Author: Baby Yit Lone

  • စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

    စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

    စစ်အုပ်ချုပ်ရေး ဆန့်ကျင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို လွန်ခဲ့သောနှစ်တွင် စ၍ သွေးချောင်းစီး ဖြိုခွဲနေသည်နှင့် တပြိုင်နက် စစ်ကောင်စီသည် အာဏာသိမ်းဆန့်ကျင်သူများအား ဖမ်းဆီးပြီး အထူးဖြင့် စစ်ကြောရေး ပြုလုပ်စဉ် ရက်စက်ကြမ်းကြုတ်မှုများ စတင်ကျင့်သုံးခဲ့သည်။ ထိုစစ်ကြောရေးများကို ယခင် ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်သည့် အမည်ဆိုးဖြင့်ကျော်ကြားသော စစ်ထောက်လှမ်းရေးဌာနကို ဆက်ခံသည့် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ/ OCMSA) က အဓိက လုပ်ဆောင်သည်။

    စစ်ထောက်လှမ်းအဖွဲ့ဝင်များကဲ့သို့ပင် စရခ အဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများထံမှ သတင်းရယူရန် ညှဉ်းပန်းနှိပ်စက်သည့်နည်းကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။ စစ်ကြောရေး ပြုလုပ်နေစဉ် အကျဉ်းသား သေဆုံးသည်ကိုပင် ဂရုမစိုက်ဘဲ စစ်မေးကြသည်။ စရခ၏ ညှဉ်းပန်းနှိပ်စက်နည်းများတွင် ဆူပွက်နေသောအရည် သို့မဟုတ် ဓာတုဆေးရည်များကို စစ်မေးခံရသူ၏ ပါးစပ်မှ ဝမ်းဗိုက်အတွင်းသို့ လောင်းထည့်ခြင်းနှင့် စစ်တပ်ကို ဆန့်ကျင်သူ မည်သူကိုမဆို ခြိမ်းခြောက်ရန် ထိုသို့ ပုံစံပျက်ယွင်းနေသော အလောင်းများကို မိသားစုထံ ပြန်ပို့ခြင်းလည်း ပါဝင်သည်။ အခြား နည်းလမ်းများတွင် ယောကျ်ားချင်း မုဒိန်းကျင့်ခြင်းလည်း ပါဝင်ကြောင်း စရခ၏ စစ်ကြောမှုကို ခံရသည့် Frontier Myanmar သတင်းသမားတဦး၏ မကြာသေးမီက ဖွင့်ဟပြောဆိုချက်အရ သိရသည်။

    အာဏာသိမ်းပြီးနောက် မြန်မာတွင် စစ်တပ်က ဖမ်းဆီးထားစဉ် သတ်ဖြတ်ခံရသူ ရာချီရှိသကဲ့သို့ ထောင်နှင့်ချီသည့် ဖမ်းဆီးခံထားရသူများကိုလည်း စရခ အဖွဲ့ဝင်များက ညှဉ်းပန်းနှိပ်စက်နေသည်ဟု ယူဆရသည်။ လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ စစ်ကြောရေးစခန်းများတွင် သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်မားလာကြောင်း စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

    စစ်ကောင်စီ၏ ဖမ်းဆီးမှု ခံရချိန်အတွင်း သေဆုံးသူ ၇၀၇ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မှတ်တမ်းတင်ထားသည်။ ထိုအရေအတွက်တွင် စစ်ကြောရေးစခန်းများနှင့် တနိုင်ငံလုံးမှ ထောင်များ၌ သေဆုံးသူများနှင့် လွှဲပြောင်းပေးအပ်ရန် စောင့်ဆိုင်းနေစဉ် ချုပ်နှောင်မှုအတွင်း သေဆုံးသူများ ပါဝင်သည်။ ထိုသေဆုံးသူများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) တပ်ဖွဲ့ဝင်များ၊ ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များနှင့် ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးထားသည့် အရပ်သားများ ပါဝင်သည်။

    ထိုစစ်ကြောရေး ငရဲခန်းများကို ကြီးကြပ်သည့်သူသည် စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ၊ စစ်ကောင်စီ ငရဲခန်းများအကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဖြစ်သည်။

    ရဲဝင်းဦး ဘယ်သူလဲ

    Mm News.xyz 2026 03 06 063653

    စစ်ကောင်စီ မီဒီယာ ထုတ်လွှင့်မှုများတွင် သူသည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် မကြာခဏ ပေါ်လာတတ်သော်လည်း သတိမထားမိကြပေ။

    စစ်ကောင်စီ နံပါတ် ၂ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် စစ်ကောင်စီတွင် မင်းအောင်လှိုင်၏ အဓိက ကြံရာပါအဖြစ်သာ အများအပြားက မြင်ကြသည်။

    သို့သော် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် တော်လှန်ရေး လှုပ်ရှားမှုသတင်းများကို စစ်ကြောရေး ငရဲခန်းများတွင် ရယူပေးသည့်အတွက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ပိုမိုယုံကြည်ခံလာရသည်။

    ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံဖြစ်ရုံသာမက သူ့မိသားစု၏ လူယုံလည်း ဖြစ်သည်။ ရဲဝင်းဦး ဇနီး ဒေါ်နီလာသည် အခြားဗိုလ်ချုပ်ဇနီးများကဲ့သို့ပင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ပါဝင်သည်။

    သူသည် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၃၀ နှင့် ခေတ်ပြိုင် ဗိုလ်သင်တန်း (OTS) အပတ်စဉ် ၇၇ မှဆင်းသူ ဖြစ်သည်။

    Mm News.xyz 2026 03 06 064359

    ရဲဝင်းဦးသည် လွန်ခဲ့သော ၁၀ နှစ်ခန့်က ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စစ်ဦးစီးမှူး ပထမတန်းအဖြစ် ခန့်အပ်ခံရစဉ်ကပင် မင်းအောင်လှိုင်တို့ မိသားစုနှင့် ရင်းနှီးသူဖြစ်သည်။

    သူနှင့် သူ့ဇနီးသည် မင်းအောင်လှိုင်ဇနီး ဒေါ်ကြူကြူလှ၏ အချစ်တော်များဖြစ်သည်။ မင်းအောင်လှိုင် မိသားစုနှင့် ထိုသို့ နီးကပ်သည့် ဆက်ဆံရေး ရှိသောကြောင့်ပင် ရဲဝင်းဦးသည် ရာထူးအတက်မြန်ပြီး စစ်ဆေးတက္ကသိုလ် ကျောင်းအုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ထို့နောက်တွင် စရခ ခေါင်းဆောင်ဖြစ်လာသည်။

    “သူက စစ်တပ်မှာ ဘာမှ ထူးထူးချွန်ချွန် ပြောင်ပြောင်မြောက်မြောက် လုပ်ခဲ့တဲ့မှတ်တမ်း မရှိဘူး။ မင်းအောင်လှိုင်ရဲ့ လူယုံမို့လို့ ရာထူးတက်လာတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြန်မာအခြေစိုက် စစ်ရေးသုတေသီတဦးက ပြောသည်။

    စစ်တက္ကသိုလ် DSA ကျောင်းဆင်းများ လွှမ်းမိုးထားသည့် စစ်ခေါင်းဆောင်ပိုင်းတွင် ရဲဝင်းဦးသည် တဦးတည်းသော OTS ဗိုလ်သင်တန်းကျောင်းဆင်းဖြစ်သည် ဆိုသည့်အချက်က သူ့အပေါ် မင်းအောင်လှိုင် မည်မျှ ယုံကြည်သည်ကို ပြသနေသည်။

    သူသည် စစ်ကောင်စီ၏ တွဲဘက်အတွင်းရေးမှူးလည်း ဖြစ်သည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သူ၏လက်ရုံး စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးထက်ပင် ပိုမိုယုံကြည်ပုံရသည်။

    နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံသောအခါ မင်းအောင်လှိုင်သည် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို သူ့အနားတွင် မထားဘဲ ရဲဝင်းဦးကိုသာ ထားသည်။

    စစ်ကောင်စီထိန်းချုပ် မီဒီယာများ၏ ညပိုင်းသတင်းများတွင် ရဲဝင်းဦးသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ပြောသမျှ လိုက်မှတ်နေသည်ကို တွေ့ရသည်။

    ရဲဝင်းဦးသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်များကို စစ်ကောင်စီက တိုက်ခိုက်ရာတွင် မှတ်သားစရာ မည်သည်ကိုမျှ မစွမ်းဆောင်ခဲ့သော်လည်း လွန်ခဲ့သောနှစ်က အာဏာသိမ်းမှုတွင် သူသည် ထူးခြားသော အခန်းမှပါဝင်သည်။ မင်းအောင်လှိုင်အတွက် သူ၏ အကြီးမားဆုံး အကျိုးဆောင်မှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကို ဖမ်းဆီးရာတွင် ကြီးကြပ်ခြင်းဖြစ်သည်။

    ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့သည် နေပြည်တော်ရှိ သမ္မတအိမ်တော်နှင့် မြနန်းဘုံသာလမ်းမှ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်များကို ဝင်ရောက်စီးနင်းရာတွင် ဦးဆောင်သူများဖြစ်သည်ဟု ဖြုတ်ချခံ သမ္မတ ဦးဝင်းမြင့်က စစ်ကောင်စီထိန်းချုပ် တရားရုံးသို့ ပြောသည်။

    ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ စစ်မှုထမ်း မှတ်တမ်းတွင် ရှေ့တန်း၌ တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်သည့် တာဝန်ထမ်းဆောင်မှု မရှိသလောက်ပင်ဖြစ်သည်။ သို့သော် လက်နက်မဲ့ ဆန္ဒပြသူများကို နှိပ်စက်ရာတွင် သူသည် လူစိတ်ကင်းမဲ့ကြောင်း ပြသနိုင်သည်။

    စစ်ကြောရေး ငရဲခန်းများ

    Mm News.xyz 2026 03 06 063716

    စစ်ကောင်စီက ဖမ်းဆီးထားသူ အရေအတွက်သည် လွန်ခဲ့သောလအထိ ၁၂၅၃၄ ဦးခန့်ရှိကြောင်း AAPP ၏ စာရင်းများအရ သိရသည်။ ထိုသူများကို ဖမ်းဆီးသူမှာ ရဲဝင်းဦး၏ ကွပ်ကဲမှုအောက်မှ စစ်သားများဖြစ်သည်။

    သေဆုံးမှုအများအပြားတွင် ဖမ်းဆီးခံရသူများသည် ညတွင်းချင်းသေဆုံးပြီး နောက်နေ့နံနက်တွင် အလောင်းလာယူရန် စစ်တပ်က မိသားစုကို အကြောင်းကြားသည်။ စစ်ကောင်စီသည် ထိုကိစ္စများကို မသိကျိုးကျွံပြုကာ ထိုသေဆုံးမှုများအတွက် တာဝန်ရှိသည့် တပ်ဖွဲ့ဝင်များကို အရေးယူခြင်း မရှိပေ။

