Author: Baby Yit Lone
-
ပြည်မြို့တွင် ၁၂ နှစ်အရွယ် ကလေးတစ်ဦးကို ဖုန်းခိုးသည်ဟုစွပ်စွဲကာ စစ်တပ်လက် အောက်ခံ ရာအိမ်မှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်သတ်
ပြည်မြို့တွင် ၁၂ နှစ်အရွယ် ကလေးတစ်ဦးကို ဖုန်းခိုးသည်ဟုစွပ်စွဲကာ စစ်တပ်လက် အောက်ခံ ရာအိမ်မှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်သတ် စက်တင်ဘာလ ၂၄ ရက် ပဲခူးတိုင်း၊ ပြည်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အထက ၄ ကျောင်းအနီးရှိ မီးသတ်တပ်ဖွဲ့စခန်းတွင် အ သက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦးကို ဖုန်းခိုးသည်ဟုစွပ်စွဲကာ စစ်တပ်လက်အောက်ခံ ရာအိမ် မှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ရိုက်သတ်ခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ စက်တင်ဘာလ ၂၀ ရက် မွန်းတည့် ၁၂ နာရီခန့်က ပြည်မြို့၌ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အ.ထ.က ၄ ကျောင်း နှင့် ရွာဘဲနယ်မြေအုပ်ချုပ်ရေးမှုးရုံး အကြား တည်ရှိသည့် တပ်စု ၁၆ အရန်မီး သတ်တပ်ဖွဲ့ စခန်းတွင် အသက် ၁၂…
-
SKY Villa ပြိုကျတာဘယ်လောက်မြန်လဲ?
SKY Villa ပြိုကျတာဘယ်လောက်မြန်လဲ? ဂျီဂျီ/MFP၊ လူပေါင်း(၂၀၀)ကျော် သေဆုံးကာ ပျောက်ဆုံးသူတွေရှိသေးတဲ့ မန္တလေးအောင်မြေသာစံမြို့နယ်က sky villa ကွန်ဒိုရဲ့ ငလျင်လှုပ်ချိန်အတွင်းပိုင်းရုပ်သံမှတ်တမ်းတခု ကိုMFPကဖော်ပြလိုက်ပါတယ်။ အင်အားပြင်းငလျင်ကြီး စတင်လှုပ်တာ မတ်လ ၂၈ ရက် ၊မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၀မိနစ် ၊ ၅၄ စက္ကန့်မှာဖြစ်ပါတယ်။ ပထမအကြိမ် ငလျင်လှုပ်ခတ်တဲ့ ကြာချိန်ဟာ တစ်မိနစ် ဝန်းကျင် ရှိတာဖြစ်ပြီး Sky Villa ကွန်ဒိုဟာ စက္ကန့်ပိုင်းမှာတင် ဝုန်း ကနဲပြိုကျခဲ့တာကို ယခု CCTV မှတ်တမ်းမှာ မြင်ရမှာပါ။ ဒီCCTV မှတ်တမ်းဟာ ကွန်ဒိုမှာရှိတဲ့ A ဆောင်၊ ၁၀ လွှာက မှတ်တမ်းဖြစ်ပါတယ်။ မတ် ၂၈ ရက်ငလျင်ကြီးအတွင်းလူပေါင်း ၄၀၀၀ ဝန်းကျင်…
-

နေပြည်တော်တွင် လယ်သမား ၂ ဦးကို ဓားဦးချွန်ကိုင်ဆောင်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်
စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တို့မှာ လယ်ယာလုပ်ငန်းခွင်ကနေ ပြန်လာတဲ့ အမျိုးသား ၂ ယောက်ကို ဓားဦးချွန် ကိုင်ဆောင်လို့ဆိုပြီး စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကို သိရှိတဲ့သူတွေဆီက သိရပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်လောက်မှာ ဓားဦးချွန် ကိုင်ဆောင်တာကြောင့် ဆိုပြီး အသက် ၄၀ ကျော်အရွယ် ကိုနေဝင်းသူ (ခ) သိုက်ထွန်းနဲ့ အသက် ၃၇ နှစ်အရွယ် ကိုရဲထွန်း ဆိုသူတို့ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဖြစ်စဥ်ကို သိရှိတဲ့သူတယောက်က “အဖမ်းခံရတဲ့ ၂ ယောက်လုံးက လယ်ယာလုပ်ငန်းခွင်ကနေ ပြန်လာရင်း စစ်ကောင်စီရဲတပ်ဖွဲ့နဲ့တိုးပြီး အဖမ်းခံရတာ။ ဓားတွေနဲ့ တွေ့တယ်ပေါ့။ နေပြည်တော်မှာ…
-

