Author: Baby Yit Lone

  • ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းမှ ရဲမေ  ၁ ဦးအပေါ် ကျူးလွန်ခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်၍ တပ် ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယ တရားခံဖြစ်သူတို့ကို ဖမ်းဆီးစစ်ဆေးနေ

    ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းမှ ရဲမေ ၁ ဦးအပေါ် ကျူးလွန်ခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်၍ တပ် ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယ တရားခံဖြစ်သူတို့ကို ဖမ်းဆီးစစ်ဆေးနေ

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းအခြေစိုက် ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းမှ ရဲမေတစ် ဦးအပေါ် ကျူးလွန်ခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်၍ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယတရားခံဖြစ် သူတို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

    651153860 1295862112641392 2021719334817902657 N

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ရဲမေ ၁ ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့်ပတ် သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

    650200593 1295862152641388 8323038003586327871 N

    အွန်လိုင်းပေါ်တွင်ပျံ့နှံခဲ့သည့် အမှုဖြစ်သော်လည်း ယင်းမတိုင်ခင်ကပင် ဖြစ်စဥ်နှင့် ပတ်သက်၍ လို အပ်သည့်စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ တပ်ရင်းမှတာ ဝန်ရှိသူ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယ တရားခံဖြစ်သူတို့အား ထိန်းသိမ်းထားရှိပြီးဖြစ်ကာ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် အတွက် အခင်းဖြစ်ပွားခဲ့သည့် ပလဖ နယ်မြေကင်းစခန်းရှိ သက်သေများကိုလည်း လွှဲပြောင်းမိန့် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

    649425026 1295862195974717 478472858146762937 N

    နစ်နာသူ(တိုင်တန်းသူ)နှင့် ကျူးလွန်သူဟုသံသယရှိသူ (တိုင်တန်းခံရသူ)များသည် စစ်ဘက်ဆိုင်ရာ ဥပဒေများကို လိုက်နာရသူများဖြစ်ကြ၍ စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီဖမ်းဆီး ထိန်းသိမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းတို့ကို ပြုလုပ်လျက်ရှိပြီး နစ်နာသူနှင့် သက်သေများအနေဖြင့် ပူးပေါင်းပါဝင်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    ထို့အပြင် နစ်နာသူနှင့်သက်သေများ ဘေးကင်းလုံခြုံရေး နှင့် အဆင်ပြေချောမွေ့စေရေးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရေး အစွမ်းကုန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ပူးပေါင်းပါဝင်ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်း အသိပေးထားသည်။

    650274844 1295862915974645 5132220787175336404 N

    650815320 1295862955974641 8367995281872910558 N

  • အမ်းတွင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး

    အမ်းတွင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး

    အမ်းမြိုနယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်သုံပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ယနေ့တွင် သတင်းထုတ်ပြန်သည်။

    မတ်လ ၈ ရက်နေ့၊ နံနက် ၁၁ နာရီ ၂ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၈ မိနစ် အချိန်အထိ သုံးနာရီခွဲခန့်ကြာမြင့်သော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကိုမရပ်မနား ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ရေးသည်။

    စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ ၄ စီးနှင့် Y-12 ၄ စီးတိုဖြင့် ရခိုင်ပြည်၊ အမ်းမြိုနယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံပန်းအကျဉ်းစခန်းအား သုံးနာရီခွဲခန့်ကြာ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ထိုအပြင် ပြင်းထန်၊ အလတ်စား၊ အသေးစားဒဏ်ရာရရှိသူများ မြောက်မြားစွာရှိနေသေးပြီး ယင်းအထဲမှာ အရပ်သားများထဲမှ ပြစ်ဒဏ်ကျခံရသူအချို့လည်း ဤဖြစ်စဉ်အတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    လေကြောင်းမှ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်သုံပန်း (စစ်ကော်မရှင်တပ်ဖွဲဝင်များ) အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသည်။

  • ကိုယ်ကျိုးရှာရန် တာစူနေသည့် ကြံ့ခိုင်ရေး နှင့် စစ်ဗိုလ်အမတ်များ

    ကိုယ်ကျိုးရှာရန် တာစူနေသည့် ကြံ့ခိုင်ရေး နှင့် စစ်ဗိုလ်အမတ်များ

    အာဏာသိမ်းစစ်တပ်၏ လိုရာဆွဲ ကျင်းပခဲ့သည့် ၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်၍ အစိုးရဖွဲ့ရေး စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီတို့ စစ်ခေါင်းဆောင် အလိုကျ တံခါးပိတ်စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။

    ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ပွဲကာလ၌ တချို့သောအမတ်လောင်းများသည် ပြည်သူအတွက် ကြီးမားသော ကတိကဝတ်များ မစားရဝခမန်း ကတိများ ပေးကြခြင်းဖြင့် ရွေးကောက်ပွဲဝင်ခဲ့ကြသည်။

    ထို မစားရဝခမန်းထဲ စစ်ကိုင်းမှ ဝင်ပြိုင်သည့် ဒုဗိုလ်ချုပ်ကြီး သက်ပုံ၏ မဖြစ်နိုင်သည့် သိန်း ၁၀၀ ဖိုး ကား ၃ စီး၊ စစ်ခေါင်းဆောင် ဖျက်၍ ပျက်နေပြီဖြစ်သည့် မြန်မာ့စီးပွားရေးကို ဦးသိန်းစိန် လက်ထက်ကကဲ့သို့ စီးပွားပြန်ဖြစ်ရမည် ဆိုသည့် ခင်ရီ၏ မဖြစ်နိုင်သော ကြွေးကြော်သံတို့သည် လူအများကြား ဟာသ ဖြစ်ခဲ့ရသည်။

    ပြိုင်တိုင်းနိုင် NLD မပါသည့် ထိုရွေးကောက်ပွဲတွင် စစ်တပ်ကြိုးဆွဲ ကြံ့ခိုင်ရေးပါတီသည် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၂၁ အပါအဝင် ပြည်ထောင်စုလွှတ်တော်၌ ၃၃၉ ယောက် တိုင်းပြည်နယ်လွှတ်တော်တွင် ၃၇၉ ယောက်ဖြင့် အမတ်နေရာစုစုပေါင်း ၇၃၉ ယောက် ရရှိခဲ့သည်။

