🔺ဖအေ တပ်ချုပ်ဖြစ်ပြီး မကြာမီ မင်းအောင်လှိုင်သားသမီးများနှင့်အတူ စတင်သိုက်တူးလာပြီဖြစ်တဲ့ ရဲဝင်းဦးသား ထက်ရဲနောင်
▫️အာဏာသိမ်းအကြမ်းဖက် မင်းအောင်လှိုင်ဟာ သူ အာဏာသိမ်းယူပြီးတဲ့နောက် အဖက်ဖက်က ယိုယွင်းကျဆင်းလာတဲ့ စီးပွါးရေးအခြေအနေ၊ လောင်စာဆီ အခက်အခဲပြဿနာတွေကြားမှာပဲ စစ်တပ်အသိုင်းအဝိုင်းနဲ့ သူတို့နဲ့ နီးစပ်သူ ရပ်ဝန်းတွေကြား ကြီးစွာသော စီးပွါးရေးအခွင့်အလမ်းကြီးတစ်ရပ်ကို ဖော်ဆောင်လာခဲ့ပါတယ်။
▫️Ah Boy ဟာ တေးရေး၊ တေးဆို အမည်ခံပြီး အနုပညာ လောကထဲ ငွေထုတ်ပိုက် ဝင်ရောက်လာကာ တက်သစ်စ အဆိုတော်၊မော်ဒယ်တွေကို ခြေတော်တင်ရာမှာ နာမည်ကြီးသူတစ်ယောက်ပါ။
▫️လျှပ်စစ် မော်တော်ယာဥ် စတင် တင်သွင်းခွင့်ပြုတဲ့ အချိန်ကာလမှာ စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ပါမစ် တစ်ခုတည်းနဲ့ တင်သွင်းခွင့်ပြုခဲ့ပေမယ့် နောက်ပိုင်းကာလ စည်းကမ်းသက်မှတ်ချက်တွေမှာ ပို့ကုန်ရငွေနှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ FESC ခွင့်ပြုချက်ရမှသာ သွင်းကုန်လိုင်စင် ရရှိ တင်သွင်းနိုင်မှာ ဖြစ်ပါတယ်။
▫️သို့ပေမယ့် လက်ရှိ ရဲဝင်းဦးသား ထက်ရဲနောင်အပါအဝင် မင်းအောင်လှိုင် သားသမီးတွေဟာ FESC ခွင့်ပြုချက်မရှိဘဲ ဘာကြောင်း EV လျှပ်စစ်မော်တော်ယာဥ်တွေ တင်သွင်းခွင့်ရရှိနေကြပါသလဲ။


Leave a Reply