Author: Baby Yit Lone
-

ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်ဖွင့်မပေးပါက အီရန်လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို “ချေမှုန်းပစ်မည်” ဟု ထရမ့် ခြိမ်းခြောက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း အပြည့်အဝ ပြန်မဖွင့်ပေးပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို “ချေမှုန်းပစ်မည်” ဟု စနေနေ့ (မတ်လ ၂၁ ရက်) တွင် ခြိမ်းခြောက်ပြောကြားလိုက်ပြီး စစ်ပွဲအရှိန် “လျှော့ချတော့မည်” ဟု ပြောကြားခဲ့ပြီး တရက်အကြာတွင်ပင် စစ်ရေးအခြေအနေကို ရုတ်တရက် အရှိန်မြှင့်တင်လိုက်ခြင်း ဖြစ်သည်။ “အီရန်အနေနဲ့ အခုအချိန်ကစပြီး ၄၈ နာရီအတွင်း ဟော်မုဇ်ရေလက်ကြားကို ခြိမ်းခြောက်မှုကင်းကင်းနဲ့ အပြည့်အဝ ပြန်ဖွင့်မပေးဘူးဆိုရင် အမေရိကန်ဟာ အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံအသီးသီးကို အကြီးဆုံးတခုကနေ စပြီးတော့ တိုက်ခိုက်ချေမှုန်းပစ်မှာ ဖြစ်ပါတယ်” ဟု ထရမ့်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ အီရန်၏ တိုက်ခိုက်မှုတခုကြောင့် အစ္စရေး၏ နျူကလီးယားစခန်းနှင့် မလှမ်းမကမ်းတွင် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီးနောက် အီရန်တပ်ဖွဲ့များသည် အရှေ့အလယ်ပိုင်းဒေသကို…
-

စစ်ကော်မရှင်တပ်များ AA အမှည့်ခြွေတိုက်ခိုက်
ကျောက်ဖြူတွင် ဟန်ပြအောင်ပွဲခံနေသည့် စစ်ကော်မရှင်တပ်များ AA ၏ အမှည့်ခြွေတိုက်ခိုက်မှုကြောင့် အထိနာနေ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မင်းပြင်နှင့် သိုင်းချောင်းကျေးရွာအနီး နေရာအချို့တွင် ခြေကုတ် ယူထားသည့် စစ်ကော်မရှင်တပ်များက နယ်မြေစိုးမိုးမှုရပြီဟု ဝါဒဖြန့်အောင်ပွဲခံနေသော်လည်း အာရက္ခ တပ်တော် (AA) ၏ အမှည့်ခြွေတိုက်ခိုက်မှုကြောင့် နေ့စဉ်အင်အားပြုန်းတီးကာ တပ်ပျက်ထွက်ပြေး နေရ ကြောင်း သိရသည်။ ချောင်းမြောင်၊ ပျားချိန်၊ ကြောင်ခို၊ ချောင်းဖျားဘက်တွင် ဟန်ပြအောင်ပွဲခံနေသည့် စစ်ကော်မရှင် တပ်သည် အာရက္ခတပ်တော် (AA) ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်အင်အားများ ဆုံးရှုံးကာ အထိနာလျက်ရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “ချောင်းမြောင်ဒေသက ရွေးကောက်ပွဲကာလမှာ တိုက်ပွဲစဖြစ်လာတာ။ အဲဒီနေရာအချို့မှာ စစ်တပ် ဘက်က ဟန်လုပ်အောင်ပွဲခံနေတာပေါ့။ သိုင်းချောင်းဘက်မှာ သူတို့အပြည့်အဝ ခြေကုတ်ယူချင်လို့…
-

