Author: Baby Yit Lone

  • ‘အီရန်ရေနံကို ရယူလိုကြောင်း’နှင့် ရေနံပို့ကုန်ဗဟိုချက်ဖြစ်သော ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရန် စီစဉ်နေဟု ထရမ့် ပြော

    ‘အီရန်ရေနံကို ရယူလိုကြောင်း’နှင့် ရေနံပို့ကုန်ဗဟိုချက်ဖြစ်သော ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရန် စီစဉ်နေဟု ထရမ့် ပြော

    ‘အီရန်ရေနံကို ရယူလိုကြောင်း’ နှင့် အီရန်ရေနံတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို တာဝန်ယူထားသည့် ပို့ကုန်ဗဟိုချက်ဖြစ်သော ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရန် စဉ်းစားနေကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။ “ကျွန်တော့်ဆန္ဒကတော့ ရေနံတွေ ရယူဖို့ ဖြစ်ပါတယ်” ဟု ဖိုင်နန်ရှယ်တိုင်းမ်နှင့် လူတွေ့မေးမြန်းခန်း တွင် ထရမ့်က ပြောကြားခဲ့သည်။ “ပွင့်ပွင့်လင်းလင်း ပြောရရင် အီရန်က ရေနံတွေကို ကျွန်တော့် အရမ်းလိုချင်ပါတယ်၊ ဒါပေမဲ့ အမေရိကန် က ငတုံးတချို့က ‘ဘာလို့ အဲ့ဒါကို လုပ်နေတာလဲ’ လို့ မေးကြတယ်။ ဒီလူတွေက ငတုံးတွေပဲ” ဟု ၎င်းက ဆိုခဲ့သည်။ ယင်းမေးမြန်းခန်းသည် အီရန်၏ ရေနံနှင့်ပတ်သက်၍ ထရမ့်၏ သဘောထားကို အပွင့်လင်းဆုံး ထုတ် ဖော်ပြောကြားချက်များ ဖြစ်လာခဲ့သည်။ ယခုလအတွင်း…

  • ဘုန်းကြီးကျောင်းနဲ့ KTV မှားတက်လာကြသူများ

    ဘုန်းကြီးကျောင်းနဲ့ KTV မှားတက်လာကြသူများ

    ဘုန်းကြီးကျောင်းနဲ့ KTV မှားတက်လာကြသူများ အောက်တန်းစား အပြုအမူတွေနဲ့ သာသနာ့အရိပ်ခိုစားနေကြသူများ ဘယ်လောက်ခင်တဲ့သူဖြစ်ဖြစ်ဒီလိုတော့မလုပ်သင့်ပါဘူး တမင်များ ဖန်တီးနေကြသလားလို့တောင် တွေးမိလောက်အောင် အင်မတန်မှကို အထင်သေးစရာ၊ ရွံစရာကောင်းတဲ့ အပြုအမူတွေကို မြင်တွေ့နေရပါတယ်။ ​ပြီးခဲ့တဲ့နှစ်ကလည်း ဒီလို TikTok ဗီဒီယိုမျိုးတွေ၊ ဒီလို အသက်အရွယ် ဝန်းကျင်တွေနဲ့ပဲ ပြဿနာတက်ခဲ့ဖူးတယ်။ အခုတော့ ကျောင်းတိုက်ထဲအထိ ဒီလို အောက်တန်းစား လုပ်ရပ်တွေကို ရဲရဲဝံ့ဝံ့ လုပ်လာကြတာဟာ… ​ဒါမျိုးကို လုပ်နေကြမို့လား? ​လုပ်ခွင့် ရနေကြလို့လား? ​ဒါမှမဟုတ် လူတွေက မျက်စိယဉ်းပါးသွားလို့ အမှားကြာ အမှန်ဖြစ်နေတာလား? ​ဝေဖန်ခံရပြီဆိုရင်လည်း “ဒုလ္လဘပါ၊ ဆွေမျိုးပါ၊ အစ်မပါ၊ အမေပါ” ဆိုတဲ့ ခပ်ပေါပေါ ဆင်ခြေတွေပေး၊ ဘာသာဝင်တွေကလည်း အလွယ်တကူ လက်ခံပေးလိုက်ကြတာနဲ့ပဲ ဒီသံသရာက လည်နေတော့တာပါပဲ။ လိုင်းပေါ်တင်ခံရရင် အကောင့်ခဏပိတ်၊ ကွန်မန့်ပိတ်ပြီး…

  • စစ်တွေတိုက်ပွဲတွင် AA ၏ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးဒဏ်ရာရသူများပြားသဖြင့်စစ်တပ် ကာကင်းစခန်းအချို့နောက်ဆုတ်ရ

    စစ်တွေတိုက်ပွဲတွင် AA ၏ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးဒဏ်ရာရသူများပြားသဖြင့်စစ်တပ် ကာကင်းစခန်းအချို့နောက်ဆုတ်ရ