    ထို ကြံ့ခိုင်ရေးအမတ်များအပါအဝင် တသီးပုဂ္ဂလ အမတ် ၁ ဦးနှင့် ဗိုလ်နေဝင်း၏ တစည၊ ဦးကိုကိုကြီးနှင့် ဒေါ်သက်သက်ခိုင် ပါတီအပါအဝင် စစ်တပ်ထောက်ခံ နိုင်ငံရေးပါတီ ၃၀ တို့မှ အမတ် ၂၈၆ ယောက်တို့သည် မကြာမီ ခေါ်ယူတော့မည့် လွှတ်တော်အသီးသီးသို့ ပြည်သူ့ကိုယ်စားလှယ် အသွင်ဆောင်ကာ တက်ရောက်ကြတော့မည် ဖြစ်သည်။

    အတုအယောင် ဒီမိုကရေစီစနစ်အောက်တွင်ဟု ဆိုစေကာမူ အမတ်တဦး၏ အဓိကတာဝန်သည် ပြည်သူ့အကျိုးကို ကိုယ်စားပြုခြင်းပင် ဖြစ်သည်။ ဒီမိုကရေစီအစစ်အောက်တွင်ဆိုလျှင် ဆိုဖွယ်မရှိတော့။

    ယခုတွင် ထိုသို့ မဟုတ်ကြပေ။ ကြားသိရမိသည့်အလျောက် အနိုင်ရပြီးနောက်တွင်မူ အမတ်အချို့တို့သည် ကိုယ်ပိုင်စီးပွား တိုးတက်ရေး၊ မိသားစုနှင့် ဆက်စပ်သူများကို အခွင့်အရေးပေးခြင်းတို့အား ရာထူးစီးပွားရလိုမှုများနှင့်အတူ အာရုံစိုက်လျက် ရှိနေကြပါသည်။

    လတ်တလောတွင် ကြံ့ခိုင်ရေးပါတီ အမတ်လောင်းအချို့၏ လုပ်ရပ်များကို ကြည့်လျှင် ပြည်သူ့အကျိုးထက် ကိုယ်ကျိုးစီးပွားကို ဦးစားပေးနေသည်ဟု ထင်ရှားစွာ မြင်တွေ့ရသည်။ မဲဆွယ်စည်းရုံးရာတွင်တော့ ဆင်းရဲသားများအား ကူညီမည်၊ ဒေသဖွံ့ဖြိုးရေးလုပ်မည်ဟု ကတိပေးကြသော်လည်း လက်တွေ့တွင်တော့ ထိုသို့ မဟုတ်ကြပေ။

    ကြံ့ခိုင်ရေးပါတီနှင့် ဆယ်စုနှစ်တစုကျော် ရင်းနှီးစွာ နီးကပ်စွာနေခဲ့သူတယောက်က “တချို့တွေဆိုရင် ရွေးကောက်ပွဲက မလုပ်ရသေးဘူး။ နိုင်မယ်မှန်း သိနေတော့ အမတ်ဖြစ်ရင် ဘာလုပ်မယ်၊ ဝန်ကြီးဖြစ်ရင် ဘာလုပ်မယ်က ပြောဆိုနေကြတာ” ဟု ပြောပြသည်။

    အမတ်တဦး၏ တန်ဖိုးသည် သူ ရရှိသည့် အာဏာပမာဏတွင် မရှိဘဲ ပြည်သူ့ဘဝ တိုးတက်ရေးအတွက် ဘယ်လောက် အကျိုးပြုနိုင်သလဲဆိုသည့် အချက်တွင်သာ ရှိနေသည်။

    အချို့ ကြံ့ဖွံ့ USDP အမတ်များသည် အာဏာရှိသူများနှင့် နီးစပ်မှုကို အသုံးချ၍ လုပ်ငန်းခွင် အခွင့်အရေးများ ရယူခြင်း၊ ဒေသခံပြည်သူများ၏ မြေယာနှင့် သယံဇာတများကို ကိုယ်ပိုင်အကျိုးအတွက် အသုံးချခြင်းများ ပြုလုပ်နေကြ၍ ဝေဖန်သံများ ထွက်ပေါ်နေသည်။

    ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူက “အထင်ရှားဆုံးက မွန်ပြည်နယ်က လောင်းကစားဝိုင်းတွေနဲ့ ရန်ကုန်က ချိန်ခါမဲ့ ပွဲဈေးကြီးတွေပဲ။ ရေကျော်နဲ့ တာမွေ ပြီးတော့ မြောက်ဥက္ကလာပ မယ်လမုဘုရား ဈေးပွဲတော် အဲ့ဟာတွေ စုံစမ်းကြည့်၊ အမတ်တွေကိုပါ ဂါနေကြရတယ်” ဟု ပြောသည်။

    အဆိုးဆုံးက ရန်ကုန်မှ အမတ်များ ဖြစ်နေသည်။ ၎င်းတို့အကျိုးအတွက် လက်ရှိတွင် ရန်ကုန်အစိုးရနှင့် စည်ပင်တို့တွင် မြေကွက်များ လျှောက်နေကြပြီ ဖြစ်သည်။

    ထိုအကြောင်း သိရှိထားသူက “ရန်ကုန်မှာက ရပ်ကွက်တွေမှာ မီးတားနယ်မြေ……ဆိုတာ ရှိတယ်လေ။ အဲဒါတွေက မြို့ပြ မြေကွက်ဖော်တဲ့အခါကတည်းက အလွတ်ထားတာ။ အဲဒါတွေကို ဂရန်လျှောက်ပြီး ရောင်းစားဖို့ လုပ်ကြတာ” ဟု ပြောပြသည်။

    ကိုယ်ကျိုးအတွက် တဆင့်ထပ်တိုးနေကြသည့် နိုင်ငံရေးရာထူး ရယူလိုကြသည့် အမတ်များကလည်း သီးခြားရှိနေကြပြန်သည်။

    စစ်ခေါင်းဆောင်က ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်အား အစိုးရအဖွဲ့ထဲ ပါလိုသူများအား ကာလုံအမှုဆောင်ချုပ် အောင်လင်းဒွေးနှင့် ညှိနှိုင်းပြီး စာရင်းပေးရန် လမ်းညွန်ထားသည်။ ထိုတွင် အစိုးရအဖွဲ့ထဲ ပါလိုသူများသည် ကြံ့ခိုင်ရေး ခင်ရီ အနား ရစ်သီရစ်သီ ဖြစ်နေကြသည်။

    ကြံ့ခိုင်ရေး အတွင်းသတင်းအရ လျှပ်စစ်၊ စွမ်းအင်၊ နိုင်ငံခြား စီးပွားဆက်သွယ် အစရှိသည့် ဝန်ကြီးထိုင်ခုံများကို အဆိုပြုထားသည်ဟု သိရသည်။

    ကြဲ့ခိုင်ရေးနှင့် နီးစပ်သူတယောက်က “ကြံ့ခိုင်ရေးပါတီက အမတ်တွေဆိုရင် ဝန်ကြီးရူး ရူးနေကြတာ။ အဓိက အပြိုင် တောင်းနေကြတာကတော့ လုပ်ပိုင်ခွင့်ရ နေရာတွေပဲ။ ဦးမောင်မြင့် ဆို နိုင်ငံခြားရေး၊ ဦးခင်မောင်စိုး က လျှပ်စစ်” ဟု ကြံ့ခိုင်ရေးနှင့် ဆယ်စုနှစ်တစုကျော် ရင်းနှီးစွာဖြင့် နီးကပ်စွာနေခဲ့သူက ပြောပြသည်။

    ယင်းအပြင် ဒုဝန်ကြီးနေရာများ၊ တိုင်း/ပြည်နယ် ဝန်ကြီးနေရာများလည်း ပါဝင်သည်။

    “သာကေတက ပြည်သူ့ရှေ့ဆောင် ဦးဌေးအောင် ဆိုပြီး သူ့ဟာသူ ကင်ပွန်းတပ်သူကလည်း ရန်ကုန်ဝန်ချုပ် ဆိုပြီး သတင်းတွေ လွှင့်နေကြတာ” ဟု ထိုအကြောင်း ကြားရ၊ သိရသူက ပြောသည်။

    လက်ရှိ နိုင်ငံရေးအခြေအနေအောက်တွင် ကြံ့ခိုင်ရေးနှင့် စစ်တပ်ထောက်ခံ အမတ်တို့၏ အရည်အချင်းနှင့် လုပ်ရပ်များသည် ပြည်သူ့အကျိုးကို ကိုယ်စားပြုရန် လာကြသူများမဟုတ်ဘဲ ကိုယ်ပိုင်အကျိုးစီးပွား တိုးတက်ရေးအတွက်သာ နိုင်ငံရေးကို အသုံးချနေကြသူများ ဖြစ်ကြောင်း မျှော်တွေးစရာ မလိုဘဲ ထိုသူတို့ ဖြတ်သန်းလာကြသည့် သမိုင်းကြောင်းများကို ကြည့်ခြင်းဖြင့်ပင် ထင်ရှားနေပြီ ဖြစ်သည်။

    ထိုသူတို့ထက် လည်သည့် စစ်တပ်သည် တပ်ကိုယ်စားလှယ်များအား စာရင်းထုတ်ပြန်ထားစဉ် တိုင်း/ပြည်နယ်များ၌ ဗိုလ်မှူးကြီး/ဗိုလ်မှူးချုပ်များဖြင့် တိုင်း/ပြည်နယ်အစိုးရအဖွဲ့များအား စီစဉ်ထားသည်။

    ပြည်သူ့ကိုယ်စားပြုမည့် အမတ်တဦးသည် ကိုယ်ကျိုးစီးပွားရှာသူ မဖြစ်သင့်သည့်အပြင်၊ ကိုယ်ကျိုးစီးပွားရှာသည့် အမတ်လောင်းများကြောင့် ပြည်သူ့ဒုက္ခများသာ ပိုမိုနက်ရှိုင်းလာမည် ဖြစ်သည်။

    ✍️ ညိမ်း

  • FATF အမည်ပျက်စာရင်းကနေ လွတ်ဖို့ စစ်ကော်မရှင်နဲ့ ဗဟိုဘဏ်တို့ အပူတပြင်းလှုပ်ရှား

    FATF အမည်ပျက်စာရင်းကနေ လွတ်ဖို့ စစ်ကော်မရှင်နဲ့ ဗဟိုဘဏ်တို့ အပူတပြင်းလှုပ်ရှား

    စစ်ကော်မရှင်ဟာ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းထဲကနေလွတ်မြောက်နိုင်ရေး အဖမ်းအဆီးနဲ့ ပိတ်ဆို့မှုတွေ တိုးလုပ်ပြီး အပူတပြင်းကြိုးပမ်းနေပါတယ်။

    ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဖေဖော်ဝါရီလအတွင်း မက္ကဆီကို နိုင်ငံမှာ ကျင်းပခဲ့တဲ့ FATF အစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်ရှင်းလင်းခဲ့တာကလည်း ဒီကြိုးပမ်းမှုရဲ့ အထင်ကရ လှုပ်ရှားမှုတစ်ရပ် ဖြစ်ပါတယ်။

    ဒီလိုလှုပ်ရှားဆောင်ရွက်မှုတွေကြောင့် မြန်မာဟာ FATF သတ်မှတ်ချက်များကို “လုံးဝ မလိုက်နာသောနိုင်ငံ” ဆိုတဲ့အဆင့်ကနေ “တစိတ်တပိုင်း လိုက်နာဆောင်ရွက်နေတယ်”ဆိုတဲ့ အခြေအနေအထိ ဖြစ်လာပါတယ်။

    စစ်ကော်မရှင်အနေနဲ့ FATF အမည်ပျက်စာရင်းက လွတ်မြောက်ရေးဟာ နိုင်ငံတကာရဲ့ ဘဏ္ဍာရေးဆိုင်ရာတားဆီးပိတ်ပင်မှုတွေကို လျော့ချနိုင်ရေးအတွက် အရေးကြီးတဲ့လှည့်ကွက်တစ်ခုအဖြစ် ရှုမြင်ထားပုံရတယ်လို့ စီးပွားရေးအကဲခတ်တချို့က ပြောပါတယ်။

    အမည်ပျက်စာရင်းက ပယ်ဖျက်ခံရဖို့ လုပ်ဆောင်ရမယ့် အချက်တွေ ဘယ်လောက်ကျန်ရှိနေသေးသလဲ။ စစ်ကော်မရှင်နဲ့ ဗဟိုဘဏ်တို့ရဲ့ ဒီလိုကြိုးပမ်းမှုတွေက နိုင်ငံတွင်းမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနေပါသလဲ။

