စတီးကွင်းများစွပ်ရာက ပြန်ချွတ်မရတဲ့ထိုင်းအမျိုးသား

လိင်အင်္ဂါမှာ စတီးကွင်းများစွပ်ရာက ပြန်ချွတ်မရတဲ့ထိုင်းအမျိုးသားတဦးကိုအရေးပေါ်ကယ်ဆယ်ခဲ့ရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လတ်ပုရောဆေးရုံ (Lat Phrao Hospital) အရေးပေါ်ဌာနတွင် အမျိုးသားတစ်ဦး၏

လိင်အင်္ဂါနှင့် ဝှေးစေ့တို့၌ စတီးလက်စွပ် သုံးကွင်း စွပ်မိနေသည့် ဖြစ်စဉ်တစ်ခု မေလ ၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး

ကူညီကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ဖြေရှင်းပေးခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် စွပ်မိနေသည့် လက်စွပ်များကို ပုံမှန်နည်းလမ်းဖြင့် ချွတ်၍မရတော့သဖြင့် ဆေးရုံဘက်က

“လက်စွပ်ဖြတ်တောက်ရေး အထူးအဖွဲ့” ထံ အကူအညီတောင်းခံခဲ့ရာ Ruamkatanyu ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများက

အထူးကိရိယာများအသုံးပြုကာ အခမဲ့ သွားရောက်ဖြတ်တောက် ပေးခဲ့ခြင်းဖြစ်သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကူညီရေးအဖွဲ့များက အများပြည်သူများအနေဖြင့် ဆင်ခြင်စရာ သင်ခန်းစာတစ်ခုအဖြစ် သိရှိနိုင်ရန်နှင့်

ယခုကဲ့သို့ အင်္ဂါအစိတ်အပိုင်းများတွင် ပစ္စည်းများ စွပ်မိခြင်းသည် အလွန်အန္တရာယ်များကြောင်း အသိပေးထုတ်ပြန်ထားသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *