Author: Baby Yit Lone
-

နေပြည်တော်မှာ ဝါးကားမှောက်လို့ ဝါးခုတ်တောင်သူ ၁၆ဦးသေဆုံး၊ ၂၀ကျော် ဒဏ်ရာရ
နေပြည်တော်မှာ ဝါးတွေတင်ဆောင်လာတဲ့ကားမှောက်လို့ ဝါးခုတ်တောင်သူ ၁၆ဦးသေဆုံးခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေး ပရဟိတ အသင်းအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒီကနေ့(မေလ ၂ ရက်) နေ့လယ် ၁နာရီခွဲခန့်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေ-လွင်သာယာကျေးရွာကြားက ကျေးရွာချင်းဆက်လမ်း မြေကျွံပြီး ဝါးတွေတင်လာတဲ့ ခြောက်ဘီးကား ချောက်ထဲကျခဲ့တာလို့ ဆိုပါတယ်။ “စတာယာရင်း ကွေ့တာမနိုင်တော့ဘဲ ကားကချောက်ထဲ ကျသွားတာ။ဖြစ်စဥ်နေရာမှာပဲ ၁၆ဦးက သေသွားတယ်။အားလုံးက ဝါးခုတ်တောင်သူတွေပါပဲ။မိုးစွေ၊လွင်သာယာနဲ့ မင်းတောင်ကျေးရွာခံတွေ”လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူက ပြောပါတယ်။ ကားမှောက်မှုဖြစ်စဥ်မှာ ကားပေါ်လိုက်ပါသူ ၃၈ဦးအနက် အမျိုးသား ၉ဦး၊ အမျိုးသမီး ၇ဦး စုစုပေါင်း ၁၆ဦး သေဆုံးခဲ့ပြီး အမျိုးသား ၈ဦး၊ အမျိုးသမီး ၁၃ ဦးဒဏ်ရာရခဲ့တာလို့ သိရပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်ဝန်းကျင်ကလည်း မွန်ပြည်နယ်၊သထုံမြို့နယ်မှာ ယာဥ်တိုက်မှု ဖြစ်ပြီးသံဃာ ရှစ်ပါး အပါအဝင် ၁၂…
-

မိန်းမကိုယ် အက်ဆစ်နဲ့ ပက်ခံရပြီး ဆိုးဆိုးရွားရွား အနံ့တွေထွက်နေတဲ့ အမျိုးသမီး (ရုပ်သံ)
လောကကြီးထဲက လူတချို့ ယုတ်မာရိုင်းစိုင်းချက်တွေကတော့ နှိုင်းယှဉ်စရာ ဘာတစ်ခုမျှ မရှိလောက်အောင်ပါဘဲ။ ညှာတာရကောင်းမှန်းအသိ စာနာရကောင်းမှန်းမသိကိုယ်ချင်းစာစိတ်က ဗလာနတ္ထိ ဖြစ်နေကြပြီ 🥺 မိန်းမကိုယ်ကို အက်ဆစ်နဲ့ အပက်ခံရပြီး အနာများရင်းနေကာ အနံ့ဆိုးများထွက်နေသည့် လူနာအမျိုးသမီးတစ်ဦးကို ပုတုပရဟိတမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါတယ်။ ဘယ်သူကပက်ထားတယ်ဆိုတာ အတိကျမသိရသေးပါဘူး။ လှိုင်သာယာ၊ ၁၄ ရပ်ကွက်ထဲကလို့ သိရပါတယ်။ ဒီလိုလူမဆန်တဲ့ လုပ်ရပ်မျိုးက ဘယ်သူဘဲ ကျူးလွန် ကျူးလွန် ကျူးလွန်သူကိုလည်း ထိထိရောက်ရောက် ဖော်ထုတ်အရေး ယူပေးကြပါ။ လူနာခင်ဗျာ နာကြင်လွန်းလို့ အော်ငိုနေရတယ်😪👇 လှိုင်သာယာမှ၊ မိန်းမကိုယ်ကို အက်စစ်ဖြင့် ပက်ခံထားရတဲ့လူနာ အနံ့တွေမခံနိုင်တော့ ဆေးရုံပို့ဖို့ပြင်ပေးနေတဲ့ ပုတု Video PuTu
-