မန္တလေး မဟာအောင်မြေမြို့နယ်မှာ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်လို့သတ်မှတ်
မန္တလေး မဟာအောင်မြေမြို့နယ်မှာ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်လို့သတ်မှတ်ပြီး ဖယ်ပေးဖို့ သက်ဆိုင်ရာက အကြောင်းကြား မန္တလေးတိုင်း မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၈၀ ကတည်းက အုတ်စက်ပိုင်ရှင် ဦးညိုရောင်က သူ့အလုပ်သမားတွေကို မြေအပိုင်ပေးပြီး နေထိုင်စေခဲ့ပါတယ်။ ခုလက်ရှိမှာ နေထိုင်တဲ့ အိမ်ခြေ ၂၀၀ ကျော် မိသားစု ၂၅၀ကျော် လူဦးရေ ၁၂၀၀ ကျော်ကို ပိုင်ရှင်ပေါ်ပေါက်လို့ ကျူးကျော်ဆိုပြီး မနက်ဖြန် မတ်လ ၂၃ ရက်မှာ ဖျက်ပေးရမယ်လို့ သက်ဆိုင်ရာက အကြောင်းကြားထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အုတ်ကျင်းရပ်ရှိ နေအိမ်တွေကို ဖျက်သိမ်းဖယ်ရှားပေးရန် လုပ်ဆောင်နေမှုအပေါ် ပြန်လည်စစ်ဆေးပြီး ဖြစ်သင့်သည့် အစီအမံများဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့…
-

မိန်းကလေးငယ် ၄ ဦးအား မဖွယ်မရာပြုလုပ်ရန် ကြံစည်သည့် ကျောင်းဆရာ
မြောက်ဦးမြို့တွင် မိန်းကလေးငယ် ၄ ဦးအား မဖွယ်မရာပြုလုပ်ရန် ကြံစည်သည့် ကျောင်းဆရာတစ်ဦးကို AA အရေးယူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ (ဘက) ကျောင်းတစ်ခုတွင် ပညာသင်ကြားနေသည့် အသက် ၈ နှစ်အရွယ် ကျောင်းသူကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၄ ဦးအား မုဒိမ်းမှုကျူးလွန်ရန် ကြံစည်အားထုတ်ခဲ့သည့် ကျောင်းဆရာတစ်ဦးကို အာရက္ခတပ်တော်(AA) ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်ရှိ တေဇာရာမ (ဘက) ကျောင်းမှ အသက် ၅၆ နှစ်အရွယ် ကျောင်းဆရာ ဦးမောင်ငယ် (ခ) မောင်တင်နုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အဆိုပါကျောင်း၌ ပညာသင်ယူနေသည့် အသက် ၈ နှစ်အရွယ် KG…
-

အရပ်သားများကို ဗုံးကြဲရန် ၃ လအတွင်း လေယာဥ်ဆီ ကန်ဒေါ်လာ ၄ သန်းကျော်ဖိုး စစ်ကော်မရှင် သုံးစွဲဟု BMC ပြော
အရပ်သားများကို လေကြောင်းမှ ဗုံးကြဲ သတ်ဖြတ်ရန် စစ်ကော်မရှင်က သုံးလအတွင်း အမေရိကန်ဒေါ်လာ ၄,၀၀၀,၀၀၀ ကျော်တန်ဖိုးရှိ လေယာဥ်ဆီများ သုံးစွဲခဲ့ကြောင်း သွေးစွန်းငွေလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign)က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။ သွေးစွန်းငွေ လှုပ်ရှားမှု အဖွဲ့၏ ၂၀၂၅ ဇွန် ၁၆ မှ စက်တင်ဘာ ၁၆ ထိ လေ့လာတွေ့ရှိချက်အရ သုံးလအတွင်း တိုက်လေယာဉ်အုပ်စုတစုတည်းအတွက် လေယာဉ်ဆီ အင်ပီယီရယ်ဂါလံ (IG) ၁ ဒသမ ၉၄ သန်းကျော် သုံးစွဲခဲ့ပြီး ကုန်ကျငွေပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၆ သန်းကျော်ရှိခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ လေယာဥ်ဆီ ၁ အင်ပီယီရယ်ဂါလံ (1 IG) တွင် လီတာအားဖြင့်…