    စစ်ကြောရေး ငရဲခန်းများတွင် အမျိုးသားများပင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည်။ Frontier Myanmar သတင်းသမား ကိုရဲမွန်ကို ရန်ကုန် နိုင်ငံတကာလေဆိပ်တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် စစ်ကောင်စီစစ်သားများက ရိုက်နှက်ပြီး မုဒိန်းကျင့်သည်။ အမျိုးသမီးများကို ဆိုလျှင် ပြောရန်ပင် မလိုတော့ပေ။

    မင်းအောင်လှိုင်၏ နားနှင့် မျက်စိ

    Mm News.xyz 2026 03 06 063757

    စစ်အာဏာသိမ်းမှုဆန့်ကျင်သူ အင်အားစုများကို ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းသည်ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အပြည့်အဝ ထောက်ခံမှုပေးခြင်းဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ သူ၏ အာဏာသိမ်းမှုကို ခိုင်မာစေသည်။

    စစ်ကောင်စီခေါင်းဆောင်သည် စစ်ကောင်စီကို ဆန့်ကျင်သည့် ပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ NUG ၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြောင်း ထောက်လှမ်းရန်အတွက် စရခကို အားကိုးနေရသည်။

    ထိုကိစ္စများထက် ပိုမိုအရေးကြီးသော ကိစ္စမှာ ရဲဝင်းဦးသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တပ်တွင်းပုန်ကန်မှုများမှ ကာကွယ်ပေးရာတွင် အဓိကအခန်းမှ ပါဝင်နေခြင်းဖြစ်သည်။

    “ရဲဝင်းဦးဟာ ပြည်တွင်း ပြည်ပနဲ့ တပ်တွင်းက ထောက်လှမ်းရေးသတင်းတွေကို ကိုင်တွယ်တယ်” ဟု စရခ သတင်းရင်းမြစ်တခုက ပြောသည်။

    ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ အစိုးရအဖွဲ့ အစည်းအဝေးအားလုံး၊ သံတမန်များနှင့် ဆွေးနွေးပွဲအားလုံးနှင့် ပြည်တွင်း ပြည်ပ ခရီးအားလုံးတွင် လိုက်ပါရသည်။ မင်းအောင်လှိုင် ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်နှင့် သွားရောက်တွေ့ဆုံစဉ်ကလည်း ရဲဝင်းဦး လိုက်ပါသွားသည်။

    စရခ ဒုခေါင်းဆောင်မှာ ဗိုလ်ချုပ် တိုးရီ ဖြစ်သည်။

    စစ်အာဏာသိမ်းပြီးနောက် စရခကို ဌာနခွဲနှစ်ခု ခွဲလိုက်ပြီး အထက်မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲနှင့် အောက်မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲဖြစ်သည်။ အထက်မြန်မာနိုင်ငံဌာနခွဲကို ဗိုလ်ချုပ် အောင်ကျော်ကျော်က ဦးဆောင်ပြီး အောက်မြန်မာနိုင်ငံဌာနခွဲကို ဗိုလ်ချုပ် ကျော်ကျော်လွင် ဦးဆောင်သည်။

    စစ်အာဏာသိမ်းပြီးနောက် စရခသည် မကောင်းဆိုးရွားဂိုဏ်းဖြစ်လာပြီး အဓိကတာဝန်ရှိသူမှာ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပင်။

  • ပထမဆုံး LGBTတပ်ချုပ်လား?

    ပထမဆုံး LGBTတပ်ချုပ်လား?

    ရဲဝင်းဦးကိစ္စက မအလယုံတာသိပေမယ့် သူက တိုင်းမှူးအပြီး စရဖညွှန်ချုပ်သာလုပ်လို့ ဘယ်သူကမှ ဒီရာထူးပေးမယ်လို့ မထင်ထားပါဘူး။

    သူက လူသတ်တာ၊ ဘောမတာကလွဲလို့ စစ်ရေးအတွေ့အကြုံမရှိပါဘူး။

    ဒီရာထူးကို ပေးလို့ရပေမယ့် စစ်မနိုင်နိုင်ပါဘူး။

    ဒါကြောင့် မအလက စစ်တိုက်နိုင်သူထက် အမိန့်နာခံသူကိုရွေးတာ ထင်ရှားနေပါတယ်။

    နောက်သူက အရက်သမား၊ နှစ်ဖက်ချွန် အမျိုးသမီးငယ်တွေရော လိင်တူပါဆက်ဆံသူပါ။

    သူ့ ယခင် ဧရာဝတီတိုင်းထဲက PSO ကောင်လေးနဲ့ ဖြစ်နေတာပါ။

    ထူးခြားတာက တရုတ်သမ္မတကို မိတ်ဆက်စဉ်က အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်က ကျော်စွာလင်းဖြစ်ပြီး အားလုံးရှေ့မှာ မိတ်ဆက်ထားတာပါ။

    ကျော်စွာလင်းလဲ ရဲဝင်းဦးကို တပ်ချုပ်ပေးရလောက်အောင် ဘာတွေ ဖြစ်ခဲ့လဲ ယခုအထိတော့ မသိသေးပါ။

