Author: Baby Yit Lone
-

နေပြည်တော်တွင် မဲစာရင်း ၁ သောင်းကျော် မှားယွင်းနေ
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ မြို့နယ် ၈ မြိုနယ်မှာ မဲစာရင်း တသောင်းကျော် ကွာဟနေတာကြောင့် ပြန်လည်ပြင်ဆင်ဖို့ လျှောက်ထားနေရတယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပျဉ်းမနားနဲ့ ဇမ္မူသီရိမြို့နယ်က မဲစာရင်းမှာ လက်ရှိနေထိုင်သူတွေမပါဘဲ ပြောင်းရွှေ့သွားသူတွေနဲ့ သေဆုံးသွားသူတွေ ပါနေတာကြောင့် ပုံစံ ၄ အရ ကန့်ကွက်နေရတယ်လို့ Non CDM ဝန်ထမ်းတယောက်က ပြောပါတယ်။ “ပျဉ်းမနားခရိုင်မှာ ရပ်ကျေးအုပ်ချုပ်ရေးက စာရင်းမကောက်ဘဲ အရင်စာရင်းဟောင်းကိုတွေကို ထွေအုပ်ကိုပို့၊ ထွေအုပ်ကလည်း မစိစစ်ဘဲ UEC ကိုပို့တာ။ အချို့ရပ်ကွက်တွေမှာ ဘယ်လောက်ဆိုးလဲဆိုရင် ကိုယ်စားလှယ်နာမည်တောင် မဲစာရင်းမှာမပါဘူး။ ပုံစံ ၄ အရ ကန့်ကွက်လွှာပြန်တင်၊ အစကနေ ပြန်လုပ်နေရတယ်” လို့ပြောပါတယ်။ ပုဗ္ဗသီရိနဲ့ဇေယျာသီရိမြို့နယ်မှာတော့ မဲစာရင်းကွာဟမှု ၃,၂၀၀ ကျော်ရှိပြီး ပုံစံ ၃ အရ မဲစာရင်းမှာ…
-

ဘုန်းကြီးနဲ့ သီလရှင်တွေ TikTok ဆော့ပြီး Cele မလုပ်ဖို့ သံဃနာယက တားမြစ်
ဘုန်းကြီးနဲ့ သီလရှင်တွေ TikTok ဆော့တာ၊ အွန်လိုင်းဂိမ်းကစားတာနဲ့ Live လွှင့်ပြီး ဗုဒ္ဓဘာသာ ထိခိုက်ညှိုးနွမ်းစေတဲ့ အပြုအမှုတွေကို ဆက်လက်မလုပ်ဆောင်ဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တားမြစ်လိုက်ပါတယ်။ နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ ပထမအကြိမ် ဒွာဒသမ အစည်းအဝေးမှာ အခုလို တားမြစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ “မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်များရှိ ကျောင်းတိုက်အသီးသီးမှ ရဟန်း၊ သာမဏေ၊ သီလရှင်၊ ဖိုးသူတော်များအနေဖြင့် TikTok နှင့် Social Media များပေါ်တွင် ဗုဒ္ဓဘာသာကို ထိခိုက်ညှိုးနွမ်းစေသည့် သာမဏသာရုပ္ပ မဖြစ်သည့် TikTok ကစားခြင်း၊ Cele လုပ်ခြင်းတို့ကို မပြုလုပ်ရေး ထိရောက်စွာ ဟန့်တားနိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့ (ဂိုဏ်းစုံ) သို့ ညွှန်ကြားသွားရန်” လို့ အစည်းအဝေးဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။ “အဲဒီစာက ရက်နည်းနည်းကြာပြီ၊…
-

မန္တလေးတွင် ဖုန်းအားသွင်းရန် အိပ်ရာပေါ်သွယ်တန်းထားသည့်ပလပ်ခုံ အပူလွန်မီးလောင်
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာ အောက်တိုဘာ ၁၀ ရက်မနက်ပိုင်းက အိပ်ရာပေါ် ဖုန်းအားသွင်းဖို့အတွက် မီးပလပ်ခုံ သွယ်တန်းရာကနေကနေ အပူလွန်ကဲပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရဲမွန်တောင်ရပ်ကွက်၊ ၅၉ လမ်း၊ ၃၉ D လမ်းနဲ့ ၃၉ E လမ်းကြားမှာ အိပ်ရာပေါ်တင်ထားတဲ့ ပလပ်ခုံ အပူလွန်ကဲလို့ မီးလောင်ခဲ့တာဖြစ်ပြီး ၃၅ ပေ ၂၀ ပေ၊ သွပ်မိုး ထရံကာ၊ တထပ် အဆောက်အအုံနဲ့ အတွင်းပစ္စည်းတွေ၊ ဆိုင်ကယ် ၂ စီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “မီးလောင်မှုက အောက်တိုဘာ ၁၀ ရက် မနက် ၇ နာရီ မိနစ် ၃၀ လောက်မှာဖြစ်တာ။ မီးလောင်မှုကြောင့် ပစ္စည်းတွေတော့ ဆုံးရှုံးခဲ့တယ်။…
-

စစ်တပ်၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆောင်ရွက်ပေးရန် အာဆီယံသို့ NUG ၊ CRPH ၊ NUCC နှင့်တိုင်းရင်းသားတော်လှန်ရေးတပ်များ အပါအဝင် အဖွဲ့ ၂၀ ကတောင်းဆို
စစ်တပ်၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆောင်ရွက်ပေးရန် အာဆီယံသို့ NUG ၊ CRPH ၊ NUCC နှင့်တိုင်းရင်းသားတော်လှန်ရေးတပ်များ အပါအဝင် အဖွဲ့ ၂၀ ကတောင်းဆို အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် မည်သည့် ရွေးကောက်ပွဲမဆို ငြင်းပယ်ရန်နှင့် အသိအမှတ်မပြုရန် ၊ နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆေင်ရွက်ပေးရန် အာဆီယံသို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ-CRPH ၊ NUCC နှင့် ကရင်-KNU ၊ ချင်း-CNF ၊ ကချင်-KPICT ၊ ကရင်နီ- KNPP/IEC အပါအဝင် တော်လှန်ရေးတပ်များနှင့်…
-

နတ်ရေကန်ဗျူဟာက စစ်သားတွေ စတင်ထွက်ပြေး
အာရက္ခတပ်တော်(AA) နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်နေတဲ့ နတ်ရေကန်ဗျူဟာထဲက စစ်ကောင်စီတပ်တွေ ဆုတ်ခွာထွက်ပြေးနေပြီး တော်လှန်ရေးတပ်တွေက အပြီးသတ်ထိုးစစ်ဆင်နေပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ သတင်းရင်းမြစ်တစ်ဦးက ဗျူဟာထဲက စစ်ကောင်စီတပ်သားတွေ ထွက်ပြေးကုန်ပြီး ကျသွားပြီဆိုပြီး တပ်တွင်းသတင်းပေးတစ်ယောက်က မနေ့ည ၁၀ နာရီလောက်မှာ သတင်းပို့တယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။ ဒါ့အပြင် နတ်ရေကန်ဗျူဟာရပြီလို့ ပြောလို့ရကြောင်း သူက ဆိုပါတယ်။ အမ်း-ပဒါန်းလမ်းပိုင်းအနီးက လေကြောင်းရန်ကာကွယ်ရေးအတွက် ရေဒါပါ တပ်ဆင်ထားတဲ့ဗျူဟာမြောက်စခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ထိုးစစ်စတင်ခဲ့တာပါ။ ကာကင်းစခန်းကြီးဖြစ်တဲ့ MPT တာဝါတိုင်ကုန်းကို မတ်လမှာ သိမ်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်မှာတော့ AA အပါအဝင် ညီနောင် မဟာမိတ်သုံးဖွဲ့က ငလျင်အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက်…