အမေရိကန်တွင် ဗုဒ္ဓနေ့နှင့် ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်နေပြီး မြန်မာသံဃာတော်များက အညိုရောင်သင်္ကန်းများဖြင့် တညီတညွတ်တည်း တက်ရောက်
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ရှိ ဟွန်ဒေါင်ကျောင်းတိုက် (Huong Dao Vipassana Bhavana Center) တွင်

ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်နှင့် ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲတော်ကို
မေလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်လျက်ရှိသည်။
အဆိုပါ ပူဇော်ပွဲတော်အတွင်း မြန်မာသံဃာတော်များက အဘိဓမ္မာပိဋကတ်တော်များကို ရွတ်ဖတ်ပူဇော်ကြရာတွင်
သံဃာ့ညီညွတ်မှုကို ရှေ့ရှု၍ အညိုရောင်သင်္ကန်းများကို တညီတညွတ်တည်း ဝတ်ရုံကာ မြန်မာသံဃာအပါး ၅၀ ကျော်က စုပေါင်းရွတ်ဆို ပူဇော်ခဲ့ကြသည်။

ယင်းသို့ ဝတ်ရုံခြင်းမှာ မည်သည့်ဖိအားမှ မပါဝင်ဘဲ သံဃာတော်များ၏ ဆန္ဒအလျောက် တစ်သွေးတစ်သားတည်း ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
“သံဃာ့ညီညွတ်မှုကို ရှေ့ရှု၍ အညိုရောင်သင်္ကန်းများကို ဝတ်ရုံပြီး မြန်မာသံဃာအပါး ၅၀ က ပိဋကတ်တော်များကို ရွတ်ဖတ်ပူဇော်ကြသည်ဟု သိရသည်။
ငယ်စဉ်ကတည်းက အညိုရောင်သင်္ကန်းကို တစ်သက်လုံး ဝတ်ခဲ့တာဆိုတော့ အညိုရောင်သင်္ကန်းတွေ ညီတူဝတ်ဆင်ပြီး ရွတ်ဖတ်နေတာ မြင်ရတော့ စိတ်ထဲ အတော်ကြည်နူးမိတယ်” ဟု

မြန်မာပြည်မှ ကြွရောက်လာသည့် ဆရာတော်တစ်ပါးက မိန့်ကြားသည်။
မေလ ၂ ရက်နေ့ကတည်းက သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လာသည့် မြတ်ဗုဒ္ဓ၏ အရိုးဓာတ်တော် ၄ ဆူနှင့် ဆံတော်မြတ်တို့ကို အပူဇော်ခံထားရှိပြီး
မေလ ၉ ရက်နေ့ ညနေပိုင်းတွင် ဆီမီး ၂၄,၀၀၀ ညှိထွန်းပူဇော်ပွဲ ကျင်းပမည်ဖြစ်သည်။
မေလ ၁၀ ရက်နေ့တွင် စေတီတော်အလှူ ရေစက်ချပွဲနှင့် ဗုဒ္ဓနေ့ပွဲတော် ပိတ်သိမ်းပွဲများကို ဆက် လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာမိသားစုများအတွက် အထူးအစီအစဉ်အဖြစ် မေလ ၉ ရက်နေ့ နေ့လည် ၁ နာရီတွင် ရွှေစင်တိပိဋကဆရာ တော် ဦးဆောင်သော

မြန်မာသံဃာတော်များက ရွှေဘုန်းပွင့်ဓမ္မစင်တာ၌ စေတီတော်အလှူငွေများအတွက် ရေစက်ချပေးမည်ဖြစ်ကြောင်း သိရှိရသည်။


Leave a Reply