📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဟန်ဆောင်ပြုပြင်မှုတွေလုပ်ပြနေပေမယ့် အခြေအနေ ပိုဆိုးလာတဲ့ လေးမျက်နှာမြို့နယ်

လေးမျက်နှာမြို့နယ်၊ ငဝန်မြစ်ရေကာတာကျိုးပေါက်မှု စစ်တပ်က ပြုပြင်နေသည်ဟုဆိုသော်လည်း မြစ်ရေများ ထပ်မံဝင်ရောက်လာသဖြင့် ရေဘေးအခြေအနေပြန်လည်ဆိုးလာ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာကျိုးပေါက်ပြီး ရေဝင်ရောက်မှုကို စစ်ကောင်စီတပ်နှင့် သက်ဆိုင်ရာအဖွဲ့များက ပြုပြင်ထိန်းချုပ်နေသော်လည်း ငဝန်မြစ်ရေ ပြန်လည်မြင့်တက်လာခြင်းကြောင့် တာကျိုးနေရာမှ ရေဝင်အား ပြန်လည်မြင့်တက်လာပြီး ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း ပရဟိတအဖွဲ့များနှင့် ရေဘေးအခြေအနေ စောင့်ကြည့်လေ့လာနေသူများထံမှ သိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့ နံနက်အစောပိုင်း ငဝန်မြစ်ရေကာတာကျိုးပေါက်ပြီးနောက် ရေအနည်းငယ် ကျဆင်းခဲ့သော်လည်း ဩဂုတ်လ ၁၁ ရက်နေ့မှစတင်၍ ရေပြန်လည်မြင့်တက်လာပြီး ရေတိုးဝင်မှုများ ပြန်လည်ဖြစ်ပေါ်နေကြောင်း၊ ရေဘေးအခြေအနေမှာလည်း ဆိုးရွာနေဆဲဖြစ်ကြောင်း သိရသည်။

“ရေက ပြန်တက်လာတယ်။ လွန်ခဲ့တဲ့ ၁ ရက်၊ ၂ ရက်လောက်က ကျနေတဲ့ရေက ပြန်တက်လာတယ်။ ရေပြန်တိုးလာတယ်။ တာကျိုးတာကို ပြင်နေတာက မအောင်မြင်သလို ဖြစ်နေတယ်” ဟု ပရဟိတအဖွဲ့များဘက်က ပြောဆိုသည်။

Geographical Society of Myanmar (GSM) ၏ ရေကြီးရေလျှံမှု အခြေအနေစောင့်ကြည့်ချက်အရ ငဝန်မြစ်တာကျိုးမှုမှ ရေဝင်အားသည် ဩဂုတ် ၉ ရက်တွင် ကျဆင်းခဲ့ပြီးနောက် ငဝန်မြစ်ရေ ပြန်လည်မြင့်တက်လာခြင်းနှင့်အတူ တာကျိုးနေရာမှ ရေဝင်အားလည်း ပြန် လည်မြင့်တက်လာကြောင်း သိရသည်။

ဩဂုတ် ၄ ရက်မှ ၁၀ ရက်အထိ ငဝန်မြစ်တာကျိုးနေရာမှ ရေဝင်နှုန်းမှာ ဩဂုတ် ၄ နှင့် ၅ ရက်တွင် တစ်စက္ကန့်လျှင် ရေကုဗမီတာ ၄၀၀ ခန့်၊ ဩဂုတ် ၆ ရက်တွင် ၃၈၀ ကုဗမီတာ၊ ဩဂုတ် ၇ ရက်တွင် ၃၁၀ ကုဗမီတာ၊ ဩဂုတ် ၈ ရက်တွင် ၂၆၀ ကုဗမီတာ၊ ဩဂုတ် ၉ ရက်တွင် ၂၅၀ ကုဗမီတာနှင့် ဩဂုတ် ၁၀ ရက်တွင် ၂၇၀ ကုဗမီတာခန့် ရှိခဲ့ကြောင်း GSM ၏ တိုင်းတာချက်များအရ သိရသည်။

ဩဂုတ် ၄ ရက် ရေဝင်နှုန်းကို ၁၀၀ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ပါက ဩဂုတ် ၉ ရက်တွင် ရေဝင်နှုန်း ၃၇ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သော်လည်း နောက်ပိုင်းတွင် ငဝန်မြစ်ရေ ပြန်လည်မြင့်တက်လာပြီး ရေဖိအား (Hydraulic Head) မြင့်တက်လာခြင်းကြောင့် တာကျိုးနေရာမှ ရေဝင်အားလည်း ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်၏ တာပိတ်လုပ်ငန်းကြောင့် ရေဝင်ပေါက်၏ အကျယ်အဝန်း ကျဉ်းလာသော် လည်း ငဝန်မြစ်ရေ ပြန်လည်မြင့်တက်လာခြင်းကြောင့် ရေဖိအားမြင့်တက်ကာ ရေစီးအရှိန်နှင့် ရေဝင်အား ပြန်လည်မြင့်တက်နိုင်သည့် အခြေအနေဖြစ်နေကြောင်း သိရသည်။