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သည့် ကလေး ၆ ဦးနှင့် လူငယ်တစ်ဦးကို သင်္ဂြိုဟ်
အာဏာသိမ်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ကလေး ၆ဦး အပါအဝင် လူငယ်တစ်ဦးကို ယမန်နေ့ မေ ၂ ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခေါပွီးချစ်ပ် (Khawpuichhip) ကျေးရွာမှာ မေ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂လုံးဖြင့် တိုက်ခိုက်မှုကြောင့် ကလေး ၆ဦးနှင့် လူငယ်တစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသည့် အထဲတွင် ၅လသားအရွယ် ကလေး ၁ ဦး၊ သုံးနှစ်အရွယ် ကလေး ၁ ဦး၊ လေးနှစ်အရွယ် ကလေး ၁ ဦး၊ ၅နှစ်အရွယ်ကလေး ၂ ဦး၊ ၁၀အရွယ်…
-

ဒေါ်အောင်ဆန်းစုကြည် ‘ကျန်းမာရေးကောင်းမွန်’ ပြီး နေပြည်တော်ရှိ ဝန်ကြီး ၁ ဦး၏ နေအိမ်တွင် ထိန်းသိမ်းထား
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း အချက်အချာကျသော နေရာရှိ ဝန်ကြီးတဦး၏ နေအိမ်တွင် စစ်အုပ်စုက ပြောင်းရွှေ့ထိန်းသိမ်းထားပြီး “ကျန်းမာရေးကောင်းမွန်” သည်ဟု စုံစမ်းသိရသည်။ ဧပြီ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ ရောက်လာသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အဆိုပါနေအိမ်၌ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံခဲ့ခြင်းဟု သတင်းရင်းမြစ်က ပြောသည်။ “အန်တီစုက ကျန်းမာတယ်တဲ့ ။ (အန်တီစု) နေအိမ်ကျယ်ချုပ် နေအိမ်က ဝန်ကြီးတပါးရဲ့နေအိမ်။ အဲ့အိမ်ကို ရွှေ့လိုက်ပြီ။ အဲ့အိမ်မှာထားတယ်တဲ့။ ဝမ်ယိက ဝမ်ယိမပြန်ခင်မှာ အန်တီစုနဲ့ တွေ့သွားတယ်တဲ့” ဟု သတင်းရင်းမြစ်က ပြောသည်။ ထိုစဉ်တွင် ဝမ်ယိက ၂၀၂၆ သမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံသည့်သတင်းကိုသာ ထုတ်ပြန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့်သတင်းကို ထုတ်ပြန်ခဲ့ခြင်းမရှိပါ။ ယင်းမှာ နှစ်ဖက်စလုံး၏…
-

လုပ်ခလစာမပေးတဲ့သူဌေးကို လည်လှီးသတ်လိုက်တဲ့ မြန်မာ ၄ ဦး
လစာပိုက်ဆံ မပေးတဲ့ အသက် ၄၉ နှစ်၊ ထိုင်းရိုင်အလုပ်ရှင် သူဌေးကို မြန်မာပြည်သား ၄ ယောက် သတ်သွားပါတယ်။ ဘာလို့ သူဌေးကို သတ်ရတာမေးတော့ စိတ်နာလို့၊ သူတို့ ရသင့်ရထိုက်တာကို မပေးတာ ကြာနေပြီ။ ဒါကြောင့် သီးမခံနိုင်တော့လို့ သတ်ပစ်လိုက်တာတဲ့။ ဒီဖြစ်စဉ်တွေ အစက သူဌေးရဲ့ အလုပ်ရုံက ချင်းမိုင်မြို့မှာပါ၊ မြန်မာ ၄ ယောက်ရဲ့ အတိုကောက်အမည်တွေက၊ နိုင်စိုး၊ နိုင်ရောင်၊ နိုင်ဒမ်းနဲ့ နိုင်ဘော့တို့ဖြစ်ကြတယ်။ (ထိုင်းမှာက ယောက်ျားလေးဆို အရှေ့က နိုင် ထည့်ခေါ်ပါတယ်။) သူတို့4ယောက်ရဲ့ ရစရာ ပိုက်ဆံတွေကို သူဌေးက မပေးတာကြာပီတဲ့။ သွားတောင်းရင်လဲ ပြန်အော်ထုတ် မောင်းလွတ်တယ်။ တခါတလေ မြန်မာ ၄ ဦးက ပိုက်ဆံမရှိလို့ ထမင်းငတ်ခဲ့ရတဲ့ ရက်တွေတောင်…