Author: Baby Yit Lone

  • ဦးဝိမလာဘိဝံသနှင့် ခရိုနီ ဦးမိုးကျော်တို့ ကျွန်စိတ်မွှန်နေမှု (ရုပ်သံ)

    ဦးဝိမလာဘိဝံသနှင့် ခရိုနီ ဦးမိုးကျော်တို့ ကျွန်စိတ်မွှန်နေမှု (ရုပ်သံ)

    “လျှာပေါ်မြက်ပေါက်နေပါစေ အာဏာရှင်နှင့်ပူးပေါင်းပြီး လူထုကို သစ္စာမဖောက်”ဟု ဆရာ သရဝဏ်(ပြည်)ဆို ရဟန်းတစ်ပါး ဖြစ်သည့် ဦးဝိမလာဘိဝံသနှင့် ခရိုနီ ဦးမိုးကျော်တို့၏ စာရေးဆရာများ တိုင်းပြည်ဖျက်နေသည်ဟု အပုတ်ချခြင်းအပေါ် သရဝဏ်(ပြည်) က စာရေးဆရာများသည် လျှာပေါ်မြက်ပေါက် နေစေကာမူ အာဏာရှင်နှင့် ပူးပေါင်းပြီး တိုင်းပြည်အပေါ် သစ္စာမဖောက်ဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။ နာမည်ကျော် စာရေးဆရာ သရဝဏ်(ပြည်) ၎င်း၏ လူမှုကွန်ရက်မှ တစ်ဆင့် ယင်းသို့ တုံ့ပြန်ထားခြင်း ဖြစ်သည်။ “ဘောမစာရေးဆရာ စုန်းပြူးတစ်ယောက်တစ်လေကလွဲလို့ သမိုင်းအဆက်ဆက် စာရေးဆရာများဟာ လျှာပေါ်မြက်ပေါက်ပါစေ အာဏာရှင်နဲ့ပေါင်းပြီး ပြည်သူ လူထုကိုသစ္စာမဖောက်ခဲ့ဖူးပါ။ အာဏာရှင်နဲ့ပေါင်းပြီး ပြည်သူလူထုဂုတ်ကိုခွစီးသူတွေဟာ ဦးမိုးကျော်တို့လိုခရိုနီတွေနဲ့ ဟိတဓရဆရာတော်တို့လို ဘောမ ဘုန်းကြီး အချို့သာဖြစ်ပါတယ်။” ဟု သရဝဏ်(ပြည်) က တုံ့ပြန်ရေးသားထားသည်ကို တွေ့ရသည်။ ထို့ပြင်…

  • တီးတိန်မှာ စစ်တပ်က ဗုံးကြဲလို့ PDF ZOLAND ရဲဘော် ၇ ဦး ကျဆုံး

    တီးတိန်မှာ စစ်တပ်က ဗုံးကြဲလို့ PDF ZOLAND ရဲဘော် ၇ ဦး ကျဆုံး

    ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်တပ်က ဗုံးကြဲလို့ PDF Zoland ရဲဘော် ၇ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ မေလ ၆ ရက်၊ ညနေ ၄ နာရီခန့်မှာ တီးတိန်မြို့နယ်၊ ဖူနွမ်းကျေးရွာမှာရှိတဲ့ AG ဘုရားကျောင်း အနီးကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီဘုရားကျောင်းအနားမှာရှိနေတဲ့ PDF Zoland မှ အမျိုးသမီးရဲဘော် ၅ ဦးနဲ့ အမျိုးသားရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ရှေ့တန်းအတွက် ထမင်းဟင်းချက်ပို့ဖို့ ပြင်ဆင်နေကြတာပါ။ အလစ်အငိုက်လည်း ဖြစ်သွားတယ်။ ဒရုန်းနဲ့ ဗုံး ၃ လုံးကြဲတာ။ တလုံးကွဲတယ်။ နောက် နှစ်လုံးက မကွဲဘူး။ နေရာသိသွားလို့ ဒရုန်းနဲ့ ဗုံးလာကြဲတယ်လို့ ယူဆရပါတယ်”…

  • ဖလမ်းမြို့အကြောင်း ဝါဒဖြန့်ဖို့ စစ်တပ်လော်ဘီ ကျော်စိုးဦး လိုက်ပါလာတဲ့ စစ်ယာဉ်တန်း တိုက်ခိုက်ခံရ

    ဖလမ်းမြို့အကြောင်း ဝါဒဖြန့်ဖို့ စစ်တပ်လော်ဘီ ကျော်စိုးဦး လိုက်ပါလာတဲ့ စစ်ယာဉ်တန်း တိုက်ခိုက်ခံရ

    ဖလမ်းမြို့အကြောင်း ဝါဒဖြန့်ဖို့ စစ်တပ်လော်ဘီ ကျော်စိုးဦး လိုက်ပါလာတဲ့ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၇ ဦး သေဆုံး ချင်းပြည်နယ်၊ ဖလမ်းမြို့အကြောင်း ဝါဒဖြန့်ဖို့အတွက် စစ်တပ်လော်ဘီ ကျော်စိုးဦး လိုက်ပါလာတဲ့ စစ်ယာဉ်တန်းဟာ ကလေး – သိုင်းငင်း လမ်းပိုင်းမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ မေလ ၆ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ဖလမ်းမြို့ကို ထွက်ခွာလာတဲ့ ‌ကားအစီး ၂၀၊ မော်တော်ဆိုင်ကယ် ၁၅၀ ကျော်နဲ့ ထွက်ခွာလာတဲ့ စစ်ယာဉ်တန်းဟာ ကလေး – သိုင်းငင်း လမ်းပိုင်းတနေရာမှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဖလမ်းမြို့နယ်က စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ “ဖလမ်းမြို့မှာ စစ်အုပ်ချုပ်ရေးယန္တရား တည်ဆောက်ဖို့အတွက် Non…

  • ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီလို့ သတင်းထွက်ပေါ်

    ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီလို့ သတင်းထွက်ပေါ်

    ကရင်ပြည်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီလို့ သတင်းထွက်ပေါ် အကျဉ်းထောင်အတွင်း ကျန်းမာရေးချို့ယွင်းခဲ့ရတဲ့ ကရင်ပြည် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ဘားအံမြို့ရှိ တပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားပြီဖြစ်တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။ စစ်အုပ်စုနဲ့ နီးစပ်တဲ့ Telegram ချန်နယ်တွေရဲ့ ဖော်ပြချက်အရ “ယခင် NLD လက်ထက် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် အချုပ်ခန်းထဲမှတစ်ဆင့် ရောဂါကုသရင်း ဘားအံ တပ်မတော်ဆေးရုံကြီးတွင် (RIP) သွားကြောင်း သတင်းရရှိသည်” လို့ ရေးသားမျှဝေထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ စစ်အုပ်စုဘက်က တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်ခြင်း မရှိသေးသလို ကွယ်လွန်သတင်းနဲ့ပတ်သက်ပြီး အတည်ပြုချက်ရယူဖို့ ကြိုးစား​နေဆဲ ဖြစ်ပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ အာရုံကြောရောဂါ၊ အစာအိမ်နဲ့…

  • ရန်ကုန်တွင် နေ့လည်ပိုင်း သေနတ်ကိုင်၍ လုံခြုံရေးဝန်ထမ်းအယောင်ဆောင် ဓါးပြတိုက်သူများ

    ရန်ကုန်တွင် နေ့လည်ပိုင်း သေနတ်ကိုင်၍ လုံခြုံရေးဝန်ထမ်းအယောင်ဆောင် ဓါးပြတိုက်သူများ

    ရန်ကုန်တွင် နေ့လည်ပိုင်း သေနတ်ကိုင်၍ လုံခြုံရေးဝန်ထမ်းအယောင်ဆောင် ဓါးပြတိုက်သူများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်သူများ ပူးပေါင်းဖမ်းဆီး ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ သုဇိတာ (၇)လမ်းတွင် ယနေ့ (မေလ ၇) ရက် မွန်းလွဲ ၁ နာရီခွဲက ဓါးပြတိုက်သူများကို ဖမ်းဆီးရမိကြောင်း သိရပါတယ်။ “ဗေဒင်ဆရာ ဦးထိုက်အောင်လင်းနေအိမ်ကို သေနတ်(၂)လက်နှင့် ဓါးပြ(၃)ဦး ဓါးပြလာတိုက်တာပါ။ အခင်းဖြစ်မိသားစုက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှိုင်ဝင်းထွန်းကို ဖုန်းဆက်တော့ အုပ်ချုပ်ရေးအဖွဲ့နှင့် အဆိုပါနေအိမ်သိုရောက်လာတယ်။ ဓါးပြတိုက်သူများက ရပ်ကွက်အုပ်ကြီးအား သူတို့က(စရဖ)ကဖြစ်ကြောင်း အိမ်ရှိလူများနှင့် အုပ်ကြီးပါသူတို့ ရုံးသို့လိုက်ခဲ့ရန် အုပ်ကြီးအား သေနတ်ဖြင့်ချိန်၍ ပြောဆိုတယ်။ အုပ်ကြီးမှ (စရဖ)ဆိုလျှင် အကူ(၁)လား/(၂)လား မေးမြန်းတော့ ဓါးပြတိုက်သူများက ကောင်းစွာဖြေဆိုနိုင်ခြင်း မရှိတော့ဘဲ အခြေအနေမဟန်မှန်းသိပြီး ဓါးပြတိုက်သူများမှ အခင်းဖြစ်နေအိမ်ပေါ်မှ ဆင်းပြေးသွားကြတယ်”ဟု ရပ်ကွက်နေ…