ပခုက္ကူမှာ လုံခြုံရေးယူနေတဲ့ ရဲတွေကိုတိုက်ခိုက်ပြီး လက်နက်တွေသိမ်းဆည်း
မကွေးတိုင်း၊ ပခုက္ကူမြို့၊ ရထားဘူတာအနီး ကွန်ကရစ်ဇလီဖားစက်ရုံမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့တယ်လို့ ပခုက္ကူမြို့နယ် တပ်ရင်း ၁၊ Pakokku – Special Task Force တပ်ဖွဲ့ဆီက သိရပါတယ်။ စစ်ကိုင်းအခြေစိုက် အမှတ် ၁၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲကနေ အဆိုပါစက်ရုံမှာလုံခြုံရေးယူနေတဲ့ ရဲတွေကို စက်တင်ဘာ ၂၂ ရက် ဒီနေ့မနက် ၁ နာရီခွဲဝန်းကျင်ကစလို့ ၁၀ မိနစ်ကြာ တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ “စစ်ကော်မရှင်ဘက်က ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘူး၊ အဲ့ဒီမှာက စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးရှိတာမှာ ၄ ဦးသေပြီး ၁ ကောင်ကတော့ လွတ်သွားတယ်၊ ဇလီဗားတုံးစက်ရုံ အစောင့်သဘောမျိုးနေကြတာ၊ တောင်ဘက်မှာက ခလရ ၂၅၆ ခြေလျင်တပ်ရင်းနဲ့ မြောက်ဘက်မှာက စက်မှုဇုန် ၆…
-

ဝိုင်းမော်နဲ့ လန်ဆယ်မှာ စစ်တပ်ပူးပေါင်းတပ် ထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်နဲ့ ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ ၊ ပြည်သူ့စစ် ပူးပေါင်းတပ်တွေ ဒီကနေ့ (စက်တင်ဘာ၂၂ရက်) တိုက်ပွဲ ဆက်ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပါနဲ့ ပြည်သူ့စစ်တွေဟာ လန်ဆယ်ဒေသ ပြန်လည်သိမ်းပိုက်နိုင်ဖို့ စက်တင်ဘာ ၁၉ရက်ကတည်းက ထိုးစစ်ဆင်နေတာကြောင့် ဒီကနေ့ စက်တင်ဘာ ၂၂ရက်နေ့အထိ တိုက်ပွဲတွေဖြစ်နေတာပါ။ “လန်ဆယ်အထက် လဟယ်ဆင်မှာ ဒီမနက် ၅နာရီ အချိန်မှာ တိုက်ပွဲပြင်းထန်နေတယ်။ရှေ့တိုးလိုက် ပြန်ဆုတ်လိုက်ပါပဲ”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က လန်ဆယ်ဒေသ တိုက်ပွဲ ၄ရက်အတွင်း အခြေအနေအပေါ် ပြောပါတယ်။ လဟယ်ဆင်တောင်ကြောဟာ KIA ပူးပေါင်းတပ်ဖွဲ့တွေ နေရာယူထားတဲ့နေရာဖြစ်ပါတယ်။ အလားတူ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်မှာလည်း ဒီကနေ့ မနက် တိုက်ပွဲဆက်ရှိနေတယ်လို့ ပြောပါတယ်။ “ဝိုင်းမော် လမြန်ရွာဘက် ဒီမနက် စခနဲ့ ပြည်သူ့စစ်တွေ…