    FATF အစီအမံတွေကို ဗဟိုဘဏ် ဘာကြောင့်လိုက်နာရတာလဲ

    Mm News.xyz 2026 03 11 111317

    ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ဖို့ ပျက်ကွက်တဲ့အတွက် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့(FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းမှာ ထည့်သွင်းဖို့ ၂၀၂၂ ခုနှစ်က ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

    ငွေကြေးခဝါခမှုနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးတွေ အားနည်းတာကြောင့် တိုးတက်မှုစောင့်ကြည့်ရမယ့် မီးခိုးရောင်းစာရင်း(Grey List) မှာ မြန်မာကို ထည့်သွင်းထားရာကနေ မြောက်ကိုရီးယား၊ အီရန်တို့နဲ့တန်းတူ အမည်ပျက်စာရင်း (Blacklist) အဖြစ် ၂၀၂၂ ခုနှစ် အောက်တိုဘာမှာ တိုးမြှင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

    FATF အဖွဲ့ရဲ့ အဓိကရည်မှန်းချက်က ငွေကြေးခဝါချမှု၊ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုနဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ရဲ့ ခိုင်မာမှုအပေါ် ခြိမ်းခြောက်မှုတွေကို တိုက်ဖျက်တာဖြစ်ပါတယ်။ ဒီအဖွဲ့ကို ၁၉၈၉ ခုနှစ်က ကျင်းပတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ (G7)အစည်းအဝေးမှာ တည်ထောင်ခဲ့တာပါ။

    FATF မှာ စံချိန်စံနှုန်းတွေနဲ့အညီလုပ်ဆောင်နိုင်တဲ့ နိုင်ငံတွေစာရင်း(White List)၊ စောင့်ကြည့်နိုင်ငံများစာရင်း(Grey List)နဲ့ အမည်ပျက်စာရင်း (Black List) ဆိုပြီး အဆင့်သုံးဆင့် သတ်မှတ်ထားပါတယ်။

    မြန်မာနိုင်ငံက FATF အဖွဲ့ဝင်နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လို့ FATF ရဲ့ စည်းမျဉ်းတွေကို လိုက်နာရတာပါ။

    FATF အဖွဲ့အစည်းမှာ စင်ကာပူ၊ မလေးရှား၊ ရုရှား၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနဲ့ အနောက်နိုင်ငံအများစု ပါဝင်နေပါတယ်။ FATF က မြန်မာနိုင်ငံကို သူတို့ချမှတ်ထားတဲ့အစီအမံတွေကို မလိုက်နာရင် အရေးယူမယ်လို့ထုတ်ပြန်ထားပါတယ်။

    မြန်မာအတွက် အစီအမံတွေ

    Mm News.xyz 2026 03 11 111329

    ၂၀၂၄ ခုနှစ်က မြန်မာဘက်က အကောင်အထည်ဖော်ရမယ့် အချက် ၈ ချက်ထဲက ၂ ချက်ကို လိုက်နာအကောင်ထည်ဖော်ခဲ့တဲ့အတွက်ကြောင့် FATF က မြန်မာနိုင်ငံကို အရေးယူမှု မရှိခဲ့ပါဘူး။

    မြန်မာက ဆောင်ရွက်ခဲ့တဲ့ ၂ ချက်ကတော့ ငွေကြေးခဝါချမှု အန္တရာယ်မြင့်မားတဲ့နေရာတွေကို နားလည်သဘောပေါက်မှု မြှင့်တင်ရမယ်ဆိုတဲ့အချက်နဲ့ ဟွန်ဒီငွေကြေးလုပ်ငန်း(တရားမဝင်ငွေလဲလုပ်ငန်း) လုပ်ကိုင်သူတွေကို မှတ်ပုံတင်တာ၊ ကြီးကြပ်တာတွေလုပ်ဖို့ ဆိုတဲ့အချက်ကို ဗဟိုဘဏ်က လုပ်‌ဆောင်ခဲ့တာပါ။

    ကျန်နေတဲ့ ၆ ချက်ကတော့ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့အစည်းတွေ (Myanmar Financial Intelligence Unit) ရဲ့ လုပ်ငန်းအစီရင်ခံမှုတွေကို အများပြည်သူသိအောင် သတင်းထုတ်ပြန်တာတွေ ပိုလုပ်ဖို့၊ နိုင်ငံဖြတ်ကျော်တဲ့ ငွေကြေးခဝါချမှုတွေမှာ နိုင်ငံတကာနဲ့ ပူးပေါင်းစုံစမ်းစစ်ဆေးတာတွေလုပ်ဖို့၊ ရာဇဝတ်မှုဆိုင်ရာ ပိုင်ဆိုင်မှုတွေ၊ လက်နက်ကိရိယာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းယူတာတွေနဲ့ ထိန်းချုပ်တာတွေ ပိုလုပ်ဖို့၊ လူအများအပြားသေကြေစေနိုင်တဲ့ လက်နက်ပြန့်ပွားမှုတွေအတွက် ငွေကြေးထောက်ပံ့နေတာတွေကို ဘဏ္ဍာရေးအရ ပစ်မှတ်ထား အရေးယူတာတွေ ပိုပြီးထိရောက်အောင် နည်းပညာလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

    လက်ရှိမှာ FATF က မြန်မာနိုင်ငံကို စိစစ်ဆောင်ရွက်မှုတွေပြုလုပ်ဖို့တောင်းဆိုခြင်းခံရတဲ့ အန္တရာယ် မြင့်မားမှုရှိတဲ့နိုင်ငံ (High-Risk Jurisdictions subject to a Call for Action) အဖြစ်ဆက်ပြီး သတ်မှတ်ထားပါတယ်။

    ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၃ ရက်အတွင်း ကျင်းပတဲ့ မက္ကဆီကိုနိုင်ငံက အစည်းအဝေးမှာတော့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနဲ့ လူအများအပြားသေကြေစေတဲ့ လက်နက်ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို အစဉ်ဆက်မပြတ် အပြည့်အဝအကောင်အထည်ဖော်နေတယ်လို့ ပြောခဲ့ပါတယ်။

    ဥပဒေပိုင်းဆိုင်ရာမူဘောင်တွေ ပိုမိုခိုင်မာမှုရှိဖို့လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ယုံကြည်အပ်နှံမှုအက်ဥပဒေတွေကို ပြင်ဆင်ထုတ်ပြန်တာ၊ သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေကိုလည်း ပြဋ္ဌာန်းထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

