ရေကြည်နှင့်သာပေါင်းမြို့နယ်တို့တွင် ထိုးစစ်ဆင်လာသော စစ်တပ်ကို AA က ခုခံတိုက် ခိုက်မှု စစ်ကြောင်းများ တပ်လန်ကာဆုတ်ခွာ
ရခိုင်သို့ ဦးတည်၍ တိုင်း ၃ ခု၊ ပြည်နယ် ၁ ခုတို့နှင့်ထိစပ်နေရာများမှ စစ်တပ်က ၂ နှစ်နီးပါးထိုးစစ်ဆင်သော်လည်း AA ခုခံစစ်ကို မကျော်လွှားနိုင်

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအစပ်၊ ရေကြည်နှင့် သာပေါင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာရာ အာရက္ခတပ်တော် (AA) က ခုခံတန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီတပ်များ တပ်လန်ဆုတ်ခွာသွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။
ရခိုင်ဒေသအတွင်း ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်နေသည့် ဒေသများမှ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပုံစံအမျိုးမျိုးဖြင့် အကြိမ်ကြိမ်ပြုလုပ်နေခဲ့ပြီး ယခုအခါ ရခိုင်-ဧရာဝတီအစပ်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည်ဟု AA က ဆိုသည်။

ဩဂုတ် ၁၂ ရက်တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ပွိုင့် ၁၀၁ ကုန်းအနီးနှင့် သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်များက အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်လာခဲ့သဖြင့် တစ်နေ့တည်းတွင် နေရာ ၅ ခု၌ တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသည့် တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၀၁ တပ်ရင်းနှင့် AA တို့သည် သာပေါင်းကလေးကျေးရွာ၏ အရှေ့ဘက် မီတာ ၁,၀၀၀ ခန့်အကွာတွင် ဩဂုတ် ၁၂ ရက် နံနက် ၆ နာရီ ၅၃ မိနစ်မှ ၉ နာရီ ၅၃ မိနစ်အထိ ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် မြေပြင်လက်နက်ကြီးပစ်ကူများ အသုံးပြု၍ ထိုးစစ်ဆင်ခဲ့သော်လည်း AA တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ပြီးနောက် တန်ပြန်ထိုးစစ်ဆင်ခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်တွင် ထိခိုက် ကျဆုံးမှုများရှိကာ တပ်လန်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းအချို့နှင့် လက် နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းလည်း AA က ဆိုသည်။

ထို့အပြင် ရေကြည်မြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသည့် တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ နှင့် ခလရ ၁၁ တပ်ရင်းများနှင့် AA တပ်ဖွဲ့ဝင်များသည် ပွိုင့် ၁၀၁ ကုန်း၏ တောင်ဘက် မီတာ ၃၇၃ ခန့်အကွာတွင် ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီ ၃၉ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အလားတူ ပွိုင့် ၁၀၁ ကုန်း၏ အနောက်တောင်ဘက် ၁.၁၃ ကီလိုမီတာခန့်အကွာတွင်လည်း ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၂၄ မိနစ်မှ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် အဆိုပါ တိုက်ပွဲဖြစ်ပွားသည့်နေရာများအနီးရှိ နေရာ ၂ ခုတွင်လည်း စစ်ကောင်စီတပ်များက AA တပ်ဖွဲ့ဝင်များရှိရာ နေရာများသို့ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဉ်၊ Y-12 လေယာဉ်၊ ဒရုန်းများနှင့် မြေပြင်လက်နက်ကြီးပစ်ကူများ အသုံးပြုကာ စစ်ကြောင်းများခွဲ၍ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ခဲ့ကြောင်း AA က ဆိုသည်။

သို့သော် AA တပ်ဖွဲ့ဝင်များ၏ ခုခံတန်ပြန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ တပ်လန်ဆုတ်ခွာခဲ့ရပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနှင့် လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က အာရက္ခပြည်အတွင်းသို့ ထိုးဖောက်ဝင်ရောက် နိုင်ရန်အတွက် အာရက္ခဒေသနှင့် ထိစပ်လျက်ရှိသော တိုင်း ၃ တိုင်း၊ ပြည်နယ် ၁ ခုတို့နှင့် နယ်မြေထိစပ်နေသည့် နေရာများမှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် ပြုလုပ်နေခဲ့သည်မှာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးခန့် ရှိလာခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း AA က ထုတ်ပြန်ထားသည်။
ဒီတခါ
ကျောက်ဖြူက
ပို့သလောက်
အထောက်အကူ မဖြစ်တော့ဘူး အဘ😄
လာသမျှ
မသာချပေးမယ့်
AA က လက်စွမ်းပြနေပြီ။
ဘဝနေအဝင်
မိုးမချုပ်ခင်
အထုပ်ပြင်ပြီး
မြန်မြန်ဒိုးတော့😁
ဒိုးရတော့မယ်…အချစ်ရေ…
အာဟ…အာဟ…(ကျော်ဟိန်း အသံဖြင့်)😆



Leave a Reply