Author: Baby Yit Lone
-

ငလျင်ဘေးသင့် ပြည်သူတွေကို ထောက်ပံ့ဖို့လာတဲ့ တရုတ်နိုင်ငံ ကြက်ခြေနီအသင်းယာဉ်တန်း ပစ်ခတ်ခံရ
မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံကြက်ခြေနီအသင်းက ယာဉ်တန်း (၉) စီးကို စစ်ကောင်စီတပ်က စက်လက်တွေနဲ့ ပစ်ခတ်ခဲ့လို့ နောက်ကြောင်းပြန် ဆုတ်ခဲ့ရတယ်လို့ TNLA တပ်ဖွဲ့က ဧပြီလ ၁ ရက်နေ့ ညပိုင်းက ထုတ်ပြန်ထားပါတယ်။ ငလျင်သင့် ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာပြီး တရုတ်နယ်စပ် ရွှေလီမြို့ကနေတဆင့် မန္တလေးမြို့ကို ထွက်ခွာလာတဲ့ တရုတ်နိုင်ငံ ကြက်ခြေနီ အသင်း ယာဉ်တန်းတွေကို ဧပြီလ ၁ ရက်နေ့ ည ၉ နာရီကျော်က နောင်ချို့မြို့နယ် အုမ္မတီးကျေးရွာနားမှာ စစ်ကောင်စီတပ်က အသင့်စောင့်ပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုလို သွားရောက်ကူညီဖို့ စစ်ကောင်စီကို သတင်းပို့ထားခဲ့ပြီး ဖြစ်ပေမယ့် လမ်းမှာ အခုလို ပစ်ခတ်ခတ်ခံရတာကြောင့်…
-

-

-

-

ငလျင်ဘေးသင့် ဒေသများတွင်လည်း မိုးထစ်ချုန်းရွာနိုင်ဖွယ်ရှိ
“ငလျင်ဘေးသင့် ဒေသများတွင်လည်း မိုးထစ်ချုန်းရွာနိုင်ဖွယ်ရှိ” ဧပြီလ ၄ ရက်မှ ၆ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ဧပြီလ ၆ ရက်တွင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမိုးရွာနိုင်ကြောင်း MOHADM-NUG ၏ မိုးလေဝသဌာနက ခန့်မှန်းဖော်ပြထားသည်။