    ငွေကြေးခဝါချမှုဥပဒေကို အသစ်ပြင်ဆင်ဖို့ လုပ်ဆောင်နိုင်ပြီး ဒါကို လုပ်နိုင်ခဲ့ရင် အကောင်အထည် ဖော်ရမယ့်အစီအမံ ၅ ချက်က တိုးတက်မှုရှိလာမယ်လို့ ဆိုပါတယ်။

    အစီအမံ ၅ ချက်ထဲမှာ အာဏာပိုင်တွေရဲ့ စုံစမ်းမှုတွေမှာ ငွေကြေးဆိုင်ရာ နည်းပညာအချက်အလက်တွေကို ပိုပြီးအသုံးပြုဖို့၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့အစည်းတွေ (FIU) ရဲ့လုပ်ဆောင်ချက်တွေ ပိုလုပ်ဖို့၊ ငွေကြေးခဝါချမှုတွေကို အန္တရာယ်ရှိမှုအလိုက် စုံစမ်းဖော်ထုတ်ဖို့၊ နိုင်ငံဖြတ်ကျော် ငွေကြေးခဝါချမှုတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းအရေးယူဖို့နဲ့ ရာဇဝတ်မှုဆိုင်ရာ ပိုင်ဆိုင်မှုတွေ၊ လက်နက်ကိရိယာပိုင်ဆိုင်မှုတွေကို သိမ်းယူတာတွေနဲ့ ထိန်းချုပ်တာတွေ ပိုလုပ်ဖို့ ဆိုတဲ့အချက်တွေ ပါဝင်နေပါတယ်။

    ဗဟိုဘဏ်က FATF ရဲ့ အမည်ပျက်စာရင်းကနေ လွတ်မြောက်ဖို့အရေး အစီအမံတွေကို အကောင်အထည်ဖော်ဖို့ စိုင်းပြင်းနေတာကို ပြည်တွင်းဘဏ်လုပ်ငန်းတွေကလည်း သိရှိထားတယ်လို့ ပုဂ္ဂလိကဘဏ်တစ်ခုမှာ အဆင့်မြင့်တာဝန်ယူထားသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “FATF ရဲ့ Recommendation တွေမှာ တစိတ်တပိုင်း လိုက်နာတယ်ဆိုတာတွေ ပိုများလာတယ်။ မလိုက်နာတဲ့အချက်ဆိုတာ မရှိသလောက်ပဲ။ တော်တော်ကိုသူတို့ လိုက်လုပ်နေကြတယ်” သူက ပြောပါတယ်။

    FATF က မြန်မာနိုင်ငံအတွက် အကြံပြုချက် အချက် ၄၀ ရှိပါတယ်။ အကြံပြုချက် ၂၆ ချက်က လုံးဝလိုက်နာတာ (Largely Compliant) နဲ့ လိုက်နာတာ (Compliant) ဖြစ်တယ်လို့ FATF က ဖော်ပြပါတယ်။ ကျန်တဲ့အချက်တွေအများစုက တစိတ်တပိုင်းလိုက်နာပြီး လုံးဝမလိုက်နာတဲ့ အချက်ကတော့ ၆ ချက်ပဲရှိပါတယ်။

    စစ်ကော်မရှင်ရဲ့ ဒီကြိုးစားမှုတွေက စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲလုပ်ပြီးသွားတဲ့အချိန် စီးပွားရေးအရ ပြန်ကုစားဖို့ ကြိုးစားချက်ပဲ စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

    “Business(စီးပွားရေး)သမားတွေ စီးပွားရေးရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် PESTEL ဆိုတာကို ကြည့်တယ်။ ပထမက နိုင်ငံရေး ကောင်းမကောင်း၊ ပြည်ပက လူတွေရဲ့ဆုံးဖြတ်ချက်ကိုကြည့်တယ်။ ပြည်တွင်းက နိုင်ငံရေးမှာ ရွေးကောက်ပွဲ လုပ်ထားတယ်။ ဒုတိယအနေနဲ့ စီးပွားရေးပါ။ စီးပွားရေးအရဆိုရင် ကမ္ဘာ့စီးပွားရေးအဖွဲ့အစည်းတွေက Blacklist လုပ်ထားတာ၊ Sanctions (အရေးယူပိတ်ဆို့မှု) လုပ်ထားတွေ ဖျက်လိုက်မယ်ဆိုရင် ကောင်းတယ်ဆိုတဲ့အကြံပြုချက်တစ်ခုနဲ့ မြန်မာနိုင်ငံကို ရောက်လာနိုင်တယ်” လို့ သူက ပြောပါတယ်။

    PESTEL ဆိုတာက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုပတ်ဝန်းကျင်၊ နည်းပညာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဥပဒေစိုးမိုးမှုတွေကို အတိုကောက်ခေါ်တာ ဖြစ်ပါတယ်။

    “FATF က ကမ္ဘာ့အသိအမှတ်ပြုတဲ့အဖွဲ့အစည်းဖြစ်တော့ Blacklist လွတ်သွားရင် ချက်ချင်းကြီးတော့ Long-term (ရေရှည်) ဖြစ်တဲ့ Telenor လို၊ Ooredoo လိုကုမ္ပဏီတွေ မဟုတ်ဘဲ ရရင် ရသလို လာပြီး ယူမယ့် Short-term (ရေတို) စီးပွားရေးတွေတော့ ဝင်လာနိုင်တယ်” လို့ သူက ဖြည့်ပြောပါတယ်။

    ဒါပေမယ့် တစ်ဖက်မှာလည်း စစ်ခေါင်းဆောင်အပါအဝင် စစ်ကော်မရှင်နဲ့ ဆက်စပ်တဲ့လူပုဂ္ဂိုလ်တွေ၊ လုပ်ငန်းတွေကို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေကတော့ ဆက်ရှိနေမှာပါ။

    အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မြန်မာကို အရေးပေါ်အခြေအနေကြေညာတာနဲ့ စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့မှုတွေလုပ်တဲ့ သမ္မတ အမိန့်အမှတ် (၁၄၀၁၄) ကို လက်မှတ်ထိုးပြီး သက်တမ်းထပ်တိုးလိုက်ပါတယ်။

