Author: Baby Yit Lone
-

ဒုချုပ် စိုးဝင်းကို မင်းအောင်လှိုင် နှုတ်ဆက်ပြီလား
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း သူနဲ့အတူ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ကျေးဇူးတင်ကြောင်း မနေ့က မတ် ၁၃ ရက်မှာ နေပြည်တော်ဆွေးနွေးပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့မှုကို စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။ ၂၀၁၁ ခုနှစ်၊ မတ် ၃၀ ရက်ကနေ ၂၀၂၅ ခုနှစ်အထိ ၁၅ နှစ်တာကာလအတွင်း တပ်ချုပ်တာဝန်ကို ထမ်းဆောင်ချိန် စစ်တပ်ကို ခေတ်မီတပ်မတော်ဖြစ်လာအောင် လုပ်ဆောင်ခဲ့မှုတွေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်က ပြန်လည်သုံးသပ်ဆွေးနွေး မှာကြားမှုတွေကို မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ချိန် ဒုတပ်ချုပ်စိုးဝင်းကိုလည်း ဂုဏ်ပြုစကား ထည့်သွင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအခမ်းအနားကို စစ်အုပ်စုဘက်က ဒုတပ်ချုပ်စိုးဝင်းအပါအဝင် ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ်တွေနဲ့ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး…
-

မြန်မာလိုရေးပေးထားတာတောင် ဘယ်လိုတွေဖတ်ပြနေတယ်မသိ
မြန်မာလိုရေးပေးထားတာတောင် ဘယ်လိုတွေဖတ်ပြနေတယ်မသိ၊ 🧐 အောက်က ထိုင်နားထောင်နေတဲ့ လူတွေကြည့်ပီးပဲ ရယ်ချင်မိတော့တယ်။ နဲတဲ့ ဝဋ်မဟုတ်ဘူး မြန်မာလိုရေးပေးထားတာတောင် စင်ပေါ်က ငနဲကလည်း လိပ်ပတ်လည်အောင် ဖတ်မပြတတ်ဘူး၊ ထေ့ငေါ့ ထေ့ငေါ့နဲ့၊ အောက်က အားပေးတဲ့ သူတွေကလည်း ဘောပိ ဘောခပ်ချောင်ချောင်တွေ၊ ကျပ်မပြည့်တဲ့ သန်းဗရူးကို လက်ခုပ်တီး အရောက်ပို့ပေးနေတာ ဒီကောင် ဒီကောင်မတွေ ထိပ်ဆုံးကပါတယ်။ တစ်အုပ်စုလုံးကြည့်လိုက်ပြန်တော့လည်း မျက်နှာမှာတော့ သနပ်ခါးတွေ အဖွေးသားနဲ့၊ အောက်ငုံ့ကြည့်တော့ ပေါင်မှာ သေးစီးကြောင်းနဲ့ ဆိုသလိုပဲ ယာယီသန်းဗကြီးနှင့် နင်းကျိုးနင်းပဲ့အဖွဲ့ရေ ဟုတ်တော့နေပြီ။ ဆက်လုပ် ကြိုးစင်နီးပြီ😆
-

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ကန့်ကွက်မှုများကြောင့် စစ်တပ်က လုပ်ဆောင်နေသော ကော့စတစ်ဆိုဒါစက်ရုံ စီမံကိန်း ဖျက်သိမ်းခဲ့ရပြီး ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ဟု မင်းအောင်လှိုင်ပြော
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ကန့်ကွက်မှုများကြောင့် စစ်တပ်က လုပ်ဆောင်နေသော ကော့စတစ်ဆိုဒါစက်ရုံ စီမံကိန်း ဖျက်သိမ်းခဲ့ရပြီး ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ဟု မင်းအောင်လှိုင်ပြော စစ်အာဏာသိမ်းပြီးနောက် သဘာ၀ပတ်ဝန်းကျင်ကို အပြင်းအထန် ထိခိုက်စေမည့် ယင်းစက်ရုံစီမံကိန်းကို စစ်တပ်က ပြန်လည်စတင်နေပြီဟုဆို ဦးသိန်းစိန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ၏ကန့်ကွက်မှုများကြောင့် စစ်တပ်က လုပ်ဆောင်နေသော ကော့စတစ်ဆိုဒါစက်ရုံ စီမံကိန်း ဖျက်သိမ်းခဲ့ရပြီး ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ရကြောင်း အကြမ်းဖက်စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။ ယနေ့ နေပြည်တော်တွင် ပြုလုပ်သော မြန်မာ့စာမျက်နှာသစ်ဖိုရမ်တွင် အကြမ်း ဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရ၏ ကန့်ကွက်မှုများကြောင့် စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွား ရေးဦးပိုင် လီမိတက်က…
-

