ဘာမဟုတ်တဲ့ လမ်းဘေးကားရပ်တဲ့ကိစ္စလေးတခုအတွက် အမျိုးသမီးတစ်ဦးကို အမျိုးသားသုံးဦးက သံတုတ်နဲ့ရိုက်ခြင်း ဓါးဖြင့်ခုတ်ခြင်းများ တောင်ကြီးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း မိန်းကလေး၏ အကိုဖြစ်သူမှ ၎င်း၏ လူမှုကွန်ယက်တွင်ပြောဆိုမှုများအရသိရပါသည်။
တောင်ကြီးမြို့ ဈေးအနီး တွင်ကားရပ်ရာမှ အဆိုပြဿနာဖြစ်ပွားခဲ့ပြီး အမျိုးသားသုံးဦးက အမျိုးသမီးနှင့် ၎င်းအကိုဖြစ်သူကို ကြမ်းတမ်းစွာဆဲဆိုခဲ့ပြီး ကားကိုလေးခွများနှင့်ပစ်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရပါသည်။
ထို့အပြင် အမျိုးသားနှစ်ဦးမှ မိန်းကလေးကို ချုပ်နှောင်ကာ အင်္ကျီများဆုတ်ဖြဲကာ လက်သီးဖြင့်ထိုးခြင်း သံတုတ်နဲ့ရိုက်နှက်ခြင်း ဓါးဖြင့်ခုတ်ခြင်းများကျူးလွန်ခဲ့ပါသည်။
ထိုအခြေအနေကြောင့် မိန်းကလေးတွင် နှုတ်ခမ်းကွဲ မေးရိုးကျိုး သွားကျိုး ဒဏ်ရာများဖြင့်တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံတွင် ကုသနေရကြောင်းသိရပါသည်။
ကျူးလွန်သူများတွင် တောင်ကြီးမြို့တွင် အောင်အမည်ဖြင့် ဆေးခန်းဖွင့်ထားသော ဆရာဝန်ဖြစ်သူလည်း ပါဝင်ကြောင်း မိန်းကလေး၏ အကိုဖြစ်သူပြောဆိုမှုများအရ သိရပါသည်။
ကျူးလွန်သူများကိုအရေးယူပေးရန်နှင့် လူမှုကွန်ယက်တွင်လည်း ဖြန့် ဝေပေးရန်တောင်းဆိုမှုများစွာတွေ့နေရပါသည်။


Leave a Reply