    တင်းကျပ်လာမယ့် စောင့်ကြည့်အရေးယူမှုတွေ

    Mm News.xyz 2026 03 11 111344

    FATF က ချမှတ်ထားတဲ့ အစီအမံတွေကို အကောင်အထည်ဖော်ဖို့ ဗဟိုဘဏ်က ကျားဖြန့်လုပ်ငန်းတွေရဲ့ငွေကြေးစီးဆင်းမှုတွေ၊ လောင်းကစားလုပ်ငန်းတွေနဲ့ ဒီဂျစ်တယ် ငွေကြေးစီးဆင်းမှုတွေကို ပိုပြီးစောင့်ကြည့်လာနိုင်တယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက ပြောပါတယ်။

    FATF ကလည်း သူ့ရဲ့အဖွဲ့ဝင်နိုင်ငံတွေက ဘဏ်လုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေရဲ့ဆက်နွယ်မှုတွေ၊ ငွေကြေးလမ်းကြောင်းတွေဟာ ပုံမှန် ဟုတ်၊ မဟုတ်၊ သံသယ ရှိမရှိ သတိကြီးကြီးနဲ့ စောင့်ကြည့်ဖို့ ပြောထားပါတယ်။

    ဒါပေမယ့် မြန်မာနိုင်ငံကိုပို့မယ့် ငလျင်အတွက် လူသားချင်းစာနာမှု အကူအညီတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့လစာတွေကိုတော့ အနှောက်အယှက် ကင်းကင်းဖြစ်အောင် လုပ်ဆောင်ရမယ်လို့ ပြောထားပါတယ်။

    ပြည်တွင်းက အမည်မသုံးလိုတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာအကြံပေးတစ်ဦးကတော့ ” ကျားဖြန့်ကို အဓိက ကိုင်နိုင်တယ်။ အရင် က PDF ကို Support လုပ်လို့ ၊ Local Defense အဖွဲ့တွေကို Support လုပ်လို့ ဆိုပြီးပိတ်ခံရတာတွေ ရှိတယ်။ အခုကတော့ ကျားဖြန့်တွေကိုပို စောင့်ကြည့်နေတယ်။ ငွေအလွှဲအပြောင်း တစ်ကြောင်းချင်းစီကို ကြည့်လိုက်ရင် ဘယ်သူ့ကို ဘယ်လိုသွားတယ်ဆိုတာကအစ အသေးစိတ်သိနိုင်တဲ့စနစ်တွေသူတို့မှာ ရှိလာတယ်” လို့ ပြောပါတယ်။

    ဒါပေမယ့် ဘဏ်လုပ်ငန်းကို လူတွေရဲ့ယုံကြည်မှု ရှိလာဖို့ဆိုရင် အခုလို သံသယရှိလို့ ဘဏ်အကောင့်ပိတ်ခံရသူတွေကို သက်သေတကွနဲ့ ပြန်လျှောက်လို့ ရမယ့် ပွင့်လင်းမြင်သာတဲ့စနစ်တစ်ခုကိုဗဟိုဘဏ်အနေနဲ့ လုပ်သင့်တယ်လို့ ဘဏ်လုပ်ငန်းလေ့လာသုံးသပ်သူက ပြောပါတယ်။

    နောက်ပြီး ငွေပမာဏအများအပြား လွှဲတဲ့သူတွေကိုလည်း ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့အစည်းက စောင့်ကြည့်နေတယ်လို့ ပြည်ထဲရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    ဒီလိုအခြေအနေကို အကြောင်းပြုလို့ ပြည်တွင်းမှာ မိုဘိုင်းဝေါလက်တွေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးလွှဲပြောင်းမှုတွေကို စစ်ကော်မရှင်နဲ့ သူ့ရဲ့ဗဟိုဘဏ်က တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေသလို ဖမ်းဆီးအရေးယူမှုတွေကိုလည်း ဆက်တိုက်လုပ်နေပါတယ်။

    တဖက်မှာလည်း ပြည်တွင်းမှာ KBZ pay အကောင့် ပိတ်ခံထားရသူတွေကို လူတစ်ဦးချင်းစီကို စောင့်ကြည့်တဲ့ PSMS စနစ်နဲ့ ဖမ်းဆီးတာတွေ တောက်လျှောက်လုပ်လာနေတာတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက ထောက်ပြထားပါတယ်။

    စစ်ကော်မရှင်ဟာ FATF ရဲ့ အကြံပြုချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို အကြောင်းပြပြီး ပြည်တွင်းထဲမှာ တော်လှန်ရေးအင်အားစုတွေဆီ ငွေကြေးစီးဆင်းမှုတွေကို ပစ်မှတ်ထားဖမ်းဆီးပြီး FATF ရဲ့ တောင်းဆိုချက်တွေကို အသုံးချနေတယ်ဆိုတဲ့ဝေဖန်မှုတွေရှိနေပါတယ်။

    တဖက်မှာလည်း မြန်မာနိုင်ငံက လည်ပတ်နေတဲ့ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေအပါအဝင် နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းအများစုကို လူနည်းစုကချုပ်ကိုင်ထားပြီး အဲဒီလူတွေကပဲ နိုင်ငံတကာမှာ အခြားအမည်နဲ့ ရင်းနှီးမြှုပ်နှံတာတွေကို လုပ်ထားကြတာမျိုးနဲ့ မူးယစ်ဆေးဝါး၊ လက်နက်ရောင်းဝယ်ရေးစတာတွေနဲ့ ဆက်နွှယ်မှုရှိနေကြသူတွေနဲ့ အဲဒီကရတဲ့ငွေကြေးစီးဆင်းမှုတွေနိုင်ငံတွင်းမှာ ရှိနေတယ်ဆိုတဲ့ နိုင်ငံတကာသုတေသနအဖွဲ့တွေရဲ့ စစ်တမ်းတွေ့ရှိချက်တွေကလည်း FATF ရဲ့ အမည်ပျက်စာရင်းထဲကိုထည့်သွင်းတဲ့အထိ လုပ်ဆောင်ချက်ဖြစ်ခဲ့တာဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

    တရားမဝင် ကျောက်စိမ်းထုတ်လုပ်တာတွေ၊ လက်နက်မှောင်ခိုကူးတာတွေ၊ သစ်ခိုးထုတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာငွေဖြူ၊ ငွေမည်းခဝါချတဲ့ ပြဿနာတွေ ပေါ်ပေါက်စေတယ်လို့ အမည်မည်းစာရင်း မထည့်ခင် ၂၀၂၂ ခုနှစ် အရှေ့ပိုင်းကာလတွေက FATF အဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာလည်း ပါခဲ့ဖူးပါသေးတယ်။