ထို့ပြင် ဩဂုတ် ၁၄ ရက် နံနက် ၆ နာရီခွဲအချိန် ငသိုင်းချောင်းစခန်း၏ ရေအမှတ်မှာ ၁,၁၃၁ စင်တီမီတာအထိ ရှိလာပြီး စိုးရိမ်ရေမှတ် ၁,၁၆၀ စင်တီမီတာအောက် ၂၉ စင်တီမီတာသာ ကျန်ရှိတော့ကြောင်း သိရသည်။

လက်ရှိ စစ်တပ်၏ ငဝန်မြစ်တာပိတ်လုပ်ငန်းတွင် Steel Sheet Pile စုစုပေါင်း ၂၈၀ တိုင်ခန့် လိုအပ်ပြီး ဩဂုတ် ၁၃ ရက်အထိ ၇၂ တိုင် ရိုက်သွင်းပြီးဖြစ်ကာ ၂၀၈ တိုင်ခန့် ကျန်ရှိနေကြောင်း သိရသည်။

စစ်တပ်က ၁ ရက်လျှင် Steel Sheet Pile ၁၀ တိုင်မှ ၁၂ တိုင်ခန့် ရိုက်သွင်းနိုင်သည့်နှုန်းအရ ကျိုးပျက်နေသော ငဝန်မြစ်ရေကာတာကို အပြည့်အဝပိတ်နိုင်ရန် နောက်ထပ် ၁၇ ရက်မှ ၂၁ ရက်ခန့် ကြာမြင့်နိုင်ပြီး လုပ်ငန်းခွင်အခြေအနေအရ ၅ ရက်ခန့် အတိုးအလျှော့ ရှိနိုင်ကြောင်း သိရှိရသည်။

ငဝန်မြစ်ရေကာတာ တာပိတ်လုပ်ငန်းများကို စစ်တပ်က လုပ်ဆောင်နေသည့်ကြားမှ ငဝန်မြစ်ရေ ပြန်လည်မြင့်တက်လာခြင်းနှင့် တာကျိုးနေရာမှ ရေဝင်အား တစ်စက္ကန့်လျှင် ၄၈၀ ကုဗမီတာခန့်အထိ ပြန်လည်မြင့်တက်နေခြင်းတို့ကြောင့် လက်ရှိ ရေဘေးအခြေအနေမှာ ဆက်လက်စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

တစ်ဖက်တွင်လည်း ငဝန်မြစ်ရေကာတာကျိုးမှုကြောင့် လေးမျက်နှာမြို့နယ်နှင့် အနီးဝန်း ကျင်ဒေသများတွင် ရေဝင်ရောက်မှုများနှင့်ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

လက်ရှိအချိန်အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၂၁ ရွာ၊ ဟင်္သာတမြို့နယ်အတွင်း ကျေးရွာ ၃၇ ရွာ၊ ရေကြည်မြို့ပေါ် ရပ်ကွက် ၄ ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၂၇ ရွာ၊ ငသိုင်းချောင်းမြို့ပေါ် ရပ်ကွက် ၂ ခု၊ ကျုံပျော်မြို့ပေါ် ရပ်ကွက် ၂ ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၉ ရွာတို့အပါအဝင် စုစုပေါင်း မြို့ပေါ်ရပ်ကွက် ၁၃ ခုနှင့် ကျေးရွာ ၁၉၄ ရွာမှာ ရေကြီးမှုများ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအခြေအနေအရ ငဝန်မြစ်တာကျိုးမှုကို ပြုပြင်ပိတ်ဆို့နေသော်လည်း ငဝန်မြစ်ရေ ပြန်တက်လာခြင်း၊ တာကျိုးနေရာမှ ရေဝင်အား ပြန်လည်မြင့်တက်လာခြင်းနှင့် မြေနိမ့်ဒေသများနှင့် ကျေးရွာများသို့ ရေများ စုဝေး ဝင်ရောက်နေပြီးသားဖြစ်ခြင်းတို့ကြောင့် ရေကြည်–ကျုံပျော်–ငသိုင်းချောင်းဘက်ရှိ မြေနိမ့်ဒေသများ၊ ချောင်းဆုံများ၊ ရေကျော်နေရာများနှင့် ရေစီး ကြောင်းများကို ဆက်လက်အထူးစောင့်ကြည့်ရန် လိုအပ်နေကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်