    သိတာက ကျော်စွာလင်းက တပ်ချုပ်ပါ။

    ဘာပဲပြောပြော စိန်လွင်ကို သမ္မတပေးလိုက်သလိုပါဘဲ။

    တိုင်းပြည်ရော တပ်ပါ ကောင်းဖို့မရှိဘဲ ပြည်သူက တိုက်ရုံမှတစ်ပါး အခြားမရှိတာပိုသေချာသွားခဲ့ပါပြီ။

    ဟို​လေချူပ်က မိန်းမကိစ္စနဲ့ပြုတ် ပေမယ့်​ဒီ​ကောင်က​ အဘအကြောင်းသိလို့ ခိုင်​နေပါတယ်။

    ဒါကြောင့်​ ပြည်သူ​က​ ပြည်သူ့တပ်ကိုသာ​ ထောက်ပံ့ပေးပါ။ ဒါမှ​ငါတို့နိုင်မှာပါ။

  • နဂါးပူးကိစ္စ ခံဝန်ကတိထိုး..

    နဂါးပူးကိစ္စ ခံဝန်ကတိထိုး..

    ပဲခူးတိုင်း ကဝမြို့နယ် နဂါးပူးကိစ္စ ခံဝန်ကတိထိုး..

    ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်

    ကသစ်ပင်အုပ်စု တဲစုကျေးရွာ

    တဲစုကျောင်းအတွင်း

    တည်ထားကိုးကွယ်ပူဇော်အပ်သော

    နဂါးရုံဘုရား ဘုရားဖွင့်ပွဲတွင်

    နဂါးရုံဘုရားပေါ်တွင် နဂါးပူးသည့်

    အမျိူးသမီး သုံးဦးနှင့်ပတ်သက်

    27-2-2026 တွင်

    ကဝမြို့နယ် သံဃနာယကရုံးတွင်

    ဓမ္မစက် အာဏာစက်

    သက်ဆိုင်သူများ ရှေ့မှောက်ဝယ်

    သက်ဆိုင်ပါဝင်သူများအားလုံးအား

    သြဝါဒခံယူစေ ပြီး ခံဝန်ကတိထိုးစေခဲ့ဟု

    ကဝ မြို့နယ် သံဃနာယကရုံးမှ သတင်းရရှိ။

    အာဏာစက်ဘက်က

    ပြတ်ပြတ်သားသား မကိုင်တွယ်သရွေ့

    ဓမ္မစက်ဘက်ကတော့

    ကြီးသောအမှု ငယ်စေ

    ငယ်သောအမှု ပပျောက်စေ

    မဖြစ်သေးသောအမှု မဖြစ်ပေါ်စေဆိုတဲ့

    ငဲ့ငြှာစိတ်ထား ကိန်းဝပ်လို့သာ

    ခွင့်လွတ်စမြဲပါပေ။

    မှတ်ချက်။

    တစ်ချို့ ခွင့်လွှတ်လို့ မသင့်လျှင်တော့….

    ခွင့်မလွှတ်သင့်ချေ..

    646862846 942065815013725 9120050029162671955 N

    647037990 942065628347077 4640627205961766025 N

    647051416 942065395013767 1710161612644076591 N

    647056703 942065198347120 8032823516286758751 N

    647135712 942065001680473 8607274346667093611 N

    646764057 942065895013717 5255236320847818913 N

    647126205 942066011680372 9031961155821593470 N

    မစိုးရိမ်ဖေးမလက်တွဲ

  • CEIR တို့၊ IMEI တို့ ဆိုတာ ဘာတွေလဲ ဒီကနေ ဘယ်လို ရှောင်တိမ်းနိုင်မလဲ

    CEIR တို့၊ IMEI တို့ ဆိုတာ ဘာတွေလဲ ဒီကနေ ဘယ်လို ရှောင်တိမ်းနိုင်မလဲ

    အာဏာသိမ်းစစ်တပ်က ခု ထုတ်ပြန်တဲ့ ဖုန်းတွေကို မှတ်ပုံတင်ရမဲ့ ကိစ္စက အာဏာရှင်တွေအတွက် အသစ်မဟုတ်ပါ။ သူ့မိတ်ဆွေကြီးတွေဖြစ်တဲ့ အီရန်၊ မြောက်ကိုရီးယားနဲ့ ဘီလာရုစ်တို့က ဒီစနစ်ကို ကျင့်သုံးနေပြီးသား ဖြစ်ပါတယ်။

    ခု အာဏာသိမ်းစစ်တပ်က ထုတ်ပြန်တဲ့ Central Equipment Identity Register – CEIR ဆိုတာ ဘယ်ဖုန်းမှာမဆို ပါဝင်တဲ့ IMEI (International Mobile Equipment Identity) နံပါတ်တွေကို စနစ်တကျ စုဆောင်းမဲ့ အစီအစဉ်လို့ ကျနော် မြင်ပါတယ်။

    ကျနော်တို့ သုံးနေတဲ့ ဘယ်ဖုန်းမှာမဆို IMEI နံပါတ်ဆိုတာ ရှိပါတယ်။ ဂဏန်း ၁၅ လုံး ပါပါတယ်။ သိစရာလည်း မလိုသလို အလွတ် ရထားစရာလည်း မလိုပါ။ ဒါက ဖုန်းတလုံးရဲ့ မှတ်ပုံတင်ပါပဲ။ အလွယ် ပြောရရင်တော့ ဖုန်းတစ်လုံးရဲ့ ‘ဒစ်ဂျစ်တယ် လက်ဗွေရာ’ လို့ ဆိုနိုင်ပါတယ်။ ဖုန်းကိုပြောတာပါ၊ ဆင်းမ်ကတ်ကို ပြောတာ မဟုတ်ပါ။