    ၂၀၂၂ ခုနှစ်က FATF ရဲ့ အမည်ပျက်စာရင်းသွင်းရတဲ့အဓိက အကြောင်းရင်းဟာ မြန်မာက ကာဆီနို လောင်းကစားရုံတွေနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွေကြောင့်ဖြစ်တယ်ဆိုပြီး ဒီအခြေအနေကိုသိရှိတဲ့ FATF အရာရှိတွေကို ကိုးကားပြီး နစ်ကီအေးရှားသတင်းက ဖော်ပြခဲ့ဖူးပါတယ်။

    ‘အကြမ်းဖက်အဖွဲ့အစည်း’ ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု

    ဗဟိုဘဏ်ဥက္ကဋ္ဌက မက္ကဆီကိုမှာ ကျင်းပတဲ့ အစည်းအဝေးမှာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနဲ့ လူအများအပြားသေကြေစေတဲ့လက်နက်တွေ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းတွေ စဉ်ဆက်မပြတ်အကောင်အထည်ဖော်နေတယ်လို့ ပြောပါတယ်။

    တစ်ဖက်မှာလည်း FATF အကြံပြုချက်တွေမှာ မလိုက်နာတာကနေ တစိတ်တပိုင်းလိုက်နာတယ်ဆိုတဲ့အကြံပြုချက် ၂ ချက်တွေ့ရပြီး အကြံပြုချက်အမှတ် ၇ နဲ့ ၂၅ ပါ။ အကြံပြုချက် ၇ ကတော့ အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဖြစ်ပါတယ်။

    အကဲဖြတ်မှုကို အာရှပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ လုပ်ဆောင်ခဲ့တာပါ။

    အကြံပြုချက် ၇ ဖြစ်တဲ့အကြမ်းမှုတွေကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဟာ မြောက်ကိုရီးယားအပေါ်ချမှတ်တဲ့ ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၁၇၁၈) စံနှုန်းနဲ့အညီ ညိစွန်းသူတွေကို ‌အရေးယူနိုင်မယ့်အမိန့် ကြေညာရမှာဖြစ်ပါတယ်။

    ဒီဆုံးဖြတ်ချက်က‌ လက်နက်ရောင်းချမှုအရေးယူရေး၊ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တာ၊ အရေးယူခံရသူတွေကို ခရီးသွားလာမှု ပိတ်တာ၊ ဇိမ်ခံကုန်ပစ္စည်းတွေ၊ နျူကလီးယားနဲ့ တာဝေးပစ်စနစ်ဆိုင်ရာ ပစ္စည်းတင်သွင်းမှုတွေကို ပိတ်ပင်တာပါ။

    ဒီအချက်တွေ ပါဝင်တဲ့ အမိန့်အမှတ် (၄/၂၀၂၃) ကို မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ ကြေညာလိုက်တာကြောင့် အကဲဖြတ်မှုမှာ ‘တစိတ်တပိုင်းလိုက်နာ’ တယ်လို့ APG က သတ်မှတ်ခဲ့တာပါ။

    ဒါပေမယ့်လည်း အဲဒီအမိန့်မှာ အားနည်းချက်တွေ ရှိနေသေးတယ်လို့ APG က ထောက်ပြပါတယ်။

    ဖမ်းမိတဲ့ ငွေကြေးတွေ၊ ပိုင်ဆိုင်မှုတွေကို တရားခံက သူ့အကျိုးစီးပွားအတွက် ပြန်ရယူနိုင်တယ်ဆိုတဲ့ အချက်မပါတာ၊ ကုလအဖွဲ့အစည်းတွေက ဘဏ်လုပ်ငန်းတွေ၊ ပစ်မှတ်ထားခံရတဲ့ ငွေကြေးမဟုတ်တဲ့အဖွဲ့အစည်းတွေကို ဆက်သွယ်နိုင်မယ့် ယန္တရားတစ်ခု မရှိတာ၊ လူတစ်ယောက်က တခြားသူတစ်ယောက်ကို ထောက်ပံ့ပေးနေတဲ့ ငွေကြေးလမ်းကြောင်းတွေကို တစုံတယောက်က သတင်းပို့ခွင့်မရှိတာ၊ အရေးယူမယ့်စာရင်းမှာပါနေသူတွေကို အာဏာပိုင်တွေက သူတို့ရဲ့ဆန်းစစ်ချက်နဲ့သာ စာရင်းက ပယ်ဖျက် ပေးမယ်ဆိုတဲ့အချက်က ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၇၁၈) နဲ့ မကိုက်ညီဘူးလို့ ထောက်ပြပါတယ်။

    စစ်ကော်မရှင် ဗဟိုဘဏ်ရဲ့ ‘အကြမ်းဖက်မှု’ ဆိုတဲ့အသုံးအနှုန်းဟာ နိုင်ငံရေးအရအသုံးချတာလို့ တော်လှန်ရေးအင်အားစုတွေဘက်က ရှုမြင်ပါတယ်။

    “သူတို့ကတော့ အကြမ်းဖက်၊ ဒီဘက်ကတော့ တော်လှန်ရေးပေါ့။ စစ်တပ်က နိုင်ငံရေးအရ အသုံးချတယ်လို့ မြင်တယ်” လို့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ပေးသူတစ်ဦးက ပြောပါတယ်။

    ပြည်တွင်းဘဏ်လုပ်ငန်းတစ်ခုက တာဝန်ရှိသူတစ်ဦးကတော့ “FATF က နှစ်ဖက်လုံးကို ပြောတာဖြစ်နိုင်တယ်။ ဗဟိုဘဏ်ကတော့ သူတို့ဘက်ကိုပဲ ရပ်မှာပဲလေ။ ဒီဘက်ကို အရေးယူမှုမရှိဘဲ ဟိုဘက်ကို အရေးယူမှုလုပ်မှာမျိုး” လို့ ပြောပါတယ်။

    ဗဟိုဘဏ်က ဒီဂျစ်တယ်ငွေကြေးစောင့်ကြည့်မှုတွေကိုလည်း ပိုပြီး တင်းကျပ်လာနိုင်တယ်လို့ သူက သတိပေးပါတယ်။

    တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ပေးနေသူကတော့ တော်လှန်ရေးအဖွဲ့တွေထက် ကျားဖြန့်လုပ်ငန်းတွေကသာ မြန်မာနိုင်ငံ ငွေကြေးခဝါချမှုရဲ့အဓိကထောက်တိုင်တွေဖြစ်တယ်လို့ ပြောလိုက်ပြီး ဗဟိုဘဏ်ကို မေးခွန်းထုတ်ပါတယ်။

