Author: Baby Yit Lone
-

တောင်သူလယ်သမားများကို ဉာဏ်ရည်တု (AI) နှင့် ဒစ်ဂျစ်တယ်စနစ်များ သုံး၍ လယ်စိုက်ပျိုးရန် မင်းအောင်လှိုင်ပြော
မြန်မာနိုင်ငံတဝန်း လျှပ်စစ်မီး ပြတ်တောက်မှု အဆိုးရွားဆုံး ကြုံတွေ့နေရပြီး အင်တာနက်လိုင်းများ အဖြတ်တောက်ခံထားရသည့်ကြားမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်သူလယ်သမားများကို ဉာဏ်ရည်တု (AI) နှင့် ဒစ်ဂျစ်တယ်စနစ်များ သုံး၍ လယ်စိုက်ပျိုးရန် တိုက်တွန်းလိုက်သည်။ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာတွင် စစ်ကော်မရှင် ဥက္ကဋ္ဌက မြန်မာ့လယ်ယာကဏ္ဍကို Smart Farming သို့ ကူးပြောင်းရန်နှင့် တောင်သူများအနေဖြင့် ဖုန်းဖြင့် ဓာတ်ပုံရိုက်ရုံမျှဖြင့် ပိုးမွှားကို စက္ကန့်ပိုင်းအတွင်း နှိမ်နင်းနိုင်မည်ဟု ဆိုထားသည်။ စစ်ကောင်စီဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် AI အခြေပြု Application များကို အသုံးပြုလာနိုင်ပါက စမတ်ဖုန်းဖြင့် သီးနှံအရွက်ကို ဓာတ်ပုံရိုက်ရုံဖြင့် ပိုးမွှားရောဂါကို သိနိုင်မည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ တောင်သူများမှာ ဖုန်းအားသွင်းရန် လျှပ်စစ်မီးပင် ပုံမှန်မရရှိကြပေ။ မြန်မာအင်တာနက် ပရောဂျက်၏…
-

မြန်မာကိုဝင်တိုက်ရအောင် စွရူးလား ဘာညာ ပြောနေတော့
အခုတလော မအလ ဘောမတချို့က US က မြန်မာကိုဝင်တိုက်ရအောင် စွရူးလား ဘာညာ ပြောနေတော့ အခု အမေရိကန် စစ်တိုက်နေတဲ့ပုံကို သေခြာ ပြန်လေ့လာကြည့်မိတယ်။ လတ်တလော US စစ်ဗျူဟာကိုကြည့်ရင် ၁။ အဓိကအားသာချက်ကိုပဲသုံးတယ်။ (လေကြောင်းကိုအဓိကသုံးတယ် ) ၂။ ခေါင်ကိုပဲ တွယ်တယ် (လတ်တလော ဆော်ထားတာကြည့် ) ၃။ သူ့စစ်စွမ်းရည်ကို အမြဲချန်ထားတယ် (သူ့ဆီမှာ ဒိ့ထက်အားကောင်းတဲ့လက်နက်ရှိနိုင်ပေမယ့် အကုန်ထုတ်မသုံးဘူး) ၄။အခုအမေရီကန်က ကမ္ဘာ့အရေးအခင်းမှာ ခပ်စွာစွာလေး လုပ်ပြနေပေမဲ့ သူ့စစ်သားတွေကိုမသုံးသေးဘူး။ US က ဘယ်လိုအကြောင်းပြပြီး ဘယ်အချိန်တွေမှာတိုက်သလဲ ၁။ မူးယစ်ဆေး ၂။ အမေရိကန်လုံခြုံရေး ဒါတွေကိုအခြေခံတယ်ပြောပေမယ့် အခု အမေရိကန် ဆော်ပြထားတဲ့နိုင်ငံအားလုံးဟာ တရုတ်၊ ရုရှား ပလဲနံပသင့်တဲ့နိုင်ငံတွေချည်းပဲ။ အထူးအားဖြင့် တရုတ်က…
-

