တောင်ကြီးမြို့တွင် မိထွေးဖြစ်သူက ဆေးကြောင်ပြီး လည်ပင်းညှစ်သဖြင့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွား
မိဘရင်းနှင့် အနေဝေးကွာချိန် မိထွေးဖြစ်သူက ဆေးကြောင်ပြီး လည်ပင်းညှစ်သဖြင့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၁) တွင် မေ ၁၄ ရက် ညနေပိုင်းအချိန် အိမ်ရှင်ဖြစ်သူ အမျိုးသမီးက ကလေးငယ်ကို မတွေ့သဖြင့် ရပ်ကွက်ရုံးထံ လာရောက် တိုင်တန်းရာမှ ကလေးငယ် သေဆုံးမှု ဖြစ်ပွားကြောင်း အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးရုံး အ ဖွဲ့မှ အိမ်ရှင်ကို မေးမြန်းချက်အရ ကလေးငယ်ကို ရှာဖွေမေးမြန်းရာ အုပ်ထိန်းသူ (မိ ထွေး) က ကလေး၏ ဖခင်ရင်းထံ ပြန်ပေးလိုက်သည်ဟု လိမ်ညာဖြေဆိုခဲ့ကြောင်း၊ဖခင်ရင်းကို ခေါ်ယူမေးမြန်းရာမှ ကလေးမပေးလိုက်ကြောင်း သိရပြီး ၊ အမျိုးသမီးအမှုစစ်ဖြင့် ချော့မေးရာမှ လက်လွန်မိကြောင်း ဝန်ခံခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မေ ၁၂ ရက် ညပိုင်းအချိန်တွင် ကလေးမအိပ်ဘဲ ငိုသဖြင့် ချော့ရာ မအိပ်ဘဲငိုနေသဖြင့် ကျူးလွန်သူ မသန္တာဝေ (မိထွေး)က ခြောက်လှန့်ရိုက်ကြောင်း၊ နောက်ဆုံးဆေးကြောင်၍ ကလေးလည်ပင်းကို ညှစ်ထားမိရာမှ အသက်သေဆုံးသည်အထိ ဖြစ်ခဲ့ရကြောင်း ဝန်ခံခဲ့သည်ဟု သိရသည်။
ထိုဖြစ်စဉ်ကို အသိမပေးရဲဘဲ ကလေးကို ဆာလာအိတ်ဖြင့် ထုပ်ကာ ပလပ်စတစ်ပုံးတွင်ထည့်ထားမိကြောင်း၊ နေအိမ်တွင် ကလေးအလောင်းကို ပြန်လည်ရှာဖွေ တွေ့ရှိရကြောင်း သိရသည်။
အသတ်ခံရသည့် ကလေးငယ်၏ မိခင်ရင်းမှာ ပြစ်မှုခံယူနေရကာ၊ မိထွေးဖြင့် နေ ထိုင်ရခြင်း ဖြစ်ကြောင်း၊ မွေးသားအမေ ဖြစ် သော ဒေါ်— နေအိမ်တွင် အိမ်ငှားနေထိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
“ အိမ်ရှင်က ကလေး ပြန်ခေါ်ဖို့ အ ကြောင်းကြားတယ်။ (ကျော်…) တို့ လင်မယားကို ရုံးခေါ်လိုက်တယ်။ အိမ်ရှင် မီးသွေး သည်ကနေ ကလေးပေးမပေး မေးတယ်။ အဖေရင်းကို ပေးလိုက်တယ်လို့ သန္တာဝေ(ကျူး လွန်သူ) က ပြောတယ်။ အဖေရင်းကို ခေါ် မေးတော့ မပေးဘူးဆိုတာနဲ့ သူတို့ လင်မယား ကို ပြန်ခေါ်လိုက်တယ်။ သူမ မျက်နှာက မူမ မှန်တာနဲ့ အမျိုးသမီး အမှုစစ်နဲ့ ချော့မေး လိုက်တာမှ ကလေးဆုံးသွားတယ်ဆိုတာ သိ ရတယ်” ဟု ရွှေတောင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ မသန္တာဝေ (၂၀) နှစ်ကို တောင်ကြီးမြို့၊ မြို့မ ရဲစခန်းတွင် ပုဒ်မ (၃၀၂) အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။


Leave a Reply