📢 ခရီးသွားမယ့်သူများ သတိပြုရန် အရေးကြီးသတိပေးချက်
ခရီးသွားဖို့ ပြင်ဆင်နေသူများအနေနဲ့ အောက်ပါအချက်တွေကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်။ အခုတလော လမ်းခရီးမှာ စစ်ဆေးမှုတွေ တော်တော်လေး တင်းကျပ်နေပါတယ်…။ ✅ ခရီးစဉ် ရွေးချယ်မှု ခရီးထွက်ရင် ညအိပ်ရက်ကျော်တာမျိုးထက် တစ်ရက်အတွင်း အရောက်သွားနိုင်မယ့် ခရီးစဉ်မျိုး ကိုသာ ရွေးချယ်ကြဖို့ အကြံပြုပါရစေ။ ✅ ယာဉ်အမှတ်နှင့် ရက်သတ်မှတ်ချက် စုံကား (နံပါတ်အဆုံးစာလုံး စုံဂဏန်း) များသည် စုံရက် တွင် ထွက်ရန်။ မကား (နံပါတ်အဆုံးစာလုံး မဂဏန်း) များသည် မရက် တွင် ထွက်ရန်။ 📍 လက်ရှိအခြေအနေ အခု ချောင်းသာဘက်ကို သွားမယ့်လမ်းကြောင်းဖြစ်တဲ့ ကျောင်းကုန်း နှင့် ပုသိမ် ဘက်မှာ အဖွဲ့စုံနဲ့ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေပါတယ်။…
-

ဓာတ်တိုင်များတွင် သွယ်ထားသည့် ဝိုင်ဖိုင်ကြိုးများကို လျှပ်စစ်ဌာနက ဓားဖြင့်ခုတ်ဖြတ် ဖျက်ဆီး
လတ်တလော ရန်ကုန်မြို့နယ်တွေမှာ EPC ရဲ့ ဓာတ်တိုင်တွေပေါ် တရားမဝင် သွယ်တန်းထားတဲ့ ဝိုင်ဖိုင်ကြိုးတွေကို ဖြ၊တ်ချနေပါတယ်။ ရန်ကုန်မှာရှိတဲ့ လျှပ်စစ်မီးဓာတ်တိုင်တွေကို အသုံးပြုပြီး သွယ်တန်းထားတဲ့ ပုဂ္ဂလိက ဝိုင်ဖိုင်အင်တာနက်ကြိုးလိုင်းတွေကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက ဓားတွေနဲ့ ခုတ်ဖြတ်ပြီး ဖျက်ဆီးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင် ဓာတ်တိုင်ပေါ်မှာ တရားမဝင်သွယ်တန်း ထားတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖိုင်ဘာကေဘယ်ကြိုးတွေ (ဝိုင်ဖိုင်ကြိုး) တွေကို မိမိတို့အစီအစဉ်နဲ့ ဖယ်ရှားဖို့ အသိပေးကြေညာခဲ့ပေမယ့် ဖယ်ရှားတာမျိုးမရှိတာကြောင့် အခုလို ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။ “လျှပ်စစ်က လာပြီးတော့ ဓာတ်တိုင်မှာရှိသမျှ ကြိုးတွေအကုန် ဓားနဲ့ခုတ်ဖြတ်သွားတာ။ ရပ်ကွက်ထဲက ဝိုင်ဖိုင်တပ်ထားတဲ့သူတွေ တော်တော်များများ လိုင်းတွေပြတ်ကုန်တယ်။ ရုံးတွေကို ဆက်တော့ ၂၄ နာရီအတွင်း ပြင်ပေးပါ့မယ်ပဲ ပြောကြတာ။ မလွယ်လောက်ဘူး။ နောက်တခါထပ်တပ်ရင်…