Author: Baby Yit Lone

  • စစ်ကော်မရှင်တပ်က ဒေသခံ ၅ ဦးကို အသားလှီးဖြတ်၍ ရက်ရက်စက်စက် သတ်ဖြတ်

    စစ်ကော်မရှင်တပ်က ဒေသခံ ၅ ဦးကို အသားလှီးဖြတ်၍ ရက်ရက်စက်စက် သတ်ဖြတ်

    ကျောက်ပန်းတောင်းတွင် စစ်ကော်မရှင်တပ်က ဒေသခံ ၅ ဦးကို အသားလှီးဖြတ်၍ ရက်ရက်စက်စက် သတ်ဖြတ်ကာ ရွာပြင်တွင်စွန့်ပစ်ထားခဲ့ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးကျေးရွာရှိ ဒေသခံပြည်သူ ငါး ဦးကို စစ်ကော် မရှင်တပ်က ဖမ်းဆီးပြီးနောက် အသားများကို လှီးဖြတ်ခြစ်ထုတ်ကာ ခြေလက်များ ဖြတ်တောက်သည့် အထိ လူမဆန်စွာ နှိပ်စက်သတ်ဖြတ်၍ ရုပ်အလောင်းများကို ရွာပြင်တွင် စွန့်ပစ်ထားခဲ့ကြောင်း ညောင်ဦးခရိုင် ပကဖတာဝန်ရှိသူထံမှ သိရသည်။ အင်အား ၇၀ ခန့်ပါဝင်သော စစ်ကော်မရှင်စစ်ကြောင်းသည် ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က အင်ပင်ကြီးကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်၍ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ ထွက်ပြေးသည့် အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ သတ်ဖြတ်ခံရသူများမှာ အသက် ၄၀…

  • BPLA က AA နှင့် ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်နေ

    BPLA က AA နှင့် ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်နေ

    BPLA က AA နှင့် ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်နေပြီး စစ်ဒေသ ၃ ခု ဖွဲ့စည်း၍ မဟာမိတ်တပ်များနှင့်လည်း ဟန်ချက်ညီညီ တိုက်ပွဲဝင်နေဟု ပြောဆို ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော် – BPLA က AA နှင့် ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်နေပြီး စစ်ဒေသ ၃ ခု ဖွဲ့စည်း၍ မဟာမိတ်တပ်များနှင့်လည်း ဟန်ချက်ညီညီ တိုက်ပွဲဝင်နေကြောင်း BPLA တပ်ဖွဲ့ခေါင်းဆောင် ကိုဆောင်းခက ပြောကြားသည်။ ယနေ့မတ်လ ၂၅ ရက်နေ့တွင် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် – BPLA တပ်ဖွဲ့ခေါင်း ဆောင် မောင်ဆောင်းခက အမှတ် ၂၀၃ ၊ ပဲခူးအနောက်ခြမ်းစစ်ဒေသ၊ မြေလတ်စစ်ဒေသအဖြစ်တိုးချဲ့ ပြင် ဆင်ဖွဲ့စည်းလိုက်ကြောင်း၊ လက်ရှိအချိန်တွင် အမှတ်…

  • မြန်မာရဟန်းတော်များ “ဘွဲ့ဝတ်စုံ”ကို ဂုဏ်ယူစွာ ဝတ်ဆင်နေ​ကြခြင်း

    မြန်မာရဟန်းတော်များ “ဘွဲ့ဝတ်စုံ”ကို ဂုဏ်ယူစွာ ဝတ်ဆင်နေ​ကြခြင်း

    မြန်မာရဟန်းတော်များ “ဘွဲ့ဝတ်စုံ”ကို ဂုဏ်ယူစွာ ဝတ်ဆင်နေ​ကြခြင်းအပေါ် အထူးသတိပြု ဆင်ခြင့်သင့်ပါတယ် 😔🙏 ​ယနေ့ခေတ် မြန်မာရဟန်းတော်များအကြား ဘွဲ့နှင်းသဘင် အခမ်းအနားများတွင် “ဘွဲ့ဝတ်စုံ” ဝတ်ဆင်ခြင်းသည် မြတ်ဗုဒ္ဓ၏ အဆုံးအမဖြစ်သော “အရဟတ္တဓဇ သင်္ကန်းတော်” ထက်ပင် ဂုဏ်ထူးဝိသေသ ပိုနေသယောင် ဖြစ်လာနေခြင်းအပေါ် အထူးသတိပြု ဆင်ခြင်သင့်သည်ဟု ယူဆမိပါသည်။ ​၁။ သာသနာ့အောင်လံ နှင့် လောကီအဆောင်အယောင် သင်္ကန်းတော်သည် ကိလေသာကို ပယ်သတ်ပြီးသား ရဟန္တာအရှင်မြတ်တို့၏ အောင်လံတံခွန် (အရဟတ္တဓဇ) ဖြစ်သည်။ ကာ.မ.ဂု.ဏ်ကို စွန့်ခွာခြင်း၏ ပြယုဒ်ဖြစ်သည်။ သို့သော် ဘွဲ့ဝတ်စုံသည် အနောက်တိုင်း ပညာရေးစနစ်မှ ဆင်းသက်လာသော “ပညာတတ်မြောက်မှု” ပြယုဒ် အဆောင်အယောင်မျှသာ ဖြစ်သည်။ ​၂။ အနှစ်သာရ နှင့် အသွင်သဏ္ဌာန် ဗုဒ္ဓသာသနာသည် တိတ္ထိယများနှင့် မတူအောင် အနှစ်သာရဖြင့်…

