Author: Baby Yit Lone

  • ဒါမျိုးတွေကို  ထိထိရောက်ရောက် ကိုင်တွယ်သင့်ပြီ

    ဒါမျိုးတွေကို ထိထိရောက်ရောက် ကိုင်တွယ်သင့်ပြီ

    ဗီဒီယိုဖိုင်ကိစ္စမှ သံဃာတု၊ သီလရှင်တု ၄ ဦးအား လူဝတ်လဲ၍ ဥပဒေအရ အရေးယူဆောင်ရွက်နေ ‎ ‎အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသော ပုသိမ်-ငွေဆောင်ကားလမ်းဘေး သရုပ်ပျက်ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူ ၄ ဦးအား သက်ဆိုင်ရာမှဖမ်းဆီးကာ သာသနာရေးဆိုင်ရာဥပဒေများ၊ နယ်မြေခံဥပဒေများအရထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ‎ပုသိမ်-ငွေဆောင်ကားလမ်းပေါ်က ရုပ်သံဖိုင်နှင့်ပတ်သက်၍ ယနေ့ (ဧပြီ ၂၆ ရက်) တွင် ရပ်ကျေးသံဃနာယကဆရာတော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်းကာ ငွေဆောင်မြို့၊ မဒေါ့ကုန်းအုပ်စုရှိ အောင်သစ္စာမဏ္ဏိုင်ကျောင်းတိုက်သို့သွားရောက်စစ်ဆေးကြောင်း ကနဦးသိရှိရပါ တယ်။ ‎စစ်ဆေးမှုများအရ ဖြစ်စဉ်တွင်ပါဝင်သူများဖြစ်သည့် ဥူးခေမာဝံသ၊ ဥူးရေဝတ၊ နန္ဒမာလာ (သီလရှင်)၊ မမာလာဝံသ (သီလရှင်) ‎အဆိုပါ ၄ ဦးကို ဓမ္မဝါဒဖြစ်သော သာသနာတော်ကို ညှိုးနွမ်းစေသော အပြုအမူများလုပ်ဆောင်မှုများကြောင့် သိက္ခာချလူဝတ်လဲခြင်းများပြုလုပ်ခဲ့ပြီးနောက် ဥပဒေအရဆက်လက်အရေးယူနိုင်ရန် သလပ်ခွာနယ်မြေရဲစခန်းတွင် ခေတ္တထိန်းသိမ်းကာ…

  • မိုးတွေဆက်တိုက်ရွာတော့မယ့်..ဒေသတွေ

    မိုးတွေဆက်တိုက်ရွာတော့မယ့်..ဒေသတွေ

    🌧 မိုးတွေဆက်တိုက်ရွာတော့မယ့်..ဒေသတွေ ဧပြီလကုန်ကနေ မေလဆန်းအထိ မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးရွာသွန်းမှုတွေ ဆက်တိုက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မိုးမျှော်နေတဲ့သူတွေနဲ့ စိုက်ခင်းရေသွင်းရမယ့်သူတွေအတွက် ဝမ်းသာစရာသတင်းပဲဖြစ်ပါတယ်။ 📍 ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကာလ: ဧပြီလ (၂၆) ရက်မှ မေလ (၉) ရက်နေ့အထိ။ အခြေအနေ: နေ့စဉ်ရက်ဆက် မိုးရွာသွန်းပါမယ်။ နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အတွက် မိုးတွင်းရောက်ပြီလို့တောင် ပြောလို့ရတဲ့ အခြေအနေပါ။ ပြင်ဆင်ရန်: မိုးရေထိလို့မရတဲ့ လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးလိုက်ပါတယ်။ 📍 တနင်္သာရီတိုင်းနှင့် အောက်ပိုင်းဒေသများ ဧပြီ (၂၈-၂၉): ကရသူရိနှင့် ခမောက်ကြီးဒေသတစ်ဝိုက် မိုးအနည်းငယ်ရွာပါမယ်။ မေ (၁-၃): တနင်္သာရီတိုင်းတစ်တိုင်းလုံး မိုးရွာပါမယ်။ အထူးသဖြင့် မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းခရိုင် တို့မှာ နေရာကွက် မိုးများနိုင်ပါတယ်။ 📍 အခြားဒေသများ…

  • နေပြည်တော်စစ်ရုံးနှင့် နီးကပ်သည့် စခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်အရာရှိအချို့ ခေါ်ယူစစ်ဆေးခံရ

    နေပြည်တော်စစ်ရုံးနှင့် နီးကပ်သည့် စခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်အရာရှိအချို့ ခေါ်ယူစစ်ဆေးခံရ

    ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ရွေးတုစစ်အုပ်စု၏ စစ်ရုံးချုပ်များ အခြေစိုက်ရာ နေပြည်တော်နယ်မြေအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်လာမှုနှင့် ပတ်သက်၍ တာဝန်ပျက်ကွက်ခဲ့သည့် စစ်အရာရှိအချို့ကို ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။ ခမရ ၄၁၃၊ ၄၁၄ တို့မှ အရာရှိများနှင့် ဒုစစ်ဆင်ရေးကွပ်ကဲရေးမှူး (ဒုစကခမှူး)တို့ကို ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ “စစ်ရုံးချုပ်တွေရှိတဲ့ ခြောက်လုံးတန်းနဲ့တောင် မိုင်အနည်းငယ်ပဲ ကွာတော့တဲ့နေရာမှာ တိုက်ခိုက်ခံရတာ ဆိုတော့ အရာရှိတွေကို ခေါ်စစ်နေတာ။ စကခ-၆ က တာဝန်ရှိတဲ့သူတွေကိုလည်း ခေါ်မေးနေတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က လယ်ဝေးမြို့နယ်၊ အောင်ချမ်းသာရွာသစ်ရှိ အင်အား ၄၀ ခန့်ရှိသော စစ်တပ်စခန်းကို တော်လှန်ရေးအင်အားစုများက…

