Mm News.xyz 2026 03 11 141758

အမ်းတွင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး

အမ်းမြိုနယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်သုံပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ယနေ့တွင် သတင်းထုတ်ပြန်သည်။

မတ်လ ၈ ရက်နေ့၊ နံနက် ၁၁ နာရီ ၂ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၈ မိနစ် အချိန်အထိ သုံးနာရီခွဲခန့်ကြာမြင့်သော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကိုမရပ်မနား ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ရေးသည်။

စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ ၄ စီးနှင့် Y-12 ၄ စီးတိုဖြင့် ရခိုင်ပြည်၊ အမ်းမြိုနယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံပန်းအကျဉ်းစခန်းအား သုံးနာရီခွဲခန့်ကြာ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအပြင် ပြင်းထန်၊ အလတ်စား၊ အသေးစားဒဏ်ရာရရှိသူများ မြောက်မြားစွာရှိနေသေးပြီး ယင်းအထဲမှာ အရပ်သားများထဲမှ ပြစ်ဒဏ်ကျခံရသူအချို့လည်း ဤဖြစ်စဉ်အတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လေကြောင်းမှ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်သုံပန်း (စစ်ကော်မရှင်တပ်ဖွဲဝင်များ) အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *