Author: Baby Yit Lone

  • စစ်ကိုင်း ကောင်းမှုတော်နား ပတ်ကြမ်းတိုက်နေပြီ

    စစ်ကိုင်း ကောင်းမှုတော်နား ပတ်ကြမ်းတိုက်နေပြီ

    စစ်ကိုင်း ကောင်းမှုတော်အနီး စစ်အုပ်စု ငွေညှစ်ဂိတ်က ခရီးသွားတွေကို ကားပေါ်ကဆွဲချ ပေါ်တာဆွဲနေ စစ်ကိုင်းနဲ့ မုံရွာမြို့ပေါ်မှာလည်း စစ်အုပ်စုက အိမ်စီးကားတွေနဲ့ လိုက်လံ ဖမ်းဆီးပေါ်တာဆွဲနေ စစ်ကိုင်းမြို့၊ ကောင်းမှုတော်ဘုရားအနီး၊ မန္တလေး – ရွှေဘို – မုံရွာကားလမ်းပေါ်ရှိ စစ်အုပ်စု ငွေညှစ်ဂိတ်က ခရီးသွား ပြည်သူတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ ဖမ်းဆီး စစ်သားသစ် စုဆောင်းနေပြီး ဒီကနေ့လည်း ခရီးသည်တင် ကားတစ်စီးပေါ် လိုက်ပါလာတဲ့ လူငယ် အမျိုးသား သုံးဦးကို ကားပေါ်က ဆွဲချကာ ဖမ်းခေါ်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဩဂုတ် ၁၈ ရက် ဒီကနေ့ မနက် ၈ နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားအနီး ငွေညှစ်ဂိတ်မှာ ခရီးသွားပြည်သူနဲ့ ကားတွေကို…

  • တကိုယ်တော် ဝုန်းဒိုင်းကြဲတော့မယ့် မဖြူ

    တကိုယ်တော် ဝုန်းဒိုင်းကြဲတော့မယ့် မဖြူ

    တစ်ကိုယ်တော်ခွေသစ် ဖြန့်ချိမယ့် ဖြူဖြူကျော်သိန်း အနုပညာသက်တမ်း ၂၃ နှစ်ပြည့်မှာ ကိုယ်တိုင်ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ၁၁ ပုဒ်ပါဝင်မယ့် တစ်ကိုယ်တော်ခွေသစ်ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ပြောပါတယ်။ “ဂီတသက်တမ်း၂၃ နှစ်ပြည့် အဆိုတော်မလေးတစ်ယောက်ရဲ့ ပြည်‌ပြေးဘဝ ၆ နှစ်အကြာမှာ အခက်အခဲ အတိုက်အခိုက်မျိုးစုံကြားက ပထမဆုံး ပြန်ထွက်လာမယ့် ဂီတလက်ဆောင် သီချင်းခွေလေးဟာ အားပေးနေတဲ့ ချစ်ပရိသတ်ကို စိတ်မပျက်စေရဘူးလို့ မျှော်လင့်ပါတယ်” လို့ ဖြူ‌ဖြူကျော်သိန်းကရေးသားထားပါတယ်။ ဒီအခွေကို ငါဆက်ရှိနေဦးမှာ လို့ နာမည်ပေးထားပြီး ဩဂုတ် ၂၈ ရက်မှာကျရောက်မယ့် ဖခင်ရဲ့ မွေးနေ့ မှာ အမှတ်တရ ဖြန့်ချိမယ်လို့ ဆိုပါတယ်။ “ခွေရဲ့ memory stick ထုတ်တာက ထိုင်ဝမ်မှာ၊ printing house က ဘန်ကောက်မှာ၊…

  • မိတ္ထီလာမှာ ယောက်ျားဖြစ်သူရဲ့ 🔥ရှို့​ခြင်း ခံခဲရတဲ့အမျိုးသမီး ဖြစ်ရပ်ဆန်းတွေနဲ့ ဆုံးရှာပြီ

