Author: Baby Yit Lone
-

ဓာတ်ဆီတိုးပြီးအပြန် ကားသမား ၁ ဦး ဦးနှောက်သွေးကြော ပြတ်ကာ သေဆုံး
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ တက္ကစီယာဉ်မောင်းတဦး အချိန်ကြာမြင့်စွာ စက်သုံးဆီတန်းစီပြီး အိမ်အပြန်မှာ ဦးဏှောက်သွေးကြော ပြတ်ကာ သေဆုံးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ် ၂၃ ရက်နေ့ မနက်အစောပိုင်း ၂ နာရီခန့်ကနေ ညလယ်ပိုင်းထိ စက်သုံးဆီရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရာက ညနေအိမ်အပြန်မှာ သွေးပေါင်ထိုးကျကာ ခေါင်းကိုက်ဝေဒနာ ခံစားရပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ “မနက် ၂ နာရီ ၃ နာရီလောက် ကတည်းက ဆီတန်းစီပြီး နေ့လယ် ပြန်လာတာ၊ ညနေ အိမ်ရောက်တော့ ခေါင်းကိုက်တယ် သွေးပေါင်တွေ ကျတယ်ဆိုပြီး ဆေးရုံကို သွားတော့ အသက် မမှီတော့ဘူး၊ တခြား ရောဂါအခံလည်းရှိတော့ ပိုဆိုးသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ သေဆုံးသူဟာ ချောင်းဆုံမြို့နယ် မုဒွန်းရွာက အသက်…
-

နံပါတ်အလိုက်ပဲ နေ့စဉ်ဆီရောင်းပေးတော့မယ်
ကားနံပါတ်အလိုက်ပဲ နေ့စဉ်ဆီရောင်းပေးတော့မယ် ကိုယ့်နံပါတ်ကဘယ်စာရင်းထဲပါနေလဲ အောက်မှာကြည့်သွား ကဲ… ကားသမားတွေ၊ အိမ်စီးကားပိုင်ရှင်တွေ အားလုံးအတွက် ဧပြီလ (၁) ရက်နေ့ ကစပြီး စက်သုံးဆီဝယ်ယူရမယ့် စနစ်သစ်တဲ့ရွှေပြည်ကြီးကတော့ စနစ်အမျိုးမျိုးပါ ✅ သိထားရမယ့် အချက်အလက်များ – စတင်မည့်ရက်: ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့။ ပထမဆုံးရက် (ဧပြီ ၁): အက္ခရာ A, F, K, Q ပါသော ကားများသာ ဆီဆိုင်သို့ လာရောက်ရပါမည်။ ဝယ်ယူခွင့်အကြိမ်ရေ: ကားတစ်စီးလျှင် တစ်လကို (၆) ရက် သာ သတ်မှတ်ရက်အတိုင်း ဝယ်ယူခွင့်ရရှိမှာပါ။ စနစ်အပြောင်းအလဲ: ယခင်ကျင့်သုံးခဲ့သော စုံ/မ စနစ်ကို ရပ်တန့်တော့မယ်လို့တော့ ထင်ရတာပါဘဲ မိမိကားရဲ့ အက္ခရာအလိုက် ဘယ်ရက်တွေမှာ ဆီထွက်ဝယ်ရမလဲဆိုတာကို…
-

နောင်တရားတွင် ဓာတ်ဆီအများအပြား သိုလှောင်ထားသည့် ဂိုထောင် မီးလောင်
ရှမ်းပြည်တောင်ပိုင်း၊ နောင်တရားမြို့တွင် ဓာတ်ဆီအများအပြား သိုလှောင်ထားသည့် ဂိုထောင်တစ်လုံးယမန်နေ့ မတ်၂၃ ရက်တွင် မီးလောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မီးလောင်မှုဖြစ်သည့်နေရာမှာ နောင်ပီးသွားလမ်းရှိ အောင်စံဖြိုးဆိုင် အနီးဖြစ်ပြီး ဂိုထောင်အတွင်း ဓာတ်ဆီများ အများအပြား သိုလှောင်ထားမှုကြောင့် မီးအား ပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ဆီသိုလှောင်ထားတဲ့နေရာ ဖြစ်တော့ မီးလောင်တာနဲ့ တပြိုင်နက် အနားတောင် မကပ်နိုင်ပါဘူး။ ဆီကုန်ခါနီးမှပဲ ရပ်ကွက်ကလူတွေ ဝိုင်းကူနိုင်တာပါ” ဟု မီးလောင်မှုကို တွေ့မြင်ခဲ့သည့် ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။ မီးလောင်မှုအတွင်း မီးအားပြင်းထန်မှုကြောင့် အနီးကပ်ဝင်ရောက် ငြှိမ်းသတ်ရန် ခက်ခဲခဲ့ပြီး အချိန်အတော်ကြာမှသာ ဒေသခံများ ဝိုင်းဝန်းကူညီနိုင်ခဲ့ကြောင်း သိရသည်။ ယင်းမီးလောင်မှုကြောင့် လူထိခိုက်မှု မရှိခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။
-

ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားတို့ဘဝများ
လှိုင်သာယာမြိုနယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ထဲက Mengyue Garment ဆိုတဲ့ အထည်ချုပ်စက်ရုံ က အပြင်ပန်း ကြည့်ရင် အလုပ်အကိုင်အခွင့်အလမ်းလို ထင်ရပေမဲ့ လုပ်ငန်းခွင်က အလုပ်သမားတွေဟာ ငရဲခန်းလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီစက်ရုံက တရုတ်နိုင်ငံသားပိုင် အလုပ်သမား ၇၀၀ ကျော်က Sinsay တံဆိပ် အထည်တွေကို ချုပ်လုပ်ပေး နေရတာပါ။ ဒီလုပ်ငန်းခွင်မှာ အဆိုးရွားဆုံးကတော့ အိမ်သာသွားတာကိုတောင် ကတ်နဲ့သွားခိုင်းပြီး ကန့်သတ်ထားတာပါ။ ယောက်ျားလေး အလုပ်သမား ၂၂၀ ကျော်အတွက် အိမ်သာကတ်က မလုံလောက်တဲ့အပြင်၊ အိမ်သာရှေ့မှာ လုံခြုံရေးတွေ ထားပြီး တစ်မိနစ်ထက်ပိုကြာရင် အထဲကနေ အတင်းဆွဲထုတ်တဲ့အထိ လူမဆန်စွာ လုပ်ဆောင် ပါတယ်။ ဒီအိမ်သာအခက်အခဲကြောင့်ပဲ ၂၀၂၃ ခုနှစ်ထဲမှာ အမျိုးသမီးအလုပ်သမားတစ်ယောက် အိမ်သာထဲပြုတ်ကျပြီး ဆေးရုံတက်ခဲ့ရကာ ၈ ရက်အကြာမှာ သေဆုံးသွားခဲ့ရတဲ့အထိ…
-

မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အတွင်းက သေမင်းတမန် စက္ကန့်ပိုင်းများ
အဲဒီနေ့လယ်ခင်းက ခါတိုင်းနေ့တွေလိုပဲ အဆောင်က ကျွန်မအခန်းလေးမှာ တစ်ယောက်တည်း ကွန်ပျူတာလေးနဲ့ အလုပ်လုပ်နေခဲ့တယ်။ ကျွန်မအလုပ်က Working from Home ဆိုတော့ တစ်ဆောင်လုံးမှာ ကျွန်မ တစ်ယောက်တည်းရှိတာပေါ့လေ။ ကံကောင်းတာတစ်ခုက ခါတိုင်း အဲဒီလိုနေ့လယ်စာစားချိန်တစ်ဖြတ်နားရင် ကျွန်မက ရေချိုးနေကျပါ။ ချိုးမိခဲ့ရင် အဲဒီအဖြစ်ဆိုးကြီး ရုတ်တရက်ရောက်လာချိန်မှာ ကျွန်မ ရေချိုးခန်းထဲပဲ ပိတ်မိနေခဲ့မလား မပြောတတ်ပါဘူး။ နေ့လယ်စာစား၊ ခုတင်ပေါ်မှာပဲ ကွန်ပျူတာရှေ့မှာထိုင်၊ ဖုန်းခဏကြည့်နေတုန်း ဝေါဆိုတဲ့ တော်လှဲသံကြီးနဲ့အတူ တစ်အိမ်လုံး သိမ့်သိမ့်တုန်ခါယမ်းလာတော့တယ်။ ကျွန်မက ဘာလဲဆိုပြီး ကြောင်သွားတုန်း “ငလျင်” ဆိုတဲ့အသိနဲ့ တစ်ဖက်က ကျွန်မအခန်းဖော်ရဲ့ခုတင်အောက်ဝင်လိုက်တုန်းမှာပဲ ယမ်းခါတာတွေ ပိုဆိုးလာပြီး မျက်နှာကြက်က ခုနက ကျွန်မထိုင်နေခဲ့တဲ့ခုတင်ပေါ် ပြုတ်ကျလာပါတယ်။ အခြေအနေကို သုံးသပ်ဖို့ ကြိုးစားတုန်းမှာပဲ တစ်လော ကလုံး ကယ်ပါ ယူပါ…