Author: Baby Yit Lone
-

အမေရိကန်က အီရန်ကို မြေပြင်မှ မကြာမီ ဝင်ရောက်တိုက်ခိုက်တော့မည်
သံတမန်ရေး မအောင်မြင်ပါက အမေရိကန်က အီရန်ကို မြေပြင်မှ မကြာမီ ဝင်ရောက်တိုက်ခိုက်တော့မည်။ Final Blow ဟု အမည်ပေးထားပြီး အဆမတန် ဗုံးကြဲမှုများနှင့်အတူ မရိမ်း တပ်သား ၁၂၀၀၀ ပါဝင်မည်။ အီရန်မှ အမြဲတမ်း စစ်သည် ၂ သိန်းခွဲနှင့် အရန်တပ်သား ၂ သန်းကို အသင့်ပြင်ထား။ အီရန်ပြည်မကြီးကို ဝင်တိုက်ဖို့ထက် Kharg ကျွန်းကို သိမ်းပိုက်ပြီး ဟော်မုခ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ အမေရိကန်က ရည်ရွယ်ထားပါတယ်။ လွှတ်တော်ကတော့ အမေရိကန်စစ်သားတွေ လွှတ်လိုက် တာဟာ သတ်ကွင်းထဲ ပစ်ထည့်လိုက်သလိုပဲဆိုပြီး ကန့် ကွက်နေကြပါတယ်။ အီရန်ဟာ အမေရိကန်နဲ့ မြေပြင်တိုက်ပွဲအတွက် နှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့တာပါ။ “FINAL BLOW” တဲ့ နောက်ဆုံး ကန်ချက် ပဲ အမေရိကန်…
-

စက်သုံးဆီမှောင်ခိုလောကထဲက⛽ တက္ကစီဆရာတဦးရဲ့🚕 ဖွင့်ဟဝန်ခံချက်
ကျနော့်နာမည်က ဇော်ကြီး၊ အသက် ၃၅ နှစ်၊ ပညာအရည်အချင်းက ဆယ်တန်းပဲ၊ အလုပ်အကိုင်က တက်စီဆွဲတာ၊ မိန်းမနဲ့ ကလေး နှစ်ယောက် ရှိတယ်။ ရန်ကုန် ဝန်းကျင်ပဲ ဆွဲတာပေါ့ဗျာ။ ကားကတော့ ၁၃ နှစ်လောက်ကတည်းက မောင်းတတ်တာ၊ ဦးလေးတွေ လိုင်းကားထောင်လို့ တောက်တိုမယ်ရ ဝင်လုပ်ရင်းနဲ့ မောင်းတတ်သွားတာပေါ့။ တက်စီတွေ ဆီတန်းစီပြီး မှောင်ခိုပြန်ရောင်းတဲ့ ကိစ္စလား၊ အဲဒါ ညီကိုတို့ မီဒီယာတွေ မဖွခင် အစောကတည်းက လုပ်နေကြတာ၊ အမှန်တော့ ဆီက ထင်သလောက် မပြတ်သေးဘူး။ လိုင်းပေါ်က ဟိုသတင်း ဒီသတင်းတွေနဲ့ ဆရာကြီး အထာ ဖွနေတဲ့သူတွေကြောင့် မှောင်ခိုသမားတွေက လုပ်စားသွားတာ။ အခုဆို တနေ့လုံး တက်စီဆွဲစရာ မလိုတော့ဘူးလေ။ ဘော်ဒါချိတ်နဲ့ ဆီကားတစီးကို အုံနာကြေး တရက်…
-