    ခု စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရဆိုရင်တော့ ကိုယ်ဝယ်ထားတဲ့ဖုန်းဟာ အခွန်ဆောင်ထားသလား မဆောင်ထားဘူးလား ဆိုတာကို စစ်တပ်ရဲ့ CERI မှာ ကိုယ့်ဖုန်းရဲ့ IMEI နံပတ်တွေကို တင်ပြီး စစ်ဖို့ မှတ်ပုံတင်ဖို့ ပြောလာတာ ဖြစ်ပါတယ်။

    စစ်တပ် ရေးထားပုံအရ ‘လက်ရှိ အသုံးပြုနေတဲ့ မိုးဘိုင်လက်ကိုင်ဖုန်းတွေကို အခွန်ပေးစရာမလိုဘူး၊ ဆက်လက်ပြီး အသုံးပြုနိုင်ဖို့ CEIR စနစ် ခွင့်ပြုစာရင်းမှာ အလိုလျောက် ထည့်ပေးမယ်’ လို့ ဆိုတယ်။

    ဒါပေမဲ့ အဲ့ဒီ ခွင့်ပြုစာရင်းမှာ ပါနိုင်ဖို့ ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ကိုယ့်ဖုန်းကို မြန်မာဆင်းမ်ကတ် တခုကို ထည့်ပြီး အသုံးပြုနေဖို့ လိုတယ်။

    ဒီမှာ သတိထားရမှာက ဖုန်းတလုံးကို ဝယ်ထားပြီး ဒီလ ၃၁ ရက်မတိုင်ခင် မြန်မာဆင်းမ်ကတ် တခုခု ထည့်ပြီး မသုံးထားဘူးဆိုရင်၊ ဒါမှမဟုတ် ဧပြီ ၁ ရက်နေ့ နောက်ပိုင်းမှ သုံးမယ်ဆိုရင် အခွန်ဆောင်ရမယ်။

    သဘောကတော့ ဧပြီ ၁ နောက်ပိုင်းမှာ ဖုန်းတလုံးကို ဆင်းမ်ကတ်ထည့်ပြီး သုံးမယ်ဆိုရင် အဲ့ဒီဖုန်းဟာ အခွန်ဆောင်ထားတဲ့ ဖုန်းဖြစ်ရမယ်။ မဆောင်ထားဘူးဆိုရင်တော့ စစ်တပ် ထုတ်ပြန်ချက်မှာ ‘ယင်းကာလအတွင်း ကျသင့်အခွန်နှင့် ဒဏ်ကြေးများ ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့် ရှိမည်’ လို့ ရေးထားပါတယ်။

    အင်တာနက် မရတဲ့နေရာက လူတွေဆိုရင်တော့ နီးစပ်ရာနေရာက အခွန်ဦးစီးရုံးတွေ၊ အကောက်ခွန်ရုံးတွေမှာ အခွန်နဲ့ဒဏ်ကြေးကို ပေးလို့ရတယ်လို့ စစ်တပ်က ဆိုတယ်။

    အခွန်မဆောင်ဘဲ ဆက်သုံးရင်တော့ စစ်တပ်က သတ်မှတ်ထားတဲ့ ရက်နောက်ပိုင်းမှာ အဲ့ဒီဖုန်းတွေမှာ မြန်မာ ဆင်းမ်ကတ်တွေကို ထည့်သုံးလို့ ရတော့မှာ မဟုတ်ဘူး။

    ဥပမာ နိုင်ငံခြားကနေ ဖုန်းတလုံး ဝယ်လာမယ်၊ အခွန် မဆောင်ထားဘူး။ ဧပြီ ၁ နောက်ပိုင်းမှာ မြန်မာ ဆင်းမ်ကတ် ထည့်သုံးရင် သတ်မှတ်ကာလတခုအထိပဲ သုံးလို့ရမယ်၊ သတ်မှတ်ကာလအတွင်းမှာ အခွန်မဆောင်ဘူး၊ မှတ်ပုံမတင်ဘူးဆိုရင် သတ်မှတ်ရက်ကျော်သွားတဲ့အခါ အဲ့ဒီဖုန်းကို မြန်မာနိုင်ငံက ထုတ်တဲ့ ဘယ် ဆင်းမ်ကတ်မှ ထည့်သုံးလို့ ရတော့မှာ မဟုတ်ဘူး။

    စစ်တပ်ဘက်က ဝါဒဖြန့်နေတာက နိုင်ငံတကာမှာလည်း မှတ်ပုံတင်ကြတယ်ဆိုတဲ့ အချက်ပါ။ မှန်သလိုလိုနဲ့ ရောချပြီး လူထုကို ပုံမှားရိုက်နေတာ ဖြစ်ပါတယ်။

    ပုံမှန် အခြေအနေမှာ လူတယောက်က ဖုန်းတလုံး ဝယ်လိုက်တယ်၊ ဆင်းမ်ကတ် ထည့်သုံးတယ်။ ‘ဘာမှ မဖြစ်ရင် ဘာမှ လုပ်စရာမလို’ ပါဘူး။

