်တိုင်သွားရောက် ကြည့်ရှုပြီး ဆရာမကြီး ဟုတ်မှန်ကြောင်းကို…