  • စစ်တပ်ကို မထောက်ခံသည့် အကယ်ဒမီ သက်မွန်မြင့်၏ အလျှံပယ် ရုပ်ရှင်အား သပိတ်မှောက်ရန် လော်ဘီများ လှုံ့ဆော်နေ

    စစ်တပ်ကို မထောက်ခံသည့် အကယ်ဒမီ သက်မွန်မြင့်၏ အလျှံပယ် ရုပ်ရှင်အား သပိတ်မှောက်ရန် လော်ဘီများ လှုံ့ဆော်နေ

    မြန်မာ့ရုပ်ရှင်လောကတွင် ပရိသတ်ချစ်ခင်မှု အခိုင်အမာရရှိထားသည့် အကယ်ဒမီ သက်မွန်မြင့် ပါဝင်သရုပ်ဆောင်ထားသော အလျှံပယ် ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသလျက်ရှိပြီး ယင်းဇာတ်ကားကို သွားရောက်ကြည့်ရှု့ခြင်းမပြုလုပ်ရန် စစ်တပ်လော်ဘီများက လှုံ့ဆော်လျက်ရှိသည်။ အဆိုပါ အလျှံပယ် ရုပ်ရှင်သည် စစ်တပ် အာဏာမသိမ်းမီ ကာလကတည်းကပင် အနုပညာရှင်များစွာ စုပေါင်းအားစိုက်ကာ အပြီးသတ်ရိုက်ကူးထားသည့် လက်ရာတစ်ခု ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌ မင်းသမီး သက်မွန်မြင့်အပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်မှုများနှင့် ရုပ်ရှင်ကို သပိတ်မှောက်ရန် လှုံ့ဆော်မှုအချို့ ပေါ်ပေါက်နေသည်ကို တွေ့ရှိရသည်။ ယင်းတိုက်ခိုက်မှုများသည် သက်မွန်မြင့်အနေဖြင့် စစ်ကော်မရှင် နှင့် ပတ်သက်သည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များတွင် ပါဝင်တက်ရောက်ခြင်း မရှိဘဲ သီးသန့်ရပ်တည်နေထိုင်နေခြင်းအပေါ် စစ်တပ်လော်ဘီအချို့က မကျေမနပ်ဖြစ်ကာ…

  • ကလေး ၃၀ ကျော်ကို ကာကွယ်ရန် အဆိပ်ပြင်းမြွေဟောက်အား တိုက်ခိုက်ရင်း အသက်ပေးသွားခဲ့သည့် လမ်းဘေးခွေးလေး ကာလီ

    ကလေး ၃၀ ကျော်ကို ကာကွယ်ရန် အဆိပ်ပြင်းမြွေဟောက်အား တိုက်ခိုက်ရင်း အသက်ပေးသွားခဲ့သည့် လမ်းဘေးခွေးလေး ကာလီ

    အိန္ဒိယတွင် လမ်းဘေးခွေးများကို ကြောက်ရွံ့စရာနှင့် သံသယဖြစ်စရာ တိရစ္ဆာန်များအဖြစ် ရှုမြင်လေ့ ရှိကြသည်။ မကြာသေးသည့်နှစ်များအတွင်း မြို့ကြီးများနှင့် ကျေးလက်ဒေသများ၌ ခွေးကိုက်ခံရမှု သတင်းများ ပိုမို များပြားလာခဲ့သည်။ အိန္ဒိယအစိုးရ သတင်းပြန်ကြားရေးဌာန၏ အစီရင်ခံစာများအရ ၂၀၂၅ ခုနှစ် တနှစ်တည်းမှာပင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ခွေးကိုက်ခံရမှု ဖြစ်စဉ်ပေါင်း ၄၂၉,၆၆၄ ခု ခန့် ရှိခဲ့ကြောင်း သိရသည်။ မိဘများဆိုလျင်လည်း လမ်းကြားလေးများ သို့မဟုတ် လူနေရပ်ကွက်များအတွင်း သွားလာနေကြသည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် လူကြီးများအတွက်ပါ ခွေးကိုက်ခံရမည့်အန္တရာယ်အပေါ် စိုးရိမ်ပူပန်နေကြရသည်။ သို့သော် မကြာသေးခင်က ပေါ်ပေါက်ခဲ့သော ဖြစ်ရပ်တခုက “လမ်းဘေးခွေး” ဆိုသည်မှာ အမှန်တကယ် အားဖြင့် ဘယ်လို သတ္တဝါမျိုးဖြစ်သလဲဆိုသည့်အပေါ် ကျွန်ုပ်တို့၏ အမြင်များကို ပြောင်းလဲသွားစေရန် တွန်းအားပေးနေသကဲ့သို့ ရှိနေသည်။ ဩရိဿပြည်နယ်၊ မယုဘန်ခရိုင်…