Author: Baby Yit Lone

  • Non-CDM ဝန်ထမ်းများ၏ ဖုန်းနှင့် ကွန်ပျူတာများကို MAC Address မှတ်ပုံတင်ခိုင်း

    Non-CDM ဝန်ထမ်းများ၏ ဖုန်းနှင့် ကွန်ပျူတာများကို MAC Address မှတ်ပုံတင်ခိုင်း

    နေပြည်တော် စစ်ရုံးနှင့် ဝန်ကြီးဌာနအချို့တွင် သတင်းပေါက်ကြားမှုကို အရေးယူရန်အတွက် Non-CDM ဝန်ထမ်းများ၏ ဖုန်းနှင့် ကွန်ပျူတာများကို MAC Address မှတ်ပုံတင်ခိုင်းပြီး စောင့်ကြည့်နေ နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အချို့သော ဝန်ကြီးဌာနရုံးများတွင် အရာရှိများနှင့် ဝန်ထမ်းများ၏ ကိုယ်ပိုင်လက် ကိုင်ဖုန်းများ၊ ကွန်ပျူတာများမှတစ်ဆင့် သတင်းပေါက်ကြားမှုကို ထိန်းချုပ်ရန်အတွက် စက်ပစ္စည်းတစ်ခုချင်းစီ၏ Media Access Control- MAC Address များကို မဖြစ်မနေ မှတ်ပုံတင်ခိုင်းကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောကြားသည်။ စစ်တပ်က ဝန်ကြီးဌာနအတွင်း ရုံးတွင်းလျှို့ဝှက်ချက်များနှင့် သတင်းအချက်အလက်များ အပြင်သို့ ပေါက်ကြားမှုကို ဟန့်တားရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ထိန်းချုပ်မှုများကို တိုးမြှင့်လုပ်ဆောင်လာခြင်း ဖြစ်သည်။ Non-CDM အရာရှိနှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ ကွန်ပျူတာ၊ ဖုန်း စက်ပစ္စည်း (Hardware)…

  • လောင်းကစားဝိုင်းများထံ ငွေတောင်းရမ်းခဲ့သော မွန်ပါတီ နယ်ထိန်းနှင့် အုပ်ကြီးလောက်ပင် အဆင့်မရှိဟုဆို

    လောင်းကစားဝိုင်းများထံ ငွေတောင်းရမ်းခဲ့သော မွန်ပါတီ နယ်ထိန်းနှင့် အုပ်ကြီးလောက်ပင် အဆင့်မရှိဟုဆို

    လောင်းကစားဝိုင်းများထံ ငွေတောင်းရမ်းခဲ့သော မွန်ညီညွတ်ရေးပါတီ၏ ဂုဏ်သိက္ခာမှာ နယ်ထိန်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများလောက်ပင် အဆင့်မရှိတော့ကြောင်း ဒေသခံအချို့က ဆိုသည်။ မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ရန်ဆိုသည့် ခေါင်းစဉ်ဖြင့် မွန်ညီညွတ် ရေးပါတီမှ တရားမဝင် ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် ပါတီဝင်တို့သည် ပေါင်မြို့နယ်အ တွင်းဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများထံ မေ ၈ ရက်နှင့် ၉ ရက်တို့၌ လိုက်လံတောင်းရမ်းခဲ့သည့် အပေါ် ဒေသခံပြည်သူတို့က နှုတ်ခေါင်းရှုံ့ခဲ့ကြသည်။ “၁၀ ရက်မှာ မွန်ညီညွတ်ရေးပါတီ ဗဟိုက လူကြီးတွေက ပေါင်က လိုက်တောင်းရမ်းတဲ့သူတွေကို ခေါ်တွေ့တယ်လို့ သိရတယ်။ ဘာတွေပြောသလဲတော့ မသိဘူး။ မီဒီယာမှာ ဟိုးလေးတကျော် ပါထား တဲ့ကိစ္စကို ဘာမှပြန်မဖြေရှင်းဘူးဆိုတော့ ဒီလိုတောင်းရမ်းတာကို ပါတီဗဟိုကလည်း သဘောတူ တယ်လို့ မှတ်ယူရမယ်”ဟု ဒေသတွင်းပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။…

