Author: Baby Yit Lone
-

-

-

-

မင်းအောင်လှိုင်မိသားစုရဲ့ ကိုယ်ပိုင် လေယာဉ်အတွက် လေယာဉ်ထိန်းသိမ်းပေးနေတဲ့ 24 Hours ကုမ္ပဏီပိုင်ရှင် ခရိုနီ အောင်အောင်ဇော်
မင်းအောင်လှိုင်မိသားစုရဲ့ ကိုယ်ပိုင် လေယာဉ်အတွက် လေယာဉ်ထိန်းသိမ်းပေးနေတဲ့ 24 Hours ကုမ္ပဏီပိုင်ရှင် ခရိုနီ အောင်အောင်ဇော် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူနဲ့ သူ့မိသားစု စီးနင်းနေတဲ့ လေယာဉ်ကို ငှားရမ်းအသုံးပြုနေရာကနေ အပြတ် ဝယ်ယူလိုက်ပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မင်းအောင်လှိုင်က အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ငှားရမ်းထားတဲ့ Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါးနဲ့ ဝယ်ယူလိုက်တာလည်းဖြစ်ပါတယ်။ အဲဒီလေယာဉ် ဝယ်ယူမှုမှာ အဓိက အမည်ခံပေးတာ၊ လေယာဉ်ကို နိုင်ငံတကာလေပိုင်နက်မှာ အရပ်ဘက် လေယာဉ်အဖြစ် ပျံသန်းခွင့်ရှိအောင် လုပ်ဆောင်ပေးတာ၊ လေယာဉ်ကို ထိန်းသိမ်းပေးနေသူ တစ်ဦးရှိပါတယ်။…
-