    ဖုန်းတလုံးထဲကို ဖုန်းဆင်းမ်ကတ် တခု ထည့်လိုက်တာနဲ့ ဖုန်းအော်ပရေတာက အလိုလို IMEI ကို ရထားပြီးသား ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ အစိုးရက ဒါမှဟုတ် အာဏာပိုင် အဖွဲ့အစည်းတခုခုက ရတာ မဟုတ်ပါ၊ ဖုန်းအော်ပရေတာတွေက ရတာ ဖြစ်ပါတယ်။

    ကိုယ့်ဖုန်းပျောက်သွားလို့ အော်ပရေတာကို ပြောလိုက်ရင် သူက ကိုယ့်ဖုန်းရဲ့ IMEI ကို သိပြီးသားဖြစ်လို့ CEIR စနစ်နဲ့ ခိုးသွားတဲ့လူက ကိုယ့် ဆင်းမ်ကတ်ကို ဖြုတ်ပြီး နောက်ထပ် ဘယ် ဆင်းမ်ကတ်ထည့်ထည့် သုံးလို့ မရအောင် လုပ်ပစ်လို့ရပါတယ်။

    ဒီစနစ်ကို အမေရိကန်၊ ယူကေ၊ စပိန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနဲ့ ဥရောပနိုင်ငံတွေ၊ သြစတြေးလျ၊ အိန္ဒိယတို့မှာလည်း သုံးပါတယ်။

    ဒါကြောင့် အစိုးရတရပ်အနေနဲ့ လုပ်လို့မရဘူးလား မေးရင် ရပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေ၊ လွတ်လပ်တဲ့ တရားရေးရှိတဲ့ နိုင်ငံတွေမှာ တရားမဝင် အဖွဲ့အစည်းတွေကို ခြေရာခံတာမျိုး၊ ခိုးသွင်းလာတဲ့ဖုန်းတွေကို ပိတ်ပစ်ချင်တာမျိုး စတဲ့ကိစ္စတွေမှာ IMEI နဲ့ ဖုန်း ဆင်းမ်ကတ်နဲ့ လိုက်တာမျိုး ဖြစ်ပါတယ်။

    ဒါပေမဲ့ လူတယောက်ရဲ့ ဖုန်းကို ခြေရာခံဖို့၊ လှုပ်ရှားမှုတွေ စောင့်ကြည့်ဖို့ ဆိုတာ ဒီမိုကရေစီနိုင်ငံတွေနဲ့ လူထုရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို တန်ဖိုးထားတဲ့ နိုင်ငံတွေမှာ တရားသူကြီးတွေရဲ့ ခွင့်ပြုချက် အထူးသဖြင့် တရားရေးရဲ့ ခွင့်ပြုချက်နဲ့မှ ရဲတပ်ဖွဲ့ တနည်းအားဖြင့် ဥပဒေစိုးမိုရေးအဖွဲ့တွေက လုပ်လို့ရတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးကို စစ်တပ်က ထိန်းချုပ်ထားပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို စစ်တပ်က ဂုတ်ကနေ ခွစီးထားပါတယ်။ ဖုန်းအော်ပရေတာတွေက စစ်တပ်ကို အစီရင်ခံရပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာလုပ်သလို မြန်မာမှာလည်း လုပ်တာလို့ ယှဉ်ပြောလို့ မရတာပါပဲ။

    အဖြေက ရှင်းပါတယ်။ ကိုယ့်ဖုန်း IMEI ကို ဖုန်းအော်ပရတာတွေကပဲ သိတာဖြစ်ပြီးတော့ အစိုးရ ဒါမှမဟုတ် အာဏာပိုင်အဖွဲ့စည်းက သိစရာမလိုပါဘူး။ ပေးစရာလည်း မလိုပါဘူး။ ဒါက လွတ်လပ်တဲ့နိုင်ငံတွေမှာ အလုပ်လုပ်ပုံပါ။

    မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင် ဖြစ်လေတော့ လုပ်ချင်ရာ လုပ်တာပဲ ဖြစ်ပါတယ်။

    ကိုယ့် ဆင်းမ်ကတ်ကို မှတ်ပုံတင်လိုက်တာနဲ့ ကိုယ့်အချက်အလက်တွေကို အော်ပရေတာတွေက ရထားပြီးသားဖြစ်သလို အဲ့ဒီဆင်းမ်ကတ်ကို ထည့်သုံးတဲ့ ဖုန်းရဲ့ IMEI ကိုလည်း စစ်တပ်က အချိန်မရွေး တောင်းယူနိုင်ပါတယ်။ တောင်းလည်း တောင်းယူနေပါတယ်။

    ခုကိစ္စမှာတော့ စစ်တပ်ရဲ့ လုပ်ရပ်ကို ခန့်မှန်းကြည့်ရင် အရင်လိုမျိုး လူတွေရဲ့ ဖုန်း IMEI တွေကို အော်ပရေတာတွေဆီကနေ တောင်းစရာမလိုတော့ဘဲ အခွန်ဆောင်ထားသလား မဆောင်ထားဘူးလား စစ်တဲ့ ဖုန်းတွေရဲ့ IMEI တွေကို စနစ်တကျ စုဆောင်းခွင့် ရသွားတယ်လို့ မြင်ပါတယ်။

    ဆိုတော့ ခု CERI သုံးပြီး ကိုယ့် IMEI ကို စစ်ကြည့်တာ၊ မှတ်ပုံတင်တာက ပုံမှန်အခြေအနေမှာဆိုရင် စိုးရိမ်စရာ မရှိဘူး။ ဒါပေမဲ့ စစ်တပ်အနေနဲ့ ဘယ်သူ့ကိုမဆို စောင့်ကြည့်ရတာ၊ ခြေရာခံတာ အရင်တုန်းကထက် ပိုမြန်သွားမယ် ပိုလွယ်သွားမယ် ဆိုတာပါပဲ။