ကျားဖြန့်တွေလက်ခံထားမိတဲ့ မြန်မာအပါအ၀င်အရှေ့တောင်အာရှနိုင်ငံတွေအတွက်တော့ တကယ့်သေရေးရှင်ရေးဖြစ်သွားပြီ
🛑 ကျားဖြန့်တွေလက်ခံထားမိတဲ့ မြန်မာအပါအ၀င်အရှေ့တောင်အာရှနိုင်ငံတွေအတွက်တော့ တကယ့်သေရေးရှင်ရေးဖြစ်သွားပြီ 🌡️ • Trump ရဲ့ ဒီနေ့ထုတ်ပြန်လိုက်တဲ့ အထူးအမိန့်တရပ်က မြန်မာ့နယ်စပ်ကို ဘယ်လိုတုန်လှုပ်စေမလဲ ? “အရင်က လိမ်တာကို ကာကွယ်ခဲ့တယ်၊ အခုတော့ လိမ်တဲ့သူကိုရော ကာကွယ်ပေးထားသူတွေကိုပါအမြစ်ဖြတ်တော့မယ်” တဲ့။ ဒါဟာ ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာ သမ္မတ Donald Trump လက်မှတ်ရေးထိုးလိုက်တဲ့ အထူး အမိန့်ရဲ့ အနှစ်ချုပ်ပါပဲ။ ဒီအမိန့်ဟာ ရိုးရိုးဆိုက်ဘာလုံခြုံရေးအမိန့် မဟုတ်ပါဘူး။ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှတကြောက ကျားဖြန့်လောကကို အပြီးတိုင် ချေမှုန်းမယ့် War on Scams စစ်ကြေညာချက် ဖြစ်နေလို့ပါ။ ဘာကြောင့် မြန်မာ့ကျားဖြန့်ခေါင်းဆောင်တွေ အိပ်ရေးပျက်တော့မလဲဆိုတာ ဒီအချက်တွေကြောင့်ပါ။ ၁။ ကျားဖြန့်ဆိုတာ…
-

ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရန်နှင့် လက်ခံထားသည့်နိုင်ငံများကို ပြတ်သားစွာ အရေးယူရန် အမေရိကန်သမ္မတထရမ့် အမိန့်ထုတ်
မြန်မာ အပါအဝင် ကျားဖြန့်လက်ခံထားသော နိုင်ငံများအတွက် အမေရိကန်၏ ကြီးမား ပြင်းထန်သော သတိပေးချက်ဟုဆို နိုင်ငံဖြတ်ကျော် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန်နှင့် လက်ခံထားသည့်နိုင်ငံများအပေါ် ပိတ်ဆို့အရေးယူရန်၊ အကူအညီများဖြတ်တောက်ရန် အမေရိကန်သမ္မတထရမ့်က မတ်လ ၆ ရက်နေ့တွင် အမိန့်ထုတ်ပြန်သည်။ အမေရိကန်မိသားစုများ၊ စီးပွားရေးလုပ်ငန်းများနှင့် အရေးကြီးသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားနေသည့် နိုင်ငံဖြတ်ကျော် ဆိုင်ဘာရာဇဝတ်မှုများနှင့် ကျားဖြန့် (Scam Centers) အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းရန် သမ္မတ ဒေါ်နယ်ထရမ့်က အမှုဆောင်အမိန့် (Executive Order) တစ်ရပ်ကို မတ်လ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အဆိုပါအမိန့်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို မိမိတို့မြေပေါ်တွင် လက်ခံခွင့်ပြုထားသော နိုင်ငံများကို ပြတ်ပြတ်သားသား အရေးယူရန်နှင့် စီးပွားရေးပိတ်ဆို့မှု (Sanctions) ချမှတ်ရန် အပါအ၀င် နောက်ဆက်တွဲ အရေးယူမှုများစွာ…
-

ကနီနယ်တွင် သားရှင်ပြုအလှူပွဲ ဒရုန်းတိုက်ခိုက်ခံရပြီး မောင်ရင်လောင်း ၂ဦးအပါ ၇ ဦးသေဆုံး
စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ နတ်လာပို့ကျေးရွာရှိ သားရှင်ပြု အလှူပွဲကို စစ်ကော်မရှင်တပ်က အသေခံဒရုန်းဖြင့် မတ်လ ၇ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းကြောင့် မောင်ရင်လောင်း နှစ်ဦးအပါ ခုနစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်အချိန်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ အသေခံဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အသေခံ ဒရုန်းနဲ့ နှစ်ကြိမ်ဗုံးလာကြဲတာပါ။ ပထမအကြိမ်က အလှူမဏ္ဍပ် နေအိမ်ကို ဗုံးကြဲခံရတာ ဖြစ်ပါတယ်။ မောင်ရင်လောင်းအပါ သေဆုံးသူ ခုနစ်ဦး ရှိတယ်။ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးလောက်ရှိတယ်” ဟု ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။ အဆိုပါ ဖြစ်စဉ်အတွင်း မောင်ရင်လောင်း နှစ်ဦး နှင့် အမျိုးသမီး…