    မိတ္ထီလာမြို့တွင် ခင်ပွန်းဖြစ်သူက ဓာတ်ဆီလောင်းဆေးလိပ်တိုဖြင့်ပစ်ခြင်း၊ ပလတ်စတစ်ဖြင့်မီးရှို့ကာ ထပ်မံပစ်ပေါက်ခြင်း တို့ကြောင့် ဇနီးဖြစ်သူ မီးလောင်သေဆုံး မိတ္ထီလာမြို့တွင် ခင်ပွန်းဖြစ်သူက ဓာတ်ဆီလောင်းဆေးလိပ်တိုဖြင့်ပစ်ခြင်း၊ ပလတ်စတစ်ဖြင့်မီးရှို့ကာ ထပ်မံပစ်ပေါက်ခြင်း တို့ကြောင့် ဇနီးဖြစ်သူ မီးလောင်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် သြဂုတ် ၁၂ ရက် ည ၉ နာရီခန့်က အမျိုးသားဖြစ်သူ ကိုနိုင်လင်း၂၇ နှစ်သည် အရက်သောက်ပြီး ဇနီးဖြစ်သူ မစုသီရိအောင်၂၈ နှစ် နှင့် စကားများရန်ဖြစ်ရာမှ ဓါတ်ဆီလောင်းကာ မီးရှို့မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရန်ဖြစ်ပြီး ဇနီးဖြစ်သူအိမ်သာသွားနေစဉ် ခင်ပွန်းဖြစ်သူသည် ဆိုင်ကယ်ထဲမှ ဓါတ်ဆီထုတ်ယူခဲ့ပြီး ဇနီးအား ဓါတ်ဆီဖြင့်ပက်ကာ ၎င်းသောက်လက်စ မီးညှိထားသည့် ဆေးလိပ်ဖြင့် ပစ်ပေါက်ခဲ့သော်လည်း မီးမလောင်ခဲ့ ကြောင်း၊ ထို့ကြောင့် အရက်သောက်ရာတွင်…

  • ငါ့သားက ဓားကြီးနဲ့ ရွယ်တော့ အန်တီကကြောက်တာ ပေါ့သားရယ် ကျုပ်တို့က ခြိမ်းခြောက်ရမှာကျုပ်တို့အလုပ် အေးပါသားရယ် အန်တီကအဲ့လိုမလုပ်ပါဘူး လုပ် မေး သားသိချင်တာအကုန်မေး ပြောမှာ လုပ် မေးရတယ် ငါ့သား အမှန်အတိုင်းပြောမှာ မဟုတ်တာလည်းတစ်ခုမှမပြောဘူးလို့ သားအန်တီကို ရိုက်မလို့လား ဖြေ ဖြေမှာ လုပ်ပြောပြော အန်တီရှိခိုးမယ်နော် မဟုတ်တာမပြောဘူး လုပ် မေးမေးမေး မေး မေး ငါ့သား ငါ့သားရယ် အန်တီ့ကို အဲ့လိုမလုပ်ပါနဲ့ ခင်ဗျား စကားတွေသိပ်မပေါနဲ့နော် ကျုပ်စိတ်မရှည်တော့ဘူး အေးပါအေးပါ မေးပါသားရယ် စိတ်မရှည်ဘူး ဒီရှေ့ကိုပဲကြည့်ထားလို့ ခေါင်းကို အောက်ငုံ့ထား … … … ရော့ရော့ အကျ်ီတွေ စင်မယ်ရော့ ဘာလုပ်မှာလဲ ပိုင်းမှာလား သေချာခုတ် လူပြန်ခိုက်မိမယ် တစ်ချက်ချင်းစီခုတ် မင်းတို့ကိုငါပြောထားတယ် ဒီခါလုပ်ဖူးသွားတော့…

  • BGF နဲ့ KNLA-PC ကို အယ်ဘတွေ Fin ကြိတ်ပြီ

    BGF နဲ့ KNLA-PC ကို အယ်ဘတွေ Fin ကြိတ်ပြီ

    ထိုင်းကုန်များ တရားမဝင် သယ်လာသည့် BGF နှင့် KNLA-PC တပ်ဖွဲ့များ ဖမ်းဆီးတရားစွဲခံရ ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) တပ်ဖွဲ့တွေ ရန်ပုံငွေအတွက် တရားမဝင်လမ်းကြောင်းကနေ ထိုင်းနိုင်ငံထုတ် ကုန်စည်တင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၂၀ ကျော်ကို စစ်အာဏာရှင်လက်အောက်ခံ ကရင်ပြည်နယ်၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ဖမ်းဆီးပြီး တရားစွဲဆိုထားပါတယ်။ ဩဂုတ် ၁၅ ရက်က BGF ထိန်းချုပ်ထားတဲ့ လှိုင်းဘွဲမြို့နယ်၊ နန့်သာအုန်းကျေးရွာ သံလွင်မြစ်ကူးဆိပ်မှာ တရားမဝင် တင်ဆောင်လာတဲ့ ထိုင်းနိုင်ငံထုတ် ကုန်စည်တင်ယာဉ် ၂၀ ကျော်ကို စစ်အာဏာရှင်တပ်ကဖမ်းဆီးပြီး ယာဉ်နဲ့အတူ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) နဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေကိုပါ ဖမ်းဆီးခဲ့တာပါ။ မြို့မိမြို့ဖတယောက်က “အခု သူ ဖမ်းထားတာ အစီး ၂၀…