Author: Baby Yit Lone
-

PDF တံဆိပ် အတုတွေနဲ့ ပေါ်ပေါ်ထင်ထင် အိုးနင်းခွက်နင်း ဝါဒဖြန်နေ့ရတဲ့ စစ်တပ် အလိမ်အညာဖြန့်ချိရေး ယန္တရား
“PDF တံဆိပ် အတုတွေနဲ့ ပေါ်ပေါ်ထင်ထင် အိုးနင်းခွက်နင်း ဝါဒဖြန်နေ့ရတဲ့ စစ်တပ် အလိမ်အညာဖြန့်ချိရေး ယန္တရား” စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးယန္တရားဟာ ဒီဘက်ခေတ်မှာတော့ ဟာသတစ်ခုလို ဖြစ်လာခဲ့ပါပြီ။ အထူးသဖြင့် PDF တွေ “အလင်းဝင်” တယ်ဆိုတဲ့ လုပ်ဇာတ်ကို ကပြရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ တပ်ဖွဲ့တံဆိပ် (Badge) တွေကိုတောင် တူအောင် မတုပနိုင်ဘဲ အရောင်လွဲ၊ စာလုံးလွဲတွေနဲ့ ထုတ်ပြနေတာဟာ သူတို့ရဲ့ ညံ့ဖျင်းမှုကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။ တောထဲတောင်ထဲမှာ တကယ်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေရဲ့ ဝတ်စုံတွေဟာ ရာသီဥတုနဲ့ ပတ် ဝန်းကျင်ဒဏ်ကြောင့် အရောင်လွင့်တာ၊ နွမ်းဖတ်တာတွေ ရှိစမြဲပါ။ သူတို့ဖော်ပြလာတဲ့ပုံထဲက ခုမှဝယ်လာသလို အသစ်စက်စက် ဝတ်စုံတွေဟာ ဝါဒဖြန့်ဖို့အတွက် စီစဉ်ထားတဲ့ အထောက်အထားပဲ ဖြစ်ပါတယ်။ ဒီလောက် ဒေါ်လာသန်းပေါင်းများစွာ…
-

မကာအိုမှာ စက်ရုပ်က နှောင့်ယှက်တယ်ဆိုပြီး အမျိုးသမီးတစ်ဦးက ရဲတိုင်၊ စက်ရုပ် ခဏတာ ထိန်းသိမ်းခံရ
မကာအိုမှာ အမျိုးသမီး တစ်ဦးက သူ့ကို စက်ရုပ်က နှောင့်ယှက်တယ်လို့ ရဲတိုင်ခဲ့ပြီး ရဲတွေက စက်ရုပ်ကို ယာယီ ထိန်းသိမ်းခဲ့ပါတယ်။ တရုတ်အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ နယ်မြေရဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အမျိုးသမီးတစ်ဦးနဲ့ စက်ရုပ်တစ်ရပ်ကြား ပြဿနာ ဖြစ်ခဲ့တဲ့အကြောင်း မတ်လ ၁၈ ရက်နေ့မှာ AFP သတင်းဌာနဆီ အတည်ပြုခဲ့ပါတယ်။ ပြီးတော့ အမျိုးသမီးက စက်ရုပ်ကို ရန်တွေ့အော်ဟစ်နေတဲ့ ဗီဒီယိုနဲ့ လူတူစက်ရုပ်ကို ရဲတွေက ခေါ်ဆောင်သွားတဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။ အမျိုးသမီးက သူဟာ ဖုန်းသုံးနေတဲ့ အချိန်မှာ စက်ရုပ်က အနောက်ဖက်က ချဉ်းကပ်နှောင့်ယှက်တာ ခံခဲ့ရတယ်လို့ ရဲတွေဆီ တိုင်ကြားခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ အမျိုးသမီးက ဒေါသတကြီး ရန်တွေ့နေချိန် စက်ရုပ်က သူ့ရဲ့ သတ္တုလက်တွေကို…
-