    ရခိုင်ပြည်မြို့တော်စစ်တွေ၏မြို့ပြင်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အာရက္ခတပ်တော် (AA)မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ အကြမ်းဖက်စစ်တပ်မှ အထိအခိုက် အကျအဆုံးများနေသဖြင့် ကာကင်းစခန်းအချို့ကို နောက်ဆုတ်ထားရသည်ဟု သတင်းရရှိသည်။ စစ်တွေစစ်မြေပြင်အခြေအနေကို အနီးကပ်စောင့်ကြည့်နေသူတစ်ဦးက “အဓိက စစ်တပ်ပွိုင့်ကုန်းတွေနဲ့ကာကင်းစခန်းငယ်တွေရှိနေတဲ့ ဇော်မတက်၊ကြံတော၊ကံ့ကော်ကျွန်းဖက်မှာစစ်တပ်က တော်တော် အထိနာသွားတယ်။ AA က လက်နက်ကြီးပစ်တာ စခန်းတွေ ပြိုပျက်ပြီး သေတာတွေလည်း အရမ်းများတယ်လို့ သိရတယ်။ အဲဒီနောက် ကာကင်းစခန်းတွေကနေ နောက်ဆုတ်ထားရတယ်လို့ သိရပါတယ်”ဟု ၎င်းက ပြောကြားသည်။ လွန်ခဲ့သည့်မတ်လ ၂၆၊၂၇၊၂၈ ရက်နေ့များအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကြီး၊လက်နက်ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး AA က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် စစ်တပ်စခန်းများကို တိုက်ရိုက်ထိမှန်ခဲ့သဖြင့်စစ်တပ်ဘက်က အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့သည်ဟု ဆိုသည်။ “ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်စစ်တပ်က ရှေ့တန်းပွိုင့်စခန်းငယ်တွေက ဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်တွေကို သယ်ဆောင်ပြီး စခန်းငယ်တွေကပါ နောက်ဆုတ်လာရတယ်။ သူတို့ကိုတပ်မတော်ကုတင်…

  • မော်လမြိုင်နှင့် ချောင်းဆုံတွင် ဆီတန်းစီနေသူများကို ပြည်သူချင်း ကူညီ ဒါနပြု

    မော်လမြိုင်နှင့် ချောင်းဆုံတွင် ဆီတန်းစီနေသူများကို ပြည်သူချင်း ကူညီ ဒါနပြု

    စစ်ကော်မရှင်နှင့် ပါတီများ မသိချင်ယောင်ဆောင်နေကြ မွန်ပြည်နယ်၊မော်လမြိုင်နှင့် ချောင်းဆုံတို့တွင် ဆီဘေးဒုက္ခကြောင့် တန်းစီနေကြသူများကို ပြည်သူ – ပြည်သူချင်း ဖေးမကူညီကာ အလှူဒါနပြုနေကြကြောင်း သိရသည်။ ဓာတ်ဆီ တစ်လီတာရရန်အတွက် ပင်ပန်းကြီးစွာဖြင့် ညအိပ်တန်းစီရသည်အထိ ဒုက္ခရောက် နေသော ပြည်သူများကို ပြည်သူချင်းကပင် ရေသန့်ဗူးတိုက်ခြင်း၊အအေးတိုက်ခြင်း၊ ဓာတ်ဆားနှင့် ရေ သန့်ဗူး လှူဒါန်းပေးနေကြပြီး တရားမဝင်မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပါတီများကမူ မသိချင်ယောင် ဆောင်နေကြကြောင်း ဒေသခံအချို့ထံက သိရသည်။ “တန်းစီရတာ နေပူကြီးထဲလည်း ၄-၅နာရီ အနည်းဆုံးစီရတာလေ။နေကလည်း အရမ်းပူတော့ မူးလဲ တာတွေ၊ ချောင်းဆုံမှာဆို အပူရှပ်ပြီး သေတာတွေ ဖြစ်နေတော့ ပြည်သူချင်းပဲ တတ်နိုင်သလောက် ကူကြတာ တကယ်ကျေးဇူးတင်ရတယ်”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။ ဆီတန်းစီရာလမ်းမကြီးဘေးရှိ အိမ်အချို့က ရေသန့်ဗူးကြီးများ ချထားပေးသလို အပေါ့အပါးသွားခွင့်…

  • ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရန်သူ့တပ်အား PLA မှ တိုက်ခိုက်

    ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရန်သူ့တပ်အား PLA မှ တိုက်ခိုက်

    ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ရဲယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု ရဲ ၁၀ ဦးသေဆုံး မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာအနီးရှိ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ရဲယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁၀ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA မှ သတင်းနှင့် ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ကင်းလှည့်လာသော ရဲကား ၄ စီး၊ အင်အား ၂၀…