တစ်ရက်ထဲ ရန်ကုန်မှာ ဟော်တယ် ၇ လွှာပေါ်က အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးပြီး မန္တလေးမှာ အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်
ရန်ကုန်မြို့၊ တာမွေမြို့နယ် သမိန်ဗရမ်း လမ်းပေါ်က အကြည်တော် ဟိုတယ်ပေါ်ကနေ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၆ ရက်နေ့ မနက် ၁၀ နာရီခန့်က ဖြစ်ခဲ့တာလို့သိရပြီး တစ်ဦးတည်း လာရောက်တည်းခိုတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးဟာ ၇ လွှာအမြင့်ကနေ ပြုတ်ကျ သေဆုံးခဲ့တာလို့ သိရပါတယ်။ “ဇာတိက ရှမ်းပြည်ဘက်ကပါ၊ အသက် ၃၀ လောက်ပဲ ရှိသေးတယ်၊ သူ့ဘာသာ ခုန်ချတာလား ပြုတ်ကျတာလားတော့ မသိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။ သေဆုံးသူ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့ကြတယ်လို့ သိရပြီး ရဲကတော့ နေရပ်လိပ်စာအရ မိသားစုနဲ့ ချိတ်ဆက်နိုင်ဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။ အလားတူ မတ်လ…
-

လယ်ကွင်းများထဲ ရွှေတူးဖော်တဲ့ ညီနောင်တပ်ဖွဲ့များ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ) က ပြောသည်။ လက်ရှိ ရွှေတူးဖော်သည့်နေရာမှာ မိုင်းငေါ့မြို့နယ် ကွန်ကောက်ရွာနှင့် မန်ပင့်ရွာကြားရှိ လယ်မြေများဖြစ်ပြီး ထိုသို့ တူးဖော်မှုကြောင့် လယ်ယာမြေများ ပျက်စီးနေကြောင်း နန်းခမ်းက ဆိုသည်။ “သူတို့မြေစာပုံကြီးက လွိုင်ဆမ်ဆစ်တောင်နဲ့ တော်တော်တူတယ်။ ချောင်းဘေးတစ်လျှောက် လယ်ကွက်တွေ မမြင်ရတော့ဘူး။ ကျမတို့လယ်တွေလည်း ပါပါတယ်။ ကျမတို့ မိုင်းငေါ့ကတော့ ရှေ့ဆက်ပြီး ဘယ်လိုခံစားရဦးမလဲ မသိတော့ပါဘူး” ဟု နန်းခမ်းက ပြောသည်။…
-

ရုရှား၏ ဘောလ်တစ် ရေနံဆိပ်ကမ်း အကြီးအကျယ် မီးလောင်
ယူကရိန်း ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှား၏ ဘောလ်တစ် ရေနံဆိပ်ကမ်း အကြီးအကျယ် မီးလောင် ယူကရိန်း၏ ကြီးမားသော ဒရုန်းတိုက်ခိုက်မှုများကြောင့် မီးခိုးများကို ဖင်လန်နိုင်ငံမှပင် လှမ်းမြင်ရအောင် ကြီးမားသော မီးလောင်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဘောလ်တစ်ပင်လယ်တွင် ရှိသော ရုရှား၏ ပရီမို့စ် နှင့် အပ်စ်လူဂါ ရေနံဆိပ်ကမ်း၂ ခုတွင် ရေနံတင်ဆောင်မှုများကို ယမန်နေ့က ဆိုင်းငံ့ထားကြောင်း သိရသည်။ ယူကရိန်းကဘောလ်တစ် ဆိပ်ကမ်းများအား ဒရုန်းများဖြင့် တိုက်ခိုက်မှုသည် ၄ နှစ်ကြာမြင့်လာသော စစ်ပွဲတွင် ရုရှား၏ ရေနံတင်ပို့စခန်းများအပေါ် ယူကရိန်း၏ အကြီးမားဆုံး တိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အပ်စ်လူဂါ ဆိပ်ကမ်းအား ထိမှန်ခဲ့သည့် အချိန်ခန့်မှာပင် လမ်းကြောင်းလွဲသွားသော ယူကရိန်းဒရုန်း၂ စင်း လတ်ဗီယားနှင့် အက်စတိုးနီးယားနိုင်ငံတို့တွင် ကျရောက်ခဲ့ပြီး အက်စတိုးနီးယား ဓာတ်အားခွဲရုံတစ်ခုကို ထိမှန်ခဲ့သော်လည်း အပျက်အစီး မရှိပေ။…