    အရင်က လူတယောက်ကို လိုက်ချင်ရင် စစ်တပ်က ဖုန်းနံပါတ်နဲ့ လိုက်ပါတယ်။ ဖုန်းပြောနေတဲ့အချိန်၊ အင်တာနက်သုံးနေတဲ့အချိန်မှာ အနည်းဆုံး ဖုန်းတာဝါတိုင် ၃ ခုလောက်နဲ့ တိုက်ပြီး လိုက်လို့ရပါတယ်။

    ခုတော့ ဖုန်းနံပါတ်ကိုတင် မဟုတ်တော့ဘဲ ကိုယ့်ဖုန်းဟန်းဆက်ရဲ့ IMEI ကိုပါ တိုက်ဆိုင်ကြည့်နိုင်တော့မှာ ဖြစ်လို့ မှတ်ပုံမတင်ထားတဲ့ ဆင်းမ်ကတ်တခုကို ကိုယ့်ဖုန်းမှာ ထည့်သုံးရင် စစ်တပ်က ဖုန်းကိုပါ သိထားတဲ့အတွက် ပိုပြီး ခြေရာခံဖို့ လွယ်သွားမှာ ဖြစ်ပါတယ်။

    ဒါပေမဲ့ ဖုန်းကို လုံးလုံးပိတ်ချလိုက်တာ၊ ဖုန်း မပြောတာ၊ ဝိုင်ဖိုင် မသုံးတာဆိုရင် စစ်တပ်က လိုက်ဖို့ မလွယ်ပါဘူး။ လုံခြုံရေးအတွက် အန္တရယ်ရှိတယ်ဆိုရင်တော့ အီရန်၊ ဂါဇာ၊ ဆီးရီးယားတို့မှာလိုမျိုး ဖုန်းပြောပြီးတာနဲ့ ဖုန်းရော ဆင်းမ်ကတ်ကိုပါ လွှင့်ပစ်ရမဲ့ အနေအထားပါပဲ။

    ခု လက်ရှိသုံးနေတဲ့ ဖုန်းတွေရဲ့ IMEI ကို စစ်တပ်က သိပြီးသားမို့ ရှောင်ဖို့တော့ မလွယ်နိုင်ပါဘူး။ ဆိုတော့ ကိုယ် အင်တာနက်သုံးတာကို ပိုပြီး ဂရုစိုက် ဆင်ခြင်ကြဖို့သာ ရှိပါတော့တယ်။ ဒီအတွက်တော့…

    ◼︎ အင်တာနက်ပေါ်ကနေ ဆက်သွယ်ဖို့အတွက် လုံခြုံမှုအရှိဆုံးလို့ ဆိုနိုင်တဲ့ Signal အက်ပလီကေးရှင်းကို သုံးပါ။ Facebook Messenger တို့၊ Telegram တို့၊ Viber တို့လိုပဲ စာပို့၊ ဖုန်းပြော၊ ဓာတ်ပုံ၊ ဗွီဒီယိုပို့တဲ့ Application ဖြစ်ပါတယ်။ ပိုပြီး လုံခြုံပါတယ်။

    Android မှာပဲဖြစ်ဖြစ် iPhone တွေမှာဖြစ်ဖြစ် App Store မှာ အလွယ်တကူ ရှာလို့ရပါတယ်။ Signal မှာဘာတွေပြောထားသလဲ ဆိုတာကို ကြားကနေ ဘယ်သူမှ မဖတ်နိုင်ပါ။ ကြားဖြတ် နားမထောင်နိုင်ပါ။

    ◼︎ လုံခြုံရေးအတွက်၊ တခြားသူ မသိစေချင်တဲ့ ဘယ်ကိစ္စတိုင်းမဆို မဖြစ်မနေ ဘယ်အခြေအနေရောက်ရောက် VPN သုံးပါ။

    ◼︎ ကိုယ့်ဖုန်းထဲမှာ သံသယရှိနိုင်တဲ့အချက်အလက်၊ ဓာတ်ပုံ၊ ဗွီဒီယို တခုဆို တခုမှ ထည့်မထားပါနဲ့။

    ဒီအကြောင်းကို ကျွမ်းကျင်သူတွေကို မေးမြန်းပြီး ကျနော် နားလည်သလို ပြန်ရေးပြတာ ဖြစ်ပါတယ်။ နည်းပညာပိုင်းကို ပိုပြီး နားလည်တတ်ကျွမ်းသူတွေအနေနဲ့ လူထုကို ရှင်းရှင်းလင်းလင်း ရေးပြကြဖို့၊ လူထုကို အသိပေးဖို့ လိုအပ်ပါတယ်။

    အားလုံး အဆင်ပြေကြပါစေဗျား။

    ✍️ Mratt Kyaw Thu

  • IMEI နံပါတ် သိရုံနဲ့ ဖုန်းကို Hack လို့ ရနိုင်သလား?

    IMEI နံပါတ် သိရုံနဲ့ ဖုန်းကို Hack လို့ ရနိုင်သလား?

