Author: Baby Yit Lone
-

နေပြည်တော်တွင် လယ်သမား ၂ ဦးကို ဓားဦးချွန်ကိုင်ဆောင်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်
စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တို့မှာ လယ်ယာလုပ်ငန်းခွင်ကနေ ပြန်လာတဲ့ အမျိုးသား ၂ ယောက်ကို ဓားဦးချွန် ကိုင်ဆောင်လို့ဆိုပြီး စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကို သိရှိတဲ့သူတွေဆီက သိရပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်လောက်မှာ ဓားဦးချွန် ကိုင်ဆောင်တာကြောင့် ဆိုပြီး အသက် ၄၀ ကျော်အရွယ် ကိုနေဝင်းသူ (ခ) သိုက်ထွန်းနဲ့ အသက် ၃၇ နှစ်အရွယ် ကိုရဲထွန်း ဆိုသူတို့ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဖြစ်စဥ်ကို သိရှိတဲ့သူတယောက်က “အဖမ်းခံရတဲ့ ၂ ယောက်လုံးက လယ်ယာလုပ်ငန်းခွင်ကနေ ပြန်လာရင်း စစ်ကောင်စီရဲတပ်ဖွဲ့နဲ့တိုးပြီး အဖမ်းခံရတာ။ ဓားတွေနဲ့ တွေ့တယ်ပေါ့။ နေပြည်တော်မှာ…
-

ပခုက္ကူမှာ လုံခြုံရေးယူနေတဲ့ ရဲတွေကိုတိုက်ခိုက်ပြီး လက်နက်တွေသိမ်းဆည်း
မကွေးတိုင်း၊ ပခုက္ကူမြို့၊ ရထားဘူတာအနီး ကွန်ကရစ်ဇလီဖားစက်ရုံမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့တယ်လို့ ပခုက္ကူမြို့နယ် တပ်ရင်း ၁၊ Pakokku – Special Task Force တပ်ဖွဲ့ဆီက သိရပါတယ်။ စစ်ကိုင်းအခြေစိုက် အမှတ် ၁၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲကနေ အဆိုပါစက်ရုံမှာလုံခြုံရေးယူနေတဲ့ ရဲတွေကို စက်တင်ဘာ ၂၂ ရက် ဒီနေ့မနက် ၁ နာရီခွဲဝန်းကျင်ကစလို့ ၁၀ မိနစ်ကြာ တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ “စစ်ကော်မရှင်ဘက်က ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘူး၊ အဲ့ဒီမှာက စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးရှိတာမှာ ၄ ဦးသေပြီး ၁ ကောင်ကတော့ လွတ်သွားတယ်၊ ဇလီဗားတုံးစက်ရုံ အစောင့်သဘောမျိုးနေကြတာ၊ တောင်ဘက်မှာက ခလရ ၂၅၆ ခြေလျင်တပ်ရင်းနဲ့ မြောက်ဘက်မှာက စက်မှုဇုန် ၆…
-

ဝိုင်းမော်နဲ့ လန်ဆယ်မှာ စစ်တပ်ပူးပေါင်းတပ် ထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်နဲ့ ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ ၊ ပြည်သူ့စစ် ပူးပေါင်းတပ်တွေ ဒီကနေ့ (စက်တင်ဘာ၂၂ရက်) တိုက်ပွဲ ဆက်ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပါနဲ့ ပြည်သူ့စစ်တွေဟာ လန်ဆယ်ဒေသ ပြန်လည်သိမ်းပိုက်နိုင်ဖို့ စက်တင်ဘာ ၁၉ရက်ကတည်းက ထိုးစစ်ဆင်နေတာကြောင့် ဒီကနေ့ စက်တင်ဘာ ၂၂ရက်နေ့အထိ တိုက်ပွဲတွေဖြစ်နေတာပါ။ “လန်ဆယ်အထက် လဟယ်ဆင်မှာ ဒီမနက် ၅နာရီ အချိန်မှာ တိုက်ပွဲပြင်းထန်နေတယ်။ရှေ့တိုးလိုက် ပြန်ဆုတ်လိုက်ပါပဲ”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က လန်ဆယ်ဒေသ တိုက်ပွဲ ၄ရက်အတွင်း အခြေအနေအပေါ် ပြောပါတယ်။ လဟယ်ဆင်တောင်ကြောဟာ KIA ပူးပေါင်းတပ်ဖွဲ့တွေ နေရာယူထားတဲ့နေရာဖြစ်ပါတယ်။ အလားတူ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်မှာလည်း ဒီကနေ့ မနက် တိုက်ပွဲဆက်ရှိနေတယ်လို့ ပြောပါတယ်။ “ဝိုင်းမော် လမြန်ရွာဘက် ဒီမနက် စခနဲ့ ပြည်သူ့စစ်တွေ…
-

ဗန်းမောက်မြို့ကို အလုံးစုံ သိမ်းပိုက်လိုက်ကြောင်း အမှတ်-၁ စစ်ဒေသထုတ်ပြန်
စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့ကို သိမ်းပိုက်ပြိးနောက် မြို့သိမ်းတိုင်ပွဲနဲ့အတူ သိမ်းပိုက်ရရှိခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့အတူ အမှတ်(၁) စစ်ဒေသက စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေက စက်တင်ဘာလ ၁၅ ရက်ကနေ ၂၀ အထိ ခြောက်ရက်ကြာတိုက်ခိုက်ပြီးနောက် ကသုံးလုံးဒေသအတွင်းက တတိယမြောက် မြို့နယ်အဆင့်ရှိတဲ့မြို့ကို သိမ်းပိုက်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဗန်းမောက်မြို့ကို ရဉ်ထွန်း (ဗျူဟာမှူး) ဦးစီး SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀၀) ခန့် အခြေချနေထိုင်ချထားတဲ့ မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့…
-

ဗန်းမောက်မြို့သိမ်းတိုက်ပွဲ စစ်အုပ်စု အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်း ရရှိ
တော်လှန်ရေး ရဲဘော် ခြောက်ဦး ကျဆုံး စစ်ကိုင်းအတွင်း တော်လှန်ရေးတပ်တွေ သိမ်းယူနိုင်တဲ့ မြို့နယ်အဆင့် တတိယမြောက်မြို့ဖြစ် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင် ဗန်းမောက်မြို့ တော်လှန်ရေးအင်အားစုတွေက စက်တင်ဘာ ၂၀ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း အာဏာသိမ်း စစ်အုပ်စုနဲ့ SNA – ရှမ်းနီလက်နက်ကိုင် ပူးပေါင်းအဖွဲ့ရဲ့ အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်း ရရှိတယ်လို့ အမှတ် ၁ စစ်ဒေသက သတင်း ထုတ်ပြန်ပါတယ်။ ဗန်းမောက်မြို့သိမ်း တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ခြောက်ဦးလည်း ကျဆုံးတယ်လို့ ဆိုပါတယ်။ “ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ရန်သူ့စိုးမိုးနယ်မြေအတွင်းရှိသော ဗန်းမောက်မြို့အား မိမိတို့ဘက်မှ စက်တင်ဘာလ (၁၅) ရက်မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ရာ စက်တင်ဘာလ (၂၀) ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။…