ငွေလိမ်ဂိုဏ်းများကို နိုင်ငံထဲထိ ဝင်ရောက်ဖြိုခွင်းမည်ဟု FBI ပြော
တရုတ်ကွန်မြူနစ်ပါတီ (CCP)၏ နောက်ကွယ်ပံ့ပိုးမှုဖြင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်နေသော အွန်လိုင်းငွေလိမ်လုပ်ငန်း (Scam Center) အများစုသည် ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနယ်စပ်တလျောက် အများစု တည်ရှိနေပြီး အဆိုပါနိုင်ငံများထဲထိ ဝင်ရောက်ဖြိုခွင်းသွားမည်ဖြစ်ကြောင်း အမေရိကန် အစိုးရ ဖက်ဒရယ် စုံစမ်း စစ်ဆေးရေး ဗျူရို (FBI) ညွန်ကြားရေးမှူး Mr. Kash Patel က ယမန်နေ့၌ ပြောသည်။ အီရန်စစ်ပွဲ အရှိန်မြင့်တက်လာနေချိန် အမေရိကန်ထိပ်တန်းထောက်လှမ်းရေးအရာရှိများသည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ ယမန်နေ့က အထက်လွှတ်တော်တွင် သက်သေထွက်ဆိုရာ၌ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ FBI သည် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ဦးစားပေးအဆင့်မြင့် စစ်ဆင်ရေးတခုကို လုပ်ဆောင်နေပြီး လိမ်လည်ခံရသူများအတွက် ပြည်တွင်း ရာဇဝတ်မှုတိုင်ကြားရေးဗဟိုဌာနတခုကို ဖွဲ့စည်းထားကြောင်း ၎င်းက ဆိုသည်။ “ကျနော်တို့ အဲဒီနိုင်ငံတွေက…
-

TNLA နှင့် MNDAA အပစ်ရပ်ဖို့ သဘောတူ
ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)တို့ကြား တွေ့ဆုံဆွေးနွေးမှု နှစ်ရက်မြောက် ယမန်နေ့ညတွင် အပစ်ရပ်သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ မတ်လ ၁၈ ရက် ည ၁၂ နာရီအတိတွင် TNLA နှင့် MNDAA တို့ အပစ်ရပ် သဘောတူညီမှုရရှိခဲ့ပြီး မြေပြင်ရှိ တပ်မှူးများကို လည်း ညွှန်ကြားထားပြီဖြစ်ကြောင်း နှစ်ဖက်တပ်များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များက အတည်ပြုသည်။ အပစ်ရပ်သဘောတူညီမှု ရပြီးသော်လည်း ယနေ့ အခြားကိစ္စများ ဆက်လက်ဆွေးနွေးနေကြောင်း၊ တွေ့ဆုံဆွေးနွေးမှုကို AA ခေါင်းဆောင်များက ပါဝင်ညှိနှိုင်းပေးနေကြောင်း ဆွေးနွေးပွဲနှင့် နီးစပ်သူများထံမှ သိရသည်။ ယနေ့ တိုက်ပွဲဖြစ်ပွားမှုမရှိတော့ဘဲ နှစ်ဖက်တပ်များ ရောက်ရှိနေသည့် နေရာများတွင် ရပ်တန့်ကာ စစ်ဆိုင်ထားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။ ယနေ့…
-

ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်မောင်းကြောင့် လူမမယ်ကလေးငယ်တစ်ဦး သေဆုံး
ရန်ကုန်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်မောင်းကြောင့် လူမမယ်ကလေးငယ်တစ်ဦး Tayဆုံးကာ လူ (၃) ဦး ဒဏ်ရာပြင်းထန်စွာရရှိ ရန်ကုန်မြို့၊ ဒလ-တွံတေး လမ်းမအနီးတစ်ဝိုက်မှယမန်နေ့ည (၉) နာရီဝန်းကျင်က အရက်သေစာ သောက်စားထားသည်ဟု ယူဆရတဲ့ ယာဉ်မောင်းတစ်ဦးဟာ လမ်းတစ်လျှောက် ဆက်တိုက်ဆိုသလို ယာဉ်တိုက်မှုများ ကျူးလွန်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး လူ (၃) ဦး စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံတင်ပို့ထားရတဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ အဆိုပါ မော်တော်ယာဉ်ဟာ စက်မြေရပ်ကွက် လမ်းမပေါ်မှာ ပထမဦးဆုံး ယာဉ်တိုက်မှု စတင်ဖြစ်ပွားခဲ့တာပါ။ ထိုသို့တိုက်မိပြီးနောက် အရေးယူခံရမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးမောင်းနှင်ရာမှ ဗိုလ်ရန်ပြေရပ်ကွက် အရောက်မှာတော့ လမ်းဘေးမှာ ဘုရားပန်းရောင်းချနေတဲ့ အံ့ကြီးအနောက်ရပ်ကွက်မှ ဇနီးမောင်နှံနှစ်ဦးကို ထပ်မံတိုက်မိခဲ့ပါတယ်။ အဆိုပါ ဇနီးမောင်နှံနှစ်ဦးစလုံးဟာ လက်ရှိမှာတော့…