    ဖုန်းသုံးသူတိုင်း သိထားသင့်တဲ့ လုံခြုံရေး ဗဟုသုတတစ်ခုအကြောင်း ပြောပြချင်ပါတယ်။

    လူတော်တော်များများ စိုးရိမ်နေကြတဲ့ “ငါ့ဖုန်းရဲ့ IMEI ကို တစ်ယောက်ယောက်က သိသွားရင် ငါ့ဖုန်းကို Hack ပြီး ဒေတာတွေ ခိုးသွားမလား?” ဆိုတဲ့ မေးခွန်းပါ။

    အဖြေကို အရင်ပြောရရင် “တိုက်ရိုက် Hack လို့ မရပါဘူး”။ ဒါပေမဲ့… သတိထားရမယ့် အချက်လေးတွေတော့ ရှိပါတယ်။

    🔍 ၁။ IMEI ဆိုတာ ဘာလဲ?

    IMEI ဆိုတာ ဖုန်းတစ်လုံးချင်းစီရဲ့ “ကိုယ်ပိုင်မှတ်ပုံတင်နံပါတ်” လိုမျိုးပါ။ လူတစ်ယောက်မှာ မှတ်ပုံတင်နံပါတ် တစ်ခုပဲ ရှိသလို၊ ဖုန်းတစ်လုံးမှာလည်း တစ်ကမ္ဘာလုံးမှာ တစ်ခုတည်းသော IMEI နံပါတ် ရှိပါတယ်။

    ဒါဟာ Hardware (စက်ပစ္စည်း) ကို ခွဲခြားတာဖြစ်ပြီး သင့်ရဲ့ Facebook, Gmail ဒါမှမဟုတ် ဘဏ်အကောင့်တွေနဲ့ တိုက်ရိုက် မပတ်သက်ပါဘူး။

    🚫 ၂။ IMEI သိသွားရင် ဘာတွေ မလုပ်နိုင်ဘူးလဲ?

    သင့်ဖုန်းထဲက ဓာတ်ပုံတွေကို လှမ်းကြည့်လို့ မရပါ။

    Messenger က Chat တွေကို ခိုးဖတ်လို့ မရပါ။

    သင့်အကောင့်တွေကို Password ပြောင်းပစ်လို့ မရပါ။

    အဝေးကနေ ဖုန်းကို ထိန်းချုပ်လို့ မရပါ။

    ⚠️ ၃။ ဒါဆို ဘာလို့ သတိထားရမှာလဲ?

    IMEI ကနေတစ်ဆင့် တိုက်ရိုက် Hack လို့ မရပေမဲ့ အောက်ပါ ဒုက္ခပေးမှုမျိုးတွေ ကြုံရနိုင်ပါတယ် –

    Blacklist လုပ်ခံရခြင်း: တစ်စုံတစ်ယောက်က သင့် IMEI ကို သုံးပြီး အော်ပရေတာဆီ ဖုန်းပျောက်သွားတယ်လို့ လိမ်တိုင်ရင် သင့်ဖုန်းဟာ ဖုန်းလိုင်းသုံးမရအောင် ပိတ်ခံရနိုင်ပါတယ်။

    IMEI Cloning: Hacker တွေက သင့်ရဲ့ တရားဝင် IMEI ကို ခိုးယူပြီး တရားမဝင် (ခိုးရာပါ) ဖုန်းတွေထဲကို ထည့်သွင်း အသုံးပြုတာမျိုးပါ။ ဒါဆိုရင် ပြဿနာတစ်ခုခုဖြစ်ရင် သင့်ဖုန်း နံပါတ်က ငြိစွန်းနေနိုင်ပါတယ်။

    Location Tracking: ဒါကတော့ သာမန်လူ လုပ်လို့မရပါဘူး။ အာဏာပိုင်တွေ ဒါမှမဟုတ် Operator တွေကပဲ IMEI ကို သုံးပြီး ဖုန်းတည်နေရာကို ရှာဖွေနိုင်တာပါ။

    ✅ ဘယ်လို ကာကွယ်မလဲ?

    နံပါတ်ကို လျှို့ဝှက်ထားပါ: ဖုန်းဗူးခွံ ဒါမှမဟုတ် ဖုန်းနောက်ကျောက IMEI ကို ဓာတ်ပုံရိုက်ပြီး Social Media ပေါ် မတင်ပါနဲ့။

    ဖုန်းစစ်ဆေးပါ: *#06# ကို နှိပ်ပြီး ကိုယ့်ဖုန်းရဲ့ IMEI ကို မှတ်သားထားပါ။ ဖုန်းပျောက်မှသာ ဒါကို အသုံးပြုပါ။

    App တွေကို သတိထားပါ: ဖုန်းကို Hack တယ်ဆိုတာ IMEI ထက်စာရင် စိတ်မချရတဲ့ Link တွေ နှိပ်မိတာနဲ့ App အတုတွေ သွင်းမိတာကြောင့်ဖြစ်တာ ပိုများပါတယ်။

    နိဂုံးချုပ်အနေနဲ့: IMEI သိသွားရုံနဲ့ သင့်ဖုန်းထဲက အချက်အလက်တွေ အကုန်ပါသွားပြီဆိုပြီး ထိတ်လန့်စရာ မလိုပါဘူး။

    ဒါပေမဲ့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု သက်သေအထောက်အထား တစ်ခုဖြစ်တာကြောင့် လူစိမ်းတွေကို မမြင်စေတာ အကောင်းဆုံးပါပဲ။

    💡 ဒီအချက်လေးက သင့်အတွက် အသုံးဝင်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း သိရအောင် Share ပေးလိုက်ပါဦးနော်!

    Info Tech Computer