  • ဆီအခက်အခဲကြောင့် ဧရာဝတီတိုင်းအတွင်း ပရဟိတအဖွဲ့အစည်းတွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခဲနေ

    ဆီအခက်အခဲကြောင့် ဧရာဝတီတိုင်းအတွင်း ပရဟိတအဖွဲ့အစည်းတွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခဲနေ

    “ကျွန်မတို့က တရားဝင်မှတ်ပုံတင်ထားတယ်။ သူတို့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာတယ်။ ဆီကျတော့ ကျွန်မတို့ဘာမှ လုပ်လို့မရဘူးလေ။ သူတို့ရောင်းပေးမှ ရမှာပေါ့။” စက်သုံးဆီရှားပါးလာမှုကို ကာကွယ်နိုင်ဖို့လို့ ခေါင်းစဉ်တပ်ထားတဲ့ ဆီဝယ်ယူရေး စီမံချက်တွေကို စစ်ကောင်စီက တခုပြီးတခုထုတ်ပြန်ခဲ့သလို ဒီထုတ်ပြန်ချက်တွေကြောင့် လူမှုကူညီရေးအဖွဲ့တွေရဲ့ အရေးပေါ်ယာဉ်တွေ လူနာသယ်ဆောင်ရေးမှာ အခက်အခဲတွေ ရှိလာနေတယ်လို့ ဧရာဝတီတိုင်းအတွင်းက လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။ “ဆီဈေးကတက်လာတဲ့အပြင် တစီးကို နှစ်သောင်းဖိုးပဲခွဲတမ်းနဲ့ရောင်းပေးတာ။ အရင်က နှစ်သောင်းဆိုရင် နည်းနည်းအလုပ်လုပ်လို့ရသေးတယ်။ အခု နှစ်သောင်းက ဆီဆိုင်ကထွက်တာနဲ့ ကုန်နေပြီ။ တကယ်စိတ်ညစ်တယ် ” လို့ မြောင်းမြမြို့က ပရဟိတ အဖွဲ့တခုရဲ့ တာဝန်ရှိသူက ဆိုပါတယ်။ ဒီလူမှုကူညီရေးအဖွဲ့အစည်းတွေဟာ အစိုးရထံမှာ မှတ်ပုံတင်ထားပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နိုင်ဖို့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။ အရေးပေါ်…

  • အကြွေးမဆပ်ချင်၍ သေချင်ယောင်ဆောင်သည့် ဖိလစ်ပိုင်နိုင်ငံသူ

    အကြွေးမဆပ်ချင်၍ သေချင်ယောင်ဆောင်သည့် ဖိလစ်ပိုင်နိုင်ငံသူ

    ဖိလစ်ပိုင်တွင် အကြွေးမဆပ်ချင်၍ ‘သေချင်ယောင်ဆောင်ခဲ့သူ’ တဦး၏ အကြောင်းမှာ လူမှုကွန်ရက်စာ မျက်နှာ များထက်တွင် ရေပန်းစားလျက်ရှိရာ နာမည်ကြီး ဆိုင်ကယ်ကယ်ရီဝန် ဆောင်မှုလုပ်ငန်းတခု ဖြစ်သည့် အန်းကပ်စ် (Angkas) ကလည်း ယင်းဖြစ်ရပ်ကို ဟာသနှော၍ ပြန်လည်မျှဝေခဲ့သည်။ ယင်းဖြစ်ရပ်မှာ ဖေ့စ်ဘွတ်ခ်ရှိ တည်းခိုနေရာများဖော်ပြသည့်ဂရုတခုတွင် အဖွဲ့ဝင်တဦးက ငွေကြေးလိမ် လည်သွားသူတဦးအကြောင်း သတိပေးချက်ထုတ်ပြန်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးသည် အညိုရောင်အင်္ကျီနှင့် အဝါရောင်စကတ်ကို ဝတ်ဆင်၍ ခုတင်ပေါ်တွင် အသက်မရှိတော့သကဲ့သို့ လဲလျောင်းနေသည့် ဓာတ်ပုံတပုံကို ပေးပို့ကာ သေဆုံးသွားပြီဖြစ်ကြောင်း ဟန်ဆောင်ခဲ့သည်။ သို့သော် အကြွေးရှင်ဖြစ်သူက မယုံကြည်ဘဲ “ရှင်က သေချင်ယောင်ဆောင်နေပေမဲ့ ငါပို့တဲ့စာကို ကျတော့ Love Reaction ပေးနေသေးတယ်ပေါ့” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ မူရင်းပို့စ်တွင် “သူ့ကို သိတဲ့သူရှိရင် ကျွန်မကို မက်ဆေ့ချ်…