  • ရက်လည်ချိန်ထိ DB မမြင်ရသေးတဲ့ ကိုသဲမောင်ရဲ့ ဇနီး

    ရက်လည်ချိန်ထိ DB မမြင်ရသေးတဲ့ ကိုသဲမောင်ရဲ့ ဇနီး

    နိုင်ငံခြားသင်္ဘောပေါ်မှာ ဆုံးသွားတာ ၇ ရက်ပြည့်သွားပေမယ့် DB မမြင်ရသေးလို့ ရင်ထဲမချိဖြစ်နေတဲ့ ကိုသဲမောင်ရဲ့ ဇနီး 💔 ပြီးတဲ့ရက်ပိုင်းတုန်းက သင်္ဘောပေါ်မှာ မြန်မာသဘော်သားနှစ်ဦး အောက်စီဂျင် ပြတ်လပ်ပြီး ဆုံးသွားတဲ့ဖြစ်ရပ်ထဲက ကိုသဲမောင်ရဲ့ ဇနီးကတော့ သူမရဲ့ ခံစားချက်ကို လူမှုကွန်ယက်ကနေ ရင်ဖွင့်လာပါတယ်။ “၁၃.၅.၂၀၂၆ မယုံကြည်နိုင်သေးပေမယ့် မရောက်ချင်တဲ့ ၇ ရက်ပြည့်ရက်ကို ရောက်လာခဲ့ပြီပေါ့ ကိုရယ်။ အခုထိလည်း ရင်ထဲမှာ ဘလောင်ဆူပြီး ဘယ်လိုမှ ဖြေမဆယ်နိုင်သေးပါဘူး။ သမီးလေးက ငယ်သေးတော့ ဘာမှမသိနားမလည်ရှာပေမယ့် သားသားကတော့ ဖေဖေ မရှိတော့တာကို သိပြီး အရမ်းဝမ်းနည်းနေရှာတယ်။ သားသားကို ဘယ်လိုဖြေသိမ့်ပေးရမလဲ ကိုရယ်… ချစ်လည်း ရင်ကျိုးရပါတယ်။ ဒီနေ့မှာ ချစ်တို့ သားအမိတွေ ကိုယ့်အတွက် ရည်စူးပြီး ပြုသမျှ ကုသိုလ်အစုစုကို သာဓု…

  • ထမကြည့်နိုင်တော့တဲ့ အဘ

    ထမကြည့်နိုင်တော့တဲ့ အဘ

    “အဘရေ ထ ကြည့်ပါအုံး ဆိုပေမယ့် ထမကြည့်နိုင်တော့တဲ့ အဘ ရဲ့အဖြစ်ဆိုး” တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုအတွင်းသေဆုံးသွားတဲ့စစ်ကောင်စီတပ်ကအရာရှိဆိုသူကို စစ်သားတယောက်က ပွေ့ပြီး အဘရေထ​ကြည့်ပါအုံးဆိုပြီး လှုပ်နှိုးအော်ဟစ်နေတဲ့မြင်ကွင်းပါ။ လေကြောင်းကိုသာအဓိကအားကိုးပြီးတိုက်ခိုက်နေရတဲ့စစ်ကောင်စီတပ်ရဲ့ တပ်ဖွဲ့ဝင်တွေဟာ မြေပြင်စစ်မျက်နှာပြင် ရှေ့တန်းမှာ အများအပြားသေဆုံးနေပါတယ်။ ဒါပေမယ့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကတော့ ပေါ်တာဆွဲပြီး လူငယ်တွေနဲ့ စစ်အင်အားဖြည့်တင်းနေသလို စစ်မှုထမ်းနဲ့ရှေ့တန်းရောက်လာတဲ့ လူငယ်အများအပြား သေဆုံးနေကြရပြီး တော်လှန်ရေးအင်အားစုတွေဆီ အများအပြားဘက်ပြောင်းခိုလှုံနေကြပါတယ်။ (ရုပ်သံအဟောင်းဖြစ်သည်)

  • နိုင်ငံရေးအကျဉ်းသားများကို ပြင်ပထုတ်၍ သတ်ဖြတ်ရန် စစ်တပ်၏ အမိန့်ပေးမှုကို ဖော်ဆောင်ခဲ့သူ

    နိုင်ငံရေးအကျဉ်းသားများကို ပြင်ပထုတ်၍ သတ်ဖြတ်ရန် စစ်တပ်၏ အမိန့်ပေးမှုကို ဖော်ဆောင်ခဲ့သူ

    မနိုဘယ်လ်အေး နှင့် ရဲဘော်ကိုလေးခွင်းကို စစ်တပ်က ပစ်သတ်မှု အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ပြင်ပထုတ်၍ သတ်ဖြတ်ရန် စစ်တပ်၏ အမိန့်ပေးမှုကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်ဟောင်း မျိုးဆွေနှင့် ဝန်ထမ်းများက ပူးပေါင်းအကောင်အထည်ဖော်ပေးခဲ့ မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများကို ညှဉ်းပန်းဖိနှိပ် သတ်ဖြတ်ရန် စစ်ခေါင်းဆောင်များက အမိန့်ပေးမှုအပေါ် အကျဉ်းဦးစီးညွှန်ချုပ် ဗိုလ်မှူးချုပ်ဟောင်း မျိုးဆွေနှင့်ဝန်ထမ်းများက အကောင်အထည်ဖော်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသူ မနိုဘယ်လ်အေးနှင့်ရဲဘော်ကိုလေးခွင်းတို့ကို သတ်ဖြတ်မှုတွင် အကျဉ်းဦးစီးဌာနက ပါဝင်ခဲ့ကြောင်း အကျဉ်းစီးဌာနသတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ရာထူးကို ရယူခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း မျိုးဆွေသည် ရှမ်း ပြည်နယ် (တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့အခြေစိုက် အမှတ် ၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၃) ၏ ကျောင်းအုပ်ကြီးအဖြစ်မှ…