    “တကယ်တမ်းပြောရရင် သူတို့ပြောတဲ့အကြမ်းဖက်ဆိုတဲ့ တော်လှန်ရေးဘက်က သွားတဲ့ ငွေကြေးအလွှဲအပြောင်းထက်ထက် ကျားဖြန့်တွေက သွားတဲ့ပမာဏက ပိုများနေတာ။ တော်လှန်ရေးဘက်က အကြီးဆုံး ကမ်ပိန်းလောက်ကို လုပ်မှ ပိုက်ဆံ သိန်း ၂‌ ထောင်၊ ၃ ထောင် လောက်က အများဆုံးပဲ။ ဒီပမာဏက Scam(အွန်လိုင်းလိမ်လည်မှု)တွေရဲ့တစ်နေ့ဝင်ငွေလောက်ပဲရှိတာ”

    “တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်ခေါင်းစဥ်တပ်ပြီး ဒီလိုဖမ်းတယ်ဆိုရင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ငွေကြေးခဝါချမှုတွေကို ဗဟိုဘဏ်က ဘာကြောင့် ထိထိရောက်ရောက်မလုပ်တာလဲ” လို့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ပေးနေသူက ပြောပါတယ်။

    Mm News.xyz 2026 03 11 111520

    Mm News.xyz 2026 03 11 111530

    Mm News.xyz 2026 03 11 111540

  • ကျောက်ကြီးမှာ စစ်တပ်ဖမ်းထားတဲ့လူ ၃၀၀ ကျော်ကို ကယ်ထုတ်ရင်း PDF/KNLA ၁၁ ဦး သေဆုံး

    ကျောက်ကြီးမှာ စစ်တပ်ဖမ်းထားတဲ့လူ ၃၀၀ ကျော်ကို ကယ်ထုတ်ရင်း PDF/KNLA ၁၁ ဦး သေဆုံး

    ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ဖမ်းဆီးထားတဲ့ ပြည်သူအယောက် ၃၀၀ ကျော်ကယ်ထုတ်ချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့ဝင် ၁၀ ဦး ကျဆုံးတယ်လို့ တော်လှန်ရေးတပ်တွေဘက်က သတင်းထုတ်ပါတယ်။

    ဒေသခံတွေကို ကယ်ထုတ်ခဲ့တာကိုတော့ မနေ့ မတ် ၁၀ ရက်နေ့မှာ တော်လှန်‌ရေးတပ်တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ PDF အမှတ် ၂ စစ်ဆင်ရေးကနေ သတင်းထုတ်ပြန်ပါတယ်။

    “ပြည်သူကို ကယ်ထုတ်တဲ့စစ်ဆင်ရေး” အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်က တပ်ရင်းတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၃ ကွပ်ကဲမှု အောက်က တပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒီတိုက်ပွဲအတွင်း ပဲခူးတိုင်းစစ်ဌာနက တပ်ဖွဲ့ဝင် ၉ ဦး၊ KNLA တပ်ရင်း ၇ နဲ့ တပ်ရင်း ၉ တို့က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပါတယ်။ ပြင်းထန်ဒဏ်ရာရရှိတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်လည်း ၇ ဦးအထိ ရှိပါတယ်။

    စစ်တပ်ဘက်ကလည်း ၁၀ ယောက်ကျော် သေဆုံးခဲ့ပြီး အယောက် ၂၀ ထက်မနည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အမှတ် ၂ စစ်ရေးနယ်မြေရဲ့ မနေ့ညနေပိုင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ကျောက်ကြီးက ရေတွင်းကုန်းကျေးရွာအုပ်စုမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာနဲ့ သတ်ဖြတ်တာကြောင့် အသက် ၆ နှစ်ကျော် ကလေးငယ်အပါအဝင် လူအယောက် ၃၀ နီးပါးသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီရက်ပိုင်းထဲ ဖြစ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ပြောပါတယ်။

    တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်လာတဲ့ ဒရုန်းနဲ့ရိုက်ကူးထားတဲ့ရုပ်သံမှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေကို မြေပြင်မှာ ဝမ်းလျား မှောက်ခိုင်းတာ၊ မြေတွင်းတူးခိုင်းတာနဲ့ ရုပ်အလောင်းစုပုံထားတဲ့မြင်ကွင်းတွေကို တွေ့ရပါတယ်။

    KNU ကတော့ မတ်လ ၅ ရက်က စစ်တပ်ရဲ့ ခမရ ၂၀၊ ခလရ ၂၆၄၊ ခမရ ၄၃၉ ပူးပေါင်းစစ်ကြောင်းတွေဟာ ရေတွင်းကုန်းကျေးရွာအုပ်စုကို ဝင်ရောက်လာခဲ့ပြီး မတ်လ ၇ ရက် နှစ်ဖက်တိုက်ပွဲပြင်းထန်ချိန်မှာ အဲဒီရွာအုပ်စုကို စစ်တပ်က ဒရုန်း၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

    အဲဒီဗုံးကြဲမှုတွေအတွင်း အသက် ၁၆ နှစ်ကနေ ၅၀ ကျော်ပါဝင်တဲ့ အမျိုးသမီး ၁၇ ဦး သေဆုံးပြီး အသက် ၁၂ နှစ်ကနေ ၅၅ နှစ်အတွင်းရှိတဲ့ အမျိုးသား ၈ ဦး သေဆုံးတယ်လို့လည်း KNU ကနဦး သတင်းထုတ်ပြန်ပါတယ်။

    အဲဒီနေ့ တစ်နေ့တည်းမှာပဲ ထီးပုလုရွာကို ဝင်ရောက်လာတဲ့ စစ်တပ်က ရွာသားတွေကို ဖမ်းခဲ့ပြီး အသက် ၃၅ နှစ်ကနေ ၅၃ နှစ်ကြား အမျိုးသားတွေကို သတ်ဖြတ်ခံရတဲ့အကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ကလည်း ထုတ်ပြန်ပါတယ်။

    ဒီဖြစ်ရပ်ဟာ ‘လူသားများနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု’ လို့ KPSN ကပြောသလို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုအဖြစ် လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့တချို့က ကန့်ကွက်ရှုတ်ချထားကြပါတယ်။