Author: Baby Yit Lone

  • တစ်ရက်ထဲ ရန်ကုန်မှာ ဟော်တယ် ၇ လွှာပေါ်က အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးပြီး မန္တလေးမှာ အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

    တစ်ရက်ထဲ ရန်ကုန်မှာ ဟော်တယ် ၇ လွှာပေါ်က အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးပြီး မန္တလေးမှာ အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

    ရန်ကုန်မြို့၊ တာမွေမြို့နယ် သမိန်ဗရမ်း လမ်းပေါ်က အကြည်တော် ဟိုတယ်ပေါ်ကနေ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၆ ရက်နေ့ မနက် ၁၀ နာရီခန့်က ဖြစ်ခဲ့တာလို့သိရပြီး တစ်ဦးတည်း လာရောက်တည်းခိုတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးဟာ ၇ လွှာအမြင့်ကနေ ပြုတ်ကျ သေဆုံးခဲ့တာလို့ သိရပါတယ်။ “ဇာတိက ရှမ်းပြည်ဘက်ကပါ၊ အသက် ၃၀ လောက်ပဲ ရှိသေးတယ်၊ သူ့ဘာသာ ခုန်ချတာလား ပြုတ်ကျတာလားတော့ မသိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။ သေဆုံးသူ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့ကြတယ်လို့ သိရပြီး ရဲကတော့ နေရပ်လိပ်စာအရ မိသားစုနဲ့ ချိတ်ဆက်နိုင်ဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။ အလားတူ မတ်လ…

  • လယ်ကွင်းများထဲ ရွှေတူးဖော်တဲ့ ညီနောင်တပ်ဖွဲ့များ

    လယ်ကွင်းများထဲ ရွှေတူးဖော်တဲ့ ညီနောင်တပ်ဖွဲ့များ

    သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ) က ပြောသည်။ လက်ရှိ ရွှေတူးဖော်သည့်နေရာမှာ မိုင်းငေါ့မြို့နယ် ကွန်ကောက်ရွာနှင့် မန်ပင့်ရွာကြားရှိ လယ်မြေများဖြစ်ပြီး ထိုသို့ တူးဖော်မှုကြောင့် လယ်ယာမြေများ ပျက်စီးနေကြောင်း နန်းခမ်းက ဆိုသည်။ “သူတို့မြေစာပုံကြီးက လွိုင်ဆမ်ဆစ်တောင်နဲ့ တော်တော်တူတယ်။ ချောင်းဘေးတစ်လျှောက် လယ်ကွက်တွေ မမြင်ရတော့ဘူး။ ကျမတို့လယ်တွေလည်း ပါပါတယ်။ ကျမတို့ မိုင်းငေါ့ကတော့ ရှေ့ဆက်ပြီး ဘယ်လိုခံစားရဦးမလဲ မသိတော့ပါဘူး” ဟု နန်းခမ်းက ပြောသည်။…

  • ရုရှား၏ ဘောလ်တစ် ရေနံဆိပ်ကမ်း‌ အကြီးအကျယ် မီးလောင်

    ရုရှား၏ ဘောလ်တစ် ရေနံဆိပ်ကမ်း‌ အကြီးအကျယ် မီးလောင်

    ယူကရိန်း ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှား၏ ဘောလ်တစ် ရေနံဆိပ်ကမ်း‌ အကြီးအကျယ် မီးလောင် ယူကရိန်း၏ ကြီးမားသော ဒရုန်းတိုက်ခိုက်မှုများကြောင့် မီးခိုးများကို ဖင်လန်နိုင်ငံမှပင် လှမ်းမြင်ရအောင် ကြီးမားသော မီးလောင်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဘောလ်တစ်ပင်လယ်တွင် ရှိသော ရုရှား၏ ပရီမို့စ် နှင့် အပ်စ်လူဂါ ရေနံဆိပ်ကမ်း၂ ခုတွင် ရေနံတင်ဆောင်မှုများကို ယမန်နေ့က ဆိုင်းငံ့ထားကြောင်း သိရသည်။ ယူကရိန်းကဘောလ်တစ် ဆိပ်ကမ်းများအား ဒရုန်းများဖြင့် တိုက်ခိုက်မှုသည် ၄ နှစ်ကြာမြင့်လာသော စစ်ပွဲတွင် ရုရှား၏ ရေနံတင်ပို့စခန်းများအပေါ် ယူကရိန်း၏ အကြီးမားဆုံး တိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အပ်စ်လူဂါ ဆိပ်ကမ်းအား ထိမှန်ခဲ့သည့် အချိန်ခန့်မှာပင် လမ်းကြောင်းလွဲသွားသော ယူကရိန်းဒရုန်း၂ စင်း လတ်ဗီယားနှင့် အက်စတိုးနီးယားနိုင်ငံတို့တွင် ကျရောက်ခဲ့ပြီး အက်စတိုးနီးယား ဓာတ်အားခွဲရုံတစ်ခုကို ထိမှန်ခဲ့သော်လည်း အပျက်အစီး မရှိပေ။…

  • နေပြည်တော်တွင် ငွေထုတ်ခဈေးနှုန်း မြင့်တက်

    နေပြည်တော်တွင် ငွေထုတ်ခဈေးနှုန်း မြင့်တက်

    စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်မှာ ပြင်ပ ငွေလွှဲငွေထုတ်ခ နှုန်းထားတွေ ရုတ်တရက် မြင့်တက်လာပြီး ငွေကျပ် တသိန်း ထုတ်ယူပါက ငွေကျပ် ၇,၀၀၀ အထိ ထုတ်ခပေးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ငွေလွှဲငွေထုတ်ဆိုင်တွေမှာ မတ်လ ပထမအပတ်က ငွေကျပ်တသိန်း ထုတ်ယူပါက ငွေကျပ် ၁,၅၀၀ သာ ထုတ်ယူခပေးရပြီး စက်သုံးဆီရှားပါးတဲ့ပြဿနာနဲ့ စစ်ကောင်စီရဲ့ စုံရက်နဲ့ မ ရက် မောင်းခွင့် ကန့်သတ်ချက် ဖြစ်လာပြီးနောက် မတ်လဒုတိယအပတ်ကနေ ဒီနေ့အထိ ငွေကျပ်တသိန်း ထုတ်ခ ကျပ် ၇,၀၀၀ အထိ ပေးနေရတာလို့ ဆိုပါတယ်။ နေပြည်တော် ပျဉ်းမနားမြို့နယ်က အရပ်သားတယောက်က “ပြီးခဲ့တဲ့ရက်တွေကပဲ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ တသိန်းကို ၁,၅၀၀ နှုန်းပဲ ပေးထုတ်ရပါတယ်။ စက်သုံးဆီအခက်အခဲ…

  • မကွေးလေတပ် ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီး ပျက်စီးမှုရှိ

    မကွေးလေတပ် ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီး ပျက်စီးမှုရှိ

    စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် မကွေးတိုင်း၊ မကွေးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ မကွေးလေတပ် ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး ပျက်စီးမှုရှိကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံပြည်သူများက ပြောဆိုသည်။ မတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် မကွေးမြို့ပေါ်ရှိ မကွေးလေတပ်စခန်း ဌာနချုပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုကြောင့် လေတပ်စခန်း အတွင်း ထိခိုက်ပျက်စီးမှုရှိသော်လည်း အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ “မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်တာလို့ သိရတယ်။ အလုံးရေ ၅ လုံးမထက်မနည်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ လေတပ် စခန်းအတွင်း ရှော့တိုက်ဒုံးတွေ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ထိခိုက်မှုရှိတာပဲ…