Author: Baby Yit Lone

  • ကော်သွေးကျို့ စခန်း အပါအဝင် စစ်စခန်း ၂ ခု ကို တိုက်ခိုက်သိမ်းပိုက်

    ကော်သွေးကျို့ စခန်း အပါအဝင် စစ်စခန်း ၂ ခု ကို တိုက်ခိုက်သိမ်းပိုက်

    KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်၏ ကော်သွေးကျို့ စခန်း အပါအဝင် စစ်စခန်း ၂ ခု ကို တိုက်ခိုက်သိမ်းပိုက်မှု တပ်ရင်းမှူး အပါအဝင် ၄၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်၏ ကော်သွေးကျို့ စခန်း အပါအဝင် စစ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် ၄၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း KNU မူတြော်၏ သတင်းထုတ်ပြန်ချက်နှင့် KNU ရှေ့တန်းသတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။ မတ်လလယ်ပိုင်းမှစတင်ပြီး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ကျူးကျော် ဝင်ရောက်တပ်စွဲထားသော ကော်သွေးကျိုးစခန်းနှင့်…

  • စက်သုံးဆီကို ယာဉ်စက်စွမ်းအားပေါ်မူတည်ပြီး တပတ်တကြိမ်ဖြစ်စေ၊ အများဆုံးနှစ်ကြိမ်ခွဲ၍ဖြစ်စေ ပြောင်းလဲသတ်မှတ်မည်

    စက်သုံးဆီကို ယာဉ်စက်စွမ်းအားပေါ်မူတည်ပြီး တပတ်တကြိမ်ဖြစ်စေ၊ အများဆုံးနှစ်ကြိမ်ခွဲ၍ဖြစ်စေ ပြောင်းလဲသတ်မှတ်မည်

    စစ်တပ်ကစက်သုံးဆီခွဲတမ်းပုံစံသစ် ထပ်မံသတ်မှတ်ပြန် ၊နှစ်ပတ်ကျော်အတွင်းလေးကြိမ်​ပြောင်း စစ်တပ်က စက်သုံးဆီခွဲတမ်းပုံစံသစ်ကို ဒီကနေ့(မတ်လ ၂၂ ရက်)မှာ ထပ်မံထုတ်ပြန်လာပါတယ်။ ဒါဟာ ၁၆ ရက် (နှစ်ပတ်ကျော်)အတွင်း စက်သုံးဆီနဲ့ပတ်သက်လို့ စစ်တပ်ရဲ့ သတ်မှတ်ချက် လေးကြိမ်မြောက်လည်း ဖြစ်ပါတယ်။ စက်သုံးဆီဝယ်ယူရာမှာ ပိုအဆင်ပြေစေဖို့ဆိုပြီး ယာဥ်ရဲ့စက်စွမ်းအား(အင်ဂျင်ပါဝါ)ပေါ်မူတည်ကာ တစ်ပတ်အတွင်းဝယ်ယူခွင့်ရှိတဲ့ ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်းတစ်ကြိမ်တည်းဖြစ်စေ အများဆုံးနှစ်ကြိမ်ဖြစ်စေ ဝယ်ယူနိုင်မယ့်စနစ်ကို Wheel Tax(ယာဥ်သက်သေခံလက်မှတ်)ရဲ့ Bar code နဲ့ QR code စနစ်ထဲထည့်သွင်းမယ့် အစီစဥ်သစ်ကိုလာမယ့် ရက်သတ္တပတ်စမယ်လို့ ဆိုပါတယ်။ ဝယ်လို့ရမယ့် စက်သုံးဆီပမာဏနဲ့ ခွဲတမ်းပုံစံသစ်သတ်မှတ်ရက်အတိအကျကတော့ ထုတ်ပြန်ချက်မှာ မပါရှိပါဘူး။ “စက်သုံးဆီကဏ္ဍလည်း စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်ရောက်သွားကတည်းက တော်တော်လေးကို အခြေအနေဆိုးသွားတာ။ပုဂ္ဂလိက လုပ်ရမယ့် လုပ်ငန်းတွေကို စစ်တပ်က စိုးမိုးနေသမျှ ဒုက္ခတွေ အောက်ခြေလူတန်းစားကို ထိမှာပဲ။လုပ်ငန်းရှင်တွေ လည်း…

  • တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်

    တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်

    ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း စက်သုံးဆီ ဝယ်ယူခွင့်ပမာဏ သတ်မှတ်ပြီး တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို လာမည့် ရက်သတ္တပတ်တွင် စတင်မည် စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို Bar Code နှင့် QR Code စနစ် အတွင်းထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့ မတ်လ ၂၂ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်တွင် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု…

  • နေပြည်တော်အဝင်ဂိတ်မှာ  အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ဖြစ်

    နေပြည်တော်အဝင်ဂိတ်မှာ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ဖြစ်

    နေပြည်တော်အဝင် စစ်ဆေးရေးဂိတ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်၊စစ်အုပ်စုဝင်၇ဦး ထိခိုက်ဟုဆို နေပြည်တော်ကောင်စီနယ်မြေ အဝင် ၊ရေနီမြို့၊ ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်ရှိ အဖွဲ့စုံစစ်ဆေးရေး ဂိတ်ကို အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၇ ဦး ထိခိုက်မှုရှိကြောင်း သိရသည်။ မတ်လ ၂၁ ရက်၊ နေ့လယ် ၁၂ နာရီခန့်တွင် နေပြည်တော် ကောင်စီနယ်မြေအဝင်၊ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်ရှိ အဖွဲ့စုံစစ်ဆေးရေး စုပေါင်းဂိတ်ကို Anti Jamming FPV(လှိုင်းဖြတ်စက်များ ကျော် ဖြတ်နိုင်သည့်ဒရုန်း) ဒရုန်း ၂ စင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က Jammer(လှိုင်း ဖြတ်စက်) များ၊ Spoofer(လှိုင်း ၊ အချက်အလက်များ အတု‌ထုတ်လွှင့်စက်) များအပြင် လက်နက် ငယ် များနှင့်ပါ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပစ်မှတ်အား တိုက်ခိုက်နိုင်ခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့က…

  • ဇီးကုန်းတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

    ဇီးကုန်းတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

    ဇီးကုန်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ ဇီးကုန်းနယ်ထိန်းရဲခေါင်းဆောင် သက်မောင်မောင်နှင့်ပျူခေါင်းဆောင် ရဲမင်းအောင်တို့ သေဆုံး ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယမန်နေ့ မတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်မှ စစ်ကြောင်းထွက်လာသော ဆိုင်ကယ် ၁၂ စီးပါ စစ်တပ်စစ်ကြောင်းကို ဘဲအင်းလမ်းဆုံတွင် တော် လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦး သေဆုံး၊…